×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 03 December 2018

အောင်မြင်တဲ့လူတွေ ဘယ်တော့မှနှစ်ကြိမ်ထပ်မလုပ်တဲ့အရာ (၇) ခုကဘာတွေလဲ

သင်အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်ချင်တဲ့အခါ အောင်မြင်ခဲ့တဲ့လူတွေ၊ အောင်မြင်နေဆဲလူတွေကို နမူနာယူပြီး သူတို့ရဲ့အမူအကျင့်တွေကို သိရှိခြင်းဖြင့် ကိုယ်ကိုကိုယ်လှုံ့ဆော်ရပါလိမ့်မယ်။ သူတို့တွေ အောင်မြင်မှုရရှိအောင် ဘယ်လိုတွေ ရင်ဆိုင်တိုက်ခိုက်ခဲ့ရလဲ နဲ့ သူတို့မှာ ဘယ်လိုအမူအကျင့်တွေရှိလဲ ဆိုတာကိုသိမှသာ သင့်ကိုယ်သင်စိတ်အားတက်ကြွအောင် လှုံ့ဆော်ပေးနိုင်ပါလိမ့်မယ်။

ဒီနေ့ဟာ သင့်ရဲ့ အမြင်ရှုထောင့်တွေကို ပြောင်းလဲဖို့အတွက် အချိန်ကောင်းပဲဖြစ်ပါတယ်။ အရင်ဆုံးအောင်မြင်တဲ့လူတွေဟာလည်း အမှားတွေကိုလုပ်တတ်တယ်ဆိုတာကို သိရှိရပါမယ်။ ဒါပေမယ့် သူတို့ရဲ့ ကွဲပြားတဲ့ အချက် တစ်ခုကတော့ အမှားတွေဆီကနေ သင်ယူနိုင်ပြီး အဆိုပါအမှားကိုနောက်တစ်ကြိမ် ထပ်မလုပ်စေတာပဲဖြစ်ပါတယ်။

သူတို့တွေစီးပွားရေးတစ်ခုကို စတင်လုပ်လို့ ရှုံးနိမ့်တဲ့အခါ အဆိုပါအမှားတွေကို ခွဲခြမ်းလေ့လာပြီး အလားတူအမှားမျိုးကို နောက်ထပ်ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး။

ဒါကြောင့် အောင်မြင်တဲ့လူတိုင်း နှစ်ကြိမ်ထပ်မလုပ်တဲ့ အရေးအကြီးဆုံးအမှား (၇) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပတ်ဝန်းကျင်ရဲ့ ချမှတ်ခံရမှု။

လူတိုင်းယခုလို စိန်ခေါ်မှုကို ရင်ဆိုင်ဖူးပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်ဟာ ကျွန်တော်တို့ကို ပုံစံခွက်တွေထဲ အသီးသီး သွတ်သွင်းလိုက်ကြပါတယ်။ ကျွန်တော်တို့ဟာ နေရာဒေသ၊ အခြေအနေအလိုက် အ၀တ်အစားတွေကို ၀တ်ဆင်ကြရတယ်။ မိဘတွေနဲ့ ဆရာတွေရဲ့ မျှော်လင့်ချက်တွေအတိုင်း လိုက်ပါလုပ်ဆောင်တတ်ကြတယ်။

ဒါဟာ ကျွန်တော်တို့ကိုယ်တိုင်က အပြောင်းလဲခံဖို့အတွက် အခြားသူတွေကို ခွင့်ပြုပေးထားတာကြောင့် ဖြစ်ပြီး အောင်မြင်တဲ့လူတွေကတော့ အခြားသူတွေရဲ့ပြောင်းလဲမှုကို နှစ်ကြိမ်လက်မခံတတ်ကြပါဘူး။ Apple ရဲ့ Founder ကြီးစတိဗ်ဂျော့ တစ်ယောက် သူ့စတိုင်ကိုဝေဖန်တဲ့ ပျက်လုံးတွေကြောင့် သူ့ရဲ့ဖိနပ်နဲ့ အ၀တ်တွေကို ပြောင်းလဲတာ သင်မြင်ဖူးပါသလား။ မပြောင်းခဲ့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အခြားသူတွေချမှတ်တဲ့ပုံစံကို လိုက်နာရတယ်လို့ သူမခံစားရလိုပါပဲ။

