ကျောင်းပြီးသွားတဲ့ အင်ဂျင်နီယာလောင်းလေးတွေထဲမှာ ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စိတ်ဝင် စားတဲ့သူတွေများလာတာကို တွေ့ရပါတယ်။ BE နဲ့ ကျောင်းပြီးထားပြီး
ဂျပန်သွားချင်တယ် ဘာတွေ ပြင်ဆင်ထားရမလဲ ဘယ်လိုလမ်းကြောင်းတွေရှိလဲ၊ ဘယ်မေဂျာတွေ အလုပ်ပေါလဲ သိချင်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။
Engineer နဲ့ကျောင်းပြီးထားတဲ့လူတွေ ဂျပန်မှာအလုပ်လာလုပ်ဖို့က လက်ရှိမှာ လမ်း ၃ လမ်းရှိပါတယ်။
(၁) မြန်မာနိုင်ငံက ဂျပန်ကုမ္ပဏီမှာ အလုပ်ဝင်ပြီး ဂျပန်မှာအလုပ်လာလုပ်တဲ့လမ်း
(၂) အေးဂျင့်ဆီကနေ အလုပ်ရှာပြီး ဂျပန်မှာ အလုပ်လာလုပ်တဲ့လမ်း
(၃) ဂျပန်မှာကျောင်းဆက်တက်ပြီးမှ ဂျပန်မှာအလုပ်လုပ်မယ့်လမ်း
(၁) မြန်မာနိုင်ငံက ဂျပန်ကုမ္ပဏီမှာ အလုပ်ဝင်ပြီး ဂျပန်မှာအလုပ်လာလုပ်တဲ့လမ်း
ယခုနှစ်ပိုင်းတွေမှာ မြန်မာနိုင်ငံရဲ့ပြောင်းလဲလာမှုတွေကြောင့် ဂျပန်ကုမ္ပဏီတွေမြန်မာနိုင်ငံမှာ ပိုမိုရင်းနှီး မြှုပ်နှံလာကြပါတယ်။
ထူးချွန်တဲ့ Engineer တွေကို အလုပ်ခန့်ပြီး ဂျပန်ရုံးချုပ်မှာ ၂ နှစ်၊၃ နှစ် စသည်ဖြင့် ထရိန်နီပေးပါတယ်။
ဂျပန်လို OJT(on job training) လို့ခေါ်ပါတယ်။
ဂျပန်မှာ အလုပ်လုပ်တဲ့အချိန် ဂျပန်ကလစာ၊ ဂျပန်က အလုပ်သမားခံစားခွင့်အတိုင်း ရပါလိမ့်မယ်။
ထရိန်နီပြီးလို့ မြန်မာနိုင်ငံ ပြန်ရောက်တဲ့အခါ ခေါင်းဆောင်နေရာ၊ အုပ်ချုပ်မှုပိုင်းတွေမှာ လစာကောင်း ကောင်းနဲ့ နေရာရပါလိမ့်မယ်။ အချို့ကတော့ ဂျပန်မှာ တောက်လျှောက် အလုပ်လုပ်နေရတဲ့လူတွေ လည်းရှိပါတယ်။
ဒီလမ်းကတော့ အင်္ဂလိပ်စာကောင်းဖို့ လိုအပ်ပြီး၊ ဂျပန်စကားပြောတတ်တဲ့လူတွေ ပိုပြီးအခွင့်အရေးတွေ ရပါလိမ့်မယ်။ ဒီလမ်းနဲ့လာချင်တယ်ဆိုလျှင် မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်ကုမ္ပဏီတွေမှာ အလုပ်ဝင်နိုင်အောင် ကြိုးစားပါ။ ဂျပန်နိုင်ငံမှာရုံးချုပ်ရှိပြီး နိုင်ငံတကာမှာရုံးခွဲရှိတဲ့ ဂျပန်ကုမ္ပဏီကိုရှာပါ။ မြန်မာနိုင်ငံမှာလုပ်တဲ့ Japan Job Fair တွေမှာ အလုပ်ရှာပါ။
(၂) အေဂျင့်ဆီကနေ အလုပ်ရှာပြီး ဂျပန်မှာ အလုပ်လာလုပ်တဲ့လမ်း......
