×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 08 October 2019

"ကိုယ့်ကိုကိုယ်ပြန်လည် ဆန်းစစ်ခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ"

"ကိုယ့်ကိုကိုယ်ပြန်လည် ဆန်းစစ်ခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ" google.com

<<< Unicode >>>

ဒီတစ်ခါမှာတော့ မိမိကိုယ်ကို ဆန်းစစ်ဖို့လိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ ဆန်းစစ်တယ်ဆိုတာ ဘာလဲဆိုတော့ ကိုယ်ကိုကိုယ် အခြားသူတစ်ယောက်ကို ဝေဖန်သလို ကိုယ်က ကိုယ်ကိုကိုယ်ပြန်ဝေဖန်တာပါပဲ။

အခြားသူတစ်ယောက်ကိုမြင်ရင် “တော်လိုက်တာ….၊ အဲဒီ့အကျင့်ကြီးက မကောင်းတာ၊ အဲဒီလိုပုံစံမျိုးနဲ့ဘယ်သူနဲ့မှ တည့်မှာမဟုတ်ဘူး” စသည်ဖြင့် သင်က မြင်လိုက်တာနဲ့ပြောရတာလွယ်ပါတယ်။

ကိုယ့်ကိုကိုယ်ကျတော့ များသောအားဖြင့် အကောင်းပဲထင်တတ်ကြတာမဟုတ်လား။ ဒါပေမယ့် တိုးတက်ချင်တဲ့၊ အောင်မြင်ချင်တဲ့သူဆိုရင်တော့ ကိုယ့်ကိုကိုယ်ဆန်းစစ်မှဖြစ်မှာပါ။

ကိုယ့်ကိုကိုယ် ပြန်တွေးပါ၊ ဘယ်နေရာတွေမှာ မှားနေသလဲ၊ ဘယ်နေရာတွေမှာ အစွန်းရောက်နေသလဲ၊ ဘယ်လိုဆက်ဆံရေးမျိုးက ဘာတွေပြန်ရသလဲ၊ ဘယ်အကျင့်က မကောင်းဘူးလဲ၊ ကိုယ့်ကိုကိုယ်လုံးဝမညာဘဲ အမှန်အတိုင်းမြင်အောင်ကြည့်ပါ။ အခြားသူတစ်ယောက်ယောက်ကို ဝေဖန်သလိုပေါ့။

 

(၁) ကိုယ့်ကိုကိုယ်ပြန်မြင်နိုင်ပါတယ်

love yourself girl


အခြားသူတစ်ယောက်ကို မြင်လိုက်သလိုမျိုး ကိုယ့်ကိုကိုယ်ပြန်မြင်အောင်ကြည့်လိုက်တဲ့အခါ အပြစ်အနာအဆာမှန်သမျှမြင်နိုင်လာပါတယ်။

အပြစ်တွေ၊ မှားနေတာတွေမြင်လာတဲ့အခါ ပြုပြင်ဖို့သုံးသပ်နိုင်ပါတယ်။ အဲဒါကြောင့် ဆန်းစစ်ခြင်းက ကိုယ့်ကိုကိုယ်ပြန်ပြီး မြင်နိုင်ပါတယ်။

 

(၂) အမှားပြင်ဖို့ တွန်းအားဖြစ်စေပါတယ်

happy-successful-businessman_53876-89038.jpg


ကိုယ့်ကိုကိုယ်ပြန်မြင်တဲ့အခါ “အော်….ဒါတွေ ငါမှားနေပါလား၊ ငါပြင်မှဖြစ်မယ်၊ ပြင်နိုင်မှ ဒီထက်ပိုတိုးတက်မှာ” ဆိုတဲ့အတွေးလေးပဲ တွေးမိပါစေအုံး၊

သင့်မှာ အသိတရားလေးတော့ ဝင်သွားနိုင်ပါတယ်။ ထိုကဲ့သို့ တွေးမိတာ အခါခါဖြစ်လာတဲ့အခါမှာတော့ သင့်ကိုသင်အမြဲ ပြုပြင်သင့်တယ်ဆိုတာကို သတိပေးနေသလိုဖြစ်စေပါတယ်။

