×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 26 October 2017

ျမန္မာႏုိင္ငံတစ္ႏုိင္ငံတည္း မွ ေက်ာင္းသားမ်ားအတြက္ အေမရိကန္အစိုးရကေပးေသာ ဘြဲ႕ႀကိဳ တစ္ႏွစ္ ပညာသင္ဆုအစီအစဥ္

ျမန္မာႏုိင္ငံတစ္ႏုိင္ငံတည္း မွ ေက်ာင္းသားမ်ားအတြက္ အေမရိကန္အစိုးရကေပးေသာ ဘြဲ႕ႀကိဳ တစ္ႏွစ္ ပညာသင္ဆုအစီအစဥ္ google.com

၂၀၁၈-၁၉ ပညာသင္ ႏွစ္အတြက္ ကမၻာလံုးဆုိင္ရာ ဘြဲ႕ ႀကိဳေက်ာင္းသားမ်ား ႏွီးေႏွာ ဖလွယ္ေရး (Global Undergraduate Exchange-Global UGRAD) အစီအစဥ္ျဖင့္ ေပးအပ္ေသာ ပညာသင္ဆုျဖစ္ၿပီး

လက္ရွိ ျမန္မာႏုိင္ငံရွိ တကၠသိုလ္မ်ားတြင္ အနည္းဆံုးပထမႏွစ္ တက္ေရာက္ ၿပီးသူမ်ားသာ ေလွ်ာက္ထားခြင့္ရွိ သည္။

အခြင့္အလမ္းနည္းပါး သည့္ လူမႈအသိုက္အဝန္းမွ ေက်ာင္းသားမ်ားကို လူမႈေရး လုပ္ငန္းမ်ားႏွင့္ ပတ္သက္ၿပီး ေခါင္း ေဆာင္မႈအရည္အေသြး၊ ပညာရပ္ဆိုင္ရာ အရည္အေသြးျမႇင့္တင္ ရန္နဲ႔ လူမႈေရးလုပ္ငန္းမ်ား၌ အေမရိကန္ျပည္ေထာင္စု၏ တကၠသိုလ္၊ ေကာလိပ္မ်ားတြင္ ပညာေရးဆုိင္ ရာႏွီးေႏွာဖလွယ္ေရး အေတြ႕အႀကံဳတစ္ခုရရွိေစရန္ အေမရိကန္အစိုးရက ပံ့ပိုးေပးမည့္ အစီအစဥ္ ျဖစ္သည္။

ပညာသင္ဆုေလွ်ာက္ထား သူသည္ ျမန္မာႏုိင္ငံတြင္ ေနထိုင္ ၿပီး ျမန္မာႏုိင္ငံရွိ တကၠသိုလ္တစ္ ခုခုတြင္ တက္ေရာက္ေနသူျဖစ္ရမည္။

Recommended for you - Scholarship ဆိုတာ!!!

အေမရိကန္တကၠသိုလ္၊ ေကာလိပ္မ်ားတြင္ Global UGRAD ပညာသင္ဆုအစီအစဥ္ ျဖင့္ တစ္ႏွစ္တက္ေရာက္ၿပီး ပါက ျမန္မာႏုိင္ငံရွိ တကၠသိုလ္တြင္ ပညာဆက္လက္သင္ၾကားရမည္ ျဖစ္သည္။

ပညာသင္ဆုျဖင့္ အေမရိကန္ႏုိင္ငံသို႔ လာေရာက္သည့္အခါ အနည္းဆံုး အသက္ (၁၈) ႏွစ္ ျပည့္ၿပီးသူ၊ အဂၤလိပ္စာ အရည္အခ်င္း သတ္မွတ္ခ်က္အေနျဖင့္ TOEFL ရမွတ္ ၅၀၀ ႏွင့္အထက္ ရွိထားသူျဖစ္ရမည္။

ပညာသင္ယူ ေနစဥ္ တက္ႂကြစြာ ပါဝင္သင္ယူလို စိတ္ရွိၿပီး လူအမ်ားႏွင့္ ေပါင္းသင္းဆက္ဆံႏုိင္စြမ္း ျမင့္မားရမည္။

