×
Warning
JUser: :_load: Unable to load user with ID: 723
Language
Tuesday, 23 January 2018
Will ကို သံုးမလား၊ Going to ကုိ သံုးမလား
Will ကို သံုးမလား၊ Going to ကုိ သံုးမလား google.com
2) I will quit my job if I find a better one. (အကယ်-ဆိုရင် ဝါကျ conditional sentence ဖြစ်တဲ့ အတွက်  “will” ကို သုံးပါတယ်။)
will or going to
Unicode ဖြင့်ဖတ်ရန်
အောက်မှာပေးထားတဲ့ ဝါကျတွေကို ကွင်းထဲမှာပေးထားတဲ့ စကားလုံးတွေအသုံးပြုပြီး ကွက်လပ်ဖြည့်ပါ။ ကွက်လပ်အရေအတွက်ထက် စကားလုံးတွေ ပိုပြီးပေးထားပါတယ်။
1)My sister ( ) ( ) ( ) ( ) a baby in April. ( have, will, is, going, to, has)
ညီမဖြစ်သူက ဧပြီလမှာ သားဖွားပါမယ်။
2) I ( ) ( ) ( ) ( ) if I find a better one. (quit, will, am, my, going to, job)
ဒီထက်ပိုကောင်းတဲ့ အလုပ်ရရင် ဒီအလုပ်က ထွက်မှာဘဲ။
3) I think smoking problems ( ) ( ) ( ) ( ) in the future.(going to, will, become, are, going to, serious, more)
ဆေးလိပ်သောက်တဲ့ ပြဿနာက အနာဂတ်မှာ ပိုပြီး ဆိုးဝါးလာမယ်လို့ ထင်တယ်။
4) ( ) ( ) ( ) ( ) ( ) address the population problem? (the, is, going, to, will, government)
နိုင်ငံတော်အစိုးရက လူဦးရေ ပြဿနာကို ဖြေရှင်းမှာလား။
5) The doctor says she ( ) ( ) ( ) ( ) ( ) soon. (will, to, is, getting, better, get, going)
သူမကြာခင် နေကောင်းလာမှာပါလို့ ဆရာဝန်က ပြောတယ်။
အဖြေတွေနဲ့ ကြောင်းကျိုးဖော်ပြတဲ့ မှတ်ချက်တွေကိုလည်း ကွင်းနဲ့ ဖော်ပြပေးထားပါတယ်။
1)My sister is going to have a baby in April. (ပစ္စုပ္ပန်မှာ သက်သေအထောက်အထား/ အရိပ် လက္ခဏာ တွေ့မြင်နေရတဲ့အတွက် “be going to ” ကို သုံးရပါတယ်။)
2) I will quit my job if I find a better one. (အကယ်၍-ဆိုရင် ဝါကျ conditional sentence ဖြစ်တဲ့ အတွက် “will” ကို သုံးပါတယ်။)
3) I think smoking problems will become more serious in the future. (ဘာတွေဖြစ်မလဲ ထင်မြင်ချက်ကို ဖော်ပြဖို့ “will” ကို သုံးပါတယ်။)
4) Is the government going to address the population problem? ( အစီအစဉ်ရေးဆွဲထားပြီး ဆုံးဖြတ်ချက်ချမှတ်ထားပြီး ကိစ္စတွေကို ဖော်ပြဖို့ “be going to” ကို သုံးပါတယ်။)
5) The doctor says she is going to get better soon. (ဖြစ်ရပ်တွေကို ကြိုတင်ဟောကိန်းထုတ်ဖို့ “be going to” ကို သုံးပါတယ်။)
will or going to
Ringing/OK, I’ll (I will) answer it. ဖုန်းမြည်နေတယ် / ကဲ ငါဘဲ ကိုင်လိုက်ပါမယ်။
ကြိုတင်စဉ်းစားထားတဲ့ အစီအစဉ်တွေကို ဖော်ပြဖို့ “Going to” ကို သုံးပါတယ်။
What are your plans for tomorrow? (မနက်ဖြန်အတွက် ဘာတွေ စီစဉ်ထားသလဲ။)
I’m going to visit some key clients. အရေးကြီးတဲ့ အလုပ်အပ်သူတွေအချို့ဆီကို သွားပါမယ်။
အောက်ဖော်ပြပါ အလုပ်ထဲက အခြေအနေဥပမာအချို့ကို လေ့လာကြည့်ပြီး မှန်ကန်တဲ့အသုံးအနှုန်းကို ရွေးချယ်ပေးပါ။
A: Let’s try and keep in contact. အဆက်အသွယ် မပြတ်လုပ်ကြမယ်လေ။
B: OK, I’m going to/I will send you my contact details by email. အိုကေပါ၊ ကျွန်တော့်ဆီကို ဆက်သွယ်ဖို့ အသေးစိတ်အချက်အလက်တွေကို အီးမေးလ်နဲ့ ပို့လိုက်ပါမယ်။
A: Are you writing your self-evaluation this week? အခုအပတ်ထဲမှာ ကိုယ်တိုင် အကဲဖြတ် သုံးသပ်ချက် ရေးမှာလား။
B: Yes, I’m going to/ I will see him finish it tonight. ဟုတ်ကဲ့၊ ဒီည ပြီးအောင် ရေးမှာပါ။ သူဒီည ရေးပြီးအောင် ကြည့်လိုက်ပါမယ်။
A: Are you having your evaluation meeting this week? အကဲဖြတ်သုံးသပ်တဲ့ အစည်းအဝေးကို ဒီအပတ်ထဲမှာ လုပ်မှာလား။
B: Yes, I’ll meet/I’m meeting the boss on Friday morning. ဟုတ်ပါတယ်၊ သောကြာနေ့မနက်မှာ အထက်လူကြီးနဲ့ တွေ့ပါမယ်။
ပထမ ဥပမာမှာ ဆက်သွယ်ရမယ့် အသေးစိတ် အချက်အလက်တွေ ပေးပို့ဖို့ ဆုံးဖြတ်ချက်ကို စကားမပြော ခင်က ကြိုတင်ချမှတ်ထားတာ မဟုတ်ဘဲစကားပြောနေတုံးမှ ဆုံးဖြတ်ချက်ချတဲ့အတွက် I will ကို သုံးပါ တယ်။
ဒုတိယဥပမာမှာ ပြောသူက ဒီညပြီးအောင် ရေးမယ်လို့ အစီအစဉ်ဆွဲထားပြီး ဖြစ်တဲ့အတွက် going to ကို သုံးပါတယ်။
နောက်ဆုံးဥပမာမှာ I’m meeting လို့ သုံးတာကတော့ ဒိုင်ယာရီထဲ ထည့်ရေးထားလို့ ဖြစ်ပါတယ်။
Source: Myanmar-network.net
Read times Last modified on Monday, 20 January 2020 10:33
Rate this articles
(1 Vote)