×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 19 February 2020

"စိတ္ပညာနဲ႔ပတ္သက္ၿပီး စာအုပ္ေတြထဲမွာ ရွာမေတြ႔ႏိုင္တဲ့ အခ်က္(၅) ခ်က္"

"စိတ္ပညာနဲ႔ပတ္သက္ၿပီး စာအုပ္ေတြထဲမွာ ရွာမေတြ႔ႏိုင္တဲ့ အခ်က္(၅) ခ်က္" freepick

အခုေဖာ္ျပေပးမွာကေတာ့ စာအုပ္ေတြထဲမွာေတာင္ အလြယ္တကူ ႐ွာမေတြ႔ႏိုင္တဲ့ လူသားတို္႔ရဲ႕ စိတ္ပညာနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြပဲ ျဖစ္ပါတယ္။


ကြၽန္ေတာ္တို႔ လူသားေတြရဲ႕ စိတ္သေဘာသဘာဝဟာ သမုဒၵရာတစ္ခုလိုပဲ နက္ရိိႈင္းၿပီး က်ယ္ေျပာလွပါတယ္။ ဒါေၾကာင့္ လူတစ္ေယာက္ရဲ႕စိတ္ကို တျခားတစ္ေယာက္က အလြယ္တကူ မမွန္းဆႏိုင္တာပဲ ျဖစ္ပါတယ္။
အခုဆိုရင္ေတာ့ သိပၸံပညာ႐ွင္ေတြဟာ လူသားေတြရဲ႕ ဦးေႏွာက္နဲ႔ စိတ္ပိုင္းဆိုင္ရာ အျပဳအမူေတြကို အခ်ိန္မ်ားစြာေပးၿပီး ေလ့လာစူးစမ္းေနၾကပါၿပီ။
ဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔ လူသားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္ၿပီး အသစ္အသစ္ေသာ ႐ွာေဖြေတြ႔႐ွိမႈေတြ ေတြ႕႐ွိလာရတာ ျဖစ္ပါတယ္။
အခုေဖာ္ျပေပးမွာကေတာ့ စာအုပ္ေတြထဲမွာေတာင္ အလြယ္တကူ ႐ွာမေတြ႔ႏိုင္တဲ့ လူသားတို္႔ရဲ႕ စိတ္ပညာနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြပဲ ျဖစ္ပါတယ္။


(၁) IQ ျမင့္မားတဲ့သူေတြဟာ လူမႈဆက္ဆံေရးမွာ အားနည္းၾကပါတယ္
ေလ့လာေတြ႔႐ွိခ်က္ေတြအရ IQ ျမင့္မားတဲ့သူေတြဟာ လူမႈဆက္ဆံေရးမွာ ညံ႔ဖ်င္းၾကတာကို ေတြ႔႐ွိရပါတယ္။ သူတို႔ဟာ တစ္ေယာက္တည္း ေနထိုင္ရတာကို ႏွစ္သက္ၾကၿပီး သူငယ္ခ်င္း အေပါင္းအသင္းလည္း မ်ားမ်ားစားစား မလိုခ်င္ၾကပါဘူး။
သူတို႔ရဲ႕ IQ ဟာ ျမင့္မားတာေၾကာင့္ သူတို႔ဟာ လႈမႈဆက္ဆံေရးမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ႐ႈပ္ေထြးတဲ့ ကိစၥေတြကို ေျဖ႐ွင္းခ်င္စိတ္မ႐ွိၾကဘဲ အဲဒီအရာေတြကို အခ်ိန္ျဖဳန္းတဲ့ အေၾကာင္းအရာေတြလို႔သာ သတ္မွတ္ၾကတာျဖစ္ပါတယ္။

 


(၂) လူေတြဟာ စိတ္ဓာတ္က်ေနတဲ့ အခ်ိန္မွာ ခႏၶာကိုယ္က အေရာင္အေသြးေတြ ေျပာင္းလဲေလ့႐ွိပါတယ္
ကြၽန္ေတာ္တို႔လူသားေတြဟာ မက်န္းမမာျဖစ္တဲ့ အခ်ိန္ေရာက္မွသာ ႏႈတ္ခမ္းေတြ ျဖဴဖတ္ျဖဴေရာ္ျဖစ္ျခင္း၊ အသားအေရ ေျခာက္ေသြ႔ျခင္း၊ မ်က္တြင္းညိဳျခင္းတို္႔ ျဖစ္ေပၚတာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ေတြ စိတ္ဓာတ္က်ေနတဲ့ အခ်ိန္ေတြမွာလည္း အဲဒီလိုအရာေတြ ျဖစ္တတ္ပါတယ္။

