×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 06 June 2017

ကျောင်းသားများ ထူးချွန်စေရန် မိဘတို့လုပ်ဆောင်ပေးသင့်သည့် နည်းလမ်း (၇) ခု

ကျောင်းသားများ ထူးချွန်စေရန် မိဘတို့လုပ်ဆောင်ပေးသင့်သည့် နည်းလမ်း (၇) ခု Google.com

ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူလေးများ ထူးချွန်အောင်မြင်စေဖို့ရာအတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. ကျောင်းကို မကြာခဏသွားလည်ပါ။

သင့်သားသမီးဟာ ကျောင်းမှာ လူမှုဆက်ဆံရေး ကောင်းရဲ့လား၊ ပျော်ပျော်ရွှင်ရွှင် စာသင်ကြားရဲ့လား စတာတွေကို သိနိုင်ဖို့ ကျောင်းကိုမကြာခဏ သွားလည်သင့်ပါတယ်။

၂. ဆရာ၊ ဆရာများနှင့် တွေ့ဆုံပါ။

သင့်သားသမီးရဲ့ လိုအပ်ချက်တွေနဲ့ ကျောင်းတွင်းစွမ်းဆောင်ရည် အခြေအနေကို သိရှိစေဖို့ ဆရာ၊ ဆရာမတွေနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

၃. ကျောင်းနှင့်သက်ဆိုင်သည့် အသုံးအဆောင်များကို စုစည်းထားရှိပါ။

သင့်ကလေးရဲ့ ကျောင်းတွင်းစာရေးကိရိယာတွေနဲ့ အသုံးအဆောင်တွေကို စာကြည့်စားပွဲမှာ သေချာစုစည်းထားဖို့ ပြောကြားပါ။ ဒါမှသာ ကျောင်းစာအုပ်ရှာရတာမျိုး၊ ပုံနှိပ်စာအုပ်ရှာရတာမျိုးနဲ့ ပြာယာခတ်မနေဘဲ စာကို ပုံမှန်သင်ယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၎. စောစော အိပ်ရာဝင်ခိုင်းပါ။

ကျောင်းသား၊ ကျောင်းသူတွေအတွက် စောစောအိပ်ပြီး စောစောထကာ သင်ခန်းစာ လေ့လာမှတ်သားတဲ့ အကျင့်က အလွန်ကောင်းမွန်ပါတယ်။ တစ်နေ့လုံး ပင်ပန်းနွမ်းနယ်လာတဲ့အတွက် ညဘက်မှာ သင်ခန်းစာတွေကို ကောင်းကောင်းလေ့လာနိုင်စွမ်း မရှိတတ်ပါဘူး။ အဲဒီအချိန်မှာ အိပ်စက်အနားယူပြီး ဦးနှောက်စွမ်းအင် ပြည့်ဝတဲ့အခါကျမှ စောစောထပြီး သင်ခန်းစာလေ့လာသင့်တာ ဖြစ်ပါတယ်။

၅. နံနက်စာကို ကျန်းမာရေးနှင့်အညီ ကျွေးပါ။

ကျောင်းသား၊ ကျောင်းသူတွေကို နံနက်တိုင်း အာဟာရပြည့်ဝတဲ့ နံနက်စာကျွေးတဲ့အကျင့် လုပ်ဆောင်ပေးပါ။

၆. လုပ်ရမည့်အိမ်စာကို မှတ်စုစာအုပ်နှင့် မှတ်ခိုင်းပါ။

ကျောင်းသား၊ ကျောင်းသူတွေကို မှတ်စုစာအုပ်တစ်အုပ်ပေးထားပြီး တစ်နေ့တာသူလုပ်ရမယ့် အိမ်စာတွေကို မှတ်စုစာအုပ်ထဲမှာ နေ့ရက်အလိုက် ချရေးခိုင်းပါ။ ဒီနည်းက တစ်နေ့သင်ခန်းစာ တစ်နေ့ပြီးဆုံးအောင် လုပ်ဖြစ်စေတဲ့ နည်းဖြစ်ပါတယ်။

၇. သင့်တော်သော စာကြည့်စားပွဲ စီစဉ်ပေးပါ။

ကျောင်းသား၊ ကျောင်းသူတွေအတွက် အိမ်မှာသင့်တော်တဲ့ စာကြည့်စားပွဲနဲ့ တိတ်ဆိတ်တဲ့နေရာကို ဖန်တီးပေးတာက သူ့အတွက် ကျောင်းသင်ခန်းစာတွေကို ကောင်းကောင်း လေ့လာမှတ်သားနိုင်စေမှာ ဖြစ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: healthy life

Read times Last modified on Saturday, 28 December 2019 11:45
Rate this articles
(2 votes)