×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 07 November 2019

ႏွစ္တစ္ဝက္အတြင္း IELTS စာေမးပြဲအတြက္ ဘာေတြဘယ္လိုျပင္ဆင္မလဲ ?

ႏွစ္တစ္ဝက္အတြင္း IELTS စာေမးပြဲအတြက္ ဘာေတြဘယ္လိုျပင္ဆင္မလဲ ? google.com

IELTS ဆိုတာ ႏိုင္ငံရပ္ျခားမွာ ေက်ာင္းသြားတက္ခ်င္တဲ့သူေတြ၊ အလုပ္အကိုင္အခြင့္အလမ္းလိုခ်င္တဲ့သူေတြ မျဖစ္မေနေျဖဆိုရတဲ့ အဂၤလိပ္စာအရည္အခ်င္းစစ္ စာေမးပြဲဆိုတာ သင္တို႔သိၿပီးၾကမွာပါ။

တစ္ကမာၻလံုးက လက္ခံထားတဲ့ စာေမးပြဲႀကီးဆိုတဲ့အတိုင္း ႏွစ္စဥ္ေျဖဆိုသူေတြ ဒုနဲ႔ေဒးပါပဲ။ အဂၤလိပ္စာအေျခခံေကာင္းၿပီးသားသူေတြအတြက္ မခက္ခဲဘူးဆိုေပမဲ့ IELTS မွာလည္း သူ႔ရဲ႕အငိုက္ဖမ္းတတ္တဲ့အကြက္ေလးေတြ ရွိေနျပန္ေရာ … ဆိုေတာ့ IELTS အတြက္ဘယ္လိုျပင္ဆင္မလဲ ?

 

(၁) အခ်ိန္သတ္မွတ္ပါ

IELTS စာေမးပြဲေျဖေတာ့မယ္ဆိုရင္ အရင္ဆံုးလုပ္ရမွာက ကိုယ့္ရဲ႕အဂၤလိပ္စာကၽြမ္းက်င္မႈအေပၚမူတည္ၿပီး စာေလ့လာခ်ိန္တစ္ခုသတ္မွတ္ဖို႔ပါ။ သင္က intermediate level ဆိုရင္ အခ်ိန္ (၃)လဝန္းက်င္နဲ႔ လံုေလာက္ေပမဲ့ Beginner level၊ အိမ္မွာ ကိုယ္တိုင္ self-study လုပ္ၿပီးေလ့လာမယ့္သူဆိုရင္ေတာ့ (၆) လေလာက္ အခ်ိန္ယူတာ စိတ္အခ်ရဆံုးပါပဲ။

 

(၂) Reading

Reading က IELTS ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ပါတယ္။ စာေမးပြဲေျဖတဲ့အခါ စာပိုဒ္ေတြဖတ္ၿပီး ေမးခြန္းအခု (၄၀) ကိုေျဖဖို႔ အခ်ိန္တစ္နာရီရပါမယ္။ အဓိကက စာပိုဒ္ေတြကို ျမန္ျမန္ဖတ္ၿပီး အေျဖေတြကို တိတိက်က်ဆြဲထုတ္ႏိုင္ဖို႔ပါ။ ေမးခြန္းအခု (၄၀) ေတာင္ဆိုေတာ့ ေမးခြန္းတစ္ခုထဲမွာပဲ အၾကာႀကီးအခ်ိန္မျဖဳန္းဘဲ တစ္နာရီအတြင္းမွာ ေမးခြန္းေစ့ေျဖႏိုင္ေအာင္ Timer ေပးၿပီး ေလ့က်င့္ထားရပါမယ္။

 

