×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 14 November 2019

"လူငယ္ႏွင့္ အလုပ္လက္မဲ့ျပႆနာ/အလုပ္လက္မဲ့ျဖစ္ရျခင္း၏ အေျခခံအေၾကာင္းရင္း (၅) ခ်က္"

"လူငယ္ႏွင့္ အလုပ္လက္မဲ့ျပႆနာ/အလုပ္လက္မဲ့ျဖစ္ရျခင္း၏ အေျခခံအေၾကာင္းရင္း (၅) ခ်က္" google.com

"လူငယ္ႏွင့္ အလုပ္လက္မဲ့ျပႆနာ/အလုပ္လက္မဲ့ျဖစ္ရျခင္း၏ အေျခခံအေၾကာင္းရင္း (၅) ခ်က္"
ကမၻာ့ဘဏ္ရဲ့စစ္တမ္းအရ တစ္ကမၻာလုံးအတိုင္းအတာနဲ႔ၾကည့္မယ္ ဆိုရင္ အရြယ္ေရာက္ၿပီးသားလူငယ္အေရ အတြက္ရဲ့(၇၃)သန္းပမာဏေလာက္ဟာ အလုပ္လက္မဲ့ျပႆနာကို ရင္ဆိုင္ေနရ တယ္လို႔သိရပါတယ္။

ဒီအေရအတြက္က စာရင္းေကာက္ယူနိုင္တဲ့ေနရာ ေဒသေတြ မွာရွိတဲ့ပမာဏသာျဖစ္ၿပီး ထိထိေရာက္ ေရာက္စာရင္း မေကာက္ယူနိုင္တဲ့ေနရာ ေဒသေတြမွာရွိတဲ့အေရအတြက္ေတြကို ခန႔္မွန္းတြက္ခ်က္ၿပီး ထပ္မံေပါင္းထည့္ လိုက္မယ္ဆိုရင္ ထြက္ေပၚလာမယ့္ အေရအတြက္က ဒီထက္ ပိုမိုမ်ားျပားလာ နိုင္ပါတယ္။ ပညာသင္ယူနိုင္မႈ၊ေလ့က်င့္ သင္ၾကားေပးမႈနဲ႔ အလုပ္အကိုင္ စတဲ့ ဘဝအသက္ေမြးမႈအတြက္ မရွိမျဖစ္ အေရးပါလိုအပ္တဲ့အရာေတြနဲ႔သူစိမ္း တစ္ရံဆံဆံျဖစ္ေနတဲ့လူငယ္ေတြရဲ့ အေရအတြက္ဟာ တစ္ကမၻာလုံးအတိုင္း အတာနဲ႔ဆိုရင္ သန္းေပါင္း(၆၂၀)ေလာက္ အထိ ရွိနိုင္တယ္လို႔ ကမၻာ့ဘဏ္က ခန႔္မွန္းထားပါတယ္။

 

ဒါ့အျပင္ စစ္တမ္း တစ္ခုအရ ဆယ္စုႏွစ္တစ္ခုအတြင္းမွာ တစ္ကမၻာလုံးအတိုင္းအတာရဲ့သန္း(၆ဝဝ) အေရအတြက္ေလာက္ရွိတဲ့လူငယ္ေတြဟာ အလုပ္တစ္ခုရဖို႔အတြက္ သူ႔ထက္ငါအလု အယက္ျဖစ္လာသလို အဲဒီအထဲကမွ သန္း(၂ဝဝ)ေလာက္ကေတာ့ Professional အျဖစ္ လုပ္ကိုင္ဖို႔ရည္မွန္းထားတဲ့ အလုပ္အကိုင္နဲ႔အသက္ေမြးဝမ္း ေက်ာင္းျပဳမႈလုပ္ခ်င္တယ္ဆိုရင္ စိတ္ရွည္ သည္းခံစြာနဲ႔ေစာင့္ဆိုင္း ေနဖို႔ပဲရွိတယ္လို႔ သိရပါတယ္။ ဒါကိုမေစာင့္နိုင္ဘူး ဆိုရင္ေတာ့ ရရာအလုပ္ကိုဝင္လုပ္မွပဲ အဆင္ေျပမွာျဖစ္ပါတယ္။ဒီလိုနဲ႔ လူငယ္ ေတြအေတာ္မ်ားမ်ားဟာ မိမိတို႔သြားခ်င္တဲ့ Professional လမ္းေၾကာင္းေပၚကေန ေသြဖည္သြားၾကပါေတာ့တယ္။

 

ဒီလိုမ်ိဳးအရြယ္ေရာက္ၿပီးသား လူငယ္ေလးေတြ အလုပ္လက္မဲ့ျဖစ္ရတာ နိုင္ငံအတြက္လည္း မ်ားစြာနစ္နာရပါ တယ္။ ဘြဲ႕ရပညာတတ္လူငယ္ေတြကို အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီး မေပးနိုင္ဘူး၊ ဖန္တီးေပးထားတဲ့အလုပ္ အကိုင္အခြင့္အလမ္းေတြကလည္း အေျခခံလစာကို ပညာရွင္တစ္ေယာက္ အေနနဲ႔ ရသင့္ရထိုက္တဲ့ပမာဏမ်ိဳးမရရွိနိုင္ ဘူးဆိုရင္ ဘြဲ႕ရပညာ တတ္လူငယ္အေတာ္ မ်ားမ်ားဟာ ဒီအေျခအေနေတြေျပလည္ တဲ့တိုင္းတစ္ပါးနိုင္ငံေတြကို သြားေရာက္ အလုပ္လုပ္ကိုင္တာမ်ိဳးေတြျဖစ္ေပၚလာပါ တယ္။

ကိုယ့္နိုင္ငံကေမြးထုတ္ေပးလိုက္တဲ့ ပညာရွင္ေတြရဲ့စြမ္းပကားကို ကိုယ့္နိုင္ငံက ျပန္လည္ခံစားခြင့္မရရွိတဲ့အတြက္ အခ်ိန္ ေတြကုန္သေလာက္ နိုင္ငံတစ္ခုရဲ့လွမ္းတဲ့ ေျခလွမ္းေတြက ခရီးမေရာက္တာကိုေတြ႕ရ ပါတယ္။ ဒါေပမဲ့ ရပ္ေဝးေျမျခားကိုသြား ေရာက္အလုပ္လုပ္ကိုင္တဲ့သူေတြကိုလည္း အျပစ္တင္လို႔မရပါဘူး။

