နည္းပညာေတြတိုးတက္လာတဲ့ေခတ္မွာ ကုိယ့္ကုိယ္ကုိ လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါးနဲ႕ မနက္ရံဳးသြား ညေနရံုးျပန္ဒီလိုမ်ိဳး ခ်ဳပ္ေႏွာင္ထားတဲ့အလုပ္ေတြမဟုတ္ပဲ အလြတ္တန္းလုပ္ရတဲ့အလုပ္ေတြကို ပိုမို ေရြးခ်ယ္ ခြင့္ရွိလာပါတယ္။ အဂၤလိပ္လိုကြ်မ္းက်င္သူေတြအတြက္ အြန္လိုင္းအလုပ္ေလးေတြ ေဖာ္ျပေပးလုိက္ပါတယ္။
ဒီအလုပ္ကိုလုပ္ဖို႕အတြက္ သင့္မွာ လက္ပ္ေတာ့တစ္လံုးရယ္၊ တည္ျငိမ္တဲ့ အင္တာနက္လိုင္းရယ္၊ အဂၤလိပ္လိုကြ်မ္းက်င္ဖို႔ရယ္ ဒါေလးပဲ လုိပါတယ္။
အလြတ္တန္း ေၾကာ္ျငာစာသားေရးသူ / Freelance copywriter
အလြတ္တန္းေၾကာ္ျငာစာသားေရးသူအလုပ္ကလည္း အဂၤလိပ္စကားေျပာတတ္သူေတြအတြက္ ေရပန္းစားတဲ့အြန္လိုင္းအလုပ္တစ္ခုလို႔ ေျပာလို႔ရပါတယ္။ ဒစ္ဂ်စ္တယ္ေစ်းကြက္ ျမွင့္တင္ေရးနဲ႕ ကုန္အမွတ္တံဆိပ္ေအာင္ျမင္ေရး digital marketing and branding လုိင္းေတြတိုးတက္လာတာက အြန္လိုင္းအလုပ္လုိအပ္ခ်က္ေတြကို ဖန္တီးလိုက္တာပါပဲ။ အြန္လိုင္းဆိုင္ရာအေရးအသားေတြျဖစ္တဲ့ ဝက္ဘ္ဆိုက္မွာ တင္တဲ့စာေတြ၊ ဘေလာ့ဂ္ေဆာင္းပါးေတြ၊ ျပည္သူ႕ဆက္ဆံေရးေဆာင္းပါးေတြ၊ လူမွဳကြန္ယက္ပို႔စ္ေတြ စသျဖင့္ အြန္လိုင္းမွာ လူေတြဖတ္ေလ့ရွိၾကတဲ့စာ အမ်ိဳးအစားေတြကုိ ေရးသူေတြလည္း ေခတ္စားလာပါတယ္။ သင္ဟာ ဘယ္မွာပဲ အေျခစိုက္ေနထိုင္သည္ျဖစ္ေစ အလုပ္အကိုင္ ရွာေဖြေရၚဝက္ဘ္ဆိုက္ေတြနဲ႕ facebook group ေတြမွာ ဆိုရင္လည္း ေၾကာ္ျငာစာသားေရးသူ copy writer , content writer အလိုရွိသည္ ေၾကာ္ျငာေတြကို အလြယ္တကူေတြ႔နိုင္ပါတယ္။ ဒီထက္ပို ေကာင္းတာကေတာ့ သင့္အေနနဲ႔ ဆြဲေဆာင္မွဳရွိတဲ့ အေၾကာင္းအရာစာသားေတြကုိ အဂၤလိပ္လို ေရးသားနိုင္တယ္ဆိုရင္ ျပီးေတာ့ အဂၤလိပ္ဘာသာကေန ျမန္မာဘာသာကုိ ျပန္ဆိုနိုင္တယ္ဆိုရင္ ပိုမိုက်ယ္ျပန္႔တဲ့အသံုးခ်မွဳနဲ႕ ပရိတ္သတ္ထံေရာက္ရွိႏွဳန္းလည္း ပိုမ်ားနိုင္တဲ့အတြက္ ပံုမွန္ရမယ့္ လုပ္ခႏွုန္းထားလည္း တိုးပြါးနိုင္ပါေသးတယ္။
Recommended for you - ကြ်န္ေတာ္ဘာေခါင္းစဥ္ တပ္သင့္လဲ
ဝက္ဘ္ဆိုက္ သုေတသန အကဲျဖတ္သူ / Web research evaluator
