ေရွးတုန္းကတည္းက ဘာသာစကားတိုင္းမွာ တစ္ပါးသူကကုိယ့္ကိုေျပာေနတဲ့စကားကို ပမာမခန္႔ျပဳတဲ့ သေဘာကိုေဆာင္တဲ့ အဓိပၸါယ္မဲ့ေသာ အသံမ်ားကို ထြင္ခဲ့ၾကပါတယ္။
Barbarian ဆိုတဲ့စကားလံုးထဲမွာ bar-bar-bar ဆိုတဲ့ ေရွးဂရိေတြရဲ႕ အဓိပၸါယ္မရွိေသာ အသံကိုေတာင္မွ လက္ဆင့္ကမ္းအေမြ ဆက္ခံခဲ့ၾကပါတယ္။ Online ေဝါဟာရသမိုင္း အဘိဓါန္ (OED) အရ barbarous ဆိုတဲ့ ေဝါဟာရဟာ နိုင္ငံျခားသားတစ္ေယာက္ရဲ႕ နားမလည္နိုင္တဲ့စကားကုိ ပဲ့တင္ထပ္ထားတဲ့ ျမည္သံစြဲ အလကၤာပံုစံ ရွိတယ္လို႔ဆိုပါတယ္။
United States မွာ အရည္မရ အဖတ္မရစကားကုိ ေဖာ္ျပတဲ့ အမ်ားဆံုးသံုးတဲ့ အသံကေတာ့ “blah” ပဲ ျဖစ္ပါတယ္။ “အဓိပၸါယ္မရွိေသာ၊ ေလးနက္မွဳမရွိေသာ (သို႔) ဟန္မ်ားေသာအေျပာ (သို႔) အေရး၊ မဟုတ္ တရုတ္၊ ေပါက္ကရ” လို႔ အဓိပၸါယ္ရတဲ့ blah ကို OED မွာ အေစာဆံုးမွတ္တမ္းတင္ခဲ့တာေတာ့ 1981 ပဲ ျဖစ္ပါတယ္။
Blah ကို အႏွစ္သာရမရွိတဲ့ စကားဆိုတဲ့ သေဘာကို ေဆာင္တဲ့အခါ blah ကို ထပ္ခါထပ္ခါ ရြတ္ပါတယ္။
When big data is just so much “blah, blah, blah”
(အေရးပါတဲ့အခ်က္အခက္ေတြက ဒီေလာက္ေတာင္ပဲ blah, blah, blah တဲ့အခါ)
Getting past “Blah, Blah, Blah,” when talking to prospects.
(အလားအလာရွိတဲ့သူေတြနဲ႕ စကားေျပာတဲ့အခါ blah, blah, blah ကုိ ေက်ာ္လႊားရတယ္)
Recommended for you - သင့္ေခါင္းထဲမွ ဆန္းသစ္တဲ့ စိတ္ကူးအၾကံဥာဏ္ေတြကို လွဳပ္ႏွိဳးလိုက္ပါ။
တစ္ခါတစ္ခါက်ေတာ့ blah တစ္လံုးတည္းရဲ႕ အဓိပၸါယ္က “တူေသာအရာ” ျဖစ္ပါတယ္။
“I’ve been overwhelmed by the amount of fabber in the world-it’s a vast cloud of blah.
(ကမၻာေပၚမွာရွိတဲ့ ေပါက္ကရစကားေတြရဲ႕ အရည္အတြက္ေၾကာင့္ ကြ်န္ေတာ္အံ့အားသင့္မိပါ တယ္။ အဲဒါကေတာ့ blah ေတြနဲ႕ ဖံုးလႊမ္းေနတာပါပဲ။)
အမ်ားကိန္းနာမ္ျဖစ္တဲ့ “the blahs” ကေတာ့ “စိတ္မခ်မ္းေျမ့တဲ့ အေျခအေန”လို႔ အဓိပၸါယ္ရပါတယ္။ You’ve got the blahs ဆိုရင္ သင္ဟာ ေမွ်ာ္လင့္ခ်က္ကင္းမဲ့ေနတာ မဟုတ္ေပမဲ့ စိတ္ကေတာ့ ေနလို႔မေကာင္းတဲ့ အေျခအေနပါ။
နာမဝိေသသန (Adjective) အေနနဲ႕သံုးတဲ့အခါ “blah” ရဲ႕ အဓိပၸါယ္က နံုေသာ၊ ထိုင္းမွိုင္းေသာ၊ ဝန္ေလးေသာ ပဲျဖစ္ပါတယ္။
What to do when you feel blah about your job.