မိမိတို႔ရဲ့မိခင္နိုင္ငံ မွာကိုက ပညာရွင္ ကို ပညာရွင္လိုသေဘာ မထားတတ္တဲ့ အလုပ္ရွင္ေတြမ်ားစြာ ရွိလို႔ေနပါတယ္။ တိုင္းတစ္ပါးမွာလို မိခင္ နိုင္ငံသားပညာရွင္တစ္ဦးအတြက္ အနည္း ဆုံးေပးေခ်ရမယ့္ အေျခခံလစာပမာဏ သတ္မွတ္ခ်က္ဟာ အဲဒီနိုင္ငံမွာရွိတဲ့ ကုန္ ေဈးႏႈန္း၊အေထြေထြကုန္က် စရိတ္စတာ ေတြနဲ႔ သဟဇာတျဖစ္ေစနိုင္တဲ့ ပမာဏ မ်ိဳးမရွိပါဘူး။

အခ်ိဳ႕အလုပ္ ေခၚတဲ့Post ေတြမွာဆို လိုခ်င္တဲ့ဝန္ထမ္း ရဲ့အရည္ အေသြးကိုက်ေတာ့ စင္းလုံးေခ်ာ Perfect နီးပါးေတာင္းဆိုတတ္ၾကေပမဲ့ ေပးဖို႔ ေဖာ္ျပထားတဲ့လစာ ပမာဏက ခြက္ေဈး သာသာပါပဲ။ အခုေနာက္ပိုင္းမွာေတာ့ ဝန္ထမ္းေတြ အေပၚကို ငဲ့ၾကည့္ေပးတတ္ တဲ့ကုမၸဏီ အခ်ိဳ႕ေပၚ ထြက္လာတာ ေတြ႕ရေပမဲ့ တစ္နိုင္ငံလုံးအတိုင္းအတာနဲ႔ ျခဳံၾကည့္ရင္ ၂၅ရာခိုင္ႏႈန္းေတာင္ မျပည့္ ေသးပါဘူး။

လူငယ္ ေတြကိုအလုပ္လက္မဲ့ ျဖစ္ေစတဲ့ အေျခခံက်တဲ့ အခ်က္ေတြကို စဥ္းစားတဲ့အပိုင္းကို ဆက္သြားရေအာင္ပါ။

Recommended For You >>> လူငယ္ေတြအေနနဲ႕ မိမိရဲ႕ေအာင္ျမင္မႈလမ္းေၾကာင္းကို ကိုယ္တိုင္ ဘယ္လိုထိုးေဖာက္မလဲ?

 

လူငယ္မ်ားအလုပ္လက္မဲ့ျဖစ္ရျခင္း၏ အေျခခံအေၾကာင္းရင္း(၅) ခ်က္


(၁) ဘ႑ာေရးအေျခအေနကပ္ဆိုက္မႈ
လူငယ္ေတြအလုပ္လက္မဲ့ ျပႆနာ ျဖစ္ပြားရျခင္းအေၾကာင္းရင္း ထဲမွာ ဘ႑ာေရးအေျခအေနေၾကာင့္ ဆိုတဲ့ အခ်က္ပါဝင္တယ္ဆိုေပမဲ့ ဒီအခ်က္တစ္ခုတည္းေပၚမွာ ဝကြက္ တည္မွီ ေနတာမဟုတ္ဘဲ အလုပ္အကိုင္ ေဈးကြက္၊ပညာေရးစနစ္နဲ႔ အလုပ္သမား ဥပေဒျပ႒ာန္းထားမႈအေျခအေန စတဲ့ အရာေတြေပၚမွာလည္း တည္မွီေနပါ ေသးတယ္။

ဒါေပမဲ့ နိုင္ငံတစ္ခုရဲ့ ဘ႑ာ ေရးကပ္ဆိုက္မႈကေတာ့ အလုပ္ လက္မဲ့ ျပႆနာကို ပိုမိုဆိုးရြားသြားေစပါတယ္။ဂရိနဲ႔စပိန္နိုင္ငံေတြမွာေတာင္ ဘ႑ာေရး ကပ္ဆိုက္ခဲ့တုန္းက လူငယ္ေတြ အလုပ္ လက္မဲ့ျဖစ္တဲ့ပမာဏဟာ ႏွစ္ဆကေန သုံဆအထိျမင့္တက္သြားခဲ့ တာေတြ ရွိခဲ့ ပါတယ္။

ဒီလိုကပ္ဆိုက္တဲ့ ကာလေတြ ၿပီးဆုံးသြားတာေတာင္မွ လူငယ္ေတြ အလုပ္လက္မဲ့ျဖစ္မႈ ႀကီးထြားေနဆဲျဖစ္တာ မို႔ ယာယီဝန္ထမ္း၊ အခ်ိန္ပိုင္းအလုပ္၊ ဘယ္ႏွႏွစ္လုပ္ပါမယ္ဆိုၿပီး အတိအက် စာခ်ဳပ္ခ်ဳပ္ဆိုထားျခင္းမရွိေပမဲ့ ေန႔စား အလုပ္သမားလိုမ်ိဳးအေနအထား ေတြက ေန လူငယ္ေတြဝင္ေရာက္လုပ္ကိုင္ နိုင္ေစေအာင္ အစိုးရကစီမံေဆာင္ရြက္ေပး ခဲ့ပါတယ္။

သူတို႔ရဲ့ခံယူခ်က္ကိုက အလုပ္ တစ္ခုရွိေနတယ္ ဆိုရင္အနည္းဆုံးေတာ့ စိတ္မေလဘဲမိမိကိုယ္မိမိထိန္းသိမ္းနိုင္မယ္ လို႔ဆိုပါတယ္။ စိတ္မေလတာမို႔ လူငယ္ ေတြအေနနဲ႔ မေကာင္းမႈဘက္ကို ေျခဦး လွည့္ျဖစ္ေတာ့မွာမဟုတ္ပါဘူး။ ဒါ့အျပင္ မိမိရဲ့ ေခၽြးႏွဲစာနဲ႔ရလာတဲ့ေငြေၾကးျဖစ္တာမို႔ လုပ္အားတန္ဖိုးခ်စ္ျမတ္နိုးစိတ္၊ အေခ်ာင္ ရခ်င္ လိုခ်င္စိတ္ေတြကို အတိုင္းအတာ တစ္ခုအထိတားဆီးနိုင္မယ္လို႔လည္း ေမၽွာ္လင့္ထားၾကပါတယ္။

 