အဲဒါကြောင့် ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ခြင်းက အမှားပြင်ဖို့ တွန်းအားဖြစ်စေပါတယ်။

 

(၃) အမှန်ဖြစ်စေနိုင်ပါတယ်

happy-portrait-young-businessman-giving-presentation-against-grey-background_23-2148119700.jpg


အမှားတွေကို မြင်လာတဲ့အခါ ပြင်ရမယ်ဆိုတာ သိလာပါတယ်။ ပြင်ရမယ်လို့ ကိုယ့်ကိုကိုယ်သတိပေးတာများလာတော့ အကြိမ်ပေါင်းများစွာမှာ တစ်ကြိမ်တော့ပြင်ဖြစ်လာတာပါပဲ။

အဲဒီတော့ အမှားတော့လျော့ပြီး အမှန်များလာနိုင်တာပေါ့။

Recommended For You >>> "သင့်ရဲ့စိတ်ကိုနိုးကြားတက်ကြွစေဖို့ မနက်မိုးလင်းတိုင်းဒီအမူအကျင့်လေးတွေလုပ်ကြည့်ပါ"

 

(၄) ပိုပြီးတိုးတက်စေနိုင်ပါတယ်

eco-earth-day-concept-tree-growing-nature-with-morning-light_34152-1672.jpg


အမှန်များလာတဲ့အခါ ဘဝကပိုပြီးတိုးတက်လာပါတယ်။ ဥပမာ။ စာမဖတ်ဖြစ်လို့ စာဖတ်ဖြစ်အောင်ကြိုးစားမယ်၊ အင်္ဂလိပ်စာမတိုးတက်လို့ ပိုပြီး အင်္ဂလိပ်စာတိုးတက်လာအောင် ကြိုးစားမယ်၊

ငွေအသုံးအဖြုန်းများလို့ ငွေကို ခြိုးခြံတတ်အောင် ကြိုးစားမယ်၊ ငွေမစုဖြစ်လို့ ငွေစုဖြစ်နိုင်လာအောင် ကြိုးစားမယ် စသည်ဖြင့်ပေါ့။ သင့်ဘဝအတွက် ပိုကောင်းတာတွေဖြစ်လာနိုင်တာပေါ့။

 

(၅) ဘဝကပိုပြီး အဓိပါ္ပယ်ရှိနိုင်လာပါတယ်

achievement-business-goal-success_31965-1553.jpg


လူ့ဘဝဆိုတာ ရခဲပါတယ်။ ရခဲလှတဲ့လူ့ဘဝမှာ မှားနေလည်း အမှားထဲမှာနစ်နေပြီး အမှန်ပြင်ဖို့ မကြိုးစားရင် ဘဝက အဓိပါ္ပယ်ရှိမှာမဟုတ်ပါဘူး။

အမြဲ ကိုယ့်ကိုကိုယ်ဆန်းစစ်တဲ့သူတစ်ယောက်ရဲ့ဘဝက မဆန်းစစ်ဘဲ အမှားရှိမှန်းလည်း မသိ၊ ပြင်ရမယ်မှန်းလည်းမသိ၊ ဆိုရင် ကိုယ့်ကိုကိုယ်သာအကောင်းဆုံးထင်ပြီး နွားခြေရာခွက်ထဲက ဖားသူငယ်လိုဖြစ်နေပါလိမ့်မယ်။

အဲဒါကြောင့် အမြဲလို ကိုယ့်ကိုကိုယ်ဆန်းစစ်တတ်တဲ့သူက အောင်မြင်ဖို့၊ တိုးတက်ဖို့ဖြစ်နိုင်ချေရှိပါတယ်။ သူရဲ့ဘဝကလည်း ဘာမှမသိတဲ့လူထက်စာရင် ပိုပြီး ရှင်သန်ရတာ အဓိပါ္ပယ်ရှိလာပါတယ်။

