၁၉၈၀ ကေန ၂၀၀၀ ျပည့္ႏွစ္အတြင္း ေမြးဖြားၾကသူေတြျဖစ္တဲ့ Y generation လို႔ေခၚတဲ့ လူငယ္မ်ိဳးဆက္ သစ္ေတြက သူတို႔ေရွ႕မ်ိဳးဆက္က လူေတြနဲ႕ စိတ္ဓါတ္အေတြးအေခၚ လုပ္ပံုကိုင္ပံုေတြ ခံယူခ်က္ေတြ မတူပါဘူး။ ဒါေၾကာင့္ ယေန႔ ၂၁ ရာစုေခတ္မွာ ဆိုရင္ Y generation လူငယ္မ်ိဳးဆက္ေတြက ေရွ႕မ်ိဳးဆက္ေတြနဲ႕ ဆန္႔က်င္ဘက္ေတြ ျဖစ္ေနတတ္ပါတယ္။
ကြ်န္ေတာ္တို႔ Y generation မ်ိဳးဆက္ေတြက social media ေတြေပၚမွာ အခ်ိန္ကုန္တာ ပိုမ်ားပါတယ္။ အင္တာနက္ကို ပိုမိုသံုးစြဲလာၾကပါတယ္။ ဒီကေနစျပီး အျမင္ေတြမတူတာေတြျဖစ္လာပါတယ္။ ဒီအခါမွာ လုပ္ငန္းခြင္မွာဆိုရင္လည္း အပ်င္းထူသူေတြ အလုပ္မၾကိဳးစားသူေတြအျဖစ္ အထင္ခံရတတ္ပါတယ္။ ဘာေၾကာင့္အဲ့လို အထင္ခံရတာလည္းဆိုေတာ့..
၁. ကုိယ္ယံုၾကည္တဲ့ဘဝကုိ ကိုယ္တိုင္တည္ေဆာက္ခ်င္သူမ်ား
အခ်ိန္တိုင္းအလုပ္ပဲလုပ္ေနရမယ္ မနားမေနၾကိဳးစားမွ အရမ္းကို ေကာင္းမြန္တဲ့ဘဝတစ္ခုကို ပိုင္ဆိုင္နိုင္မယ္ဆိုတာမ်ိဳးကို သူတို႔ လက္မခံပါဘူး။ ကိုယ္ဝါသနာပါတာ၊ ကုိယ္ေပ်ာ္ေမြ႕ရာကို အခ်ိန္ေပးရင္း အလုပ္လည္းလုပ္ေနရတာမ်ိဳးကုိ ၾကိဳက္ႏွစ္သက္ပါတယ္။ ေရွးမ်ိဳးဆက္လူၾကီးေတြကေတာ့ ဘာမွမလုပ္ပဲ ထိုင္ေနတာမ်ိဳးကုိ သူတို႔သေဘာမက်ပါဘူး အခ်ိန္ေတြကုိ ျဖဳန္းတီးတယ္လို႔ ထင္တဲ့အတြက္ ဒီအခါမွာ ကေတာက္ကဆေလးေတြ ျဖစ္လာတတ္ပါတယ္။
Recommended for you - သင့္မွာဒါေတြ႐ွိလား
၂. အစဥ္အလာဆိုတာကုိ သိပ္ျပီးလက္မခံခ်င္သူမ်ား
အရင္ေခတ္က အလုပ္ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြကုိ မုန္းသူေတြပါ။ အခ်ိန္ကုန္ျပီး အက်ိဳးမရွိတဲ့ အစည္းအေဝးေတြ၊ ငါးမိနစ္ ဆယ္မိနစ္ေလာက္ေနာက္က်တာကို ဒဏ္ေၾကးတပ္တဲ့ အလုပ္ရဲ႕ စည္းကမ္းေတြကို မုန္းတတ္တဲ့သူေတြပါ။ သမာရိုးက်အတိုင္း လုပ္ေနတာထက္ အလြယ္ဆံုးနဲ႕ အက်ိဳးသက္ေရာက္မွု အရွိဆံုးနည္းလမ္းကို ျမင္တတ္သူေတြျဖစ္လို႔ သူတို႔ကို အပ်င္းထူသူေတြ အျဖစ္ ေဝဖန္တတ္ၾကပါတယ္။