(၂) လုပ္ငန္းရွင္ေတြလိုခ်င္တာနဲ႔ထပ္တူ မက်တာ
ဘြဲ႕ရေက်ာင္းဆင္းကာစလူငယ္ေတြ အားလုံးကေတာ့ လုပ္ငန္းပိုင္းဆိုင္ရာ အေတြ႕အၾကဳံကၽြမ္းက်င္မႈ တစ္နည္းေျပာ ရရင္လက္ေတြ႕ပိုင္းကၽြမ္းက်င္မႈ အားနည္း ၾကတာမ်ားပါတယ္။စာေတြ႕အပိုင္းမွာ ေတာ့ သူတို႔ကၽြမ္းက်င္ေကာင္းကၽြမ္းက်င္ ၾကမွာျဖစ္ပါတယ္။

ဒါေပမဲ့ လုပ္ငန္းရွင္ ေတြကေတာ့ စာေတြ႕ထက္ လက္ေတြ႕ ကၽြမ္းက်င္မႈကိုပဲ ပိုမိုလိုခ်င္တတ္ၾကပါ တယ္။ အဲဒီမွာပဲ ဘြဲ႕ရေက်ာင္းဆင္းကာစ လူငယ္ေလးေတြအေနနဲ႔ အလုပ္ရဖို႔ အခက္အခဲစၿပီးၾကဳံရေတာ့တာပါပဲ။ဒီေတာ့ ဘြဲ႕ရၿပီးေပမဲ့ သင္တန္းေတြ ဆက္တက္ၾက တယ္။ ေခတ္ကာလနဲ႔ေလ်ာ္ညီစြာေပၚျပဴ လာျဖစ္ေနတဲ့အလုပ္ေတြကို ေလၽွာက္ဖို႔ျပင္ ဆင္လာၾကပါေတာ့တယ္။

ဒီလိုနဲ႔ သူတို႔ သင္ယူခဲ့တဲ့အသက္ေမြးဝမ္းေက်ာင္းပညာ ရပ္နဲ႔ တကယ္လုပ္ေနရတဲ့ အလုပ္က ျပဒါး တစ္လမ္းသံတစ္လမ္းေတြ ျဖစ္ကုန္ပါ ေတာ့တယ္။
အခ်ိဳ႕အလုပ္ရွင္ေတြကေတာ့ ္မန်႕နမ ေတြေခၚယူအသုံးျပဳပါတယ္။လက္ေတြ႕မွာလည္း အလုပ္ေတြအမ်ားႀကီး လုပ္ေစတယ္။

အမွားအယြင္းအတိမ္း အေစာင္းေလး ျဖစ္လာခဲ့ရင္ ဆူမယ္ ေငါက္မယ္ ႀကိမ္းေမာင္းမယ္။ ဒါေပမဲ့ ဆုံးျဖတ္ပိုင္ခြင့္ေတြနဲ႔ စီမံခန႔္ခြဲရမယ့္ အပိုင္းေတြမွာ ကန႔္သတ္ခ်က္ေတြနဲ႔ ထိန္းခ်ဳပ္ထားတယ္။ဆိုေတာ့ကာ ဝန္ထမ္း က ဟန္ျပအေနအထားသာျဖစ္ၿပီး သူ႔မွာ ဆုံးျဖတ္ပိုင္ခြင့္ေတြ၊လုပ္ပိုင္ခြင့္ေတြ အျပည့္ အဝမရွိပါဘူး။ဒီလိုလုပ္ငန္းရွင္မ်ိဳးကိုလည္း မႀကိဳဆိုသင့္ပါဘူး။

 


(၃) ဘြဲ႕ရတစ္ေယာက္မွာရွိသင့္တဲ့အရည္ အခ်င္းေတြမရွိတာ
ဘြဲ႕ရေက်ာင္းဆင္းကာစ လူငယ္ေတြ အေနနဲ႔ မိမိမွာလုပ္ငန္းအေတြ႕ အၾကဳံမရွိဘူးဆိုရင္လည္း ေက်ာင္းမွာ သင္ယူခဲ့ရတဲ့ပညာရပ္ေတြနဲ႔ပတ္သက္ၿပီး
ေတာ့ဝမ္းစာေတြျပည့္ဝေနဖို႔လိုပါတယ္။ဒီလိုမ်ိဳးမဟုတ္ဘူးဆိုရင္ေတာ့ဒါဟာ အလုပ္ရွင္ရဲ့အျပစ္မဟုတ္ေတာ့ပဲ မိမိတို႔ အျပစ္လို႔ပဲမွတ္ယူထားလိုက္ဖို႔ေျပာခ်င္ ပါတယ္။

ဒီလိုျဖစ္ရျခင္းရဲ့အေၾကာင္းရင္းကို ဆန္းစစ္ၾကည့္မယ္ဆိုရင္ ...................................
-ေက်ာင္းသားရဲ့ပင္ကိုဗီဇ ဒါမွမဟုတ္ သင္ယူခဲ့ရတဲ့ပညာေတြကိုအေလးမထားဘဲ ေပ်ာ္ပါးမႈေတြနဲ႔ကုန္လြန္ခဲ့တဲ့စိတ္
-နိုင္ငံရဲ့ ပညာေရးအဆင့္အတန္း ရယ္လို႔ အခ်က္ႏွစ္ခ်က္ကိုေတြ႕ရပါတယ္။


ပထမတစ္ခ်က္ကေတာ့ ဘယ္သူမျပဳမိမိမႈပဲျဖစ္ပါတယ္။ဒီအတြက္ ရွည္ရွည္ေဝးေဝးထပ္မေျပာေတာ့ပါဘူး။ဒုတိယတစ္ခ်က္ကိုေတာ့ နည္းနည္းေလး ေျပာခ်င္ပါတယ္။ပညာေရးဆိုတာ နိုင္ငံတစ္ခု ရဲ့အဓိကက်တဲ့မ႑ိဳင္တစ္ခုျဖစ္ ပါတယ္။တာဝန္ရွိသူေတြအေနနဲ႔ ဒါကို လက္လြတ္စပယ္သေဘာမထားသင့္ပါဘူး။

