အဂၤလန္ႏုိင္ငံ ေအာက္စဖို႔ဒ္တကၠသိုလ္က ႏိုင္ငံေရးႏွင့္ ဘ႑ာေငြေၾကးဆိုင္ရာ အခက္အခဲရွိသည့္ ျမန္မာႏိုင္ငံအပါအဝင္ႏိုင္ငံအခ်ဳိ႕မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ Reach Oxford Scholarship ဘြဲ႕ႀကိဳ ပညာသင္ဆုမ်ားေပးရန္ ဖိတ္ေခၚထားသည္။
ပညာသင္ဆု အက်ဳံးဝင္ ေသာ ၿဗိတိန္ႏိုင္ငံတစ္ဝန္းရွိ ေကာလိပ္မ်ားတြင္ ေရွးေဟာင္းသု ေတသနဘာသာရပ္မ်ား၊ ဇီဝနည္းပညာဘာသာရပ္မ်ား၊ အင္ဂ်င္နီယာဘာသာရပ္မ်ား၊ ကြန္ပ်ဴတာ ႏွင့္ ကြန္ပ်ဴတာသိပၸံဘာသာရပ္ မ်ား၊ ဘာသာစကားဆုိင္ရာ ဘာသာရပ္မ်ား၊ ဥပေဒ၊ သမိုင္းႏွင့္ ႐ူပေဗဒဆိုင္ရာ ဘာသာရပ္မ်ား၊ စီးပြားေရးဆိုင္ရာ ဘာသာရပ္မ်ား ႏွင့္ ဂီတအပါအဝင္ ဘာသာရပ္ ၄၇ ခုကို ေရြးခ်ယ္သင္ယူခြင့္ရမည္ ျဖစ္သည္။ ပညာသင္ဆုအစီအစဥ္ တြင္ ေဆးပညာရပ္မပါဝင္ေပ။ (ပညာသင္ဆုျဖင့္ တက္ေရာက္ႏုိင္ ေသာဘာသာရပ္မ်ားကို ဒီ link တြင္ ၾကည့္႐ႈႏိုင္သည္။
မိမိတက္ေရာက္ေသာ ဘာသာရပ္၏ ဘြဲ႕ႀကိဳသင္တန္းကာလအလိုက္ သံုးႏွစ္မွ ေလးႏွစ္အထိ ပညာသင္ဆု ေပးအပ္မည္ျဖစ္သည္။
Recommended for you - အဂၤလိပ္စကားလံုး Morning နဲ႔ပက္သက္တဲ့ အသံုးျပဳပံု
ေက်ာင္းလခ၊ က်ဴရွင္ေၾကး၊ ေနထိုင္စားေသာက္စရိတ္ႏွင့္ တစ္ႏွစ္တစ္ႀကိမ္ မိခင္ႏိုင္ငံသို႔ အလည္အပတ္ျပန္ႏုိင္ရန္ ေလယာဥ္စရိတ္တုိ႔ကို ပညာသင္ဆုအျဖစ္ ရရွိမည္ျဖစ္သည္။
ပညာသင္ဆုရရွိသူသည္ တကၠသိုလ္တက္ေရာက္စဥ္အတြင္း ႀကံဳေတြ႕ရေသာ ပညာသင္ၾကားေရးဆိုင္ရာ အေတြ႕အႀကံဳ မ်ားႏွင့္ လူမႈေရးလႈပ္ရွားမႈမ်ားအေၾကာင္း ႏွစ္စဥ္အစီရင္ခံစာ တင္သြင္းရမည္ျဖစ္သည္။
ယခင္က ဘြဲ႕ႀကိဳသင္တန္းမတက္ေရာက္ဖူးသူမ်ားကို ဦးစားေပးမည္ျဖစ္သည္။ အထက္တန္းအဆင့္ ပညာအရည္အခ်င္း အဆင့္ျမင့္သူမ်ားကိုသာ ပညာသင္ဆု ေပးမည္ျဖစ္ၿပီး ပညာ ဆက္လက္သင္ယူရန္ ေငြေၾကးအခက္အခဲရွိသူမ်ားကို ပညာသင္ဆုစာရင္းတြင္ အဓိက ထည့္သြင္းစဥ္းစားမည္ျဖစ္သည္။
Recommended for you - အရာရာဆံုးရွံဳးခဲ့မယ္ဆိုရင္ေတာင္ စိတ္ဓါတ္မဆံုးရွံဳးသေရြ႕ သင္မလဲေသးပါဘူး
လူမႈေရးဆိုင္ရာ အာမခံခ်က္ ေပးႏိုင္ရမည္ျဖစ္ၿပီး ေက်ာင္းၿပီးပါက မိခင္ႏိုင္ငံသို႔ ျပန္လာကာ အလုပ္လုပ္မည္ ျဖစ္ေၾကာင္း ကတိျပဳရမည္ျဖစ္သည္။
ပညာသင္ဆုေလွ်ာက္လႊာ ကို http://www.ox.ac.uk/admissions/undergraduate/fees-and-funding/oxford- support/reach-oxford-schlor ship# ဝက္ဘ္ဆိုက္လင့္ခ္သို႔ဝင္ ကာ Applying to Oxford ေနရာ တြင္ ၂၀၁၇ ေအာက္တိုဘာ ၁၅ ရက္မွ ၂၀၁၈ ေဖေဖာ္ဝါရီ ၁၆ ရက္အထိ ရယူေလွ်ာက္ထားႏုိင္သည္။
ပညာသင္ဆုေရြးခ်ယ္ျခင္းကို ၂၀၁၈ မတ္လတြင္ ျပဳလုပ္ၿပီး ေရြးခ်ယ္ခ်ီးျမႇင့္ခံရသူစာရင္းကို ၂၀၁၈ ဧၿပီတြင္ ေၾကညာမည္ျဖစ္သည္။
Source; 7daydaily
Unicode
အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က နိုင်ငံရေးနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ အခက်အခဲရှိသည့် မြန်မာနိုင်ငံအပါအဝင်နိုင်ငံအချို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် Reach Oxford Scholarship ဘွဲ့ကြို ပညာသင်ဆုများပေးရန် ဖိတ်ခေါ်ထားသည်။
ပညာသင်ဆု အကျုံးဝင် သော ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ကောလိပ်များတွင် ရှေးဟောင်းသု တေသနဘာသာရပ်များ၊ ဇီဝနည်းပညာဘာသာရပ်များ၊ အင်ဂျင်နီယာဘာသာရပ်များ၊ ကွန်ပျူတာ နှင့် ကွန်ပျူတာသိပ္ပံဘာသာရပ် များ၊ ဘာသာစကားဆိုင်ရာ ဘာသာရပ်များ၊ ဥပဒေ၊ သမိုင်းနှင့် ရူပဗေဒဆိုင်ရာ ဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာ ဘာသာရပ်များ နှင့် ဂီတအပါအဝင် ဘာသာရပ် ၄၇ ခုကို ရွေးချယ်သင်ယူခွင့်ရမည် ဖြစ်သည်။ ပညာသင်ဆုအစီအစဉ် တွင် ဆေးပညာရပ်မပါဝင်ပေ။ (ပညာသင်ဆုဖြင့် တက်ရောက်နိုင် သောဘာသာရပ်များကို ဒီ link တွင် ကြည့်ရှုနိုင်သည်။
မိမိတက်ရောက်သော ဘာသာရပ်၏ ဘွဲ့ကြိုသင်တန်းကာလအလိုက် သုံးနှစ်မှ လေးနှစ်အထိ ပညာသင်ဆု ပေးအပ်မည်ဖြစ်သည်။
Recommended for you - အင်္ဂလိပ်စကားလုံး Morning နဲ့ပက်သက်တဲ့ အသုံးပြုပုံ
ကျောင်းလခ၊ ကျူရှင်ကြေး၊ နေထိုင်စားသောက်စရိတ်နှင့် တစ်နှစ်တစ်ကြိမ် မိခင်နိုင်ငံသို့ အလည်အပတ်ပြန်နိုင်ရန် လေယာဉ်စရိတ်တို့ကို ပညာသင်ဆုအဖြစ် ရရှိမည်ဖြစ်သည်။
ပညာသင်ဆုရရှိသူသည် တက္ကသိုလ်တက်ရောက်စဉ်အတွင်း ကြုံတွေ့ရသော ပညာသင်ကြားရေးဆိုင်ရာ အတွေ့အကြံု များနှင့် လူမှုရေးလှုပ်ရှားမှုများအကြောင်း နှစ်စဉ်အစီရင်ခံစာ တင်သွင်းရမည်ဖြစ်သည်။
ယခင်က ဘွဲ့ကြိုသင်တန်းမတက်ရောက်ဖူးသူများကို ဦးစားပေးမည်ဖြစ်သည်။ အထက်တန်းအဆင့် ပညာအရည်အချင်း အဆင့်မြင့်သူများကိုသာ ပညာသင်ဆု ပေးမည်ဖြစ်ပြီး ပညာ ဆက်လက်သင်ယူရန် ငွေကြေးအခက်အခဲရှိသူများကို ပညာသင်ဆုစာရင်းတွင် အဓိက ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။
Recommended for you - အရာရာဆုံးရှုံးခဲ့မယ်ဆိုရင်တောင် စိတ်ဓါတ်မဆုံးရှံုးသရွေ့ သင်မလဲသေးပါဘူး
လူမှုရေးဆိုင်ရာ အာမခံချက် ပေးနိုင်ရမည်ဖြစ်ပြီး ကျောင်းပြီးပါက မိခင်နိုင်ငံသို့ ပြန်လာကာ အလုပ်လုပ်မည် ဖြစ်ကြောင်း ကတိပြုရမည်ဖြစ်သည်။
ပညာသင်ဆုလျှောက်လွှာ ကို http://www.ox.ac.uk/admissions/undergraduate/fees-and-funding/oxford-support/ reach-oxford-schlor ship# ဝက်ဘ်ဆိုက်လင့်ခ်သို့ဝင် ကာ Applying to Oxford နေရာ တွင် ၂၀၁၇ အောက်တိုဘာ ၁၅ ရက်မှ ၂၀၁၈ ဖေဖော်ဝါရီ ၁၆ ရက်အထိ ရယူလျှောက်ထားနိုင်သည်။
ပညာသင်ဆုရွေးချယ်ခြင်းကို ၂၀၁၈ မတ်လတွင် ပြုလုပ်ပြီး ရွေးချယ်ချီးမြှင့်ခံရသူစာရင်းကို ၂၀၁၈ ဧပြီတွင် ကြေညာမည်ဖြစ်သည်။
Source; 7daydaily