၃. အေသးစိတ္လုပ္ရမယ့္ အလုပ္ေတြကို စိတ္မဝင္စားတတ္သူမ်ား
Y Generation လို႔ေခၚတဲ့ မ်ိဳးဆက္သစ္ေတြဟာ နည္းပညာေခတ္နဲ႔ သတင္းအခ်က္အလက္ေခတ္မွာ ေမြးဖြားလာသူေတြပါ။ ဒါေၾကာင့္ နည္းပညာနဲ႔ အင္တာနက္ကို အားကိုးၿပီး အသံုးခ်တတ္ၾကပါတယ္။ စာရင္းစာအုပ္ႀကီးထဲက စာရင္းေတြကို ေဘာပင္နဲ႔ အေသးစိတ္ တြက္ေနရတဲ့ အလုပ္မ်ိဳးကို သူတို႔ လွည့္မၾကည့္တတ္ၾကပါဘူး။
Recommended for you - ဘဝကို ေရွ႕ဆက္သြားနိုင္ဖို႔ စြန္႕လႊတ္ရမယ့္ အရာေတြ
၄. လိုက္ေလ်ာညီေထြျဖစ္ျပီး အလိုက္သင့္လုပ္ခ်င္တတ္သူမ်ား
မနက္ ကုိးနာရီကေန ညေန ငါးနာရီအထိ လုပ္ရမယ္ဆိုတဲ့ စည္းကမ္းမ်ိဳးေတြကို သူတို႔မႀကိဳက္ တတ္ၾကပါဘူး။ အေရးႀကီးတဲ့ အလုပ္ရွိတဲ့ အခါ ညမအိပ္ဘဲ လုပ္မယ္လို႔ ေတြးထားတတ္ၾကၿပီး အလုပ္လုပ္စရာ တိတိက်က်မရွိဘဲ မနက္ ႐ံုးခ်ိန္အတိအက် လာရမယ္ဆိုတာမ်ိဳးကို မုန္းတတ္ၾကသူေတြျဖစ္ပါတယ္။ သူတို႔ဟာ အေျခအေနနဲ႔ လုိက္ေလ်ာညီေထြေနတတ္သူေတြပါ။
Source;elitedaily
[Unicode Version]
၁၉၈၀ ကနေ ၂၀၀၀ ပြည့်နှစ်အတွင်း မွေးဖွားကြသူတွေဖြစ်တဲ့ Y generation လို့ခေါ်တဲ့ လူငယ်မျိုးဆက် သစ်တွေက သူတို့ရှေ့မျိုးဆက်က လူတွေနဲ့ စိတ်ဓါတ်အတွေးအခေါ် လုပ်ပုံကိုင်ပုံတွေ ခံယူချက်တွေ မတူပါဘူး။ ဒါကြောင့် ယနေ့ ၂၁ ရာစုခေတ်မှာ ဆိုရင် Y generation လူငယ်မျိုးဆက်တွေက ရှေ့မျိုးဆက်တွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတတ်ပါတယ်။
ကျွန်တော်တို့ Y generation မျိုးဆက်တွေက social media တွေပေါ်မှာ အချိန်ကုန်တာ ပိုများပါတယ်။ အင်တာနက်ကို ပိုမိုသုံးစွဲလာကြပါတယ်။ ဒီကနေစပြီး အမြင်တွေမတူတာတွေဖြစ်လာပါတယ်။ ဒီအခါမှာ လုပ်ငန်းခွင်မှာဆိုရင်လည်း အပျင်းထူသူတွေ အလုပ်မကြိုးစားသူတွေအဖြစ် အထင်ခံရတတ်ပါတယ်။ ဘာကြောင့်အဲ့လို အထင်ခံရတာလည်းဆိုတော့..