( သင့္အလုပ္နဲ႕ပက္သက္လို႔ ဝန္ေလးေနတဲ့အခါ လုပ္ရမယ့္အရာ)
Recommended for you - သင့္ေဘးနားက လူလိမ္တစ္ေယာက္
Blah,blah,blah ဟာ သတင္းထဲမွာ စတင္ပါဝင္လာရတဲ့ အေၾကာင္းအရင္းကေတာ့ ေအာ္ရီဂန္ျမိဳ႕ (Oregan) မွာ ေရြးေကာက္ပြဲဝင္ ကိုယ္စားလွယ္ေလာင္းတစ္ဦးက တျခားကိုယ္စားလွယ္ေလာင္းတစ္ဦး ေျပာတဲ့စကားကို စိတ္မဝင္စားေၾကာင္းျပတဲ့အေနျဖင့္ ထိုသူေျပာေသာ တကယ့္စကားလံုးေတြကို မေရးပဲ blah, blah, blah လို႔ေရးတဲ့ သတင္းေထာက္ကို ျပင္းျပင္းထန္ထန္ ေဝဖန္ရာကေန သတင္းထဲပါသြားတာ ျဖစ္ပါတယ္။
ဒီလုိ အဓိပၸါယ္မရွိတဲ့အသံ ေနာက္ထပ္အစုတစ္စုကေတာ့ yada, yada, yada ပဲ ျဖစ္ပါတယ္။ ဒီရြတ္ဆိုသံ ရဲ႕ မူကြဲေတြကိုေတာ့ OED မွာ ၁၉၄၇ ကတညး္က စတင္ျပီး မွတ္တမ္းတင္ခဲ့ပါတယ္။ ဒီအသံကို Jerry Seinfeld ၏ေဖ်ာ္ေျဖတင္ဆက္မွဳမွာ ပထမဆံုးၾကားခဲ့ရတာ ျဖစ္ျပီး အဓိပၸါယ္ကေတာ့ “ေျပာဖို႔ရာ အလြန္ ျငီးေငြ႕စရာေကာင္းတဲ့ အခ်က္အလက္ေတြ” လို႔ နားလည္လိုက္ပါတယ္။
အဂၤလိပ္စာကို စနစ္တက်ေလ့လာခ်င္ပါသလား။ sayar.com.mm တြင္ ရွိေသာ ဆရာ ဆရာမမ်ားနွင့္ ဆက္သြယ္လိုက္ပါ။
ဆရာ ဆရာမမ်ားလည္း အခမဲ့ register လုပ္ထားလို႔ ရပါတယ္ခင္ဗ်ာ။
Source; myanamr-network.net
[Unicode Version]
ရှေးတုန်းကတည်းက ဘာသာစကားတိုင်းမှာ တစ်ပါးသူကကိုယ့်ကိုပြောနေတဲ့စကားကို ပမာမခန့်ပြုတဲ့ သဘောကိုဆောင်တဲ့ အဓိပ္ပါယ်မဲ့သော အသံများကို ထွင်ခဲ့ကြပါတယ်။
Barbarian ဆိုတဲ့စကားလုံးထဲမှာ bar-bar-bar ဆိုတဲ့ ရှေးဂရိတွေရဲ့ အဓိပ္ပါယ်မရှိသော အသံကိုတောင်မှ လက်ဆင့်ကမ်းအမွေ ဆက်ခံခဲ့ကြပါတယ်။ Online ဝေါဟာရသမိုင်း အဘိဓါန် (OED) အရ barbarous ဆိုတဲ့ ဝေါဟာရဟာ နိုင်ငံခြားသားတစ်ယောက်ရဲ့ နားမလည်နိုင်တဲ့စကားကို ပဲ့တင်ထပ်ထားတဲ့ မြည်သံစွဲ အလင်္ကာပုံစံ ရှိတယ်လို့ဆိုပါတယ်။
United States မှာ အရည်မရ အဖတ်မရစကားကို ဖော်ပြတဲ့ အများဆုံးသုံးတဲ့ အသံကတော့ “blah” ပဲ ဖြစ်ပါတယ်။ “အဓိပ္ပါယ်မရှိသော၊ လေးနက်မှုမရှိသော (သို့) ဟန်များသောအပြော (သို့) အရေး၊ မဟုတ် တရုတ်၊ ပေါက်ကရ” လို့ အဓိပ္ပါယ်ရတဲ့ blah ကို OED မှာ အစောဆုံးမှတ်တမ်းတင်ခဲ့တာတော့ 1981 ပဲ ဖြစ်ပါတယ်။
Blah ကို အနှစ်သာရမရှိတဲ့ စကားဆိုတဲ့ သဘောကို ဆောင်တဲ့အခါ blah ကို ထပ်ခါထပ်ခါ ရွတ်ပါတယ်။
When big data is just so much “blah, blah, blah”
(အရေးပါတဲ့အချက်အခက်တွေက ဒီလောက်တောင်ပဲ blah, blah, blah တဲ့အခါ)
Getting past “Blah, Blah, Blah,” when talking to prospects.
