×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 14 November 2019

"ဦးေနွာက္မွတ္ဥာဏ္ေကာင္းေအာင္ ပံုမွန္ ျပဳလုပ္သင့္တဲ့ ေလ့က်င့္ခန္း (၅) မ်ိဳး"

"ဦးေနွာက္မွတ္ဥာဏ္ေကာင္းေအာင္ ပံုမွန္ ျပဳလုပ္သင့္တဲ့ ေလ့က်င့္ခန္း (၅) မ်ိဳး" google.com

မွတ္ဥာဏ္ ေကာင္းဖို႔ဆိုတာ ေမြးရာပါ အရည္အေသြးရွိမွမဟုတ္ပဲ ေလ့က်င့္သင္ယူျခင္းျဖင့္လည္း ရပါတယ္။

ကၽြမ္းက်င္တတ္ေျမာက္ဖို႔အတြက္ ပညာအရည္အခ်င္း၊ စြမ္းေဆာင္ရည္၊ ပင္ကို ထူးခၽြန္မႈ စတာေတြမလိုအပ္ပါဘူး။ ဒါေပမယ့္လည္း ေလ့က်င့္မႈကေတာ့ မျဖစ္မေန ျပဳလုပ္ရမည္ ျဖစ္ပါတယ္။

 

၁. လကၤာကဗ်ာေလးေတြ ဖန္တီးပါ

ငယ္ငယ္က စာသင္ခန္းထဲမွာ မျဖစ္မေန မွတ္ထားဖို႔လုိတဲ့ ညီမွ်ျခင္းေတြ၊ အဓိပၸာယ္ေတြကို သံတူေၾကာင္းကြဲ ကဗ်ာေတြ၊ လကၤာေတြစပ္ၿပီး သင္ခဲ့ဖူးၾကပါလိမ့္မယ္။ လက္ေတြ႔ဘဝမွာလည္း ကိုယ့္ဘာသာကို ဖန္တီးႏိုင္ပါတယ္။ အဲဒီအေလ့အက်င့္က သင့္ရဲ႕မွတ္ဥာဏ္တိုးတက္မႈကို အေထာက္အကူျဖစ္ေစတာ ေသခ်ာလွပါတယ္။

 

၂. မွတ္ဥာဏ္ေကာင္းေအာင္ ထပ္ခါထပ္ခါ လုပ္ၾကည့္ပါ

ထပ္ခါထပ္ခါ လုပ္ျခင္းကလည္း မွတ္ဥာဏ္ေကာင္းေနေစဖို႔ တြန္းအားေပးတဲ့ အဓိကအရာျဖစ္ပါတယ္။ ဘယ္အရာမဆို ထပ္ခါထပ္ခါ မွတ္မိေအာင္ အထပ္ထပ္ရြတ္ဖတ္ေနျခင္းက သင့္အတြက္ ေကာင္းမြန္ေသာ အေလ့အက်င့္ျဖစ္ေစပါလိမ့္မယ္။

Recommended For You >>> “ဆြဲခ်င္ရာ ေလွ်ာက္ဆြဲတတ္တဲ့ ၀ါသနာေၾကာင့္ စားေသာက္ဆုိင္ႀကီးတစ္ခုမွာ အလုပ္ရသြားတဲ့ ၉ႏွစ္သား ကေလးငယ္”

 

၃. နားနားၿပီးေလ့လာပါ

တစ္ခ်ိန္တည္း အားလံုးစုၿပံဳၿပီး ေလ့လာစရာမလိုပါဘူး။ လူေတြမွာ မွတ္ဥာဏ္ေတြ သိမ္းဆည္းထားဖို႔ မယံုႏိုင္ေလာက္စရာ ေနရာေတြရွိပါတယ္။ ကြန္ပ်ဴတာေတြလို တကူးတက မွတ္ဥာဏ္ထည့္စရာ မလိုပါဘူး။ အခန္းလြတ္တစ္ခန္းထဲမွာ ပန္းခ်ီကားတစ္ခ်ပ္ပဲ သင္ေတြ႔ရင္ အဲဒီပန္းခ်ီကားကို သင္ေတာ္ေတာ္နဲ႔ ေမ့မွာ မဟုတ္ေတာ့ပါဘူး။

 

၄. ပုံမွန္ အလုပ္လုပ္ပါ

မွတ္ဥာဏ္ေကာင္းေနေစဖို႔ အေရးပါတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ အနားယူသင့္ခ်ိန္မွာ အနားယူပါ။ အနားယူတာဟာ သင့္ဦးေႏွာက္အတြက္ အားေဆးလည္းျဖစ္သလို အခ်ိန္ၾကာၾကာ အလုပ္လုပ္ႏုိင္ဖို႔အတြက္ ျဖစ္ပါတယ္။