(၃) Writing

ေနာက္တစ္ပိုင္းကေတာ့ Writing ပါ။ Essay (သို႔) Letter ကို သူေပးထားတဲ့စာလံုးေရအလိုက္ က်စ္က်စ္လ်စ္လ်စ္ သဒၵါမွန္မွန္ေရးတတ္ေစဖို႔ ေလ့က်င့္ရပါမယ္။ အေၾကာင္းအရာတစ္ခုကိုပဲ ဗဟိုျပဳၿပီး ဝါက်ရွင္းရွင္းလင္းလင္းနဲ႔ ေရးတာက အမွတ္ပိုရေစပါတယ္။ ဒါေတြကို (၅၅) မိနစ္ေလာက္အတြင္းမွာ အၿပီးေရးၿပီး ေနာက္ငါးမိနစ္ကိုေတာ့ ျပန္စစ္ဖို႔အခ်ိန္ေပးတတ္ဖို႔ ေလ့က်င့္ပါ။

Recommended For You >>> "ႏိုင္ငံျခားမွာေက်ာင္းသြားတက္သင့္တဲ့အေၾကာင္းအရင္း (၆) ခ်က္"

 

(၄) Listening

Listening ကေတာ့ လြယ္ပါတယ္။ ဒါေပမဲ့ တခ်ိဳ႕စာလံုးေတြက သံတူေၾကာင္းကြဲေလးေတြမို႔ အာ႐ုံစိုက္ၿပီး နားေထာင္တတ္ဖို႔ လိုတဲ့အျပင္ တစ္လံုးတစ္ေလလြတ္သြားတာနဲ႔ အမွတ္က ကြာျခားသြားႏိုင္တာေၾကာင့္ သတိထားေပးပါ။ Listening စြမ္းရည္တိုးတက္ခ်င္ရင္ေတာ့ အဂၤလိပ္စကားေျပာ႐ုပ္ရွင္ေတြကို စာတန္းထိုးမပါဘဲ မၾကာခဏၾကည့္ေပးတာက ထိေရာက္မႈရွိပါတယ္။

 

(၅) Speaking

Stella တို႔ေတြက ျမန္မာျပည္မွာ ငါးပိစားၿပီး ႀကီးလာတဲ့သူေတြဆိုေတာ့ တကယ့္ native speaker ေတြလို ပီပီသသေျပာႏိုင္ဖို႔က ခဲယဥ္းပါတယ္။ ဒါေပမဲ့ “Practice makes perfect” ပါ။ အိမ္မွာ အလကားေနရင္း မွန္ေရွ႕သြားၿပီး အျခားလူတစ္ေယာက္နဲ႔ စကားလက္ဆံုက်ေနသလို ေျပာၾကည့္ပါ။ ေနာက္မွတစ္ဆင့္တက္ၿပီး ကိုယ့္ေဘးနားကလူေတြနဲ႔ နည္းနည္းပါးပါးေျပာၾကည့္ပါ။ အေရးႀကီးတာက ကိုယ္က သင္ယူေနတဲ့သူျဖစ္လို႔ မရွက္ပါနဲ႔။ ပညာရွာပမာ သူဖုန္းစားတဲ့။

 

(၆) သင္ယူဖို႔

ကိုယ္က သင္တန္းေတြတက္ဖို႔ အခ်ိန္မေပးႏိုင္ဘူးဆိုရင္ အိမ္မွာတင္ သင္ယူလို႔ရပါတယ္။ အားတဲ့အခ်ိန္ အဂၤလိပ္စာသင္ေပးတဲ့ YouTube video ေတြၾကည့္ပါ။ IELTS နဲ႔ပက္သက္တဲ့ စာအုပ္ေတြဖတ္ပါ။ သံ႐ုံးေတြမွာ စာအုပ္ေတြငွားလို႔ရသလို ေမးခြန္းေဟာင္းေတြလည္း ေလ့လာႏိုင္ပါတယ္။

လုပ္ငန္းခြင္မွာေရာ၊ ပညာေရးမွာပါ IELTS အမွတ္က အရမ္းစကားေျပာတာမို႔ ေက်ာင္းေကာင္းေကာင္းတက္ခ်င္သူ၊ အလုပ္အကိုင္အခြင့္အလမ္းေကာင္းေတြ လိုခ်င္သူေတြအေနနဲ႔ IELTS အမွတ္ အနည္းဆံုး ၆.၅ ေလာက္ရထားမွသာ အဆင္ေျပမွာပါ။ အခု Stella ေဝမွ်ေပးလိုက္တဲ့နည္းလမ္းေလးေတြနဲ႔ (၆)လအတြင္း IELTS စာေမးပြဲအတြက္ ျပင္ဆင္ႏိုင္တာေၾကာင့္ သင့္အတြက္ အသံုးဝင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ေနာ္ …

