×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 22 April 2019

လူကြိုက်များအောင်နေထိုင်နည်း (၆) နည်း

လူကြိုက်များအောင်နေထိုင်နည်း (၆) နည်း google

(၁) လူတွေကို အမှန်တကယ်စိတ်ဝင်စားပေးပါ။

လူတွေကို သင်ဟာစိတ်ဝင်စားကြောင်းပြသပေးဖို့ လိုအပ်ပါတယ်။

လူဆိုတဲ့သဘာဝက သူ့ အကြောင်းကို သူ ပိုပြီးတော့ စိတ်ဝင်စားကြပါတယ်။ ကျွန်တော်တို့ က သူတို့ တွေဘာတွေစိတ်ဝင်စားနေလဲ၊ ဘာတွေကိုကြိုက်နှစ်သက်တက်သလဲ၊ ဘာတွေကိုလိုချင်ကြသလဲ...ဒါတွေ ကို ကျွန်တော်တို့ က စိတ်ဝင်တစားရှိပေးခြင်းဟာ တစ်ဖက်လူတွေ ကိုယ့်ဘက်ကို ပါလာအောင် ဆွဲဆောင် ခြင်းလဲဖြစ်တယ်၊ 

လူတွေ ကိုယ့်ကို နှစ်သက်လာအောင်ပြုလုပ်ခြင်းလဲဖြစ်ပါတယ်။

ဒါကြောင့်သင်ဟာ လူကြိုက်များတဲ့သူ ဖြစ်ချင်တယ်ဆိုရင်တော့ လူတွေ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ သူငယ်ချင်းတွေ ၊ မိတ်တွေတွေ သူတို့ ရဲ့ ရင်ထဲမှာ ဘာတွေရှိသလဲ သူတို့ ဘာကိုစိတ်ဝင်စားသလဲဆိုတာကို သင်သိပြီးတော့ ..သူတို့ နဲ့ အတူ လိုက်ပြီးတော့ လိုက်လံစိတ်ဝင်စားပေးဖို့ လိုအပ်ပါတယ်။

 

 

(၂) ပြုံးရွှင်နေပါစေ။

သင်အမြဲပြုံးရွှင်နေဖို့ လိုအပ်ပါတယ်။ အပြုံးဟာ လူချစ်လူခင်များစေပါတယ်။ လူတွေသင့်ကိုနှစ်သက်လာစေပါတယ်။ သင်ဟာပြုံးရွှင်နေခြင်းအားဖြင့် သင်ဟာ ပျော်ရွှင်နေတယ်၊ စိတ်ချမ်းသာနေတယ် ၊ အကောင်းမြင်တဲ့ စိတ်ရှိနေတယ်ဆိုတာကို လူတွေသိရှိစေနိုင်ပါတယ်။

လူတွေ သင့်ကိုနှစ်သက်လာအောင် လူကြိုက်များလာအောင် လုပ်တဲ့ နံပါတ် (၂) အချက်ကတော့ သင်ဟာပြုံးရွှင်တဲ့ မျက်နှာထားနဲ့ ပြုံးပြုံး ရွှင်ရွှင်နေထိုင်တတ်ဖို့ လိုအပ်ပါတယ်။

 

 

(၃) တစ်ဖက်သားရဲ့ အမည်ကိုမှတ်မိနေပါစေ။

သင်ဟာ တစ်ဖက်သူရဲ့ အမည်၊ နာမည်ကိုမှတ်မိဖို့ လိုအပ်ပါတယ်။ သူတို့ကိုလေးလေးစားစားနဲ့ သူတို့ ရဲ့ နာမည်လေးကိုခ်ါပြီးတော့နှုတ်ဆက်မယ်၊ စကားပြောဆိုမယ် ၊ ဆက်သွယ်မယ်ဆိုရင် သူတို့ တွေ အင်မတန်မှ နှစ်သက်ပြီးတော့ သင်နဲ့ အလုပ်လုပ်တဲ့ အခါ ပိုပြီးတော့ အဆင်ပြေ ချောမွေ့ မှု တွေရှိစေမှာဖြစ်ပါတယ်။

 

 