မိမိတို႔ေမြးထုတ္ေပးလိုက္တဲ့ဘြဲ႕ရပညာ တတ္ေတြဟာအမွန္တကယ္ အရည္ အခ်င္း ျပည့္ဝတဲ့သူေတြျဖစ္သင့္ပါတယ္။ဒီလိုမွမဟုတ္ဘဲအရည္အေသြးကိုဦးစား မေပးဘဲအေရအတြက္ကိုပဲ ဦးစားေပးတဲ့ စနစ္ဆိုရင္ေတာ့ ဘြဲ႕ရၿပီးလည္းသုံးစား မရတဲ့ သူေတြပဲျဖစ္ေနပါလိမ့္မယ္။ဒါဟာ လူငယ္ေတြအလုပ္လက္မဲ့ျဖစ္ရျခင္းအတြက္ အသံတိတ္လူသတ္သမားပါပဲ။

Recommended For You >>> "အလုပ္နဲ႔ပတ္သတ္ၿပီး လူငယ္ေတြမွားယြင္းစြာ လက္ခံထားတဲ့ အယူအဆမ်ား"

 


(၄) စြန႔္စားလိုစိတ္မရွိျခင္း
လူငယ္ေတြအေနနဲ႔ ဝန္ထမ္း အလုပ္မဟုတ္ပဲ မိမိတို႔ကၽြမ္းက်င္မႈရွိတဲ့ အေသး စားစီးပြားေရးလုပ္ငန္းေလးေတြ လုပ္ရင္းနဲ႔လည္း အသက္ေမြးဝမ္းေက်ာင္း ျပဳ နိုင္ၾကပါေသးတယ္။ ကိုယ္ပိုင္လုပ္ငန္း ဆိုေတာ့ မိမိရဲ့ႀကိဳးစားအားထုတ္မႈျပင္းၿပ ရင္ျပင္းျပသေလာက္ အက်ိဳးအျမတ္ေတြက အနည္းအမ်ားရွိလာနိုင္ပါတယ္။

ဒီအတြက္ သူမ်ားလုပ္လို႔လိုက္လုပ္တဲ့စီးပြားေရးမ်ိဳးမဟုတ္ဘဲမိမိရဲ့ပတ္ဝန္းက်င္မွာ ဘာေတြအမွန္ တကယ္လိုအပ္တာလဲဆိုတာကို ျမင္ေအာင္ၾကည့္တတ္ဖို႔လိုပါတယ္။
လူငယ္ေတြအေတာ္မ်ား မ်ားရဲ့ စိတ္ထဲမွာက ငါ့မွာစိုက္ထုတ္နိုင္တဲ့အရင္း အႏွီးမရွိဘဲ ဒီလိုကိုယ္ပိုင္စီးပြားေရးလုပ္ငန္းလုပ္ဖို႔ ဘယ္လိုလုပ္ျဖစ္နိုင္ပါ့မလဲ၊ ထိုင္ေနရင္အေကာင္းသား- ကိုယ္ပိုင္စီးပြား ေရးလုပ္လိုက္လို႔ အရႈံးေပၚေနမွဒုကၡပဲ ဆိုတဲ့ စိုးရိမ္စိတ္ေတြထားရွိတတ္ၾက ပါတယ္။

မလုပ္ဘဲ ထိုင္စိုးရိမ္ေနလို႔ကေတာ့ အလကားပဲျဖစ္ၿပီး ေငြေၾကးမတတ္နိုင္ရင္ အရင္းအႏွီးအေထာက္အပံ့ရမယ့္ လမ္း ေၾကာင္းေတြကိုရွာေဖြဖို႔၊ အရႈံးေပၚမွာ ေၾကာက္ရင္ လုပ္ငန္းကိုခပ္ေသးေသးေလး ကေနပဲစတင္ၿပီး ေစတနာမွန္ကန္စြာ ႀကိဳးစားလုပ္ကိုင္ရင္း တျဖည္းျဖည္းနဲ႔ လုပ္ငန္းခ်ဲ႕ထြင္လာဖို႔ စတဲ့အခ်က္ေတြနဲ႔ ခ်ိန္ထိုး ေတြးေခၚရပါလိမ့္မယ္။

မိမိအေနနဲ႔ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းအေသးေလး တစ္ခုစတင္လုပ္ေဆာင္တာနဲ႔ လုပ္ငန္းေတြ ႀကီးထြားလာတဲ့အခါ ဝန္ထမ္း ေတြထပ္မံ ခန႔္အပ္ရဦးမွာမို႔ ဒါဟာအလုပ္လက္မဲ့ ျပႆနာကို တစ္ေထာင့္တစ္ေနရာကေန ေျဖရွင္းေပးရာလည္းေရာက္ပါတယ္။


လုပ္ငန္းရွင္ေတြအေနနဲ႔လည္း မိမိတို႔ပတ္ဝန္းက်င္မွာရွိတဲ့လူငယ္ေတြကို အခ်ိန္ရတိုင္းအကဲခတ္ေနရင္း သူတို႔ေတြ ဆီကနည္းဗ်ဴဟာေတြ၊ သူတို႔ ရည္ရြယ္ ထားတဲ့စိတ္ကူးေတြကို ျဖစ္နိုင္၊ မျဖစ္နိုင္ ထည့္သြင္းစဥ္းစားကာ တတ္နိုင္သေလာက္ ေျမေတာင္ေျမႇာက္ေပးသင့္ပါတယ္။

 


(၅) နည္းပညာေတြနဲ႔ အလွမ္းေဝးေန တာ
ဖြံ့ၿဖိဳးမႈေနာက္က်ၿပီး စီးပြားေရး အရ ဝင္ေငြနည္းပါးၾကတဲ့တိုင္းျပည္ေတြမွာ လူထုနဲ႔နည္းပညာအလွမ္းေဝးတဲ့ကိစၥရပ္ေတြမ်ားစြာရွိေနပါေသးတယ္။ေနာက္ဆုံး ေပၚနည္းပညာေတြနဲ႔ထိေတြ႕ဖို႔အသာ ထားဦး၊ အင္တာနက္ကိုေတာင္ ဘယ္လို အသုံးျပဳရမယ္ဆိုတာနားမလည္ေသးတဲ့ ေနရာေဒသေတြ ကမၻာတစ္ဝန္းလုံး အေန အထားနဲ႔ျခဳံၾကည့္ရင္ မ်ားစြာရွိေနပါေသး တယ္။