လူတိုင်းက ကိုယ့်ကိုကိုယ်ဆန်းစစ်ဖို့လိုပါတယ်။ လူတော်တော်များများက ကိုယ့်ကိုကိုယ်သာအကောင်းထင်၊ အတော်ဆုံး၊ အတတ်ဆုံး၊ အမှန်ဆုံးထင်တတ်ကြပါတယ်။

အဲလိုထင်နေတဲ့အတွက်ကြောင့်ပဲ တိုးတက်သင့်သလောက်မတိုးတက်တော့ပါဘူး။ တိုးတက်ချင်တယ်ဆိုရင် ကိုယ့်မှာမှားနေတဲ့အမှားတွေကို မြင်အောင်ကြည့်ရပါမယ်၊

မှားမှန်းသိတဲ့အခါ ပြုပြင်ဖို့ကြိုးစားရပါမယ်။ အဲဒီ့အခါ အမှားတွေပြင်နိုင်လာတဲ့အတွက်ကြောင့် ဘဝကပိုပြီးတိုးတက်လာနိုင်ပါတယ်။

 

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm  မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://bit.ly/2EbNTuO မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

 

<<< Zawgyi >>>

"ကိုယ့္ကိုကိုယ္ျပန္လည္ ဆန္းစစ္ျခင္းက ဘယ္လိုအက်ိဳးေက်းဇူးေတြရႏိုင္မလဲ"
ဒီတစ္ခါမွာေတာ့ မိမိကိုယ္ကို ဆန္းစစ္ဖို႔လိုတဲ့အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။ ဆန္းစစ္တယ္ဆိုတာ ဘာလဲဆိုေတာ့ ကိုယ္ကိုကိုယ္ အျခားသူတစ္ေယာက္ကို ေဝဖန္သလို ကိုယ္က ကိုယ္ကိုကိုယ္ျပန္ေဝဖန္တာပါပဲ။

အျခားသူတစ္ေယာက္ကိုျမင္ရင္ “ေတာ္လိုက္တာ….၊ အဲဒီ့အက်င့္ႀကီးက မေကာင္းတာ၊ အဲဒီလိုပုံစံမ်ိဳးနဲ႔ဘယ္သူနဲ႔မွ တည့္မွာမဟုတ္ဘူး” စသည္ျဖင့္ သင္က ျမင္လိုက္တာနဲ႔ေျပာရတာလြယ္ပါတယ္။

ကိုယ့္ကိုကိုယ္က်ေတာ့ မ်ားေသာအားျဖင့္ အေကာင္းပဲထင္တတ္ၾကတာမဟုတ္လား။ ဒါေပမယ့္ တိုးတက္ခ်င္တဲ့၊ ေအာင္ျမင္ခ်င္တဲ့သူဆိုရင္ေတာ့ ကိုယ့္ကိုကိုယ္ဆန္းစစ္မွျဖစ္မွာပါ။

ကိုယ့္ကိုကိုယ္ ျပန္ေတြးပါ၊ ဘယ္ေနရာေတြမွာ မွားေနသလဲ၊ ဘယ္ေနရာေတြမွာ အစြန္းေရာက္ေနသလဲ၊ ဘယ္လိုဆက္ဆံေရးမ်ိဳးက ဘာေတြျပန္ရသလဲ၊ ဘယ္အက်င့္က မေကာင္းဘူးလဲ၊ ကိုယ့္ကိုကိုယ္လုံးဝမညာဘဲ အမွန္အတိုင္းျမင္ေအာင္ၾကည့္ပါ။ အျခားသူတစ္ေယာက္ေယာက္ကို ေဝဖန္သလိုေပါ့။

 