IELTS သင္ၾကားေပးေသာ မွ ဆရာ၊ ဆရာမမ်ား >>>> https://www.sayar.com.mm/subjects/all-teachers/subject-303.html


Stella (For Her Myanmar)

 

UNICODE

နှစ်တစ်ဝက်အတွင်း IELTS စာမေးပွဲအတွက် ဘာတွေဘယ်လိုပြင်ဆင်မလဲ ?
IELTS ဆိုတာ နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်ချင်တဲ့သူတွေ၊ အလုပ်အကိုင်အခွင့်အလမ်းလိုချင်တဲ့သူတွေ မဖြစ်မနေဖြေဆိုရတဲ့ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲဆိုတာ သင်တို့သိပြီးကြမှာပါ။ တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ စာမေးပွဲကြီးဆိုတဲ့အတိုင်း နှစ်စဉ်ဖြေဆိုသူတွေ ဒုနဲ့ဒေးပါပဲ။ အင်္ဂလိပ်စာအခြေခံကောင်းပြီးသားသူတွေအတွက် မခက်ခဲဘူးဆိုပေမဲ့ IELTS မှာလည်း သူ့ရဲ့အငိုက်ဖမ်းတတ်တဲ့အကွက်လေးတွေ ရှိနေပြန်ရော … ဆိုတော့ IELTS အတွက်ဘယ်လိုပြင်ဆင်မလဲ ?


(၁) အချိန်သတ်မှတ်ပါ

IELTS စာမေးပွဲဖြေတော့မယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက ကိုယ့်ရဲ့အင်္ဂလိပ်စာကျွမ်းကျင်မှုအပေါ်မူတည်ပြီး စာလေ့လာချိန်တစ်ခုသတ်မှတ်ဖို့ပါ။ သင်က intermediate level ဆိုရင် အချိန် (၃)လဝန်းကျင်နဲ့ လုံလောက်ပေမဲ့ Beginner level၊ အိမ်မှာ ကိုယ်တိုင် self-study လုပ်ပြီးလေ့လာမယ့်သူဆိုရင်တော့ (၆) လလောက် အချိန်ယူတာ စိတ်အချရဆုံးပါပဲ။

 

(၂) Reading

Reading က IELTS ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ စာမေးပွဲဖြေတဲ့အခါ စာပိုဒ်တွေဖတ်ပြီး မေးခွန်းအခု (၄၀) ကိုဖြေဖို့ အချိန်တစ်နာရီရပါမယ်။ အဓိကက စာပိုဒ်တွေကို မြန်မြန်ဖတ်ပြီး အဖြေတွေကို တိတိကျကျဆွဲထုတ်နိုင်ဖို့ပါ။ မေးခွန်းအခု (၄၀) တောင်ဆိုတော့ မေးခွန်းတစ်ခုထဲမှာပဲ အကြာကြီးအချိန်မဖြုန်းဘဲ တစ်နာရီအတွင်းမှာ မေးခွန်းစေ့ဖြေနိုင်အောင် Timer ပေးပြီး လေ့ကျင့်ထားရပါမယ်။

 

(၃) Writing

နောက်တစ်ပိုင်းကတော့ Writing ပါ။ Essay (သို့) Letter ကို သူပေးထားတဲ့စာလုံးရေအလိုက် ကျစ်ကျစ်လျစ်လျစ် သဒ္ဒါမှန်မှန်ရေးတတ်စေဖို့ လေ့ကျင့်ရပါမယ်။ အကြောင်းအရာတစ်ခုကိုပဲ ဗဟိုပြုပြီး ဝါကျရှင်းရှင်းလင်းလင်းနဲ့ ရေးတာက အမှတ်ပိုရစေပါတယ်။ ဒါတွေကို (၅၅) မိနစ်လောက်အတွင်းမှာ အပြီးရေးပြီး နောက်ငါးမိနစ်ကိုတော့ ပြန်စစ်ဖို့အချိန်ပေးတတ်ဖို့ လေ့ကျင့်ပါ။