ဒီအလုပ္ကလည္း ဝက္ဘ္ဆိုက္တစ္ခုဟာ ေကာင္းေကာင္းလည္ပတ္ေနတာ ဟုတ္မဟုတ္၊ သံုးသပ္အကဲျဖတ္နိုင္ဖုိ႔ အတြက္ ေဒတာဆန္းစစ္မွဳ data analysis ၊ ရွာေဖြမွဳ serarching နဲ႕ အသံုးျပဳသူ ေတြရဲ႕ သံုးစြဲပံုကုိ ေလ့လာတဲ့ UX / UI evaluation ေတြနဲ႕ သက္ဆိုင္တဲ့အလုပ္ျဖစ္ပါတယ္။ တာဝန္ပိုင္းေတြကေတာ့ သီးျခားနည္းပညာဆိုင္ရာ အသိဗဟုသုတ လုိအပ္ေပမယ့္ အျပန္အလွန္အားျဖင့္ သင့္ဝင္ေငြက အျခားေသာအလြတ္တန္း freelance အလုပ္ေတြထက္ပိုျပီးေကာင္းပါတယ္။ ကမၻာမွာ လူၾကည့္အမ်ားဆံုး ဝက္ဘ္ဆိုက္ေတြရဲ႕ တစ္ဝက္ေလာက္ကလည္း အဂၤလိပ္လိုေရးထားတာျဖစ္ျပီး အဂၤလိပ္လို ကြ်မ္းက်င္ပိုင္နိုင္မွဳရွိျခင္းကလည္း ဒီေနရာမွာ အလြန္႔အလြန္႔ကို အေရးၾကီးပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႕ ေနာက္ဆံုးရသတ္ငးအခ်က္အလက္အတြက္ အဂၤလိပ္ဘာသာစကားကိုေတာ့ ကြ်မ္းက်င္ထားဖို႔ လိုပါတယ္။
Recommended for you- တစ်ခုတည်းပြောင်းလဲကြည့်ပါ
စာရင္းအင္းစစ္ေဆးသူ / Accounting coordinator
လူေတာ္ေတာ္မ်ားမ်ားက စာရင္းအင္းစစ္ေဆးသူ Accounting coordinator အလုပ္ကို အဂၤလိပ္ စကားေျပာတတ္သူေတြအတြက္ အြန္လိုင္းကလုပ္လို႕ရတဲ့ အလုပ္လို႕ သိပ္ျပီး မထင္ၾကပါဘူး။ CRM ( Customer relation-ship management) လို႔ေခၚတဲ့ စားသံုးသူမ်ားနဲ႕ ဆက္ဆံေရးနည္းနာေတြ၊ အထူး ေဆာ့ဖ္ဝဲေတြ တိုးတက္လာတာနဲ႕အမွ် ဒီအလုပ္ကလည္း အေဝးကေန အလုပ္လုပ္ခ်င္တဲ့သူေတြၾကား ေခတ္စားလာတဲ့ အလုပ္တစ္ခုလည္း ျဖစ္ပါတယ္။ ထူေထာင္ကာစ Start-up နဲ႕အျခားကုမၸဏီငယ္ေလး ေတြက ရံုးပိုင္းနဲ႕ စာရင္းအင္းပိုင္းဆိုင္ရာ ကိစၥေတြကို ကိုင္တြယ္ႏိုင္မယ့္လူ လံုေလာက္စြာ မရွိတတ္ၾကပါဘူး။ ဒါေၾကာင့္အလြတ္တန္း စာရင္းကုိင္ေတြကို ငွားျပီး လစာထုတ္ေပးေရးကိစၥေတြ၊ ေပးရန္ ရရန္ရွိေသာစာရင္းေတြကို စီစဥ္လုပ္ကိုင္ၾကရတာဟာ သူတို႔အတြက္ပိုျပီးလက္ေတြ႕က်ျပီး၊ အကုန္အက်ေခြ်တာတဲ့ ေျဖရွင္းခ်က္လည္း ျဖစ္လာပါေတာ့တယ္။
Source; wallstreetenglish
[Ucicode Vesion]
