×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 22 February 2018

IT လုပ္ငန္းမ်ားႏွင့္ Volunteer နဲ႕ Internship လုပ္ဖို႔စိတ္ဝင္စားသူလူငယ္မ်ားအတြက္ Career Networking Fair က်င္းပ

IT လုပ္ငန္းမ်ားႏွင့္ Volunteer နဲ႕ Internship လုပ္ဖို႔စိတ္ဝင္စားသူလူငယ္မ်ားအတြက္ Career Networking Fair က်င္းပ google.com

Volunteer နဲ႕ Internship လုပ္ဖို႔ စိတ္ပါဝင္စားသူလူငယ္မ်ား IT လုပ္ငန္းနယ္ပယ္ကို စိတ္ဝင္စားသူမ်ား အျပည္ျပည္ဆိုင္ရာ INGO အဖြဲ႕အစည္းမ်ားတြင္ ပါဝင္လုပ္ကိုင္လိုသူမ်ား အတြက္ CEBSD မွ Career Networking Fair ကို 24.2.2018 တြင္ က်င္းပျပဳလုပ္ေပးသြားမည္ျဖစ္သည္။

ထုိပြဲတြင္ IT လုပ္ငန္းနယ္ပယ္ကုိ စိတ္ဝင္စားသူေတြအတြက္ လုပ္ငန္းခြင္သဘာဝနဲ႕ သိေကာင္းစရာေတြကို ဆရာ ဦးေဇာ္ျမင့္ထြန္းမွ “Career Navigation IT Sector” ေခါင္းစဥ္ျဖင့္ ေန႔လည္ ၁ နာရီမွ ၂ နာရီအတြင္း လာေရာက္မွ်ေဝေပးမွာ ျဖစ္ပါတယ္။

ဆရာက IT လုပ္ငန္းခြင္မွာ ႏွစ္ေပါငး္ ၃၀ ေက်ာ္ၾကာ အေတြ႔အၾကံဳရွိထားျပီး လက္ရွိတြင္ နည္းပညာနဲ႕ မီဒီယာ ထိပ္သီးကုမၸဏီ Information Matrix Co.Ltd ရဲ႕ Chief Technology Officer (CTO) အျဖစ္ တာဝန္ယူ ေဆာင္ရြက္လ်က္ရွိပါတယ္။ ဒါေၾကာင့္ Career Networking Fair ကုိ တက္ေရာက္လာသူမ်ား အေနျဖင့္ အေတြ႔အၾကံဳရွိပညာရွင္တစ္ဦးနွင့္ ေမးျမန္းေဆြးေႏြးနိုင္မွာပါ။

Recommended for you - ကမၻာေက်ာ္သိပၸံပညာရွင္ၾကီး မေျဖနုိ္င္တဲ့ ေမးခြန္းတစ္ခု

Career Networking Fair သို႔ နယ္ပယ္အသီးသီးရွိ ကုမၸဏီမ်ားမွလည္း လာေရာက္ေဆြးေႏြးေပးသြားမွာ ျဖစ္ပါတယ္။ ထိုကုမၸဏီမ်ားတြင္ အေသးစားဘ႑ေရးအဖြဲ႕အစည္းမ်ားအတြက္ Business Intelligence, Core Banking Software, Financial Bot, နည္းပညာဆိုင္ရာေတြ ပံ့ပိုးေဆာင္ရြက္ေပးတဲ့လုပ္ငန္းတစ္ခု ျဖစ္တဲ့ Thitsaworks မွလည္းပါဝင္ေဆြးေႏြးေပးသြားမွာျဖစ္ျပီး နည္းပညာ၊ ဘ႑ာေရးလုပ္ငန္းနဲ႕ ပတ္သတ္ ျပီး အေတြ႔အၾကံဳလိုခ်င္တဲ့ လူငယ္မ်ားအတြက္ volunteer နဲ႕ Internship မ်ားေခၚယူေနတဲ့အတြက္ ပြဲေန႔ တြင္ တစ္ခါတည္းေလွ်ာက္ထားနိုင္မွာပါ။