မိမိ၏ ေခါင္းေဆာင္မႈ အရည္အေသြး ကို ေကာင္းစြာ ျပသႏုိင္ရမည့္အျပင္ စာသင္ခန္းျပင္ပ လႈပ္ရွားမႈ မ်ားတြင္လည္း ပါဝင္ႏိုင္ရမည္။

အေမရိကန္ႏုိင္ငံ တကၠသိုလ္၊ ေကာလိပ္မ်ားတြင္သာ တက္ေရာက္ရမည္ျဖစ္ၿပီး ပညာသင္ဆု ရရွိပါက ခရီးစရိတ္၊ ေက်ာင္းစရိတ္၊ ေနထိုင္စားေသာက္စရိတ္ အလံုးစံုကို ပညာသင္ဆု အစီအစဥ္က ေထာက္ပံ့မည္ျဖစ္သည္။

Recommended for you - ပညာသင္ဆုရရွိနိုင္မည့္ အေကာင္းဆံုးနည္းလမ္း (၅) ခု

Global UGRAD ပညာသင္ဆုကို ယခု စတင္ေလွ်ာက္ထားႏုိင္ ၿပီး ေလွ်ာက္လႊာပိတ္ရက္သည္ ၂၀၁၇ ဒီဇင္ဘာ ၁ ရက္ျဖစ္သည္။

https://mm.usembassy.gov/wp-content/uploads/sites/41/Global-UGRAD-application-18-19.pdf တြင္ ေလွ်ာက္လႊာကို ေဒါင္းလုတ္ရယူ ျဖည့့္စြက္ရမည္ျဖစ္ၿပီး ေလွ်ာက္ လႊာႏွင့္အတူ ေအာက္ပါစာရြက္ စာတမ္းမ်ား တင္ျပရမည္။ စာရြက္စာတမ္းအားလံုးကို A4 အရြယ္ အစားစာရြက္ျဖင့္ တင္ျပရမည္။

- လက္ရွိတြင္ ျမန္မာႏုိင္ငံ တကၠ သိုလ္တစ္ခုခု၌ တက္ေရာက္ေန ေၾကာင္း ေက်ာင္းမွထုတ္ေပးေသာ ေထာက္ခံခ်က္ (အဂၤလိပ္ဘာသာျဖင့္)

- ပထမႏွစ္ တက္ေရာက္စဥ္ ရရွိ ထားေသာ ဘာသာရပ္အလိုက္ အဆင့္သတ္မွတ္ခ်က္ (အဂၤလိပ္ ဘာသာျဖင့္)

- တကၠသိုလ္ဝင္စာေမးပြဲေအာင္ လက္မွတ္ (အဂၤလိပ္ဘာသာျဖင့္)

- မိမိသင္ယူေနေသာ အထူးျပဳ ဘာသာရပ္ဌာနမွ ဆရာ၊ ဆရာမ တစ္ဦး၏ ပညာသင္ဆုရရွိသင့္သူ ျဖစ္ေၾကာင္း ေထာက္ခံခ်က္ (အဂၤလိပ္ဘာသာျဖင့္)

- မိသားစု၊ ပတ္ဝန္းက်င္မွ ရင္းႏွီး သူတစ္ဦး၏ ပညာသင္ဆုရရွိသင့္ ေၾကာင္း ေထာက္ခံခ်က္ (အဂၤ လိပ္ဘာသာျဖင့္)

Recommended for you - တစ္ခုတည္းေျပာင္းလဲၾကည့္ပါ

ေလွ်ာက္လႊာႏွင့္ စာရြက္စာ တမ္းအားလံုးကို Rangoon This email address is being protected from spambots. You need JavaScript enabled to view it. သို႔ သတ္ မွတ္ရက္မေက်ာ္မီ အီးေမးလ္ေပး ပို႔ႏုိင္သကဲ့သို႔ ရန္ကုန္တုိင္းေဒသ ႀကီး၊ တကၠသိုလ္ရိပ္သာလမ္း၊ အ မွတ္ (၁၁၀) ရွိ အေမရိကန္သံ႐ံုး ယဥ္ေက်းမႈဌာန၊ လူထုဆက္ဆံ ေရးဌာနသို႔ လူကိုယ္တိုင္သြား ေရာက္ေလွ်ာက္ထားႏိုင္သည္။

