×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Motivate

Thursday, 10 May 2018

သင့်ဘဝကို ပြောင်းလဲနိုင်တာ သင်ကိုယ်တိုင်ပဲ

သင့်ဘဝကို ပြောင်းလဲနိုင်တာ သင်ကိုယ်တိုင်ပဲ google.com

သင်တကယ်အောင်မြင်ချင်ပါသလား

တကယ်ရော အောင်မြင်ချင်တာ သေချာပါရဲ့လား

"တကယ်ဖြစ်ချင်၊ တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်" ဆိုတဲ့ စကားရှိတယ်။ တကယ်မဖြစ်ချင် သူဟာ ၊ တကယ်မလုပ်ဘူး။ (ဘယ်​​လောက်နည်းလမ်ကောင်တွေရှိရှိ)

တကယ်မလုပ်ဘူးဆိုတာ၊ တကယ်ဖြစ်ချင်စိတ်မရှိလို့ပဲ။
အဟုတ်
လဲ ဘာမှဖြစ်မှာမဟုတ်ဘူး။

တကယ်အောင်မြင်ချင်ရင်...

၁. စလုပ်နိုင်ဖို့နဲ့

၂. ဆက်လုပ်နေဖို့ လိုတယ်။

လုပ်တတ်တယ်၊ နည်းသိတယ်၊ ဒါပေမယ့် ... လုပ်ကို လုပ်ကို လုပ်ချင်စိတ်မရှိတာဆိုရင် သွားပြီပဲ။ လမ်းမကြီး အဆင်သင့်ခင်ပေးထားတာတောင် လျှောက်ချင်စိတ်မရှိရင် အလကားပဲလေ။

 ဖြစ်ချင်စိတ်ဟာ အဓိကပဲ။
လုပ်
ချင်ကိုင်ချင်စိတ်ဟာ အဓိကပဲ။
စိတ်
အားထက်သန်မှုဟာအဓိကပဲ။

ဒါတွေအားလုံးအတွက် ... 
Motivation ဟာအ
ရေးကြီးတယ်။ 
Motivation ဟာ Success အတွက်
မရှိမဖြစ်ပါပဲ။

• ခင်ဗျားရဲ့ ဆန္ဒတွေထက်သန်လာအောင်
• ခင်
ဗျားရဲ့ စိတ်ဓာတ်​​တွေ နိုးကြားခွန်အားရှိလာအောင်
• ခင်
ဗျားရဲ့ လုံ့လ ဝီရိယ အားနည်းတဲ့ ငပျင်းစိတ်​​တွေ ပျောက်သွားအောင်
• ခင်
ဗျားရဲ့ အိပ်မက်​​တွေကို ပန်းတိုင်အဖြစ် သတ်မှတ်ပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်နိုင်​​အောင် ...

Motivation က လုံးဝ 100 % အပြည့် ... နေ့စဉ်ဘဝထဲမှာ လိုအပ်ပါတယ်

Recommended for you - တစ်နေ့ဖြစ်ရမည်

အင်ျင်​​သေနေတဲ့ စက်ရပ်​​နေတဲ့ကားကို လမ်းညွှန်လို့မရဘူး။ 
မောင်းနှင်ဖို့ဆိုရင် စက်နှိုးရမယ်၊ အင်ဂျင်​​ကောင်းရမယ်

လူဟာလည်း ဒီအတိုင်းပဲ။ ပန်းတိုင်ကိုမောင်းနှင်ဖို့ဆိုရင် စိတ်ကိုနှိုးရမယ်၊ စိတ်အင်ဂျင်​​ရဲ့ပါဝါကောင်းရမယ်လောင်စာဆီလည်းလိုတယ်။ Motivation ဆိုတာ စိတ်ခွန်အားအတွက် အာဟာရပဲ။ အားဆေးပဲ။ Human Engine အတွက်ဆိုရင်​​တော့ လောင်စာဆီလိုပဲ။

Motivation is the Fule, necessary to keep the Human Engine running. 
_ Zig Ziglar

လူဆိုတာ အာဟာရကြောင့် ရပ်တည်ရှင်သန်​​နေနိုင်တာ။ အာဟာရပြတ်တဲ့နေ့ လဲကျတဲ့နေ့ပဲ။ ဒါ့ကြောင်နေ့စဉ် အစာအာဟာရတွေ စားသုံးနေရတယ်။ တစ်ရက်ထဲ အဝစားသောက်ပြီး တစ်လောက် မစားဘဲ နေလို့ရလား။ No! ခင်ဗျားနေ့စဉ်စားသုံးနေရမှာပဲလေ။