(အလားအလာရှိတဲ့သူတွေနဲ့ စကားပြောတဲ့အခါ blah, blah, blah ကို ကျော်လွှားရတယ်)
Recommended for you - သင့်ခေါင်းထဲမှ ဆန်းသစ်တဲ့ စိတ်ကူးအကြံဉာဏ်တွေကို လှုပ်နှိုးလိုက်ပါ။
တစ်ခါတစ်ခါကျတော့ blah တစ်လုံးတည်းရဲ့ အဓိပ္ပါယ်က “တူသောအရာ” ဖြစ်ပါတယ်။
“I’ve been overwhelmed by the amount of fabber in the world-it’s a vast cloud of blah.
(ကမ္ဘာပေါ်မှာရှိတဲ့ ပေါက်ကရစကားတွေရဲ့ အရည်အတွက်ကြောင့် ကျွန်တော်အံ့အားသင့်မိပါ တယ်။ အဲဒါကတော့ blah တွေနဲ့ ဖုံးလွှမ်းနေတာပါပဲ။)
အများကိန်းနာမ်ဖြစ်တဲ့ “the blahs” ကတော့ “စိတ်မချမ်းမြေ့တဲ့ အခြေအနေ”လို့ အဓိပ္ပါယ်ရပါတယ်။ You’ve got the blahs ဆိုရင် သင်ဟာ မျှော်လင့်ချက်ကင်းမဲ့နေတာ မဟုတ်ပေမဲ့ စိတ်ကတော့ နေလို့မကောင်းတဲ့ အခြေအနေပါ။
နာမဝိသေသန (Adjective) အနေနဲ့သုံးတဲ့အခါ “blah” ရဲ့ အဓိပ္ပါယ်က နုံသော၊ ထိုင်းမှိုင်းသော၊ ဝန်လေးသော ပဲဖြစ်ပါတယ်။
What to do when you feel blah about your job.
( သင့်အလုပ်နဲ့ပက်သက်လို့ ဝန်လေးနေတဲ့အခါ လုပ်ရမယ့်အရာ)
Recommended for you - သင့်ခေါင်းထဲမှ ဆန်းသစ်တဲ့ စိတ်ကူးအကြံဉာဏ်တွေကို လှုပ်နှိုးလိုက်ပါ။
Blah,blah,blah ဟာ သတင်းထဲမှာ စတင်ပါဝင်လာရတဲ့ အကြောင်းအရင်းကတော့ အော်ရီဂန်မြို့ (Oregan) မှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦးက တခြားကိုယ်စားလှယ်လောင်းတစ်ဦး ပြောတဲ့စကားကို စိတ်မဝင်စားကြောင်းပြတဲ့အနေဖြင့် ထိုသူပြောသော တကယ့်စကားလုံးတွေကို မရေးပဲ blah, blah, blah လို့ရေးတဲ့ သတင်းထောက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရာကနေ သတင်းထဲပါသွားတာ ဖြစ်ပါတယ်။
ဒီလို အဓိပ္ပါယ်မရှိတဲ့အသံ နောက်ထပ်အစုတစ်စုကတော့ yada, yada, yada ပဲ ဖြစ်ပါတယ်။ ဒီရွတ်ဆိုသံ ရဲ့ မူကွဲတွေကိုတော့ OED မှာ ၁၉၄၇ ကတညး်က စတင်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီအသံကို Jerry Seinfeld ၏ဖျော်ဖြေတင်ဆက်မှုမှာ ပထမဆုံးကြားခဲ့ရတာ ဖြစ်ပြီး အဓိပ္ပါယ်ကတော့ “ပြောဖို့ရာ အလွန် ငြီးငွေ့စရာကောင်းတဲ့ အချက်အလက်တွေ” လို့ နားလည်လိုက်ပါတယ်။
အင်္ဂလိပ်စာကို စနစ်တကျလေ့လာချင်ပါသလား။ sayar.com.mm တွင် ရှိသော ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။
ဆရာ ဆရာမများလည်း အခမဲ့ register လုပ်ထားလို့ ရပါတယ်ခင်ဗျာ။
Source; myanamr-network.net