Sayar Guice banner design 2 2


(၃) သင့္စိတ္ထဲမွာ အရမ္းလုပ္ခ်င္ေနတဲ့ အရာေတြကို ဘယ္ေတာ့မွ တျခားသူေတြကို ထုတ္မေျပာပါနဲ႔
သင္ ဝိတ္ခ်ဖို႔ ျပင္ဆင္ေနပါလား? မနက္တိုင္း အေျပးေလ့က်င့္ဖို႔ ႀကိဳးစားေနပါလား? ဒါမွမဟုတ္ ႏိုင္ငံျခားဘာသာစကားတစ္ခုခုကို သင္ၾကားဖို႔ ျပင္ဆင္ေနပါသလား? သင္လုပ္ဖို႔ ဆံုးျဖတ္ထားၿပီး ျပင္ဆင္ေနတဲ့အရာက ဘာပဲျဖစ္ေနပါေစ...ဘယ္သူ႔ကိုမွ မေျပာပါနဲ႔။
အေၾကာင္းကေတာ့ သင့္ရဲ႕ ဦးေႏွာက္ဟာ သင္တစ္ခုခုကို လုပ္မယ္လို႔ ထုတ္ေျပာလိုက္တဲ့အခါမွာ ၎က လုပ္ၿပီးၿပီလို႔ သတ္မွတ္လိုက္တာေၾကာင့္ပါပဲ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ေတြ လုပ္ခ်င္တဲ့အရာေတြကို "လုပ္မယ္...လုပ္မယ္" လို႔ေျပာၿပီး အေတာ္နဲ႔ မလုပ္ျဖစ္တာထင္ပါတယ္။

 


(၄) ႏိုင္ငံျခားဘာသာစကား တစ္ခုခုကို သင္ယူျခင္းဟာ သင့္ရဲ႕ ဆံုးျဖတ္ခ်က္ေတြကို အေထာက္အကူ ျပဳပါတယ္
လူေတြဟာ အရမ္းကို စိတ္ဆိုးေဒါသထြက္ေနတဲ့အခ်ိန္ေတြမွာ ဆံုးျဖတ္ခ်က္ေတြကို အလ်င္စလို ခ်မွတ္လိုက္တတ္ၾကပါတယ္။ ဒါ့အျပင္ ၎အခ်က္ေတြဟာ ေကာင္းက်ိဳးထက္ ဆိုးက်ိဴးေတြ ပိုမ်ားေလ့႐ွိပါတယ္။
သိပၸံပညာေတြကေတာ့ အဲဒီလို အျမန္ဆံုးျဖတ္မိတဲ့ အက်င့္ကို ဖ်က္ဖို႔အတြက္ ႏိုင္ငံျခားဘာသာစကား တစ္ခုခုကို သင္ယူဖို႔ အၾကံေပးထားပါတယ္။
သင့္အေနနဲ႔ အရာတစ္ခုကို အလ်င္စလို ဆံုးျဖတ္ခ်က္မခ်ခင္မွာ အဲဒီအရာနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို သင္ သင္ယူထားတဲ့ ႏိုင္ငံျခားဘာသာစကားနဲ႔ တစ္ခုခုျပန္ၿပီး ေတြးေတာစဥ္းစားပါ။
အဲဒီလို စဥ္းစားလိုက္တဲ့ အခါမွာ သင့္ရဲ႕ ဦးေႏွာက္ဟာ ဘာသာစကားဆီသို႔ ေျပာင္းလဲသြားၿပီး စိတ္အနည္းငယ္ တည္ၿငိမ္လာပါလိမ့္မယ္။ အဲဒီအခ်ိန္မွသာ ဆံုးျဖတ္ခ်က္ခ်ပါ။

 