 

၅. အရင္ဆုံး မွန္းဆၿပီး ေျဖၾကည့္ပါ

သင့္မွတ္ဥာဏ္ထဲမွာ စာလံုးတစ္လံုးကို အၿမဲမွတ္မိေနေစဖို႔ အေကာင္းဆံုးနည္းလမ္းက အဲဒီစာလံုးရဲ႕ အဓိပၸာယ္ကို မသိေသးခင္ မွန္းၿပီး ေျဖၾကည့္လုိက္ပါ။ လူတစ္ဦးနဲ႔ ပထမဆံုးေတြ႔ခ်ိန္မွာ စိတ္ထဲကျဖစ္ျဖစ္ နာမည္ကိုမွန္းၿပီး ေျပာၾကည့္လုိက္ပါ။ ေနာက္တစ္ခါဆိုရင္္ သင့္အေနနဲ႔ နာမည္အမွန္၊ အဓိပၸာယ္အမွန္ေတြကို အၿမဲအမွတ္ရေနပါလိမ့္မယ္။

- ဤWebsite တြင္ ေက်ာင္းပညာအေထာက္အကူျပဳဘာသာ၊ ႏိုင္ငံျခားဘာသာ၊ ဂီတ၊ ကြန္ပ်ဴတာ၊ ဒီဇိုင္းပညာ၊ အႏုပညာ၊သက္ေမြးဝမ္းေက်ာင္းမွဳပညာစသည့္ဘာသာရပ္အမ်ဳိးမ်ဳိးကိုအနီးကပ္သင္ျပေပးသည့္ ဆရာ/ဆရာမမ်ားကို လြယ္ကူ စြာ႐ွာေဖြႏိုင္ပါသည္။
- ႐ွာေဖြရာတြင္လည္း ၿမိဳ႕အလိုက္၊ ဘာသာရပ္အလိုက္ ႐ွာေဖြႏိုင္သည့္အျပင္ ဆရာ/ဆရာမမ်ား၏ဖုန္းနံပါတ္မ်ား၊ အီးေမးလ္လိပ္စာမ်ား၊ သင္ၾကားေပးသည့္ဘာသာရပ္အမ်ဳိးမ်ဳိး၊ အဆင့္အမ်ဳိးမ်ဳိးႏွင့္ အခေၾကးေငြအမ်ဳိးမ်ဳိး တုိ႔ကို လည္း ထည့္သြင္းေဖာ္ျပေပးထားပါသည္။

- ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ အခမဲ့ ဝင္ေ၇ာက္ရွာေဖြႏိုင္ပါသည္။

 

UNICODE

"မှတ်ဉာဏ်ကောင်းအောင်ပုံမှန် ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း (၅) မျိုး"
မှတ်ဉာဏ် ကောင်းဖို့ဆိုတာ မွေးရာပါ အရည်အသွေးရှိမှမဟုတ်ပဲ လေ့ကျင့်သင်ယူခြင်းဖြင့်လည်း ရပါတယ်။

ကျွမ်းကျင်တတ်မြောက်ဖို့အတွက် ပညာအရည်အချင်း၊ စွမ်းဆောင်ရည်၊ ပင်ကို ထူးချွန်မှု စတာတွေမလိုအပ်ပါဘူး။ ဒါပေမယ့်လည်း လေ့ကျင့်မှုကတော့ မဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ပါတယ်။

 

၁. လင်္ကာကဗျာလေးတွေ ဖန်တီးပါ

ငယ်ငယ်က စာသင်ခန်းထဲမှာ မဖြစ်မနေ မှတ်ထားဖို့လိုတဲ့ ညီမျှခြင်းတွေ၊ အဓိပ္ပာယ်တွေကို သံတူကြောင်းကွဲ ကဗျာတွေ၊ လင်္ကာတွေစပ်ပြီး သင်ခဲ့ဖူးကြပါလိမ့်မယ်။ လက်တွေ့ဘဝမှာလည်း ကိုယ့်ဘာသာကို ဖန်တီးနိုင်ပါတယ်။ အဲဒီအလေ့အကျင့်က သင့်ရဲ့မှတ်ဉာဏ်တိုးတက်မှုကို အထောက်အကူဖြစ်စေတာ သေချာလှပါတယ်။

 