၁. ကိုယ်ယုံကြည်တဲ့ဘဝကို ကိုယ်တိုင်တည်ဆောက်ချင်သူများ
အချိန်တိုင်းအလုပ်ပဲလုပ်နေရမယ် မနားမနေကြိုးစားမှ အရမ်းကို ကောင်းမွန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မယ်ဆိုတာမျိုးကို သူတို့ လက်မခံပါဘူး။ ကိုယ်ဝါသနာပါတာ၊ ကိုယ်ပျော်မွေ့ရာကို အချိန်ပေးရင်း အလုပ်လည်းလုပ်နေရတာမျိုးကို ကြိုက်နှစ်သက်ပါတယ်။ ရှေးမျိုးဆက်လူကြီးတွေကတော့ ဘာမှမလုပ်ပဲ ထိုင်နေတာမျိုးကို သူတို့သဘောမကျပါဘူး အချိန်တွေကို ဖြုန်းတီးတယ်လို့ ထင်တဲ့အတွက် ဒီအခါမှာ ကတောက်ကဆလေးတွေ ဖြစ်လာတတ်ပါတယ်။
Recommended for you - သင့်မှာဒါတွေရှိလား
၂. အစဉ်အလာဆိုတာကို သိပ်ပြီးလက်မခံချင်သူများ
အရင်ခေတ်က အလုပ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို မုန်းသူတွေပါ။ အချိန်ကုန်ပြီး အကျိုးမရှိတဲ့ အစည်းအဝေးတွေ၊ ငါးမိနစ် ဆယ်မိနစ်လောက်နောက်ကျတာကို ဒဏ်ကြေးတပ်တဲ့ အလုပ်ရဲ့ စည်းကမ်းတွေကို မုန်းတတ်တဲ့သူတွေပါ။ သမာရိုးကျအတိုင်း လုပ်နေတာထက် အလွယ်ဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံးနည်းလမ်းကို မြင်တတ်သူတွေဖြစ်လို့ သူတို့ကို အပျင်းထူသူတွေ အဖြစ် ဝေဖန်တတ်ကြပါတယ်။
၃. အသေးစိတ်လုပ်ရမယ့် အလုပ်တွေကို စိတ်မဝင်စားတတ်သူများ
Y Generation လို့ခေါ်တဲ့ မျိုးဆက်သစ်တွေဟာ နည်းပညာခေတ်နဲ့ သတင်းအချက်အလက်ခေတ်မှာ မွေးဖွားလာသူတွေပါ။ ဒါကြောင့် နည်းပညာနဲ့ အင်တာနက်ကို အားကိုးပြီး အသုံးချတတ်ကြပါတယ်။ စာရင်းစာအုပ်ကြီးထဲက စာရင်းတွေကို ဘောပင်နဲ့ အသေးစိတ် တွက်နေရတဲ့ အလုပ်မျိုးကို သူတို့ လှည့်မကြည့်တတ်ကြပါဘူး။
Recommended for you - ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ စွန့်လွှတ်ရမယ့် အရာတွေ
၄. လိုက်လျောညီထွေဖြစ်ပြီး အလိုက်သင့်လုပ်ချင်တတ်သူများ
မနက် ကိုးနာရီကနေ ညနေ ငါးနာရီအထိ လုပ်ရမယ်ဆိုတဲ့ စည်းကမ်းမျိုးတွေကို သူတို့မကြိုက် တတ်ကြပါဘူး။ အရေးကြီးတဲ့ အလုပ်ရှိတဲ့ အခါ ညမအိပ်ဘဲ လုပ်မယ်လို့ တွေးထားတတ်ကြပြီး အလုပ်လုပ်စရာ တိတိကျကျမရှိဘဲ မနက် ရုံးချိန်အတိအကျ လာရမယ်ဆိုတာမျိုးကို မုန်းတတ်ကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ အခြေအနေနဲ့ လိုက်လျောညီထွေနေတတ်သူတွေပါ။
Source;elitedaily