×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 30 April 2019

"ပျင်းရိခြင်းဟာ အောင်မြင်ခြင်း၏အဓိကသော့ချက်ဖြစ်"

"ပျင်းရိခြင်းဟာ အောင်မြင်ခြင်း၏အဓိကသော့ချက်ဖြစ်" google

သင့်ကို သင် ပျင်းရိတယ်လို့ ထင်နေပါသလား ???


အမှန်တကယ်ပျင်းရိသူတစ်ယောက်ဖြစ်ဖို့ စိတ်အလိုမကျဖြစ်နေပါသလား ??? ဒါပေမယ့် ပျင်းရိခြင်းဟာ အောင်မြင်ခြင်း၏ သော့ချက်ဖြစ်နေကြောင်းကို သုတေတီတွေက ရှာဖွေတွေ့ရှိသားတယ်ဆို သင်ယုံမလား ??? ဟုတ်ပါတယ်။

ပျင်းရိခြင်းဟာ အောင်မြင်မှုရဲ့သော့ချက်ဖြစ်ကြောင်းကို သက်သေပြရန် တော့ အောက်ပါရှင်းလင်းဖော်ပြချက်များကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

 

၁။ ဘာမှမလုပ်ဘဲနေခြင်း

ဘာမှမလုပ်ဘဲနေခြင်းဟာ အထူးတလည် ပြဿနာတစ်ရပ်မဟုတ်ပါဘူး။ သုတေသီများရဲ့အဆိုအရ လူတစ်ဦးဟာ ဘာမှမလုပ်ဘဲ အချိန်ကြာမြင့်စွာ မနေနိုင်ပါဘူး။ ထို့အတူဘာပဲပျင်းရိသူများဟာ သူတို့၏ ပျင်းရိတတ်တယ့် အကျင့် အပျက်များမကြာမီမှာဘဲ ဘာမှ မလုပ်ခြင်းကို ငြီးငွေ့ လာပါလိမ့်မယ်။ ထိုသို့  ငြီးငွေ့လာပြီဆိုသော် အလုပ်တစ်ခုကို ရှာဖွေကြိုးပမ်းလုပ်ဆောင်ဖို့ % များပြီး အောင်မြင်မှုလမ်းစပွင့်လာပါလိမ့်မယ်။

 

၂။ ဥာဏ်ရည်ထက်မြက်ခြင်း

ပျင်းရိသူအများစုဟာ အမြဲတစ်စေ မည်သည့်အရာကိုမဆို သက်သက်သာသာလုပ်ဆောင်ရမလဲဆိုတာ စဉ်းစားနေတတ်ပါတယ်။ အဲလိုအမြဲစဉ်းစားနေတယ့်ရလဒ်အတွက် ပျင်းရိသူများက သာမန်လူများထက် ဥာဏ်ရည်ထက်မြက်နေတတ်ပါတယ်။ အချို့ကိစ္စတွေမှာဆိုရင် ပျင်းရိသူများကပင် ဦးဆောင်ပြီးမြောက်သွားတယ့် သာဓကတွေရှိပါတယ်။

 

၃။ မြန်မြန်ဆန်ဆန်အလုပ်လုပ်ခြင်း

စိတ်ပညာသုတေသီများရဲ့ အဆိုအရ ပျင်းရိသူများဟာ မည်သည့်ကိစ္စကိုမဆို မြန်မြန်ပြီးမှ အေးဆေးအနားယူနိုင်မယ်ဟု စိတ်ထဲမှာ ထည့်ထားပါတယ်။

အဲဒီအတွက်သူ့တို့တွေဟာ မည်သည့်အလုပ်ကိုမဆို အချိန်မလွဲဘဲ မြန်မြန်ဆန်ဆန် လုပ်တတ်ကြပါတယ်။

ထို့ပြင် ပျင်းရိသူများရဲ့အကျင့်အရ အလုပ်ကို ၂ ခေါက်ပြန်လည်မလုပ်ချင်တဲ့အချက်တစ်ခါတည်း တိတိကျကျ ဆောင်ရွက်တတ်ကြပါတယ်။

ထိုသို့ တိတိကျကျဆောင်ရွက်ခြင်း၊ မြန်မြန်ဆန်ဆန်လုပ်ကိုင်နိုင်ခြင်း၊ ဥာဏ်ရည်ထက်မြက်ခြင်းအစရှိသော အချက်များက ပျင်းရိသူများကို လုပ်ငန်းအတွင်းအဆင်ပြေချောမွေ့အောင်မြင်စေရန် တစ်ဖက်တစ်လမ်းမှ တွန်းအားပေးနေသော အချက်များဖြစ်ပါတယ်။

အလုပ်ခွင်တွင်ရှိသော သူတိုင်းအောင်မြင်ပါစေ။

READ_"ငယ်ငယ်က စာညံ့တဲ့သူတွေ ပိုပြီး အောင်မြင်ရတဲ့ အချက် (၅) ချက်"

Read times Last modified on Tuesday, 17 March 2020 15:25
Rate this articles
(4 votes)