(၅) လူငယ္ေတြဟာ လူႀကီးေတြထက္ပိုၿပီး စိတ္က်လြယ္ပါတယ္
သုေတသန ျပဳလုပ္ခ်က္ တစ္ခုအရ လူငယ္ေတြဟာ လူႀကီးေတြထက္ပိုၿပီး စိတ္က်လြယ္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ကမာၻ႕စိတ္အဆင္းရဲရဆံုး လူသားေတြဟာ အမ်ားအားျဖင့္ အသက္(၃၀) ေအာက္ေတြ ျဖစ္ၾကတယ္လို႔လည္း ဆိုထားပါေသးတယ္။
ဒါတင္မကေသးပါဘူး။ အသက္(၁၈)နဲ႔ (၃၀) ႏွစ္ၾကားမွာ႐ွိတဲ့ အမ်ိဳးသား/ အမ်ိဳးသမီး တိုင္းဟာ စိုးရိမ္ေၾကာင့္ၾကပူပန္မႈေတြ နဲ႔ စိတ္က်ေရာဂါျဖစ္ပြားမႈႏႈန္းေတြ အမ်ားဆံုး ျဖစ္တယ္လို႔ ဆိုထားပါတယ္။

Human Resource Management သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-281.html

Unicode ဖြင့်ဖတ်ရန်
"စိတ်ပညာနဲ့ပတ်သက်ပြီး စာအုပ်တွေထဲမှာ ရှာမတွေ့နိုင်တဲ့ အချက်(၅) ချက်"
အခုဖော်ပြပေးမှာကတော့ စာအုပ်တွေထဲမှာတောင် အလွယ်တကူ ရှာမတွေ့နိုင်တဲ့ လူသားတို့်ရဲ့ စိတ်ပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့ လူသားတွေရဲ့ စိတ်သဘောသဘာဝဟာ သမုဒ္ဒရာတစ်ခုလိုပဲ နက်ရှိုင်းပြီး ကျယ်ပြောလှပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့စိတ်ကို တခြားတစ်ယောက်က အလွယ်တကူ မမှန်းဆနိုင်တာပဲ ဖြစ်ပါတယ်။
အခုဆိုရင်တော့ သိပ္ပံပညာရှင်တွေဟာ လူသားတွေရဲ့ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြုအမူတွေကို အချိန်များစွာပေးပြီး လေ့လာစူးစမ်းနေကြပါပြီ။
ဒါကြောင့်လည်း ကျွန်တော်တို့ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေ တွေ့ရှိလာရတာ ဖြစ်ပါတယ်။
အခုဖော်ပြပေးမှာကတော့ စာအုပ်တွေထဲမှာတောင် အလွယ်တကူ ရှာမတွေ့နိုင်တဲ့ လူသားတို့်ရဲ့ စိတ်ပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။


(၁) IQ မြင့်မားတဲ့သူတွေဟာ လူမှုဆက်ဆံရေးမှာ အားနည်းကြပါတယ်
လေ့လာတွေ့ရှိချက်တွေအရ IQ မြင့်မားတဲ့သူတွေဟာ လူမှုဆက်ဆံရေးမှာ ညံ့ဖျင်းကြတာကို တွေ့ရှိရပါတယ်။ သူတို့ဟာ တစ်ယောက်တည်း နေထိုင်ရတာကို နှစ်သက်ကြပြီး သူငယ်ချင်း အပေါင်းအသင်းလည်း များများစားစား မလိုချင်ကြပါဘူး။
သူတို့ရဲ့ IQ ဟာ မြင့်မားတာကြောင့် သူတို့ဟာ လှုမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရှုပ်ထွေးတဲ့ ကိစ္စတွေကို ဖြေရှင်းချင်စိတ်မရှိကြဘဲ အဲဒီအရာတွေကို အချိန်ဖြုန်းတဲ့ အကြောင်းအရာတွေလို့သာ သတ်မှတ်ကြတာဖြစ်ပါတယ်။

 


(၂) လူတွေဟာ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ ခန္ဓာကိုယ်က အရောင်အသွေးတွေ ပြောင်းလဲလေ့ရှိပါတယ်
ကျွန်တော်တို့လူသားတွေဟာ မကျန်းမမာဖြစ်တဲ့ အချိန်ရောက်မှသာ နှုတ်ခမ်းတွေ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ မျက်တွင်းညိုခြင်းတို့် ဖြစ်ပေါ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ စိတ်ဓာတ်ကျနေတဲ့ အချိန်တွေမှာလည်း အဲဒီလိုအရာတွေ ဖြစ်တတ်ပါတယ်။