၂။ ပျက်စီးနေတဲ့ relationship မှာနေထိုင်ခြင်း။

ယခုလိုကိစ္စမျိုးကိုတော့ စီးပွားရေးမိတ်ဖက်တွေ နဲ့ အအောင်မြင်ဆုံးလူတွေတောင်မှ တစ်ခါနှစ်ခါမက လုပ်မိတတ်ကြပါတယ်။ အလုပ်၊ ဒါမှမဟုတ် အပေါင်းအသင်းတွေနဲ့ ယုတ်စွအဆုံး ချစ်သူအချင်းချင်းကြားမှာတောင်မှ အဆင်မပြေတဲ့ဆက်ဆံရေးတွေ ကြုံလာရတဲ့အခါ အဆင်မပြေပဲ နေထိုင်နေမယ့်အစား လုံးဝဖြတ်တောက်ပစ်ဖို့ဆိုတာ ခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။

အောင်မြင်သူတွေကတော့ ကိုယ့်အတွက်ရော အခြားသူတွေအတွက်ပါ အကျိုးမရှိတဲ့လုပ်ရပ်တွေကို အတတ်နိုင်ဆုံးရှောင်ရှားတတ်ကြပါတယ်။ ဒါဟာလည်းပုဂ္ဂိုလ်ရေးတိုးတက်မှုနဲ့ စီးပွားရေးအောင်မြင်မှုအတွက် သော့ချက်တစ်ခုဖြစ်ပါတယ်။

၃။ ပြီးပြည့်စုံတဲ့ တစ်စုံတစ်ယောက်ကို ယုံကြည်နိုင်တယ်။

အရာအားလုံး ပြည့်စုံပုံရတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့စိတ်ဝင်စားတတ်တာဟာ သဘာဝပဲဖြစ်ပါတယ်။ စာသင်ကျောင်းမှာတောင်မှ စာတော်ပြီးပေါ်ပြူလာဖြစ်တဲ့ သူမျိုးကိုအားလုံးက သူငယ်ချင်းအဖြစ် ခင်မင်ချင်ကြပါတယ်။

အောင်မြင်တဲ့လူတွေဟာလည်း ထို့အတူပါပဲ။ သူတို့ရဲ့ပတ်ဝန်းကျင်မှာ ပြည့်စုံတယ်လို့ထင်ရတဲ့ လူတော်တွေကို ရှိနေစေချင်ကြတယ်။ သို့သော်လည်း သူတို့ကိုတော့ အရာအားလုံးပြည့်စုံရမယ်လို့ မျှော်လင့်ထားတာမျိုးမဟုတ်ပါဘူး။

အောင်မြင်တဲ့လူတွေဟာ လူတွေအားလုံးရဲ့ သွင်ပြင်လက္ခဏာတွေကို အားလုံးနက်နက်နဲနဲလေ့လာထားကြပြီး လူတိုင်းဟာအရာအားလုံးတော့ မပြည့်စုံနိုင်ဘူးလို့ သူတို့ကကောင်းကောင်းနားလည်ထားကြပါတယ်။

ဒါပေမယ့် မပြည့်စုံတဲ့လူတွေကိုတော့ ခြွင်းချက်အနေနဲ့ ပေါင်းသင်းတတ်ပြီး ဒီလိုအယူအဆမျိုးကို သင်သဘောပေါက်လျှင် အောင်မြင်စွာအသက်ရှင်နိုင်ဖို့ နီးကပ်နေပြီလို့ ယူဆလို့ရပါပြီ။

