သည်နေ့ဘာတွေလုပ်စရာရှိလဲ မေ့တတ်နေပြီလား။ ဘာပြီးရင် ဘာလုပ်မယ် အစီအစဉ်တွေ အကုန်ပျောက်၊ ပစ္စည်းတွေ ဘယ်နားထားမိမှန်းမသိဖြစ်နေတတ်လား။ ဒါဆို မှတ်ဥာဏ်ပြဿနာ ရှိနေပါပြီ။
အခုခေတ် ဒစ်ဂျစ်တယ်ပစ္စည်းတွေက ခေတ်မီလွန်းတော့ ဖုန်းနံပါတ်တွေ၊ အဆက်အသွယ်တွေ၊ လုပ်စရာ အစီအစဉ်တွေကို ဖုန်းထဲ၊ ကွန်ပျူတာထဲ မှတ်သားလာကြပါတယ်။ စက်ပစ္စည်းအားကိုးနဲ့ ဦးနှောက်ကို အလုပ်မပေးတာတွေ၊ ဒါမှမဟုတ် စိတ်ဖိစီးမှု၊ အလုပ်တာဝန်တွေများလို့ မေ့တတ်လာသူတွေအတွက် ဦးနှောက်စွမ်းရည်တိုးတက်စေမယ့် နည်းလမ်း ရှစ်ခုကို ဖော်ပြပေးလိုက်ပါမယ်ခင်ဗျာ။
အာရုံထားပါ။
စာဖတ်နေတာပဲဖြစ်ဖြစ်၊ အရေးကြီးတဲ့ ဧည့်သည်နဲ့ ဆွေးနွေးနေတာဖြစ်ဖြစ်၊ ညွှန်ကြားချက်ကို နားထောင်နေတာပဲ ဖြစ်ဖြစ် တစ်ခုတည်းကို အာရုံစိုက်ထားပါ။ တခြားအာရုံတွေကို အဝင်မခံပါနဲ့။
မြင်ယောင်ပုံဖော်ကြည့်ပါ။
တစ်ခုခုကို မမှတ်မိရတဲ့အကြောင်းက တကယ်တမ်းကိုယ်တိုင်မမြင်ရတဲ့အတွက် ကိုယ်မှတ်မိချင်တဲ့အရာကို မှတ်မထားနိုင်တာလည်း ပါပါတယ်။ စိတ်ထဲကနေ ပုံဖော်မြင်ယောင်ကြည့်ပါ။ နည်းနည်းတော့ အူကြောင် ကြောင်နိုင်တယ် ဆိုပေမယ့် ထိရောက်ပါတယ်။
မနက်ဖြန်မေ့နိုင်လောက်တဲ့ အရာတွေအတွက် အစီအစဉ်ဆွဲပါ။
နောက်တစ်နေ့မှာ ဟိုမေ့သည်မေ့ ဖြစ်တတ်တဲ့ ကိုယ့်ကိုယ်ကို သိနေမှာပါ။ အခုလောလောဆယ် သေချာ သတိထားမှတ်နေတဲ့အရာကို နောက်နှစ်ရက်လောက်ဆို ကိုယ့်ကိုယ်ကို ပြန်မေးနေရလောက်ပြီ ဆိုတော့ ကြိုစဉ်းစားပြီး စာရွက်နဲ့ဖြစ်ဖြစ် မှတ်ထားလိုက်ပါ။
Recommended for you - ခေါင်းဆောင်ညံ့တစ်ယောက်ဖြစ်ကြောင်း ပြသနေတဲ့ အချက်(၁ဝ)ချက်
မှတ်ဥာဏ်မကောင်းတဲ့အကြောင်း ကိုယ့်ကိုယ်ကို ပြောနေတာ ရပ်ပါ။
နာမည်တွေ မမှတ်မိတဲ့ပြဿနာက လူမှုဆက်ဆံရေးမှာ စိတ်ညစ်စရာကောင်းပါတယ်။ ဒါပေမယ့် ငါက သိပ်မေ့တတ်တာပဲ၊ ငါကမေ့တတ်လွန်းတယ်လို့ ကိုယ့်ကိုယ်ကို သတိပေးမနေပါနဲ့။ နည်းလမ်းရှာပြီး မှတ်မိအောင် လုပ်ပါ။
အရည်အချင်းသစ်ကို သင်ယူပါ။
အလုပ်ခွင်မှာ ကိုယ်မသိသေးတာကို သင်ယူရရှိခြင်းက တကယ်ကောင်းပါတယ်။ အသစ်ဖြစ်ပြီး ခက်ခဲတဲ့ အလုပ်တွေဟာ ပင်ပန်းပေမယ့် ဦးနှောက်အတွက် တကယ်ကောင်းပါတယ်။ သက်သာလွယ်ကူခြင်းက ဦးနှောက်အတွက် ရန်သူတွေပါ။ ဒါကြောင့် စိန်ခေါ်မှုတွေ ကိုကြိုဆိုပါ။ အကြောင်းအရာသစ်တွေကို မှတ်သားတဲ့အခါ မှတ်ဥာဏ်က ပိုအလုပ်လုပ်ပါတယ်။
ခဏလောက် အနားယူပါ။
သုတေသနအရ တစ်ခုခုကို သင်ယူပြီး မှတ်သားလေ့လာပြီး နောက် ၁၀ မိနစ်လောက်ငြိမ်ငြိမ်လေး အနားယူလိုက်ရင် ပိုမှတ်မိလွယ်တယ်လို့ ဆိုပါတယ်။ နေ့စဉ်ဆိုရင်တော့ ဦးနှောက်ကို သွေးလည်ပတ်မှု ပိုကောင်းစေပြီး ကျန်းမာရေးနဲ့ညီတဲ့ အစာအာဟာရက အာရုံစူးစိုက်မှုနဲ့ ဥာဏ်ရည်ကို ထက်မြက်စေ ပါတယ်။
Yun Sandi
Source: kumudra
Recommended for you - “အသက် (၃၀) အရွယ်မှာစတင်ရမည့်အရာများ”