[Unicode Version]
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ ဝန်ထမ်းများခေါ်ယူ လိုက်ပါတယ်။
အဲဒီဦးစီးဌာနမှာ လစ်လပ်နေတဲ့ အငယ်တန်းအင်ဂျင်နီယာ-၂ ရာထူး (၁၈) နေရာအတွက် ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ ပြင်ပပုဂ္ဂိုလ်ဆိုရင် အသက် ၃၀ ထက်မကျော်လွန်သူ၊ အစိုးရဝန်ထမ်းဆိုရင်တော့ ၃၅ နှစ်ထက် မကျော်လွန်သူတွေဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ပြင်ပပုဂ္ဂိုလ်တွေအတွက် အနည်းဆုံး ပညာအရည်အချင်း သတ်မှတ်ချက် B.C.Sc၊ B.C.Tech၊ B.Tech ဘွဲ့ရရှိသူ (သို့မဟုတ်) B.Sc (Physics/ Maths)၊ A.G.T.I ဘွဲ့/ ဒီပလိုမာရရှိပြီး ကွန်ပျူတာအခြေခံသင်တန်း အောင်လက်မှတ်ရရှိသူ ဖြစ်ရမှာ ဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းတွေအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဌာနဆိုင်ရာအသိအမှတ်ပြု ဘာသာရပ်ဆိုင်ရာ သင်တန်းတက်ရောက် ပြီးသူဖြစ်ရမှာဖြစ်ကြောင်း သိရပါတယ်။
Recommended for you - ဘယ်အသက်အရွယ် ရောက်ရောက် မရပ်တန့်သင့်တဲ့ အလုပ် (၈)မျိုး ..!
လျှောက်ထားသူတွေဟာ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနဲ့ မြန်မာစာဘာသာရပ်တွေက ပါဝင်တဲ့အရည်အချင်းစစ် ရေးဖြေစာမေးပွဲ (၂) နာရီမေးခွန်း ဖြေဆိုရမှာဖြစ်ကြောင်း၊ ရေးဖြေစာမေးပွဲ အောင်မြင်သူတွေကို လူတွေ့စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ လျှောက်လွှာတွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြံုရေးဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၂)၊ နေပြည်တော်ကို ၉-၃-၂၀၁၈ ရက်၊ ရုံးချိန်အတွင်း နောက်ဆုံးထား လျှောက်ထားရမယ်လို့ သိရပါတယ်။ အသေးစိတ် အချက်အလက်တွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါ သလား။ sayar.com.mm တွင် အတွေ့အကြံုရှိသော ဆရာများနှင့် မိတ်ဆက်ထားပေးပါတယ်။ ဆရာ တွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။
သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Source: InternetJournal