၁. ဘာတွေကို လေ့လာမလဲ။
၎. ကိုယ့်အတွက် နှောင့်နှေးစေတာတွေ၊ စိတ်ရှုပ်စေတာတွေကို ရှောင်ကြဉ်ပါ။
sayar.com.mm
[Unicode Version]
နောက်လ ၃ ရက်နေ့ဆိုရင် ဆယ်တန်းတွေလည်း စာမေးပွဲဖြေရတော့မယ်။ ဖြေရမယ့်ရက်ကလည်း နီးလာပြီဆိုတော့ အချိန်တိုင်း စက္ကန့်တိုင်းက အရေးကြီးပါတယ်။ အချိန်တွေကို အလဟဿ မဖြစ်စေဖို့ အချိန်တွေကို စနစ်တကျစီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ဒါကြောင့် အချိန်စီမံခန့်ခွဲမှု နည်းစနစ်လေးကို ဖော်ပြပေးလိုက်ပါတယ်။
၁. ဘာတွေကို လေ့လာမလဲ။
အချိန်စီမံခန့်ခွဲမှုအတွက်အရေးကြီးတာက ကိုယ်ဘာလုပ်ရမယ်ဆိုတာကို သေချာမှတ်သားထားရပါမယ်။ ကျောင်းသားတော်တော်များများဟာ အရေးကြီးတဲ့ အလုပ်ကို နောက်ဆုံးအချိန်အထိ မလုပ်ဘဲချန်ထား တတ်ပြီး၊ အဲဒါကအမှတ်တွေ လျော့စေပါတယ်။ ဒီတော့ ကိုယ်လုပ်ရမယ့်အလုပ်တွေကို ဦးစားပေးစနစ်နဲ့ စီထားပါ။
Recommended for you - ဂျပန်နိုင်ငံမှာ ပညာသင်ကြားလိုသူများအတွက် လမ်းညွှန်
၂. Schedule တစ်ခုပြုလုပ်ပါ။
ပြက္ခဒိန်၊ နံရံကပ် စာရွက် (သို့) ဖုန်းထဲမှာပဲ ဖြစ်ဖြစ် ကိုယ်လုပ်ရမယ့်အလုပ်တွေကို မှတ်သားထားပြီး၊ ဘယ် အလုပ်က ဦးစားပေးဆိုတာကိုပါ မှတ်သားထားပါ။ ကိုယ့်အတွက် ဘယ်အချိန်က စာဖတ်ဖို့အဆင်ပြေဆုံး ဆိုတာအပေါ်မူတည်ပြီး အချိန်ကိုခွဲခြားထားပါ။ ဘယ်အချိန် သူငယ်ချင်းနဲ့တွေ့မယ်၊ အိပ်ချိန်ဘယ်လောက် ရရင် စာလုပ်ရတာအဆင်ပြေတယ်ဆိုတာကိုပါ ထည့်သွင်းစဥး်စားပါ။
၃. လေ့လာမယ့် စာတွေကိုအစီအစဉ်ဆွဲပြီး ၊ ထပ်ခါထပ်ခါ မလုပ်မိအောင်ရှောင်ပါ။
ကိုယ်လေ့လာရမယ့် စာတွေကို သေချာအစီအစဉ်ဆွဲထားပါ။ ဘယ် chapter ကတော့ လေ့လာပြီးသွားပြီ ဘယ် chapter ကတော့ ကျန်သေးတယ် ဒါတွေကို သေချာစာရင်းပြုစုထားပါ။ ဒါမှ ကိုယ်ဘာတွေ လေ့လာ ပြီးသွားပြီ ဘာတွေကျန်သေးလည်းဆိုတာကို ချိန်ဆနိုင်မယ့်အပြင် ထပ်ခါထပ်ခါ မလုပ်မိမှာပါ။
Recommended for you - ကျောင်းသားများ စာမေးပွဲ ထူးချွန်စွာ အောင်မြင်နိုင်ရန် အလေးပေး လုပ်ဆောင်ရမည့် အချက်များ
၄. ကိုယ့်အတွက် နှောင့်နှေးစေတာတွေ၊ စိတ်ရှုပ်စေတာတွေကို ရှောင်ကြဉ်ပါ။
ကိုယ့်အတွက်ဘယ်နေရာမှာ စာလေ့လာတာအဆင်ပြေလဲ ၊ ဘယ်လိုလေ့လာတာ အာရုံစူးစိုက်မှုရစေလဲ ၊ ဒါတွေကိုမေးခွန်းထုတ်ပါ။ ဥပမာ တစ်ချို့ကျောင်းသားများဟာ တစ်ဦးတည်းလေ့လာရတာက အဆင်ပြေစေ ပြီး၊ တစ်ချို့ကျောင်းသားများအတွက် အဖွဲ့အစည်းနဲ့လေ့လာတာကို ပိုအဆင်ပြေစေပါတယ်။
သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါ သလား။ sayar.com.mm တွင် အတွေ့အကြုံရှိသော ဆရာများနှင့် မိတ်ဆက်ထားပေးပါတယ်။ ဆရာ တွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။
သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
sayar.com.mm