ပျင်းတယ်ဆိုတာဟာ နာမည်ဆိုးပေမယ့် တကယ်တော့ လူသက်သာပါတယ်လို့ လူတိုင်းပြောကျတယ်လေ...။ တကယ်လည်း ဟုတ်တာဘဲလေ ဘယ်လောက်သက်သာတယ်ထင်လဲ...။
ကြိုးစားတဲ့သူတွေကြားမှ သူတို့ဟာ နောက်ရောက်ကောင်းရောက်မယ်။ ဒါပေမယ့် ဥာဏ်ကောင်းတဲ့နေရာမှာတော့ ငပျင်းလေးတွေက အသာကြီးပါ။ ဟယ် ပျင်းပါတယ်ဆိုမှ ဥာဏ်ပိုကောင်းတယ်ဆိုတာ တကယ်ရော ဖြစ်နိုင်ပါ့မလား။
ဖြစ်နိုင်တာပေါ့။
၁။ အလွယ်ကူဆုံးနည်းလမ်းကို ရှာနိုင်။
ပျင်းပါတယ်ဆိုမှတော့ ရှည်ရှည်ဝေးဝေးလုပ်ရမှာတွေကို မကြိုက်ဘူးလေ။ ဘယ်လိုလုပ်ရင် လွယ်မလဲဆိုတာကို စဉ်းစားနိုင်တဲ့သူတွေထဲမှာ ငပျင်းလေးတွေပါတယ်။
၂။ ဖြတ်ထိုးဥာဏ်ကောင်းကျလည်း ကောင်းပြန်ရော။
အလုပ်တစ်ခုကို ဘယ်နေရာက လုပ်လိုက်ရင် ပိုမြန်ပြီး ပိုအဆင်ပြေမလဲဆိုတာကို ငပျင်းလေးတွေသာသိနိုင်ပါတယ်။ သူတို့က အရစ်ရှည်နေတဲ့အလုပ် သိပ်မလုပ်ချင်ကြလို့ပါ။
၃။ အချိန်ကုန်သက်သာ။
ပျင်းတယ်။ ပျင်းတယ်။ အချိန်နီးတော့မှ ထလုပ်တယ်။ စာမေးပွဲရှိရင် one subject one night ကျက်တယ်။ သူများလည်း အောင်တယ်။ ကိုယ်လည်းအောင်တယ်။ အေးရော။ ငပျင်းလေးတွေက ပျင်းတဲ့နေရာမှာပဲ အချိန်ဖြုန်း တတ်ကြလို့လေ။
၎။ အလုပ်လုပ်ရာမှာ အချိန်မဆွဲ။
ပျင်းတယ်ဆိုပေမယ့် အလုပ်လုပ်ရင်တော့ မြန်ပါတယ်။ ဒါမှ မြန်မြန်ဆန်ဆန်ပြီးသွားရင် သူတို့ စောစောစီးစီး ပျင်းလို့ရပြီပေါ့။ ဒါလည်း ကောင်းမွန်တဲ့အချက်ပဲပေါ့။ အလုပ်ပြီးမြောက်ဖို့သာ အဓိကပဲ မဟုတ်လား။
၅။ အကောင်းဆုံးအကြံဥာဏ်တွေရတတ်။
ကိုယ်များအခက်အခဲဖြစ်နေရင် ငပျင်းတွေဆီသာ သွားလိုက်ပါ။ သူတို့က အပင်ပန်းခံတတ်တဲ့သူတွေမဟုတ်လို့ အလွယ်ကူဆုံး အမြန်ဆန် ဆုံးနဲ့ အကောင်းဆုံး အကြံဥာဏ်ကို ပေးတတ်သူတွေ ဖြစ်လို့ပါပဲ။
၆။ ဘဝမှာ အောင်မြင်ဖို့လွယ်ကူ။
ကြိုးစားမှ အောင်မြင်မယ်ဆိုတာထက် ငပျင်းတွေဟာ ခေါင်းပိုသုံးနိုင်တာကြောင့် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို အလွယ်တွေ့ နိုင်ပါတယ်။ အဲ့ဒီတော့ အောင်မြင်နိုင်တာပေါ့။
ကဲ သင့် သူငယ်ချင်း ငပျင်းလေးတွေကို mention ခေါ်ပေးလိုက်ပါအုံး။
Ref: For Her Myanmar