INGO/NGO အဖြဲ႕မ်ားတြင္ပါဝင္လုပ္ကိုင္လိုသူမ်ားအတြက္လည္း အျပည္ျပည္ဆိုင္ရာ INGO အဖြဲၾကီး Action Aid မွလည္း ၄င္းတို႕ရဲ႕ လက္ရွိလွဳပ္ရွားမွဳေတြ၊ Internship, volunteering နဲ႕ အလုပ္အကိုင္ အခြင့္အလမ္းေတြကို လာေရာက္မွ်ေဝသြားမွာျဖစ္ပါတယ္။

နယ္ပယ္အသီးသီးမွ ကြ်မ္းက်င္သူ ပညာရွင္ေတြ၊ လူငယ္ေတြပါဝင္ဖြဲ႕စည္းထားတဲ့ Volunteer အဖြဲ႕အစည္း တစ္ခုျဖစ္တဲ့ Wynee ကလည္း ျမန္မာလူငယ္ေတြရဲ႕ ပညာေရးနဲ႕ အလုပ္အကုိင္ဆိုင္ရာ အၾကံျပဳခ်က္ေတြ အရည္အေသြး တိုးတက္နိုင္မွဳ အခြင့္အလမ္းေတြကို ဝင္ေရာက္ေဆြးေႏြးေပးသြားမွာ ျဖစ္ပါတယ္။

Recommended for you - ၾသစေၾတးလ်နိုင္ငံမွာ ေက်ာင္းတက္ဖို႔ ဘာေတြျပင္ဆင္ထားရမလဲ ?

ထို႔ျပင္ IKON Group of Companies ၊ Investment and Finance ဆိုင္ရာ အလုပ္အကိုင္ေတြကို စိတ္ပါ ဝင္စားျပီး သိရွိလုိသူေတြအတြက္ ရင္းႏွီးျမွဳပ္ႏွံမွဳနဲ႕ အတိုင္ပင္ခံဆိုင္ရာ ကုမၸဏီတစ္ခုျဖစ္တဲ့ Anthem Asia မွ တာဝန္ရွိသူမ်ားမွလည္း “Career Navigation in Investment and Finance” ေခါင္းစဥ္နဲ႕ ပြဲေန႔မွာ ေန႔လည္ ၂ နာရီမွ ၃ နာရီအတြင္း လာေရာက္ေျပာၾကားေပးမွာျဖစ္ပါတယ္။ တျခားကုမၸဏီၾကီးမ်ားမွလည္း ပါဝင္ေဆြးေႏြးေပးသြားမွာ ျဖစ္ပါတယ္။

Career Networking Fair ကို စိတ္ဝင္စားလို႔ တက္ေရာက္ခ်င္သူမ်ားအတြက္ https://goo.gl/viC1Gy ဒီ link မွာ register လုပ္ဖို႔လိုအပ္ပါတယ္။ ပြဲက ၂၄.၂.၂၀၁၈ တြင္ Center of Excellence for Business Skills Development တြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ပါသည္။

အဂၤလိပ္စာကို အေျခခံမွစျပီး ကြ်မ္းက်င္စြာ သင္ယူခ်င္ပါသလား။ sayar.com.mm တြင္ရွိေသာ ဆရာ ဆရာမမ်ားႏွင့္ ဆက္သြယ္လိုက္ပါ။ 

သင္ကိုယ္တိုင္က ဆရာတစ္ေယာက္ဆိုပါက ကြ်န္ေတာ္တို႔ နွင့္ လက္တြဲဖို႔ ဖိတ္ေခၚလိုက္ပါရေစ။ အခမဲ့ register လုပ္နိုင္ပါတယ္။

Source: CEBD

[Uniocde Version]

Volunteer နဲ့ Internship လုပ်ဖို့ စိတ်ပါဝင်စားသူလူငယ်များ IT လုပ်ငန်းနယ်ပယ်ကို စိတ်ဝင်စားသူများ အပြည်ပြည်ဆိုင်ရာ INGO အဖွဲ့အစည်းများတွင် ပါဝင်လုပ်ကိုင်လိုသူများ အတွက် CEBSD မှ Career Networking Fair ကို 24.2.2018 တွင် ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။

