×

Warning

JUser: :_load: Unable to load user with ID: 723


Student

Wednesday, 25 April 2018

Biomedical Science ဘာသာရပ်အကြောင်းဆွေးနွေးပွဲ ပြုလုပ်မည်

Biomedical Science ဘာသာရပ်အကြောင်းဆွေးနွေးပွဲ ပြုလုပ်မည် google.com

Biomedical Industry နဲ့ ပတ်သတ်တဲ့ အရေးပါမှုတွေကို သိရှိနိုင်ရန် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဆွေးနွေးပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို မေလ ၁၂ ရက်မှာ Novotel Hotel. Bagan Room မှာလည်းကောင်း၊ မေလ ၁၃ ရက်မှာ STUDY ABROAD Information Centre, မန္တလေးရုံးခန်းမှာလည်းကောင်း မနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ Biomedical Science ရဲ့ ကမ္ဘာ့တစ်ဝှမ်း အရေးပါမှုတွေကို အကျယ်တ၀င့် သိရှိနိုင်ဖို့ Management Development Institute of Singapore မှ Professor တစ်ဦးဖြစ်သူ Dr Kelvin Wang, Head of School, MDIS Health & Life Sciences က လာရောက်ဆွေးနွေးပေးသွားမှာပါ။

Management Development Institute of Singapore (MDIS) မှာ ဆေးပညာဘာသာရပ်တွေ အနေနဲ့ လူ့ခန္ဓာကိုယ် သွေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ အပါအ၀င် ကုထုံးနည်း အသစ်ရှာခြင်းစတဲ့ သုသေတနလုပ်ငန်းကို စိတ်ပါဝင်စား သူများအနေနဲ့ Biomedical Science ဘာသာရပ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲတက်ရောက်လိုပါက STUDY ABROAD Information Centre (ရန်ကုန်ရုံး) (၀၉) ၅၁၅၁ ၀၀၈ နဲ့ မန္တလေးရုံး) ဖုန်း (၀၉) ၄၂၀၀ ၉၉၉၉ ၇ တို့မှာ ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

Source: Internet Journal

Recommended for you - ကျောင်းဆရာကောင်းတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေး

Recommended for you - English စာအမြန်ဆုံးတတ်ချင်ရင်ဘာလုပ်ရမလဲ ? ? ?

Read times Last modified on Wednesday, 08 January 2020 11:37
Rate this articles
(1 Vote)