လူငယ္ေတြကိုပညာသင္ၾကား ေပးတဲ့ေက်ာင္းေတြမွာလည္း သင္ေထာက္ ကူပစၥည္း ေတြစုံလင္ေအာင္မရွိၾကပါဘူး။ဒီေတာ့ ဒီေဒသမွာပညာသင္ရင္းႀကီးျပင္း ခဲ့ရတဲ့ လူငယ္ေတြဟာ အလုပ္အကိုင္ ေဈးကြက္မွာ ဘယ္လိုလုပ္ဝင္ဆံ့နိုင္မွာတဲ့ လဲ။
အထက္ပါအခ်က္ေတြ ကေတာ့ လူငယ္ေတြအလုပ္လက္မဲ့ျဖစ္မႈမ်ားျပား ေနရျခင္းရဲ့ အေျခခံက်တဲ့အေၾကာင္းအရာေတြပဲ ျဖစ္ပါတယ္။

- ဤWebsite တြင္ ေက်ာင္းပညာအေထာက္အကူျပဳဘာသာ၊ ႏိုင္ငံျခားဘာသာ၊ ဂီတ၊ ကြန္ပ်ဴတာ၊ ဒီဇိုင္းပညာ၊ အႏုပညာ၊သက္ေမြးဝမ္းေက်ာင္းမွဳပညာစသည့္ဘာသာရပ္အမ်ဳိးမ်ဳိးကိုအနီးကပ္သင္ျပေပးသည့္ ဆရာ/ဆရာမမ်ားကို လြယ္ကူ စြာ႐ွာေဖြႏိုင္ပါသည္။
- ႐ွာေဖြရာတြင္လည္း ၿမိဳ႕အလိုက္၊ ဘာသာရပ္အလိုက္ ႐ွာေဖြႏိုင္သည့္အျပင္ ဆရာ/ဆရာမမ်ား၏ဖုန္းနံပါတ္မ်ား၊ အီးေမးလ္လိပ္စာမ်ား၊ သင္ၾကားေပးသည့္ဘာသာရပ္အမ်ဳိးမ်ဳိး၊ အဆင့္အမ်ဳိးမ်ဳိးႏွင့္ အခေၾကးေငြအမ်ဳိးမ်ဳိး တုိ႔ကို လည္း ထည့္သြင္းေဖာ္ျပေပးထားပါသည္။

- ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ အခမဲ့ ဝင္ေ၇ာက္ရွာေဖြႏိုင္ပါသည္။

 


ရာသက္ပန္ (သစၥာပန္းတို႔လန္းရာေျမ)

 

UNICODE

"လူငယ်နှင့် အလုပ်လက်မဲ့ပြဿနာ/အလုပ်လက်မဲ့ဖြစ်ရခြင်း၏ အခြေခံအကြောင်းရင်း (၅) ချက်"
ကမ္ဘာ့ဘဏ်ရဲ့စစ်တမ်းအရ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြည့်မယ် ဆိုရင် အရွယ်ရောက်ပြီးသားလူငယ်အရေ အတွက်ရဲ့(၇၃)သန်းပမာဏလောက်ဟာ အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်နေရ တယ်လို့သိရပါတယ်။

ဒီအရေအတွက်က စာရင်းကောက်ယူနိုင်တဲ့နေရာ ဒေသတွေ မှာရှိတဲ့ပမာဏသာဖြစ်ပြီး ထိထိရောက် ရောက်စာရင်း မကောက်ယူနိုင်တဲ့နေရာ ဒေသတွေမှာရှိတဲ့အရေအတွက်တွေကို ခန့်မှန်းတွက်ချက်ပြီး ထပ်မံပေါင်းထည့် လိုက်မယ်ဆိုရင် ထွက်ပေါ်လာမယ့် အရေအတွက်က ဒီထက် ပိုမိုများပြားလာ နိုင်ပါတယ်။ ပညာသင်ယူနိုင်မှု၊လေ့ကျင့် သင်ကြားပေးမှုနဲ့ အလုပ်အကိုင် စတဲ့ ဘဝအသက်မွေးမှုအတွက် မရှိမဖြစ် အရေးပါလိုအပ်တဲ့အရာတွေနဲ့သူစိမ်း တစ်ရံဆံဆံဖြစ်နေတဲ့လူငယ်တွေရဲ့ အရေအတွက်ဟာ တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ဆိုရင် သန်းပေါင်း(၆၂၀)လောက် အထိ ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ဒါ့အပြင် စစ်တမ်း တစ်ခုအရ ဆယ်စုနှစ်တစ်ခုအတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာရဲ့သန်း(၆ဝဝ) အရေအတွက်လောက်ရှိတဲ့လူငယ်တွေဟာ အလုပ်တစ်ခုရဖို့အတွက် သူ့ထက်ငါအလု အယက်ဖြစ်လာသလို အဲဒီအထဲကမှ သန်း(၂ဝဝ)လောက်ကတော့ Professional အဖြစ် လုပ်ကိုင်ဖို့ရည်မှန်းထားတဲ့ အလုပ်အကိုင်နဲ့အသက်မွေးဝမ်း ကျောင်းပြုမှုလုပ်ချင်တယ်ဆိုရင် စိတ်ရှည် သည်းခံစွာနဲ့စောင့်ဆိုင်း နေဖို့ပဲရှိတယ်လို့ သိရပါတယ်။ ဒါကိုမစောင့်နိုင်ဘူး ဆိုရင်တော့ ရရာအလုပ်ကိုဝင်လုပ်မှပဲ အဆင်ပြေမှာဖြစ်ပါတယ်။ဒီလိုနဲ့ လူငယ် တွေအတော်များများဟာ မိမိတို့သွားချင်တဲ့ Professional လမ်းကြောင်းပေါ်ကနေ သွေဖည်သွားကြပါတော့တယ်။

ဒီလိုမျိုးအရွယ်ရောက်ပြီးသား လူငယ်လေးတွေ အလုပ်လက်မဲ့ဖြစ်ရတာ နိုင်ငံအတွက်လည်း များစွာနစ်နာရပါ တယ်။ ဘွဲ့ရပညာတတ်လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီး မပေးနိုင်ဘူး၊ ဖန်တီးပေးထားတဲ့အလုပ် အကိုင်အခွင့်အလမ်းတွေကလည်း အခြေခံလစာကို ပညာရှင်တစ်ယောက် အနေနဲ့ ရသင့်ရထိုက်တဲ့ပမာဏမျိုးမရရှိနိုင် ဘူးဆိုရင် ဘွဲ့ရပညာ တတ်လူငယ်အတော် များများဟာ ဒီအခြေအနေတွေပြေလည် တဲ့တိုင်းတစ်ပါးနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်တာမျိုးတွေဖြစ်ပေါ်လာပါ တယ်။