နည်းပညာတွေတိုးတက်လာတဲ့ခေတ်မှာ ကိုယ့်ကိုယ်ကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ မနက်ရုံးသွား ညနေရုံးပြန်ဒီလိုမျိုး ချုပ်နှောင်ထားတဲ့အလုပ်တွေမဟုတ်ပဲ အလွတ်တန်းလုပ်ရတဲ့အလုပ်တွေကို ပိုမို ရွေးချယ် ခွင့်ရှိလာပါတယ်။ အင်္ဂလိပ်လိုကျွမ်းကျင်သူတွေအတွက် အွန်လိုင်းအလုပ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ဒီအလုပ်ကိုလုပ်ဖို့အတွက် သင့်မှာ လက်ပ်တော့တစ်လုံးရယ်၊ တည်ငြိမ်တဲ့ အင်တာနက်လိုင်းရယ်၊ အင်္ဂလိပ်လိုကျွမ်းကျင်ဖို့ရယ် ဒါလေးပဲ လိုပါတယ်။
အလွတ်တန်း ကြော်ငြာစာသားရေးသူ / Freelance copywriter
အလွတ်တန်းကြော်ငြာစာသားရေးသူအလုပ်ကလည်း အင်္ဂလိပ်စကားပြောတတ်သူတွေအတွက် ရေပန်းစားတဲ့အွန်လိုင်းအလုပ်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒစ်ဂျစ်တယ်စျေးကွက် မြှင့်တင်ရေးနဲ့ ကုန်အမှတ်တံဆိပ်အောင်မြင်ရေး digital marketing and branding လိုင်းတွေတိုးတက်လာတာက အွန်လိုင်းအလုပ်လိုအပ်ချက်တွေကို ဖန်တီးလိုက်တာပါပဲ။ အွန်လိုင်းဆိုင်ရာအရေးအသားတွေဖြစ်တဲ့ ဝက်ဘ်ဆိုက်မှာ တင်တဲ့စာတွေ၊ ဘလော့ဂ်ဆောင်းပါးတွေ၊ ပြည်သူ့ဆက်ဆံရေးဆောင်းပါးတွေ၊ လူမှုကွန်ယက်ပို့စ်တွေ စသဖြင့် အွန်လိုင်းမှာ လူတွေဖတ်လေ့ရှိကြတဲ့စာ အမျိုးအစားတွေကို ရေးသူတွေလည်း ခေတ်စားလာပါတယ်။ သင်ဟာ ဘယ်မှာပဲ အခြေစိုက်နေထိုင်သည်ဖြစ်စေ အလုပ်အကိုင် ရှာဖွေရေါ်ဝက်ဘ်ဆိုက်တွေနဲ့ facebook group တွေမှာ ဆိုရင်လည်း ကြော်ငြာစာသားရေးသူ copy writer , content writer အလိုရှိသည် ကြော်ငြာတွေကို အလွယ်တကူတွေ့နိုင်ပါတယ်။ ဒီထက်ပို ကောင်းတာကတော့ သင့်အနေနဲ့ ဆွဲဆောင်မှုရှိတဲ့ အကြောင်းအရာစာသားတွေကို အင်္ဂလိပ်လို ရေးသားနိုင်တယ်ဆိုရင် ပြီးတော့ အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုနိုင်တယ်ဆိုရင် ပိုမိုကျယ်ပြန့်တဲ့အသုံးချမှုနဲ့ ပရိတ်သတ်ထံရောက်ရှိနှုန်းလည်း ပိုများနိုင်တဲ့အတွက် ပုံမှန်ရမယ့် လုပ်ခနှုန်းထားလည်း တိုးပွါးနိုင်ပါသေးတယ်။
Recommended for you - ကျွန်တော်ဘာခေါင်းစဉ် တပ်သင့်လဲ
