×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 23 April 2019

ပိုက်ဆံစုကို နည်းစနစ်ကျကျ ဘယ်လိုစုမလဲ?

လူဆိုတာ ပိုက်ဆံကို ပိုပြီး လိုချင်တဲ့လူတွေကြီးပါပဲ။ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လိုချင်တာကတော့ လိုချင်တာပါပဲ။

ကျန်းမာရေအတွက်၊ ပညာရေးအတွက်၊ မိသားစု ရေးအတွက် အစရှိတဲ့ အရာတွေ အတွက် ပိုပြီး လိုအပ်နေတာပါပဲ။

ဒါပေမယ့် အဲ့ဒီလို လိုအပ်နေတဲ့ ပိုက်ဆံကို ဘယ်လို များများ ရှာမလဲ။ များများရှာနေပေမယ့်လည်း မပြီးဘူး။ ဘယ်လို ထိထိရောက်ရောက်စုဆောင်းမလဲဆိုတာကလဲ အရမ်းအရေးကြီးပါတယ်။

ဒါကြောင့်ပိုက်ဆံကို ဘယ်လို နည်းစနစ်ကျကျ စုမလဲ ဆိုတာအောက်ပါအချက်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

 

(၁) သုံးပြီးမှမစုနဲ့  ၊ စုပြီးမှသုံးပါ


လူတော်များများဟာ ပိုက်ဆံရှိတဲ့အခါ အရင်းဆုံးကိုယ်လုပ်ချင်တာလုပ်တယ်၊ ကိုယ်ဝယ်ချင်တာတွေဝယ်တယ်.. ပြီးမှပိုတဲ့ပိုက်ဆံကိုစုဆောင်းတတ်ကြပါတယ်။ ပိုက်ဆံစုတာမှန်ပေမယ့် နည်းလမ်းမှားနေတဲ့အခါ သင့်ရဲ့ စုဆောင်းမှုက အရာထင်မှာမဟုတ်ပါဘူး။

ဥပမာ .. လကုန်လို့ လစာထုတ်လာတယ်ဆိုပါစို့  လိုချင်တာတွေအရင်ဝယ်ကြတယ်။ ပြီးမှပိုတဲ့ဟာကို စုကြတယ်။ ဒီနည်းလမ်းဟာမှားနေပါတယ်။

လစာထုတ်လာတဲ့အခါ အရင်ဆုံး သင် လစဉ်စုဖို့ သတ်မှတ်ထားတဲ့ ငွေပဏ ကို အရင် ဖယ်ပြီးတော့မှ ပိုတဲ့ငွေကိုသာသုံးသင့်ပါတယ်။ သုံးတဲ့အခါမှ လည်း သင်လိုချင်တာထက် သင့်မှာလိုအပ်တာကို ပိုပြီး ဦးစားပေးပါ။

 


(၂) တံဆိပ်ဆွဲ မထားပါနဲ့ 


သင်နဲ့ သက်ဆိုင်တဲ့ အသုံးဆောင်ပစ္စည်းတွေသုံးတဲ့ အခါ ဘယ် brand မှ သုံးမယ်။ ဘယ် quality မှ သုံးမယ်ဆိုတဲ့ စိတ်အဆွဲတွေ မထားပါနဲ့ ။

ဥပမာ ၁၀ သိန်းကျော် I phone ကိုင်မယ့်အစား သူ့ ထက် ဈေးထက်ဝက်လောက်နိမ့်တဲ့ ဖုန်း တစ်လုံး ဝယ်ကိုင်လိုက်ပါ။ ဒါဟာ သင့်ရဲ့ ပိုက်ဆံတွေကိုခြွေတာခြင်းတခုပါပဲ။ brand က နာမည်ကြီးရင် ဈေးပိုကြီးမယ်၊ ဒါကြောင့်ဈေးသက်သက်သာထဲက ကိုယ်နဲ့ အဆင်ပြေမယ့် အရာကိုသာရွေးလိုက်ပါ။ ေ

နာက်တခု က အစားသောက်စာတဲ့အခါ နာမည်ကြီးဆိုင်တစ်ခုခုမှာ စားမယ့်အစား ဈေးသက်သက်သာသာနဲ့ အရသာကောင်းကောင်း စားလို့ရမယ့်နေရာကို ရွေးပြီးသွားခြင်းဟာ သင့်ရဲ့ ပိုက်ဆံကို ခြွေတာနိုင်ပါတယ်။

 


(၃) အသေးဖွဲ လေးတွေကစ ဂရုစိုက်ပါ


ဥပမာ. သင်ဟာ ဆေးလိပ်သောက်တတ်တဲ့ လူတယောက်ဆိုပါစို့  ဆေးလိပ်တစ်လိပ် ၅၀ ပဲ ဘာမှမဖြစ် ပါဘူး ဆိုပြီး ဝယ်ဝယ် သောက်လိုက်တယ်။

ဒါပေမယ့် ကြိမ်ဖန်များလာတဲ့အခါ ကုန်လာတဲ့ပိုက်ဆံက သင့်အတွက် သိသာလာပါလိမ့်မယ်။ အအေးသောက်တာတို့ ၊စာရေးကိရိယာ တို့ ကအစ သေချာဂရုစိုက်ပြီးတော့သုံးပါ။

ဥပမာ – စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ်ကုန်ငွေ သက်သာတဲ့သဘောပါ။

 


(၄) အသုံးစရိတ်ကို ပြန်ဆန်းစစ်ပါ


လစဉ်သင့်ရဲ့အသုံးစရိတ်ဘယ်လောက်ရှိတယ်၊ဘယ်လောက်ကုန်ကျတယ်ဆိုတာသိဖို့ပိုက်ဆံအသုံးပြုထားတဲ့စာရင်းတွေကိုပြန်လည်ဆန်းစစ်ပါ။ဥပမာ ဘေလ်လက်ခံစာရွက်၊ credit cardစသဖြင့် ပြန်စစ်ကြည့်ရင်ဘယ်နေရာမှာဘာအတွက် သုံးလိုက်တယ်ဆိုတာပြန်သိရမှာပါ။ဒီအလေ့အကျင့်ကိုလစဉ်ကျင့်သုံးသွားပါ။

 


(၅) ငွေထွက်ပေါက်များကို ပိတ်ပါ


မလိုအပ်တဲ့ ပိုက်ဆံကုန်မှုတွေကို အမြဲစောင့်ကြည့်ပါ။ အဲ့ဒါတွေကို လျော့ချပါ။
ဥပမာ သင့်အိမ်မှာ တီဗီလိုင်းတွေ ယူထားပြီး တစ်လမှ ၄ ရက်လောက်ပဲ ကြည့်ဖြစ်လား။ ဒါမျိုး မလိုအပ်တဲ့ ငွေထွက်ပေါက်တွေကို လျော့ချသင့်ပါတယ်။

 

source; youtube videos

Read times Last modified on Tuesday, 18 February 2020 11:43
Rate this articles
(1 Vote)