Sayar Guice banner design 2 2


(၃) သင့်စိတ်ထဲမှာ အရမ်းလုပ်ချင်နေတဲ့ အရာတွေကို ဘယ်တော့မှ တခြားသူတွေကို ထုတ်မပြောပါနဲ့
သင် ဝိတ်ချဖို့ ပြင်ဆင်နေပါလား? မနက်တိုင်း အပြေးလေ့ကျင့်ဖို့ ကြိုးစားနေပါလား? ဒါမှမဟုတ် နိုင်ငံခြားဘာသာစကားတစ်ခုခုကို သင်ကြားဖို့ ပြင်ဆင်နေပါသလား? သင်လုပ်ဖို့ ဆုံးဖြတ်ထားပြီး ပြင်ဆင်နေတဲ့အရာက ဘာပဲဖြစ်နေပါစေ...ဘယ်သူ့ကိုမှ မပြောပါနဲ့။
အကြောင်းကတော့ သင့်ရဲ့ ဦးနှောက်ဟာ သင်တစ်ခုခုကို လုပ်မယ်လို့ ထုတ်ပြောလိုက်တဲ့အခါမှာ ၎င်းက လုပ်ပြီးပြီလို့ သတ်မှတ်လိုက်တာကြောင့်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေ လုပ်ချင်တဲ့အရာတွေကို "လုပ်မယ်...လုပ်မယ်" လို့ပြောပြီး အတော်နဲ့ မလုပ်ဖြစ်တာထင်ပါတယ်။

 


(၄) နိုင်ငံခြားဘာသာစကား တစ်ခုခုကို သင်ယူခြင်းဟာ သင့်ရဲ့ ဆုံးဖြတ်ချက်တွေကို အထောက်အကူ ပြုပါတယ်
လူတွေဟာ အရမ်းကို စိတ်ဆိုးဒေါသထွက်နေတဲ့အချိန်တွေမှာ ဆုံးဖြတ်ချက်တွေကို အလျင်စလို ချမှတ်လိုက်တတ်ကြပါတယ်။ ဒါ့အပြင် ၎င်းအချက်တွေဟာ ကောင်းကျိုးထက် ဆိုးကျိူးတွေ ပိုများလေ့ရှိပါတယ်။
သိပ္ပံပညာတွေကတော့ အဲဒီလို အမြန်ဆုံးဖြတ်မိတဲ့ အကျင့်ကို ဖျက်ဖို့အတွက် နိုင်ငံခြားဘာသာစကား တစ်ခုခုကို သင်ယူဖို့ အကြံပေးထားပါတယ်။
သင့်အနေနဲ့ အရာတစ်ခုကို အလျင်စလို ဆုံးဖြတ်ချက်မချခင်မှာ အဲဒီအရာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သင် သင်ယူထားတဲ့ နိုင်ငံခြားဘာသာစကားနဲ့ တစ်ခုခုပြန်ပြီး တွေးတောစဉ်းစားပါ။
အဲဒီလို စဉ်းစားလိုက်တဲ့ အခါမှာ သင့်ရဲ့ ဦးနှောက်ဟာ ဘာသာစကားဆီသို့ ပြောင်းလဲသွားပြီး စိတ်အနည်းငယ် တည်ငြိမ်လာပါလိမ့်မယ်။ အဲဒီအချိန်မှသာ ဆုံးဖြတ်ချက်ချပါ။

 


(၅) လူငယ်တွေဟာ လူကြီးတွေထက်ပိုပြီး စိတ်ကျလွယ်ပါတယ်
သုတေသန ပြုလုပ်ချက် တစ်ခုအရ လူငယ်တွေဟာ လူကြီးတွေထက်ပိုပြီး စိတ်ကျလွယ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာ့စိတ်အဆင်းရဲရဆုံး လူသားတွေဟာ အများအားဖြင့် အသက်(၃၀) အောက်တွေ ဖြစ်ကြတယ်လို့လည်း ဆိုထားပါသေးတယ်။
ဒါတင်မကသေးပါဘူး။ အသက်(၁၈)နဲ့ (၃၀) နှစ်ကြားမှာရှိတဲ့ အမျိုးသား/ အမျိုးသမီး တိုင်းဟာ စိုးရိမ်ကြောင့်ကြပူပန်မှုတွေ နဲ့ စိတ်ကျရောဂါဖြစ်ပွားမှုနှုန်းတွေ အများဆုံး ဖြစ်တယ်လို့ ဆိုထားပါတယ်။

Human Resource Management သင်ကြားပေးသော ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-281.html


Credit : lunge

Read times
Rate this articles
(0 votes)