ကိုယ့်နိုင်ငံကမွေးထုတ်ပေးလိုက်တဲ့ ပညာရှင်တွေရဲ့စွမ်းပကားကို ကိုယ့်နိုင်ငံက ပြန်လည်ခံစားခွင့်မရရှိတဲ့အတွက် အချိန် တွေကုန်သလောက် နိုင်ငံတစ်ခုရဲ့လှမ်းတဲ့ ခြေလှမ်းတွေက ခရီးမရောက်တာကိုတွေ့ရ ပါတယ်။ ဒါပေမဲ့ ရပ်ဝေးမြေခြားကိုသွား ရောက်အလုပ်လုပ်ကိုင်တဲ့သူတွေကိုလည်း အပြစ်တင်လို့မရပါဘူး။

မိမိတို့ရဲ့မိခင်နိုင်ငံ မှာကိုက ပညာရှင် ကို ပညာရှင်လိုသဘော မထားတတ်တဲ့ အလုပ်ရှင်တွေများစွာ ရှိလို့နေပါတယ်။ တိုင်းတစ်ပါးမှာလို မိခင် နိုင်ငံသားပညာရှင်တစ်ဦးအတွက် အနည်း ဆုံးပေးချေရမယ့် အခြေခံလစာပမာဏ သတ်မှတ်ချက်ဟာ အဲဒီနိုင်ငံမှာရှိတဲ့ ကုန် ဈေးနှုန်း၊အထွေထွေကုန်ကျ စရိတ်စတာ တွေနဲ့ သဟဇာတဖြစ်စေနိုင်တဲ့ ပမာဏ မျိုးမရှိပါဘူး။

အချို့အလုပ် ခေါ်တဲ့Post တွေမှာဆို လိုချင်တဲ့ဝန်ထမ်း ရဲ့အရည် အသွေးကိုကျတော့ စင်းလုံးချော Perfect နီးပါးတောင်းဆိုတတ်ကြပေမဲ့ ပေးဖို့ ဖော်ပြထားတဲ့လစာ ပမာဏက ခွက်ဈေး သာသာပါပဲ။ အခုနောက်ပိုင်းမှာတော့ ဝန်ထမ်းတွေ အပေါ်ကို ငဲ့ကြည့်ပေးတတ် တဲ့ကုမ္ပဏီ အချို့ပေါ် ထွက်လာတာ တွေ့ရပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံကြည့်ရင် ၂၅ရာခိုင်နှုန်းတောင် မပြည့် သေးပါဘူး။

လူငယ် တွေကိုအလုပ်လက်မဲ့ ဖြစ်စေတဲ့ အခြေခံကျတဲ့ အချက်တွေကို စဉ်းစားတဲ့အပိုင်းကို ဆက်သွားရအောင်ပါ။

Recommended For You >>> လူငယ်တွေအနေနဲ့ မိမိရဲ့အောင်မြင်မှုလမ်းကြောင်းကို ကိုယ်တိုင် ဘယ်လိုထိုးဖောက်မလဲ?

 

လူငယ်များအလုပ်လက်မဲ့ဖြစ်ရခြင်း၏ အခြေခံအကြောင်းရင်း(၅) ချက်


(၁) ဘဏ္ဍာရေးအခြေအနေကပ်ဆိုက်မှု
လူငယ်တွေအလုပ်လက်မဲ့ ပြဿနာ ဖြစ်ပွားရခြင်းအကြောင်းရင်း ထဲမှာ ဘဏ္ဍာရေးအခြေအနေကြောင့် ဆိုတဲ့ အချက်ပါဝင်တယ်ဆိုပေမဲ့ ဒီအချက်တစ်ခုတည်းပေါ်မှာ ဝကွက် တည်မှီ နေတာမဟုတ်ဘဲ အလုပ်အကိုင် ဈေးကွက်၊ပညာရေးစနစ်နဲ့ အလုပ်သမား ဥပဒေပြဋ္ဌာန်းထားမှုအခြေအနေ စတဲ့ အရာတွေပေါ်မှာလည်း တည်မှီနေပါ သေးတယ်။

ဒါပေမဲ့ နိုင်ငံတစ်ခုရဲ့ ဘဏ္ဍာ ရေးကပ်ဆိုက်မှုကတော့ အလုပ် လက်မဲ့ ပြဿနာကို ပိုမိုဆိုးရွားသွားစေပါတယ်။ဂရိနဲ့စပိန်နိုင်ငံတွေမှာတောင် ဘဏ္ဍာရေး ကပ်ဆိုက်ခဲ့တုန်းက လူငယ်တွေ အလုပ် လက်မဲ့ဖြစ်တဲ့ပမာဏဟာ နှစ်ဆကနေ သုံဆအထိမြင့်တက်သွားခဲ့ တာတွေ ရှိခဲ့ ပါတယ်။

ဒီလိုကပ်ဆိုက်တဲ့ ကာလတွေ ပြီးဆုံးသွားတာတောင်မှ လူငယ်တွေ အလုပ်လက်မဲ့ဖြစ်မှု ကြီးထွားနေဆဲဖြစ်တာ မို့ ယာယီဝန်ထမ်း၊ အချိန်ပိုင်းအလုပ်၊ ဘယ်နှနှစ်လုပ်ပါမယ်ဆိုပြီး အတိအကျ စာချုပ်ချုပ်ဆိုထားခြင်းမရှိပေမဲ့ နေ့စား အလုပ်သမားလိုမျိုးအနေအထား တွေက နေ လူငယ်တွေဝင်ရောက်လုပ်ကိုင် နိုင်စေအောင် အစိုးရကစီမံဆောင်ရွက်ပေး ခဲ့ပါတယ်။

သူတို့ရဲ့ခံယူချက်ကိုက အလုပ် တစ်ခုရှိနေတယ် ဆိုရင်အနည်းဆုံးတော့ စိတ်မလေဘဲမိမိကိုယ်မိမိထိန်းသိမ်းနိုင်မယ် လို့ဆိုပါတယ်။ စိတ်မလေတာမို့ လူငယ် တွေအနေနဲ့ မကောင်းမှုဘက်ကို ခြေဦး လှည့်ဖြစ်တော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် မိမိရဲ့ ချွေးနှဲစာနဲ့ရလာတဲ့ငွေကြေးဖြစ်တာမို့ လုပ်အားတန်ဖိုးချစ်မြတ်နိုးစိတ်၊ အချောင် ရချင် လိုချင်စိတ်တွေကို အတိုင်းအတာ တစ်ခုအထိတားဆီးနိုင်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

 


