×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 17 October 2018

100% FULL Scholarship ဖြင့် Business Management ဘာသာရပ်ကို တက်ရောက်နိုင်မယ့် အခွင့်အရေး

100% FULL Scholarship ဖြင့် Business Management ဘာသာရပ်ကို တက်ရောက်နိုင်မယ့် အခွင့်အရေး Internet

ရခိုင်ပြည်နယ်အတွက် WISE College နှင့် RPDA တို့ပူးပေါင်းပေးအပ်မည့် " Management Diploma - 100% Full Scholarship Program ” ဖြစ်ပါတယ်နော်...။


ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များ စီးပွားရေးအတွေးအမြင်နှင့် စီမံခန့်ခွဲမှုနည်းနာများကိုသိရှိပြီး မိမိ ပြည်နယ်နှင့်လူမျိုးများ အကျိုးအတွက် ပါဝင်ဆောင်ရွက်နိုင်သော၊ ဦးစီး ဦးဆောင်ပြုလုပ်တတ်သော လူငယ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ 100% Full Scholarship ပေးအပ်ခြင်းဖြစ်ပါသည်။


ပေးအပ်မည့် Scholarship Program မှာ ရန်ကုန်မြို့ရှိ WISE College WISE College - Professional Diploma နှင့် သမဝါယမတက္ကသိုလ်(သန်လျင်) တို့ ပူးပေါင်းဖွင့်လှစ်မည့် “ Business Management Higher Diploma " ဖြစ်ပါသည်။ ရန်ကုန်မြို့ရှိ WISE College – Campus တွင် တက်ရောက်ရမည် ဖြစ်ပါသည်။


သင်တန်းတက်ရောက်ရမည့်ကာလမှာ ၆လ ကြာမြင့်မည် ဖြစ်ပါသည်။ သင်ကြားမည့်ဘာသာရပ်များမှာ-

• Economics for Business

• Financial Accounting

• Quantitative Methods for Business Management

• Organizational Behavior

• Communication English for Business


Scholarship လျှောက်ထားသူများအတွက် စည်းကမ်းချက်များ

- RPDA နှင့် WISE College တို့မှ ပူးပေါင်းပေးအပ်မည့် Full Scholarship Program အတွက် သင်တန်းသားဦးရေ အများဆုံး (၃) ဦးအထိသာ ပေးအပ်သွားမည် ဖြစ်ပါသည်။

- လျှောက်ထားလိုသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ RPDA ကျောင်းသို့ လူကိုယ်တိုင်လာရောက်၍ အောက်ပါစာရွက်စာတမ်းများနှင့်အတူ လာရောက်လျှောက်ထားရပါမည်။


(၁) “ ပညာသင်ဆုလျှောက်ထားရယူခြင်း ရည်ရွယ်ချက် ” – Assignment Essay တစ်ပုဒ်။

(၂) မိမိနေထိုင်သည့် ရပ်ကွက်နှင့် ရဲစခန်းပြစ်မှုကင်းစင်ကြောင်းထောက်ခံစာများနှင့် မှတ်ပုံတင်မိတ္တူတစ်စုံ။


***Scholarship မှာ သင်တန်းကြေးခံစားခွင့် တစ်ခုတည်းသာဖြစ်ပြီး သင်တန်းတက်ရောက်စဉ် ရန်ကုန်မြို့တွင် မိမိအစီအစဉ်ဖြင့်သာ နေထိုင်ရန် စီစဉ်ရမည်ဖြစ်ပါသည်။***


Essay ရေးသားဖြေဆိုရမည့် ပုံစံမှာ -

- မြန်မာဘာသာဖြင့် ရေးသားဖြေဆိုရမည့်ဖြစ်သည်။

- ကိုယ်ပိုင်အတွေးအခေါ်ဖြင့်သာ ဖြေဆိုရမည်ဖြစ်သည်။

- A4 စာရွက်ဖြင့် ဖြေဆိုရမည်ဖြစ်ပြီး အနည်းဆုံး A4 နှစ်မျက်နှာအပြည့် ဖြေဆိုပေးရန် လိုအပ်ပါသည်။


အထက်ပါ အမှတ်စဉ် (၁) နှင့် (၂) စာရွက်စာတမ်းများနှင့်အတူ Oct 27 နှင့် Oct 28 ရက်များတွင် RPDA ကျောင်းသို့ လာရောက်လျှောက်ပေးရမည် ဖြစ်သည်။


Assignment အောင်မြင်သူများသည် Interview ဖြေဆိုရမည်ဖြစ်သည်။ Assignment နှင့် Interview ဖြေဆိုအောင်မြင်ပြီးသူများသာ “ Business Management Higher Diploma ” Full Scholarship ကို ရရှိမည်ဖြစ်ပါသည်။
Scholarship ခံစားခွင့်ရရှိပြီး Diploma တက်ရောက်အောင်မြင်ပြီးသူများသည် ရန်ကုန် ဘွဲ့နှင်းသဘင်ခန်းမတွင် ထိုက်ထိုက်တန်တန် Diploma ဘွဲ့တက်ရောက်ယူရမည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်သူကို RPDA ကျောင်းတွင် Assistant Trainer အနေဖြင့် ပြန်လည်ခန့်အပ်သွားမည် ဖြစ်ပါသည်။


ဆက်သွယ်စုံစမ်းရန် - “ Rakhine Professional Development Academy – RPDA ”
အမှတ် (စရ-၁)၊ စစ်ကဲလမ်းနှင့်စက်ရုံလမ်းထောင့်၊ ရွာကြီးမြောက်ရပ်ကွက်၊ စစ်တွေမြို့။

Email : This email address is being protected from spambots. You need JavaScript enabled to view it.

Phone : 09-444402180, 09-444402181

 

ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ခင်ဖို့ကောင်းတဲ့သူတွေလုပ်လေ့ရှိတဲ့အကျင့် (၉)မျိုး

 

Recommended for you - ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အစာအာဟာရနှင့် ပတ်သက်သည့် သင်တန်းဖွင့်လှစ်နိုင်ရန်စီစဉ်

 

Credit; EDGE

Read times Last modified on Wednesday, 29 January 2020 11:56
Rate this articles
(1 Vote)