ထိုပွဲတွင် IT လုပ်ငန်းနယ်ပယ်ကို စိတ်ဝင်စားသူတွေအတွက် လုပ်ငန်းခွင်သဘာဝနဲ့ သိကောင်းစရာတွေကို ဆရာ ဦးဇော်မြင့်ထွန်းမှ “Career Navigation IT Sector” ခေါင်းစဉ်ဖြင့် နေ့လည် ၁ နာရီမှ ၂ နာရီအတွင်း လာရောက်မျှဝေပေးမှာ ဖြစ်ပါတယ်။

ဆရာက IT လုပ်ငန်းခွင်မှာ နှစ်ပေါငး် ၃၀ ကျော်ကြာ အတွေ့အကြုံရှိထားပြီး လက်ရှိတွင် နည်းပညာနဲ့ မီဒီယာ ထိပ်သီးကုမ္ပဏီ Information Matrix Co.Ltd ရဲ့ Chief Technology Officer (CTO) အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် Career Networking Fair ကို တက်ရောက်လာသူများ အနေဖြင့် အတွေ့အကြုံရှိပညာရှင်တစ်ဦးနှင့် မေးမြန်းဆွေးနွေးနိုင်မှာပါ။

Career Networking Fair သို့ နယ်ပယ်အသီးသီးရှိ ကုမ္ပဏီများမှလည်း လာရောက်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ ထိုကုမ္ပဏီများတွင် အသေးစားဘဏ္ဍရေးအဖွဲ့အစည်းများအတွက် Business Intelligence, Core Banking Software, Financial Bot, နည်းပညာဆိုင်ရာတွေ ပံ့ပိုးဆောင်ရွက်ပေးတဲ့လုပ်ငန်းတစ်ခု ဖြစ်တဲ့ Thitsaworks မှလည်းပါဝင်ဆွေးနွေးပေးသွားမှာဖြစ်ပြီး နည်းပညာ၊ ဘဏ္ဍာရေးလုပ်ငန်းနဲ့ ပတ်သတ် ပြီး အတွေ့အကြုံလိုချင်တဲ့ လူငယ်များအတွက် volunteer နဲ့ Internship များခေါ်ယူနေတဲ့အတွက် ပွဲနေ့ တွင် တစ်ခါတည်းလျှောက်ထားနိုင်မှာပါ။

INGO/NGO အဖွဲ့များတွင်ပါဝင်လုပ်ကိုင်လိုသူများအတွက်လည်း အပြည်ပြည်ဆိုင်ရာ INGO အဖွဲကြီး Action Aid မှလည်း ၄င်းတို့ရဲ့ လက်ရှိလှုပ်ရှားမှုတွေ၊ Internship, volunteering နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို လာရောက်မျှဝေသွားမှာဖြစ်ပါတယ်။

နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူ ပညာရှင်တွေ၊ လူငယ်တွေပါဝင်ဖွဲ့စည်းထားတဲ့ Volunteer အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Wynee ကလည်း မြန်မာလူငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ဆိုင်ရာ အကြံပြုချက်တွေ အရည်အသွေး တိုးတက်နိုင်မှု အခွင့်အလမ်းတွေကို ဝင်ရောက်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ထို့ပြင် IKON Group of Companies ၊ Investment and Finance ဆိုင်ရာ အလုပ်အကိုင်တွေကို စိတ်ပါ ဝင်စားပြီး သိရှိလိုသူတွေအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ အတိုင်ပင်ခံဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Anthem Asia မှ တာဝန်ရှိသူများမှလည်း “Career Navigation in Investment and Finance” ခေါင်းစဉ်နဲ့ ပွဲနေ့မှာ နေ့လည် ၂ နာရီမှ ၃ နာရီအတွင်း လာရောက်ပြောကြားပေးမှာဖြစ်ပါတယ်။ တခြားကုမ္ပဏီကြီးများမှလည်း ပါဝင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

Career Networking Fair ကို စိတ်ဝင်စားလို့ တက်ရောက်ချင်သူများအတွက် https://goo.gl/viC1Gy ဒီ link မှာ register လုပ်ဖို့လိုအပ်ပါတယ်။ ပွဲက ၂၄.၂.၂၀၁၈ တွင် Center of Excellence for Business Skills Development တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

Source: CEBD

Read times Last modified on Monday, 30 December 2019 16:51
Rate this articles
(2 votes)