ခင်ဗျားရဲ့ ရုပ်ခန္ဒာကိုယ်ကြီးကို ​​နေ့စဉ်အစာ​​ကျွေးနေရသလို ခင်ဗျားရဲ့ စိတ်နဲ့နှလုံးသားအတွက်လည်နေ့စဉ် အာဟာရတွေ ဖြည်နေရမှာပဲ။ တခါတလေလေး စိတ်ခွန်အား ဖြည့်ပြီး ​​တစ်သက်လုံး အောင်မြင်​​နေမယ်ထင်ရင် လွဲတော့မှာပေါ့။

ခင်ဗျားညတိုင်း အိပ်စက်​​နေသလို၊ မနက်တိုင်း နှိုးထနေတာပဲ။ လူဆိုတာ ပင်ပန်းရင် အိပ်မှာပဲ။ စိတ်ဆိုတာလည်း ပင်ပန်းရင် အိပ်မှာပဲ။ ခင်ဗျားရဲ့ အိပ်​​နေတဲ့ စိတ်​​တွေကို နေ့စဉ် နှိုးထစေဖို့က ခင်ဗျားတာဝန်ပဲလေ။

လူကသာ အသက်ရှင်​​နေပြီး စိတ်ဓာတ်က သေဆုံးနေရင် ခင်ဗျားဘဝက အလကားပဲ။ ခင်ဗျားကားကြီး ဘယ်​​လောက်​​ကောင်ကောင်း အင်ဂျင်ကျနေရင်၊ အင်ဂျင်စုတ်ပြတ်သတ်​​နေရင် ခင်ဗျားခရီးဆက်လို့ ရမှာမဟုတ်ဘူး။

ဒီလိုပဲ ခင်ဗျား ဘာကြီးပဲဖြစ်​​နေနေ စိတ်ဓာတ်က ကျနေရင်၊ စိတ်ဓာတ်က စုတ်ပြတ်သတ်​​နေရင် ခင်ဗျား ဘဝခရီး ဆက်လို့ရမှာမဟုတ်ဘူး။

ခင်ဗျားဘဝ ခင်ဗျားပိုင်တယ်
ခင်
ဗျား စိတ် ခင်ဗျားပိုင်တယ်
ခင်
ဗျား စိတ်ဓာတ်ကျနေရင် ပြန်​​ကောက်တင်ရမှာ ခင်ဗျားတာဝန်ပဲ။
စိတ်
ဓာတ်ရဲ့ သဘောက အခက်အခဲကြုံရင် ကျမှာပဲ။
မကျရဘူးမ
ပြောဘူး။ ပြန်မတင်ရင်​​တော့ ခင်ဗျားအပြစ်ပဲ။

ကျလည်းမထူးပါဘူး၊ ကောက်နေတော့ဘူး၊ ကောက်စရာလဲမလိုဘူးဆိုရင်လည်း ဒါခင်ဗျားရဲ့ သမိုင်းပဲ။
ခင်
ဗျားသမိုင်း ကျနော်လည်းဝင်​​ရေးပေးလို့ မရဘူး။
ခင်
ဗျား မိဘတွေလည်း ဝင်ရေးပေးဘူး။
ဘယ်
ဆရာသမားကမှလည်း ဝင်​​ရေးပေးမှာမဟုတ်ဘူး။
လူဆိုတာ ကိုယ်
့သမိုင်း ကိုယ်​​ရေးရမှာပဲ။

သင့်သမိုင်းကြောင်းကောင်းဖို့ သင်လိုချင်တဲ့ ဘဝအောင်မြင်မှုတွေကို ရရှိဖို့ သင့်ဆီမှာပဲ အပြည့်အဝ တာဝန်ရှိတယ် သင်ကိုယ်တိုင်စတင်ပြောင်းလဲရမှာပါ။

Credit; Phoo Kyaw Zin

Recommended for you - အခမဲ့ ပညာရေးဖြင့် ကမ္ဘာကို ပြောင်းလဲသူ

Read times Last modified on Wednesday, 08 January 2020 13:16
Rate this articles
(6 votes)