(၂) လုပ်ငန်းရှင်တွေလိုချင်တာနဲ့ထပ်တူ မကျတာ
ဘွဲ့ရကျောင်းဆင်းကာစလူငယ်တွေ အားလုံးကတော့ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံကျွမ်းကျင်မှု တစ်နည်းပြော ရရင်လက်တွေ့ပိုင်းကျွမ်းကျင်မှု အားနည်း ကြတာများပါတယ်။စာတွေ့အပိုင်းမှာ တော့ သူတို့ကျွမ်းကျင်ကောင်းကျွမ်းကျင် ကြမှာဖြစ်ပါတယ်။

ဒါပေမဲ့ လုပ်ငန်းရှင် တွေကတော့ စာတွေ့ထက် လက်တွေ့ ကျွမ်းကျင်မှုကိုပဲ ပိုမိုလိုချင်တတ်ကြပါ တယ်။ အဲဒီမှာပဲ ဘွဲ့ရကျောင်းဆင်းကာစ လူငယ်လေးတွေအနေနဲ့ အလုပ်ရဖို့ အခက်အခဲစပြီးကြုံရတော့တာပါပဲ။ဒီတော့ ဘွဲ့ရပြီးပေမဲ့ သင်တန်းတွေ ဆက်တက်ကြ တယ်။ ခေတ်ကာလနဲ့လျော်ညီစွာပေါ်ပြူ လာဖြစ်နေတဲ့အလုပ်တွေကို လျှောက်ဖို့ပြင် ဆင်လာကြပါတော့တယ်။

ဒီလိုနဲ့ သူတို့ သင်ယူခဲ့တဲ့အသက်မွေးဝမ်းကျောင်းပညာ ရပ်နဲ့ တကယ်လုပ်နေရတဲ့ အလုပ်က ပြဒါး တစ်လမ်းသံတစ်လမ်းတွေ ဖြစ်ကုန်ပါ တော့တယ်။
အချို့အလုပ်ရှင်တွေကတော့ ်မနျ့နမ တွေခေါ်ယူအသုံးပြုပါတယ်။လက်တွေ့မှာလည်း အလုပ်တွေအများကြီး လုပ်စေတယ်။

အမှားအယွင်းအတိမ်း အစောင်းလေး ဖြစ်လာခဲ့ရင် ဆူမယ် ငေါက်မယ် ကြိမ်းမောင်းမယ်။ ဒါပေမဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေနဲ့ စီမံခန့်ခွဲရမယ့် အပိုင်းတွေမှာ ကန့်သတ်ချက်တွေနဲ့ ထိန်းချုပ်ထားတယ်။ဆိုတော့ကာ ဝန်ထမ်း က ဟန်ပြအနေအထားသာဖြစ်ပြီး သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်တွေ၊လုပ်ပိုင်ခွင့်တွေ အပြည့် အဝမရှိပါဘူး။ဒီလိုလုပ်ငန်းရှင်မျိုးကိုလည်း မကြိုဆိုသင့်ပါဘူး။

 


(၃) ဘွဲ့ရတစ်ယောက်မှာရှိသင့်တဲ့အရည် အချင်းတွေမရှိတာ
ဘွဲ့ရကျောင်းဆင်းကာစ လူငယ်တွေ အနေနဲ့ မိမိမှာလုပ်ငန်းအတွေ့ အကြုံမရှိဘူးဆိုရင်လည်း ကျောင်းမှာ သင်ယူခဲ့ရတဲ့ပညာရပ်တွေနဲ့ပတ်သက်ပြီး
တော့ဝမ်းစာတွေပြည့်ဝနေဖို့လိုပါတယ်။ဒီလိုမျိုးမဟုတ်ဘူးဆိုရင်တော့ဒါဟာ အလုပ်ရှင်ရဲ့အပြစ်မဟုတ်တော့ပဲ မိမိတို့ အပြစ်လို့ပဲမှတ်ယူထားလိုက်ဖို့ပြောချင် ပါတယ်။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်မယ်ဆိုရင် ...................................
-ကျောင်းသားရဲ့ပင်ကိုဗီဇ ဒါမှမဟုတ် သင်ယူခဲ့ရတဲ့ပညာတွေကိုအလေးမထားဘဲ ပျော်ပါးမှုတွေနဲ့ကုန်လွန်ခဲ့တဲ့စိတ်
-နိုင်ငံရဲ့ ပညာရေးအဆင့်အတန်း ရယ်လို့ အချက်နှစ်ချက်ကိုတွေ့ရပါတယ်။


ပထမတစ်ချက်ကတော့ ဘယ်သူမပြုမိမိမှုပဲဖြစ်ပါတယ်။ဒီအတွက် ရှည်ရှည်ဝေးဝေးထပ်မပြောတော့ပါဘူး။ဒုတိယတစ်ချက်ကိုတော့ နည်းနည်းလေး ပြောချင်ပါတယ်။ပညာရေးဆိုတာ နိုင်ငံတစ်ခု ရဲ့အဓိကကျတဲ့မဏ္ဍိုင်တစ်ခုဖြစ် ပါတယ်။တာဝန်ရှိသူတွေအနေနဲ့ ဒါကို လက်လွတ်စပယ်သဘောမထားသင့်ပါဘူး။

မိမိတို့မွေးထုတ်ပေးလိုက်တဲ့ဘွဲ့ရပညာ တတ်တွေဟာအမှန်တကယ် အရည် အချင်း ပြည့်ဝတဲ့သူတွေဖြစ်သင့်ပါတယ်။ဒီလိုမှမဟုတ်ဘဲအရည်အသွေးကိုဦးစား မပေးဘဲအရေအတွက်ကိုပဲ ဦးစားပေးတဲ့ စနစ်ဆိုရင်တော့ ဘွဲ့ရပြီးလည်းသုံးစား မရတဲ့ သူတွေပဲဖြစ်နေပါလိမ့်မယ်။ဒါဟာ လူငယ်တွေအလုပ်လက်မဲ့ဖြစ်ရခြင်းအတွက် အသံတိတ်လူသတ်သမားပါပဲ။


Recommended For You >>> "အလုပ်နဲ့ပတ်သတ်ပြီး လူငယ်တွေမှားယွင်းစွာ လက်ခံထားတဲ့ အယူအဆများ"

 