ဒီလမ်းကတော့ ယခုတစ်လော လူကြိုက်များတဲ့လမ်းဖြစ်ပြီး ပြဿနာလည်း အလွန်များတဲ့လမ်းဖြစ်ပါတယ်။
ဂျပန်ကုမ္ပဏီတွေဟာ၊ မြန်မာနိုင်ငံက အေဂျင့်ဆီကို အရည်အချင်းရှိတဲ့လူတွေကို ရှာခိုင်းပါတယ်။ မြန်မာ အေဂျင့်ဆီကို အလုပ်သမားရှာဖွေခ တစ်ယောက်ဘယ်လောက်ဆိုပြီး ဂျပန်ကုမ္ပဏီတွေက ပေးပါတယ်။ (သင်ဆီကလည်း ဝန်ဆောင်ခ ထပ်ယူပါတယ်)။ ဂျပန်ကုမ္ပဏီတွေက သင့်ကို ဂျပန်နိုင်ငံကိုခေါ်ပြီး၊ အခြား ကုမ္ပဏီတွေမှာ အငှားအလုပ်သမားတွေအနေနဲ့ သွားလုပ်ခိုင်းပါလိမ့်မယ်။
ဂျပန်လို "ဟကန်း" လို့ခေါ်ပြီး ကိုယ့်ကိုအလုပ်ခန့်ထားတဲ့ကုမ္ပဏီမှာ အလုပ်လုပ်ရတာအလွန်နည်းပါတယ်။
ဒီလမ်းနဲ့လာချင်တယ်ဆိုလျှင် အေးဂျင့်ကောင်းကောင်းကိုရှာပါ။ အေးဂျင့်အမှန်ဆိုရင်၊ ဝန်ဆောင်ခ မပေးရ ပါဘူး။ "engineer" ဗီဇာကို ဂျပန်လို "gijutsu" ဗီဇာလို့ခေါ်ပါတယ်။ ထရိန်နီဗီဇာနဲ့ မမှားပါစေနဲ့။ ထရိန်နီ ဗီဇာ ကို 技能実習(ginoujisshuu) ဗီဇာ လို့ခေါ်ပါတယ်။ ဒီထရိန်နီဗီဇာဟာ ဂျပန်မှာ ၃နှစ်အထိပဲ နေထိုင် ခွင့်ရှိပါတယ်။ အလွန်ဆုံး ၅နှစ်အထိပါပဲ (၃နှစ်ပြည့်လို့ စာမေးပွဲဖြေလို့ အောင်မှ)။ အချို့အင်ဂျင်နီယာ ကျောင်းသားတွေ ထရိန်နီဗီဇာဖြင့် လာနေတာတွေ့ရပါတယ်။ သေချာလေ့လာပြီးမှ လာသင့်ပါတယ်။ အလုပ် ပင်ပန်းပြီး လခနည်းပါလိမ့်မယ်။ ဝန်ဆောင်ခကတော့ မြန်မာနိုင်ငံ အစိုးရက တရားဝင်သတ်မှတ် ထားတာက အမေရိကန်ဒေါ်လာ ၂၈၀၀ ပါ။ ဂျပန်အစိုးရဘက်က ဥပဒေကတော့ အလုပ်ရှာဖွေတဲ့လူမှာ ဝန်ဆောင်ခယူလို့မရပါဘူး။
Recommended for you - နှစ်စဉ်ပညာသင်ဆု ($7000 မှ 10000)အထိပေးအပ်သည့် Drew Univesity
(၃) ဂျပန်မှာကျောင်းဆက်တက်ပြီးမှ အလုပ်လုပ်မယ့်လမ်း......
မြန်မာနိုင်ငံမှာ BE ပြီးတော့ ဂျပန်မှာကျောင်းဆက်တက်၊ ဂျပန်မှာကျောင်းပြီးလို့ ဂျပန်ကုမ္ပဏီမှာအလုပ်ဝင်။
ဒီလမ်းကတော့ ဟိုးကတည်းက မြန်မာအင်ဂျင်နီယာတွေ အလာများတဲ့ လမ်းကြောင်းတစ်ခုပါ။ ဂျပန်မှာ ကျောင်းတက်တဲ့အတွက် နည်းပညာနဲ့၊ ဂျပန်စာ၊ ဂျပန်ယဉ်ကျေးမှုကို လေ့လာခွင့်ရပါလိမ့်မယ်။ ကျောင်းပြီး ရင် ကိုယ်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီကို လွတ်လပ်စွာရွေးချယ်ခွင့်၊ အလုပ်လျှောက်ခွင့် ရပါလိမ့်မယ်။ ဂျပန် တွေနဲ့ ကျောင်းအတူတူတက်ရောက်ရတဲ့အတွက်၊ ဂျပန်တွေရဲ့ဓလေ့ကို နားလည်ပြီး.... ဂျပန်တွေနဲ့ အလုပ်လုပ်တဲ့အခါ လုပ်ငန်းခွင် အဆင်ပြေတာများပါတယ်။ ဒီလမ်းနဲ့လာချင်ရင်တော့ စကော်လာတွေကို လျှောက်ပြီး ဂျပန်မှာ ME လာတက်တဲ့လမ်းကို ရွေးချယ်သင့်ပါတယ်။ ဒါမှမဟုတ်ဘဲ မြန်မာနိုင်ငံမှာ BE အောင်ပြီးမှ ဂျပန်မှာ Language School ပြန်တက်၊ ဂျပန် Language School အောင်ပြီးမှ တက္ကသိုလ်(သို့) ကောလိပ်ပြန်တက်နဲ့ အချိန်ကုန်၊ ငွေကုန်ပြီး လူပင်ပန်းပါလိမ့်မယ့်။
နောက်ဆုံးပြောချင်တာကတော့ ဘယ်လမ်းနဲ့ပဲလာလာ ဂျပန်မှာ၊ ဂျပန်တွေနဲ့၊ ဂျပန်လိုပြောပြီး၊ အလုပ်လုပ် ရမှာမို့ ဂျပန်စကားတော့ တတ်အောင်သင်ခဲ့ပါ။ မလောပါနဲ့၊ သေချာအချိန်ယူ၊ ပြင်ဆင်ပြီးမှ လာခဲ့ပါ။ ကျောင်းလာတက်ဖို့ဆိုရင် အနည်းဆုံး N3 အောင်မှလာပါ။ အလုပ်နဲ့တိုက်ရိုက်ဆိုရင်တော့ ဂျပန်စကား တတ်လေကောင်းလေပါပဲ။
အဆင်ပြေပါ့မလားလို့မမေးပါနဲ့ ကိုယ်ကြိုတင် ပြင်ဆင်ခဲ့သလောက် ကိုယ်ရိတ်သိမ်းရပါလိမ့်မယ်။
ဂျပန်ဘာသာစကားသင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့ ။ sayar.com.mm တင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်းရှိ ဂျပန်ဘာသာစကားကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Credit; အကီ
Recommended for you - ဂျပန်နိုင်ငံတွင် အထက်တန်းကျောင်းတက်ရောက်ရန် Full Scholarship လျှောက်လွှာခေါ်ယူ