×
Warning
JUser: :_load: Unable to load user with ID: 723
Student
Tuesday, 06 February 2018
ဂျပန်နိုင်ငံမှာ ပညာသင်ကြားလိုသူများအတွက် လမ်းညွှန်
ဂျပန်နိုင်ငံမှာ ပညာသင်ကြားလိုသူများအတွက် လမ်းညွှန် google.com
၃. ကျန်းမာရေးစစ်ဆေးခ
၎. ဝင်ခွင့်လျှောက်လွှာပို့ခ
၅. ကျောင်းဝင်ကြေး
၇. ခရီးစရိတ်
၈.နေထိုင်စရိတ်
၉. စာအုပ်စာတမ်းကြေး
၁၀. ဗီဇာကြေး အစရှိတဲ့ ကုန်ကျစရိတ်တွေလည်း ရှိပါတယ်။
[Unicode Version]
ဂျပန်နိုင်ငံမှာ ပညာသင်ကြားလိုသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ပညာရေးနဲ့ ကုန်ကျနိုင်မယ့် ကျောင်းစရိတ်တို့ ကို ဖော်ပြပေးလိုက်ပါတယ်။
ဂျပန်နိုင်ငံ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (EJU)(JASSO)
ဂျပန်နိုင်ငံ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (EJU) ဆိုတာက ဂျပန်နိုင်ငံရဲ့ တက္ကသိုလ် ပထမဘွဲ့သင်တန်းကို တက်ရောက်လိုသူတွေအတွက် ဂျပန်ဘာသာအရည်အချင်းနဲ့ အခြေခံပညာအရည်အချင်း (သိပ္ပံ၊ အထွေထွေဘာသာရပ်၊ သင်္ချာ) တွေကို စစ်ဆေးတိုင်းတာတဲ့ စာမေးပွဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံတက္ကသိုလ် ဝင်ခွင့်စာမေးပွဲ (EJU) ရဲ့ ရမှတ်ကို အသုံးပြုနေကြပါတယ်။
ဒီဝင်ခွင့်စာမေးပွဲကို အသုံးပြုနေတဲ့ ကျောင်းအရေအတွက် စုစုပေါင်း ရ၄၂ ကျောင်းရှိပါတယ်။ တက္ကသိုလ် ၄၃၁ ခု၊ ကောလိပ် ၈၄ ခု၊ ဘွဲ့လွန်ကောလိပ် ၅၄ ခု၊ နည်းပညာကောလိပ် ၅၁ ခု၊ အသက်မွေးဝမ်းကျောင်း ၁၂၂ ခုပဲ ဖြစ်ပါတယ်။
Recommended for you - သင့်ရဲ့ဦးနှောက်ကျန်းမာရေးကို တစစဆိုးရွားလာစေနိုင်တဲ့ အကျင့်များ
နှစ်စဉ် ဇွန်လနဲ့ နိုဝင်ဘာလတွေမှာ စာမေးပွဲကို ကျင်းပပါတယ်။ ဂျပန်ဘာသာစကား မလိုအပ်ဘဲ တက်ရောက်နိုင်တဲ့ ပရိုဂရမ်တွေလည်း ရှိပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပို့ချတဲ့အတန်းတက်ခြငး် တစ်မျိုး တည်းနဲ့ ဒီဂရီရရှိနိုင်တဲ့ ပရိုဂရမ်တွေ၊ ကျောင်းဝင်ခွင့်စာမေးပွဲမှာ ဂျပန်ဘာသာအရည်အချင်းရှိရန် လိုအပ်တဲ့အတန်းကို တက်ရောက်ရန်လိုအပ်တဲ့ ပရိုဂရမ်တွေလည်း ရှိပါတယ်။
Degree program in English, Degree Program for International Students, English-Based Degree Programs တွေပဲ ဖြစ်ပါတယ်။ တက္ကသိုလ်တွေနဲ့ ဘွဲ့လွန်တက္ကသိုလ်တွေမှာ အင်္ဂလိပ်ဘာသာနဲ့ သင်ယူပြီး ဘွဲ့ရနိုင်တဲ့ ပရိုဂရမ်တွေ ရှိပေမယ့် နည်းပညာကောလိပ်တွေနဲ့ အသက်မွေးပညာသင်ကျောင်း တွေမှာတော့ အင်္ဂလိပ်ဘာသာသင်ယူပြီး တွဲဖက်ဒီဂရီနဲ့ ဒီပလိုမာဘွဲ့ရနိုင်တဲ့ ပရိုဂရမ်တွေတော့ မရှိပါဘူး။ အသေးစိတ်အချက်အလက်တွေကို https://www.jpss.jp/en/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဂျပန်အစိုးရနှင့် ပုဂ္ဂလိက အသင်းတွေရဲ့ ပညာသင်ဆုများအကြောင်း
ဂျပန်နိုင်ငံတွင် ပညာသင်ကြားလိုသူတွေအတွက် ဂျပန်နိုင်ငံအစိုးရ (ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့် နည်းပညာဝန်ကြီးဌာန) ပညာသင်ဆု၊ ဂျပန်နိုင်ငံကျောင်းသားများ ထောက်ပံ့ရေးအသင်း (JASSO) ပညာသင်ဆု၊ ဒေသန္တရအစိုးရ နိုင်ငံတကာကူးလူးဆက်ဆံရေးအသင်းများ ပညာသင်ဆု၊ ပုဂ္ဂလိက အသင်း များပညာသင်ဆုတွေပဲ ဖြစ်ပါတယ်။ ပညာသင်ဆုလျှောက်ထားတဲ့အခါ များသောအားဖြင့် ကျောင်းတက်ပြီး မှ လျှောက်နိုင်တဲ့ ပညာသင်ဆုတွေ များပါတယ်။
Recommended for you - ကျောင်းသားများ စာမေးပွဲ ထူးချွန်စွာ အောင်မြင်နိုင်ရန် အလေးပေး လုပ်ဆောင်ရမည့် အချက်များ
ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန် ကုန်ကျမည့်စရိတ်များ
ကျောင်းဝင်ခွင့်လျှောက်လွှာမတင်မီ ကုန်ကျမယ့်စရိတ်တွေကတော့…
၁. စာမေးပွဲတွေအတွက် စာမေးပွဲကြေး (EJU, JLPT, TOFEL အစရှိသော စာမေးပွဲတွေအတွက်)
၂. ကျောင်း၏ ဝင်ခွင့်စာမေးပွဲကြေး
၃. ကျန်းမာရေးစစ်ဆေးခ
၄. ဝင်ခွင့်လျှောက်လွှာပို့ခ
၅. ကျောင်းဝင်ကြေး
၆. ပထမနှစ်အတွက် ပညာသင်စရိတ်
၇. ခရီးစရိတ်
၈.နေထိုင်စရိတ်
၉. စာအုပ်စာတမ်းကြေး
၁၀. ဗီဇာကြေး အစရှိတဲ့ ကုန်ကျစရိတ်တွေလညး် ရှိပါတယ်။
သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါ သလား။ sayar.com.mm တွင် အတွေ့အကြုံရှိသော ဆရာများနှင့် မိတ်ဆက်ထားပေး ပါတယ်။ ဆရာ တွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။
သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Source: InternetJournal
Read times Last modified on Monday, 30 December 2019 16:39
Rate this articles
(1 Vote)