အေသးစိတ္ကို https://mm.usembassy.gov/educa tion/scholarship-programs/ တြင္ ဝင္ေရာက္ၾကည့္႐ႈႏုိင္သည္။

သင့္ရဲ႕ အဂၤလိပ္စာ skill ကုိ ပိုမိုေကာင္းမြန္ေအာင္ျဖည့္ခ်င္ေပမယ့္ သင္တနး္သြားဖို႔အခ်ိန္မရွိဘူးဆိုရင္ sayar.com.mm မွာ ရွိတဲ့ ဆရာ ဆရာမမ်ားႏွင့္တိုက္ရိုက္ဆက္သြယ္ျပီး ကိုယ္အဆင္ေျပသည့္ အခ်ိန္တြင္ စာသင္ၾကားနိုင္ပါတယ္။

Source; 7daydaily

[Unicode Version]

၂၀၁၈-၁၉ ပညာသင် နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ ကြိုကျောင်းသားများ နှီးနှော ဖလှယ်ရေး (Global Undergraduate Exchange-Global UGRAD) အစီအစဉ်ဖြင့် ပေးအပ်သော ပညာသင်ဆုဖြစ်ပြီးလက်ရှိ မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် အနည်းဆုံးပထမနှစ် တက်ရောက် ပြီးသူများသာ လျှောက်ထားခွင့်ရှိ သည်။

အခွင့်အလမ်းနည်းပါး သည့် လူမှုအသိုက်အဝန်းမှ ကျောင်းသားများကို လူမှုရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ခေါင်း ဆောင်မှုအရည်အသွေး၊ ပညာရပ်ဆိုင်ရာ အရည်အသွေးမြှင့်တင် ရန်နဲ့ လူမှုရေးလုပ်ငန်းများ၌ အမေရိကန်ပြည်ထောင်စု၏ တက္ကသိုလ်၊ ကောလိပ်များတွင် ပညာရေးဆိုင် ရာနှီးနှောဖလှယ်ရေး အတွေ့အကြုံတစ်ခုရရှိစေရန် အမေရိကန်အစိုးရက ပံ့ပိုးပေးမည့် အစီအစဉ် ဖြစ်သည်။

ပညာသင်ဆုလျှောက်ထား သူသည် မြန်မာနိုင်ငံတွင် နေထိုင် ပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်တစ် ခုခုတွင် တက်ရောက်နေသူဖြစ်ရမည်။

Recommended for you - Scholarship ဆိုတာ!!!

အမေရိကန်တက္ကသိုလ်၊ ကောလိပ်များတွင် Global UGRAD ပညာသင်ဆုအစီအစဉ် ဖြင့် တစ်နှစ်တက်ရောက်ပြီး ပါက မြန်မာနိုင်ငံရှိ တက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားရမည် ဖြစ်သည်။

ပညာသင်ဆုဖြင့် အမေရိကန်နိုင်ငံသို့ လာရောက်သည့်အခါ အနည်းဆုံး အသက် (၁၈) နှစ် ပြည့်ပြီးသူ၊ အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက်အနေဖြင့် TOEFL ရမှတ် ၅၀၀ နှင့်အထက် ရှိထားသူဖြစ်ရမည်။

ပညာသင်ယူ နေစဉ် တက်ကြွစွာ ပါဝင်သင်ယူလို စိတ်ရှိပြီး လူအများနှင့် ပေါင်းသင်းဆက်ဆံနိုင်စွမ်း မြင့်မားရမည်။

မိမိ၏ ခေါင်းဆောင်မှု အရည်အသွေး ကို ကောင်းစွာ ပြသနိုင်ရမည့်အပြင် စာသင်ခန်းပြင်ပ လှုပ်ရှားမှု များတွင်လည်း ပါဝင်နိုင်ရမည်။

အမေရိကန်နိုင်ငံ တက္ကသိုလ်၊ ကောလိပ်များတွင်သာ တက်ရောက်ရမည်ဖြစ်ပြီး ပညာသင်ဆု ရရှိပါက ခရီးစရိတ်၊ ကျောင်းစရိတ်၊ နေထိုင်စားသောက်စရိတ် အလုံးစုံကို ပညာသင်ဆု အစီအစဉ်က ထောက်ပံ့မည်ဖြစ်သည်။

