ညီအစ်မမြို့တော်များ ဖွဲ့စည်းခြင်းသည် စိတ်ဝင်စားဖွယ်ယဉ်ကျေးမှု ဖလှယ်နည်းဟု ဆိုနိုင်ပါသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးနောက်ပိုင်း ၁၉၄၇ ခုနှစ်လောက်မှစတင်၍ အဆင့်မြင့်အတွေးအခေါ် အယူအဆများကို အခြေတည်၍ တရားဥပဒေအရ (သို့မဟုတ်) လူမှုဆက်ဆံရေးများအရ နိုင်ငံနှစ်နိုင်ငံကြား၊ မြို့တစ်ခုနှင့် တစ်ခုကြား၊ နားလည်မှုများ ခိုင်မြဲလာစေရန်၊ စာချုပ်ချုပ်ဆိုကြခြင်းဖြစ်ကြောင်း တွေ့နိုင်ပါသည်။
ထိုသို့ ချုပ်ဆိုမှုများတွင် မြို့တော်အချင်းချင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ စီရင်စုများ၊ မြို့နယ်ခွဲများ၊ ဒေသ များနှင့် နှစ်နိုင်ငံကြား မြေမျက်နှာသွင်ပြင်အရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဖွိ့ဖြိုးမှု တိုးတက်ရေး ရည်ရွယ်ချက်များအရလည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက် ကတိကဝတ် များထားကာ စာချုပ်ချုပ်ဆိုကြခြင်းဖြစ်ပါသည်။
ထိုသို့ ဆောင်ရွက်ကြခြင်းဖြင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုနှင့် နား လည်မှုများ ပိုမိုမြှင့်တင်နိုင်ခြင်း၊ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးနှင့် သင့်မြတ်မှုတို့ကို မြှင့်တင်နိုင်ခြင်း၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာမှုများ ပိုမိုဖြစ်ထွန်းလာနိုင်ခြင်း စသော ရလဒ်ကောင်းများရရှိစေရန် ရည်မှန်း ကာ ဆောင်ရွက်ကြခြင်းလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရပြီးနောက် ရန်ကုန်မြို့ကို (Rangoon) ဟု စာလုံးပေါင်းခဲ့ပြီး၊ ၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် (Yangon) ဟူ၍ မြန်မာအသံထွက်အတိုင်း သတ်မှတ်ခေါ်ဝေါ်ခဲ့ကာ မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်မှစတင်၍ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်အဖြစ် ပြောင်းလဲကာ၊ မြန်မာနိုင်ငံ၏မြို့တော်မှာ နေပြည်တော် ဖြစ်လာပါသည်။
ရန်ကုန်မြို့နှင့် (Sister City) ညီအစ်မမြို့တော် ထူထောင်ထားသည်များအနက် အချို့ကို ထုတ်နုတ်ဖော်ပြရ လျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ကူမင်း (Kunming)၊ ကျန်စုပြည်နယ်ရှိ ယန်ကျိုးမြို့ (Yanzhou City)၊ ကွမ်ရှိကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ (Nanning)၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့ (Ho Chi Minh City)၊ တောင်ကိုရီးယားရှိ ဘူဆန်မြို့ (Busan)အီတလီနိုင်ငံ တူရင်မြို့ (Turin City)၊ ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်မြို့ (Quezon City) အပါအဝင် ဂျပန်နိုင်ငံ ဖူကူအိုကာ (Fukuoka City) တို့နှင့် ညီအစ်မမြို့တော်များ ဖွဲ့စည်းထားရှိခဲ့ပါသည်။
Source: city magazine
Recommended for you - ဘာ့ကြောင့် အောင်မြင်တာလဲ?
Recommended for you - ပညာရေးက ဈေးကြီးတယ်ဆိုရင် မသိနားမလည်ခြင်းက ပိုဈေးကြီးတယ်