၂. မှတ်ဉာဏ်ကောင်းအောင် ထပ်ခါထပ်ခါ လုပ်ကြည့်ပါ

ထပ်ခါထပ်ခါ လုပ်ခြင်းကလည်း မှတ်ဉာဏ်ကောင်းနေစေဖို့ တွန်းအားပေးတဲ့ အဓိကအရာဖြစ်ပါတယ်။ ဘယ်အရာမဆို ထပ်ခါထပ်ခါ မှတ်မိအောင် အထပ်ထပ်ရွတ်ဖတ်နေခြင်းက သင့်အတွက် ကောင်းမွန်သော အလေ့အကျင့်ဖြစ်စေပါလိမ့်မယ်။

Recommended For You >>> “ဆွဲချင်ရာ လျှောက်ဆွဲတတ်တဲ့ ဝါသနာကြောင့် စားသောက်ဆိုင်ကြီးတစ်ခုမှာ အလုပ်ရသွားတဲ့ ၉နှစ်သား ကလေးငယ်”

 

၃. နားနားပြီးလေ့လာပါ

တစ်ချိန်တည်း အားလုံးစုပြုံပြီး လေ့လာစရာမလိုပါဘူး။ လူတွေမှာ မှတ်ဉာဏ်တွေ သိမ်းဆည်းထားဖို့ မယုံနိုင်လောက်စရာ နေရာတွေရှိပါတယ်။ ကွန်ပျူတာတွေလို တကူးတက မှတ်ဉာဏ်ထည့်စရာ မလိုပါဘူး။ အခန်းလွတ်တစ်ခန်းထဲမှာ ပန်းချီကားတစ်ချပ်ပဲ သင်တွေ့ရင် အဲဒီပန်းချီကားကို သင်တော်တော်နဲ့ မေ့မှာ မဟုတ်တော့ပါဘူး။

 

၄. ပုံမှန် အလုပ်လုပ်ပါ

မှတ်ဉာဏ်ကောင်းနေစေဖို့ အရေးပါတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အနားယူသင့်ချိန်မှာ အနားယူပါ။ အနားယူတာဟာ သင့်ဦးနှောက်အတွက် အားဆေးလည်းဖြစ်သလို အချိန်ကြာကြာ အလုပ်လုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

 

၅. အရင်ဆုံး မှန်းဆပြီး ဖြေကြည့်ပါ

သင့်မှတ်ဉာဏ်ထဲမှာ စာလုံးတစ်လုံးကို အမြဲမှတ်မိနေစေဖို့ အကောင်းဆုံးနည်းလမ်းက အဲဒီစာလုံးရဲ့ အဓိပ္ပာယ်ကို မသိသေးခင် မှန်းပြီး ဖြေကြည့်လိုက်ပါ။ လူတစ်ဦးနဲ့ ပထမဆုံးတွေ့ချိန်မှာ စိတ်ထဲကဖြစ်ဖြစ် နာမည်ကိုမှန်းပြီး ပြောကြည့်လိုက်ပါ။ နောက်တစ်ခါဆိုရင် သင့်အနေနဲ့ နာမည်အမှန်၊ အဓိပ္ပာယ်အမှန်တွေကို အမြဲအမှတ်ရနေပါလိမ့်မယ်။

- ဤWebsite တွင် ကျောင်းပညာအထောက်အကူပြုဘာသာ၊ နိုင်ငံခြားဘာသာ၊ ဂီတ၊ ကွန်ပျူတာ၊ ဒီဇိုင်းပညာ၊ အနုပညာ၊သက်မွေးဝမ်းကျောင်းမှုပညာစသည့်ဘာသာရပ်အမျိုးမျိုးကိုအနီးကပ်သင်ပြပေးသည့် ဆရာ/ဆရာမများကို လွယ်ကူ စွာရှာဖွေနိုင်ပါသည်။
- ရှာဖွေရာတွင်လည်း မြို့အလိုက်၊ ဘာသာရပ်အလိုက် ရှာဖွေနိုင်သည့်အပြင် ဆရာ/ဆရာမများ၏ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ သင်ကြားပေးသည့်ဘာသာရပ်အမျိုးမျိုး၊ အဆင့်အမျိုးမျိုးနှင့် အခကြေးငွေအမျိုးမျိုး တို့ကို လည်း ထည့်သွင်းဖော်ပြပေးထားပါသည်။

- ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html တွင် အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

sayar.com.mm

Source: lwin pyin

Read times Last modified on Wednesday, 08 January 2020 17:35
Rate this articles
(1 Vote)