Recommended for you - ပညာသင်ဆုရရှိနိုင်မည့် အကောင်းဆုံးနည်းလမ်း (၅) ခု

Global UGRAD ပညာသင်ဆုကို ယခု စတင်လျှောက်ထားနိုင် ပြီး လျှောက်လွှာပိတ်ရက်သည် ၂၀၁၇ ဒီဇင်ဘာ ၁ ရက်ဖြစ်သည်။

https://mm.usembassy.gov/wp-content/uploads/sites/41/Global-UGRAD-application-18-19.pdf တွင် လျှောက်လွှာကို ဒေါင်းလုတ်ရယူ ဖြည့့်စွက်ရမည်ဖြစ်ပြီး လျှောက် လွှာနှင့်အတူ အောက်ပါစာရွက် စာတမ်းများ တင်ပြရမည်။ စာရွက်စာတမ်းအားလုံးကို A4 အရွယ် အစားစာရွက်ဖြင့် တင်ပြရမည်။

- လက်ရှိတွင် မြန်မာနိုင်ငံ တက္က သိုလ်တစ်ခုခု၌ တက်ရောက်နေ ကြောင်း ကျောင်းမှထုတ်ပေးသော ထောက်ခံချက် (အင်္ဂလိပ်ဘာသာဖြင့်)

- ပထမနှစ် တက်ရောက်စဉ် ရရှိ ထားသော ဘာသာရပ်အလိုက် အဆင့်သတ်မှတ်ချက် (အင်္ဂလိပ် ဘာသာဖြင့်)

- တက္ကသိုလ်ဝင်စာမေးပွဲအောင် လက်မှတ် (အင်္ဂလိပ်ဘာသာဖြင့်)

- မိမိသင်ယူနေသော အထူးပြု ဘာသာရပ်ဌာနမှ ဆရာ၊ ဆရာမ တစ်ဦး၏ ပညာသင်ဆုရရှိသင့်သူ ဖြစ်ကြောင်း ထောက်ခံချက် (အင်္ဂလိပ်ဘာသာဖြင့်)

- မိသားစု၊ ပတ်ဝန်းကျင်မှ ရင်းနှီး သူတစ်ဦး၏ ပညာသင်ဆုရရှိသင့် ကြောင်း ထောက်ခံချက် (အင်္ဂ လိပ်ဘာသာဖြင့်)

Recommended for you - တစ်ခုတည်းပြောင်းလဲကြည့်ပါ

လျှောက်လွှာနှင့် စာရွက်စာ တမ်းအားလုံးကို Rangoon This email address is being protected from spambots. You need JavaScript enabled to view it. သို့ သတ် မှတ်ရက်မကျော်မီ အီးမေးလ်ပေး ပို့နိုင်သကဲ့သို့ ရန်ကုန်တိုင်းဒေသ ကြီး၊ တက္ကသိုလ်ရိပ်သာလမ်း၊ အ မှတ် (၁၁၀) ရှိ အမေရိကန်သံရုံး ယဉ်ကျေးမှုဌာန၊ လူထုဆက်ဆံ ရေးဌာနသို့ လူကိုယ်တိုင်သွား ရောက်လျှောက်ထားနိုင်သည်။

အသေးစိတ်ကို https://mm.usembassy.gov/educa tion/scholarship-programs/ တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

သင့်ရဲ့ အင်္ဂလိပ်စာ skill ကို ပိုမိုကောင်းမွန်အောင်ဖြည့်ချင်ပေမယ့် သင်တနး်သွားဖို့အချိန်မရှိဘူးဆိုရင် sayar.com.mm မှာ ရှိတဲ့ ဆရာ ဆရာမများနှင့်တိုက်ရိုက်ဆက်သွယ်ပြီး ကိုယ်အဆင်ပြေသည့် အချိန်တွင် စာသင်ကြားနိုင်ပါတယ်။

Source; 7daydaily

Read times Last modified on Monday, 30 December 2019 15:00
Rate this articles
(0 votes)