(၄) စွန့်စားလိုစိတ်မရှိခြင်း
လူငယ်တွေအနေနဲ့ ဝန်ထမ်း အလုပ်မဟုတ်ပဲ မိမိတို့ကျွမ်းကျင်မှုရှိတဲ့ အသေး စားစီးပွားရေးလုပ်ငန်းလေးတွေ လုပ်ရင်းနဲ့လည်း အသက်မွေးဝမ်းကျောင်း ပြု နိုင်ကြပါသေးတယ်။ ကိုယ်ပိုင်လုပ်ငန်း ဆိုတော့ မိမိရဲ့ကြိုးစားအားထုတ်မှုပြင်းပြ ရင်ပြင်းပြသလောက် အကျိုးအမြတ်တွေက အနည်းအများရှိလာနိုင်ပါတယ်။

ဒီအတွက် သူများလုပ်လို့လိုက်လုပ်တဲ့စီးပွားရေးမျိုးမဟုတ်ဘဲမိမိရဲ့ပတ်ဝန်းကျင်မှာ ဘာတွေအမှန် တကယ်လိုအပ်တာလဲဆိုတာကို မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်။
လူငယ်တွေအတော်များ များရဲ့ စိတ်ထဲမှာက ငါ့မှာစိုက်ထုတ်နိုင်တဲ့အရင်း အနှီးမရှိဘဲ ဒီလိုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ ထိုင်နေရင်အကောင်းသား- ကိုယ်ပိုင်စီးပွား ရေးလုပ်လိုက်လို့ အရှုံးပေါ်နေမှဒုက္ခပဲ ဆိုတဲ့ စိုးရိမ်စိတ်တွေထားရှိတတ်ကြ ပါတယ်။

မလုပ်ဘဲ ထိုင်စိုးရိမ်နေလို့ကတော့ အလကားပဲဖြစ်ပြီး ငွေကြေးမတတ်နိုင်ရင် အရင်းအနှီးအထောက်အပံ့ရမယ့် လမ်း ကြောင်းတွေကိုရှာဖွေဖို့၊ အရှုံးပေါ်မှာ ကြောက်ရင် လုပ်ငန်းကိုခပ်သေးသေးလေး ကနေပဲစတင်ပြီး စေတနာမှန်ကန်စွာ ကြိုးစားလုပ်ကိုင်ရင်း တဖြည်းဖြည်းနဲ့ လုပ်ငန်းချဲ့ထွင်လာဖို့ စတဲ့အချက်တွေနဲ့ ချိန်ထိုး တွေးခေါ်ရပါလိမ့်မယ်။

မိမိအနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအသေးလေး တစ်ခုစတင်လုပ်ဆောင်တာနဲ့ လုပ်ငန်းတွေ ကြီးထွားလာတဲ့အခါ ဝန်ထမ်း တွေထပ်မံ ခန့်အပ်ရဦးမှာမို့ ဒါဟာအလုပ်လက်မဲ့ ပြဿနာကို တစ်ထောင့်တစ်နေရာကနေ ဖြေရှင်းပေးရာလည်းရောက်ပါတယ်။


လုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့လူငယ်တွေကို အချိန်ရတိုင်းအကဲခတ်နေရင်း သူတို့တွေ ဆီကနည်းဗျူဟာတွေ၊ သူတို့ ရည်ရွယ် ထားတဲ့စိတ်ကူးတွေကို ဖြစ်နိုင်၊ မဖြစ်နိုင် ထည့်သွင်းစဉ်းစားကာ တတ်နိုင်သလောက် မြေတောင်မြှောက်ပေးသင့်ပါတယ်။

 


(၅) နည်းပညာတွေနဲ့ အလှမ်းဝေးနေ တာ
ဖွံ့ဖြိုးမှုနောက်ကျပြီး စီးပွားရေး အရ ဝင်ငွေနည်းပါးကြတဲ့တိုင်းပြည်တွေမှာ လူထုနဲ့နည်းပညာအလှမ်းဝေးတဲ့ကိစ္စရပ်တွေများစွာရှိနေပါသေးတယ်။နောက်ဆုံး ပေါ်နည်းပညာတွေနဲ့ထိတွေ့ဖို့အသာ ထားဦး၊ အင်တာနက်ကိုတောင် ဘယ်လို အသုံးပြုရမယ်ဆိုတာနားမလည်သေးတဲ့ နေရာဒေသတွေ ကမ္ဘာတစ်ဝန်းလုံး အနေ အထားနဲ့ခြုံကြည့်ရင် များစွာရှိနေပါသေး တယ်။

လူငယ်တွေကိုပညာသင်ကြား ပေးတဲ့ကျောင်းတွေမှာလည်း သင်ထောက် ကူပစ္စည်း တွေစုံလင်အောင်မရှိကြပါဘူး။ဒီတော့ ဒီဒေသမှာပညာသင်ရင်းကြီးပြင်း ခဲ့ရတဲ့ လူငယ်တွေဟာ အလုပ်အကိုင် ဈေးကွက်မှာ ဘယ်လိုလုပ်ဝင်ဆံ့နိုင်မှာတဲ့ လဲ။
အထက်ပါအချက်တွေ ကတော့ လူငယ်တွေအလုပ်လက်မဲ့ဖြစ်မှုများပြား နေရခြင်းရဲ့ အခြေခံကျတဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

- ဤWebsite တွင် ကျောင်းပညာအထောက်အကူပြုဘာသာ၊ နိုင်ငံခြားဘာသာ၊ ဂီတ၊ ကွန်ပျူတာ၊ ဒီဇိုင်းပညာ၊ အနုပညာ၊သက်မွေးဝမ်းကျောင်းမှုပညာစသည့်ဘာသာရပ်အမျိုးမျိုးကိုအနီးကပ်သင်ပြပေးသည့် ဆရာ/ဆရာမများကို လွယ်ကူ စွာရှာဖွေနိုင်ပါသည်။
- ရှာဖွေရာတွင်လည်း မြို့အလိုက်၊ ဘာသာရပ်အလိုက် ရှာဖွေနိုင်သည့်အပြင် ဆရာ/ဆရာမများ၏ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ သင်ကြားပေးသည့်ဘာသာရပ်အမျိုးမျိုး၊ အဆင့်အမျိုးမျိုးနှင့် အခကြေးငွေအမျိုးမျိုး တို့ကို လည်း ထည့်သွင်းဖော်ပြပေးထားပါသည်။

- ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html တွင် အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

 

sayar.com.mm
ရာသက်ပန် (သစ္စာပန်းတို့လန်းရာမြေ)

 

Read times Last modified on Wednesday, 08 January 2020 17:37
Rate this articles
(0 votes)