Recommended For You >>> Recommended For You >>> "နိုင်ငံခြားမှာကျောင်းသွားတက်သင့်တဲ့အကြောင်းအရင်း (၆) ချက်"

 

(၄) Listening

Listening ကတော့ လွယ်ပါတယ်။ ဒါပေမဲ့ တချို့စာလုံးတွေက သံတူကြောင်းကွဲလေးတွေမို့ အာရုံစိုက်ပြီး နားထောင်တတ်ဖို့ လိုတဲ့အပြင် တစ်လုံးတစ်လေလွတ်သွားတာနဲ့ အမှတ်က ကွာခြားသွားနိုင်တာကြောင့် သတိထားပေးပါ။ Listening စွမ်းရည်တိုးတက်ချင်ရင်တော့ အင်္ဂလိပ်စကားပြောရုပ်ရှင်တွေကို စာတန်းထိုးမပါဘဲ မကြာခဏကြည့်ပေးတာက ထိရောက်မှုရှိပါတယ်။

 

(၅) Speaking

Stella တို့တွေက မြန်မာပြည်မှာ ငါးပိစားပြီး ကြီးလာတဲ့သူတွေဆိုတော့ တကယ့် native speaker တွေလို ပီပီသသပြောနိုင်ဖို့က ခဲယဉ်းပါတယ်။ ဒါပေမဲ့ “Practice makes perfect” ပါ။ အိမ်မှာ အလကားနေရင်း မှန်ရှေ့သွားပြီး အခြားလူတစ်ယောက်နဲ့ စကားလက်ဆုံကျနေသလို ပြောကြည့်ပါ။ နောက်မှတစ်ဆင့်တက်ပြီး ကိုယ့်ဘေးနားကလူတွေနဲ့ နည်းနည်းပါးပါးပြောကြည့်ပါ။ အရေးကြီးတာက ကိုယ်က သင်ယူနေတဲ့သူဖြစ်လို့ မရှက်ပါနဲ့။ ပညာရှာပမာ သူဖုန်းစားတဲ့။

 

(၆) သင်ယူဖို့

ကိုယ်က သင်တန်းတွေတက်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင် အိမ်မှာတင် သင်ယူလို့ရပါတယ်။ အားတဲ့အချိန် အင်္ဂလိပ်စာသင်ပေးတဲ့ YouTube video တွေကြည့်ပါ။ IELTS နဲ့ပက်သက်တဲ့ စာအုပ်တွေဖတ်ပါ။ သံရုံးတွေမှာ စာအုပ်တွေငှားလို့ရသလို မေးခွန်းဟောင်းတွေလည်း လေ့လာနိုင်ပါတယ်။

လုပ်ငန်းခွင်မှာရော၊ ပညာရေးမှာပါ IELTS အမှတ်က အရမ်းစကားပြောတာမို့ ကျောင်းကောင်းကောင်းတက်ချင်သူ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ လိုချင်သူတွေအနေနဲ့ IELTS အမှတ် အနည်းဆုံး ၆.၅ လောက်ရထားမှသာ အဆင်ပြေမှာပါ။ အခု Stella ဝေမျှပေးလိုက်တဲ့နည်းလမ်းလေးတွေနဲ့ (၆)လအတွင်း IELTS စာမေးပွဲအတွက် ပြင်ဆင်နိုင်တာကြောင့် သင့်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်နော် …

IELTS သင်ကြားပေးသော sayar.com.mm မှ ဆရာ၊ ဆရာမများ >>>> https://www.sayar.com.mm/subjects/all-teachers/subject-303.html

 


Stella (For Her Myanmar)

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 17:34
Rate this articles
(0 votes)