ဝက်ဘ်ဆိုက် သုတေသန အကဲဖြတ်သူ / Web research evaluator
ဒီအလုပ်ကလည်း ဝက်ဘ်ဆိုက်တစ်ခုဟာ ကောင်းကောင်းလည်ပတ်နေတာ ဟုတ်မဟုတ်၊ သုံးသပ်အကဲဖြတ်နိုင်ဖို့ အတွက် ဒေတာဆန်းစစ်မှု data analysis ၊ ရှာဖွေမှု serarching နဲ့ အသုံးပြုသူ တွေရဲ့ သုံးစွဲပုံကို လေ့လာတဲ့ UX / UI evaluation တွေနဲ့ သက်ဆိုင်တဲ့အလုပ်ဖြစ်ပါတယ်။ တာဝန်ပိုင်းတွေကတော့ သီးခြားနည်းပညာဆိုင်ရာ အသိဗဟုသုတ လိုအပ်ပေမယ့် အပြန်အလှန်အားဖြင့် သင့်ဝင်ငွေက အခြားသောအလွတ်တန်း freelance အလုပ်တွေထက်ပိုပြီးကောင်းပါတယ်။ ကမ္ဘာမှာ လူကြည့်အများဆုံး ဝက်ဘ်ဆိုက်တွေရဲ့ တစ်ဝက်လောက်ကလည်း အင်္ဂလိပ်လိုရေးထားတာဖြစ်ပြီး အင်္ဂလိပ်လို ကျွမ်းကျင်ပိုင်နိုင်မှုရှိခြင်းကလည်း ဒီနေရာမှာ အလွန့်အလွန့်ကို အရေးကြီးပါတယ်။ ဒါကြောင့် သင့်အနေနဲ့ နောက်ဆုံးရသတ်ငးအချက်အလက်အတွက် အင်္ဂလိပ်ဘာသာစကားကိုတော့ ကျွမ်းကျင်ထားဖို့ လိုပါတယ်။
Recommended for you- တစ်ခုတည်းပြောင်းလဲကြည့်ပါ
စာရင်းအင်းစစ်ဆေးသူ / Accounting coordinator
လူတော်တော်များများက စာရင်းအင်းစစ်ဆေးသူ Accounting coordinator အလုပ်ကို အင်္ဂလိပ် စကားပြောတတ်သူတွေအတွက် အွန်လိုင်းကလုပ်လို့ရတဲ့ အလုပ်လို့ သိပ်ပြီး မထင်ကြပါဘူး။ CRM ( Customer relation-ship management) လို့ခေါ်တဲ့ စားသုံးသူများနဲ့ ဆက်ဆံရေးနည်းနာတွေ၊ အထူး ဆော့ဖ်ဝဲတွေ တိုးတက်လာတာနဲ့အမျှ ဒီအလုပ်ကလည်း အဝေးကနေ အလုပ်လုပ်ချင်တဲ့သူတွေကြား ခေတ်စားလာတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။ ထူထောင်ကာစ Start-up နဲ့အခြားကုမ္ပဏီငယ်လေး တွေက ရုံးပိုင်းနဲ့ စာရင်းအင်းပိုင်းဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်နိုင်မယ့်လူ လုံလောက်စွာ မရှိတတ်ကြပါဘူး။ ဒါကြောင့်အလွတ်တန်း စာရင်းကိုင်တွေကို ငှားပြီး လစာထုတ်ပေးရေးကိစ္စတွေ၊ ပေးရန် ရရန်ရှိသောစာရင်းတွေကို စီစဉ်လုပ်ကိုင်ကြရတာဟာ သူတို့အတွက်ပိုပြီးလက်တွေ့ကျပြီး၊ အကုန်အကျချွေတာတဲ့ ဖြေရှင်းချက်လည်း ဖြစ်လာပါတော့တယ်။
Source; wallstreetenglish