×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 03 August 2017

ထူးခြားဆန်းသစ်တဲ့ idea တွေကို ဘယ်လိုဖန်းတီးကြမလဲ

ထူးခြားဆန်းသစ်တဲ့ idea တွေကို ဘယ်လိုဖန်းတီးကြမလဲ google.com

Greate idea နှင့် Good idea နှစ်ခုကိုခြားနားစေတာ ဘာလဲ။ ပုံမှန်အကြံဥာဏ်ကောင်းတွေက လူတွေရဲ့နေ့စဉ်ဘဝနှင့် အလုပ်မှာ ကြုံတွေ့နေရတဲ့ ပြဿနာအသေးစားတွေကို ဖြေရှင်းရာမှာ ကူညီပေးပါတယ်။

ထူးခြားတဲ့ အကြံဥာဏ်တွေကတော့တခါတလေမှ ပေါ်လာပြီး ထိုစိတ်ကူးကို အကောင်အထည်ဖော်ရာတွင် ပိုပြီးကြိုးစားအားထုတ်ရပါတယ်။ ထူခြားပြီးဆန်းသစ်တဲ့ စိတ်ကူးတွေကို တွေးခေါ်နိုင်ဖို့ဆိုရင် သင်ကိုယ်တိုင်သမာရိုးကျနည်းလမ်းဟောင်းတွေထဲက ရုန်းထွက်နိုင်မှရမှာပါ။ ဒါဆိုရင် သစ်လွင်ထူးခြားတဲ့ စိတ်ကူးတွေရအောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

 

၁. လေ့လာမှုကိုအမြဲမပြတ်လုပ်ဆောင်ပါ။

ထူးခြားပြီးကောင်းမွန်တဲ့ စိတ်ကူးတွေက ဘာမှမရှိတဲ့ဦးနှောက်ကနေ ထွက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် သစ်လွင်လတ်ဆတ်ပြီး ဆန်းသစ်တဲ့စိတ်ကူး အကြံဥာဏ်တွေရရှိဖို့ လေ့လာမှုတွေအမြဲတမ်းပြုလုပ်နေဖို့ လိုပါတယ်။ နည်းလမ်းတွေထဲက တစ်ခုကတော့ လူတွေကို လေ့လာဆန်းစစ်ခြင်းပါ။ အားလပ်ချိန် အချို့ကို အပြင်ထွက်ပြီးလမ်းလျှောက်ပေးပါ။ ပတ်ဝန်းကျင်ကအရာတွေ အလေ့အထတွေက သင့်ကို အတွေးအမြင် အသစ်တွေ ပေးနိုင်ပါတယ်။

 

၂. စာအုပ်များများဖတ်ပါ။                    

စာအုပ်တွေက သစ်လွင်တောက်ပပြီးထူးခြားတဲ့အတွေးတွေကို ဖန်တီးနိုင်အောင်စွမ်းဆောင်ပေးတဲ့ နှစ်သက်ဖွယ်အရာပဲဖြစ်ပါတယ်။ လောကကြီးကဖြစ်ပျက်သမျှအရာအားလုံးကို ကိုယ်တိုင်လုပ်ဆောင်နိုင် လောက်တဲ့အထိ ဘဝကြီးက မရှည်ကြာပါဘူး။ သင်ကိုယ်တိုင် ဒုတိယကမ္ဘာစစ်ပွဲတွင်မပါဝင်နိုင်ပေမယ့် စာအုပ်ဖတ်ခြင်း ကနေတော့ သင်စစ်ပွဲတွေအကြောင်းကို အချိန်ခဏလေးအတွင်းမှာ သိနိုင်ပါတယ်။ စာအုပ်ဖတ်ခြင်းကနေ လတ်ဆတ်တဲ့ စိတ်ကူးအကြံဥာဏ်တွေကို ရှာဖွေနိုင်မှာပါ။

 

READ -ကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်း အင်တာနက်ကို ဘာကြောင့်သုံးနေရတာလဲ

 

၃.နေ့စဉ်မှတ်တမ်းရေးပါ။

နေ့စဉ်မှတ်တမ်းရေးခြင်းက သင့်ရဲ့အတွေး၊ ခံစားချက်တွေ နဲ့ သင့်ဘဝ အကြောင်းကို ပြန်လည်ဆန်း စစ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သင့်ရဲ့စိတ်ကူးတီထွင်ဥာဏ်တွေကို ပိုမိုဖွိ့ဖြိုးတိုးတက်လာ အောင်လေ့ကျင့်ပေးနိုင်တဲ့ နည်းလမ်းကောင်းလဲဖြစ်ပါတယ်။ သင်နေ့စဉ်မှတ်တမ်းမရေးဖြစ်ဘူးလား။ ဒီနေ့က စတင်လိုက်ပါ။

 

၎. တရားထိုင်ပါ။

ထူးခြားတဲ့စိတ်ကူးအကြံဥာဏ်တွေ ကသင်ရဲ့စိတ်ရှုပ်ထွေးနေတဲ့အချိန်တွေမှာ ထွက်လာမှာမဟုတ်ပါဘူး။ သင့်ရဲ့စိတ်တည်ငြိမ်ပြီး ရှင်းလင်းနေဖို့လိုပါတယ်။ တရားထိုင်ခြင်းက သင့်ရဲ့အလုပ်နဲ့နေ့စဉ်ဘဝမှာ ကြုံနေတဲ့ ဖိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ပါတယ်။ တိတ်ဆိတ်တဲ့နေရာမှာ တစ်နာရီလောက် အချိန်ပေးပြီးအပတ် တိုင်းပုံမှန်ဆောင်ရွက်မည်ဆိုလျှင် စိတ်ကူးအကြံဥာဏ်အသစ်တွေကို ဖန်တီးလာနိုင်ပါလိမ့်မယ်။

 

Source; Inc.

Read times Last modified on Monday, 30 December 2019 10:00
Rate this articles
(3 votes)