၎။ ရေရှည်ပန်းတိုင်ကို အဆင်ပြေစေဖို့ ရေတိုအဆင်မပြေမှုတွေကို လစ်လျူရှုတယ်။

အောင်မြင်တဲ့လူတိုင်းနီးပါး ကျရှုံးမှုတွေတိုင်းဟာ အောင်မြင်မှုအတွက် လမ်းစဖြစ်တယ်ဆိုတဲ့ နိယာမကို နားလည်ကြပါတယ်။ ယခုအချိန်နာကျင်ရပေမယ့် နောက်တချိန်ပျော်ရွင်ရလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်လည်း ရေတိုအဆင်မပြေမှုတွေ ကြုံလာတဲ့အခါ ရေရှည်စီမံကိန်းရဲ့အနောက်သို့ တွန်းပို့တတ်ကြပြီး နှစ်ဆအားစိုက်ကာ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကြိုးစားတတ်ကြပါတယ်။

၅။ ရည်မှန်းချက်ပန်းတိုင်ထားဖို့အတွက် ပျက်ကွက်ခြင်း။

အောင်မြင်မှု မြင့်မြင့်မားမား ရရှိသူတွေဟာ အနာဂတ်အတွက်အမြင်ကောင်းကောင်း ရှိကြပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေဟာ သူတို့အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ကြိုတင်သိနေသလိုပါပဲ။ ဒါကြောင့် အောင်မြင်မှုမရရှိသေးတဲ့အချိန်တွေတိုင်းကို သူတို့ကသင်ယူနေတတ်ကြပြီး ပစ္စုပ္ပန်အခိုက်အတန့်တွေကို ပြန်လည်ပြင်ဆင်ကြိုးစားခြင်းဖြင့် သူ့တို့နောင်တမရအောင် ကြိုးစားတတ်ကြပါတယ်။

၆။ အရေးပါတဲ့ စိတ်လှုံ့ဆော်မှုတွေကို လစ်လျူရှုခြင်း။

သူတို့တွေရဲ့ဘ၀ဟာ အရာအားလုံးငြိမ်းချမ်းပြီး၊ ပျော်ရွင်စရာတွေချည်းပဲ ရှိနေတာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် အခက်အခဲတွေကနေတဆင့် သွားကြရပါတယ်။ ဒါပေမယ့် သူတို့စိန်ခေါ်မှုတွေကို ကြုံတိုင်းမှာ အောင်မြင်ဖို့အတွက်ပဲ စိတ်အားထက်သန်ပြီး စိတ်ဓာတ်ပြင်းပြတာကြောင့် ကျော်လွှားနိုင်ကြပါတယ်။ ဒါကြောင့် သင့်ရဲသာမာန်နေ့တွေတောင်မှ စိတ်အားတက်ကြွမဲ့စာပေတွေ၊ စကားလုံးတွေ၊ အတုယူမှုတွေနဲ့ စိတ်ကိုအကောင်းဆုံး ပြင်ဆင်နေထိုင် သင့်ပါတယ်။

၇။ လူတိုင်းအမှားတွေကို မေ့လျော့တတ်ကြတယ်။

အောင်မြင်တဲ့လူတွေဟာ သူတို့ရဲ့သာမန်အချိန်တွေမှာ အရာအားလုံးပြည့်စုံရမယ်လို့ မျှော်လင့်မထားတတ်ကြပါဘူး။ အမှားတွေကို လုပ်ဖို့မမျှော်လင့်သလို တကယ်လို့ အမှားတွေလုပ်မိရင်တောင်မှ သင်ခန်းစာကိုမြင်တတ်ကြပြီး အမှန်ဖြစ်အောင်ဖယ်ရှားဖို့ ၀န်မလေးတတ်ကြပါဘူး။

သူတို့ရဲ့လုပ်ဆောင်ချက်တိုင်းကို တာဝန်ယူမှုအပြည်ရှိပြီး ဒီလိုအရာတွေကနေ ဘာက်ုသင်ယူနိုင်မလဲဆိုတဲ့ အတွေးရှိကြပါတယ်။ ဒါကြောင့် အမှားတွေလုပ်မိတဲ့အခါတိုင်း စိတ်ဓာတ်ကျ မနေပဲ ပြန်လည်ပြင်ဆင်ဖို့ လုံ့လစိုက်တတ်ကြတာဖြစ်ပါတယ်။

source: lifestylemyanmar

Read times Last modified on Wednesday, 29 January 2020 09:59
Rate this articles
(2 votes)