(၄) နားထောင်ကောင်းတဲ့ သူဖြစ်ပါစေ။

သင်ဟာနားထောင်းကောင်းတဲ့ လူဖြစ်ဖို့ လိုအပ်ပါတယ်။ အဲ့ ဒီတော့ တစ်ဖက်သားပြောကြားတဲ့ စကားတွေကိုသင်ဟာ ဂရုတစိုက်နဲ့ နားထောင်ပေးမယ်၊ နားစိုက်ပြီးလေးလေးစားစားနားထောင်ပေးမယ်ဆိုရင် တစ်ဖက်သားက သင့်ကို ပိုပြီးတော့နှစ်သက်လာဖြစ်ပါတယ်။

 

 

(၅) တစ်ဖက်သားဘာကိုအမှန်တစ်ကယ် စိတ်ဝင်စားလဲသိပါ။

တစ်ဖက်သားဘာကိုအမှန်တကယ်စိတ်ဝင်စားလဲ ဆိုတာသင်သိရမယ်။ နောက်ပြီး သူစိတ်ဝင်စားတဲ့အကြောင်း အရာကို သင်ဟာပြောရမှာဖြစ်ပါတယ်။ တစ်ဖက်သား ရင်ထဲမှာဘာတွေရှိသလဲ ဘာတွေသူစိတ်ဝင်စားနေလဲ...၊ အဲ့ဒီသူစိတ်ဝင်စားတဲ့အကြောင်းအရာကနေ စကားစပြောဖို့ လိုအပ်ပါတယ်။

ဆွေးနွေးမှု၊ ညှိနှိုင်းမှုတွေလုပ်တဲ့အခါမှာ အဓိကဆွေးနွေးမယ့်အရာ ညှိနှိုင်းမယ့် အကြောင်းအရာကိုအရင်မသွားပဲနဲ့ ကိုယ်နဲ့ တွေ့ ဆုံဆွေးနွေးမည့်သူဟာ ဘာကိုကြိုက်တတ်သလဲ ၊ သူဟာဘာကိုစိတ်ဝင်စားနေသလဲ ...အဲ့ဒီအကြောင်းအရာကို သင်ဟာအစဖော်ပြီးတော့ မေးမြန်းခြင်း၊ ပြောဆိုခြင်း၊ ဆွေးနွေး ခြင်းဖြင့် သင်ဟာစကားဝိုင်းကို ဦးတောင်ပြီးတော့ သင့်ဘက်ပါလာအောင် စတင်ပြီး စကားပြောဆိုလိုရပါတယ်။

ဒီလိုပြောဆိုတတ်ခြင်း ဟာလဲ သင့်ကို လူကြိုက်များစေတယ်၊ လူချစ်လူခင်များစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

 

 

(၆) သူတို့ ကိုယ်သူတို့ အထင်ကြီးလာအောင်၊ ဂုဏ်ယူတတ်လာအောင် သင်ဟာလုပ်ဆောင်ပေးပါ။

သူတို့ ကို ဂုဏ်ပြုပေးပါ၊ သူတို့ ကို ချီးမွှန်းစကားပြောပေးပါ။ သူဟာ အရမ်းတော်ကြောင်းကိုကျွန်တော်တို့ ကပြောဆိုပေးခြင်းအားဖြင့် သူတို့ ကိုယ်သူတို့ ဂုဏ်ယူတတ်လာမယ်။ သူတို့ ကိုအားပေးခြင်းအားဖြင့် ခွန်အားတွေတိုးပွားလာပြီးတော့ လုပ်နိုင်စွမ်းတွေပိုပြီးတော့ မြင့်မားလာမှာဖြစ်ပါတယ်။


ဖော်ပြထားတဲ့အချက်တွေကိုဆန့်ကျင်ပြီးလုပ်တဲ့ အခါ ဘာကိုတွေ့ ရလဲဆိုတော့ လူတွေသည်ကျွန်တော်တို့ ကို နှစ်သက်မှု၊ ချစ်ခင်မှုလျော့နည်းသွားတာ တွေမြင်ရမှာဖြစ်ပါတယ်။

သင်ဟာလူကြိုက်များတဲ့သူဖြစ်ချင်တယ်၊ လူချစ်လူခင်များတဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဖော် ပြသွားတဲ့ အချက် (၆) ချက်ကို လိုက်နာဆောင်ရွက်ကြ ပါလို့ ပြောချင်ပါတယ်။

 

source: future wave succes & motivation training

Read times Last modified on Tuesday, 18 February 2020 11:51
Rate this articles
(1 Vote)