(၁) ကိုယ့္ကိုကိုယ္ျပန္ျမင္ႏိုင္ပါတယ္

love yourself girl


အျခားသူတစ္ေယာက္ကို ျမင္လိုက္သလိုမ်ိဳး ကိုယ့္ကိုကိုယ္ျပန္ျမင္ေအာင္ၾကည့္လိုက္တဲ့အခါ အျပစ္အနာအဆာမွန္သမွ်ျမင္ႏိုင္လာပါတယ္။

အျပစ္ေတြ၊ မွားေနတာေတြျမင္လာတဲ့အခါ ျပဳျပင္ဖို႔သုံးသပ္ႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဆန္းစစ္ျခင္းက ကိုယ့္ကိုကိုယ္ျပန္ၿပီး ျမင္ႏိုင္ပါတယ္။

 

(၂) အမွားျပင္ဖို႔ တြန္းအားျဖစ္ေစပါတယ္

happy-successful-businessman_53876-89038.jpg


ကိုယ့္ကိုကိုယ္ျပန္ျမင္တဲ့အခါ “ေအာ္….ဒါေတြ ငါမွားေနပါလား၊ ငါျပင္မွျဖစ္မယ္၊ ျပင္ႏိုင္မွ ဒီထက္ပိုတိုးတက္မွာ” ဆိုတဲ့အေတြးေလးပဲ ေတြးမိပါေစအုံး၊

သင့္မွာ အသိတရားေလးေတာ့ ဝင္သြားႏိုင္ပါတယ္။ ထိုကဲ့သို႔ ေတြးမိတာ အခါခါျဖစ္လာတဲ့အခါမွာေတာ့ သင့္ကိုသင္အၿမဲ ျပဳျပင္သင့္တယ္ဆိုတာကို သတိေပးေနသလိုျဖစ္ေစပါတယ္။

အဲဒါေၾကာင့္ ကိုယ့္ကိုကိုယ္ျပန္ဆန္းစစ္ျခင္းက အမွားျပင္ဖို႔ တြန္းအားျဖစ္ေစပါတယ္။

 

(၃) အမွန္ျဖစ္ေစႏိုင္ပါတယ္

happy-portrait-young-businessman-giving-presentation-against-grey-background_23-2148119700.jpg


အမွားေတြကို ျမင္လာတဲ့အခါ ျပင္ရမယ္ဆိုတာ သိလာပါတယ္။ ျပင္ရမယ္လို႔ ကိုယ့္ကိုကိုယ္သတိေပးတာမ်ားလာေတာ့ အႀကိမ္ေပါင္းမ်ားစြာမွာ တစ္ႀကိမ္ေတာ့ျပင္ျဖစ္လာတာပါပဲ။

အဲဒီေတာ့ အမွားေတာ့ေလ်ာ့ၿပီး အမွန္မ်ားလာႏိုင္တာေပါ့။

Recommended For You >>> သင့္ရဲဲ႕စိတ္ကိုနိုးျကားတက္ျကြေစဖို႕ မနက္မိုးလင္းတိုင္းဒီအမူအက်င့္ေလးေတြလုပ္ျကည့္ပါ

 

(၄) ပိုၿပီးတိုးတက္ေစႏိုင္ပါတယ္

eco-earth-day-concept-tree-growing-nature-with-morning-light_34152-1672.jpg


အမွန္မ်ားလာတဲ့အခါ ဘဝကပိုၿပီးတိုးတက္လာပါတယ္။ ဥပမာ။ စာမဖတ္ျဖစ္လို႔ စာဖတ္ျဖစ္ေအာင္ႀကိဳးစားမယ္၊ အဂၤလိပ္စာမတိုးတက္လို႔ ပိုၿပီး အဂၤလိပ္စာတိုးတက္လာေအာင္ ႀကိဳးစားမယ္၊

ေငြအသုံးအျဖဳန္းမ်ားလို႔ ေငြကို ၿခိဳးၿခံတတ္ေအာင္ ႀကိဳးစားမယ္၊ ေငြမစုျဖစ္လို႔ ေငြစုျဖစ္ႏိုင္လာေအာင္ ႀကိဳးစားမယ္ စသည္ျဖင့္ေပါ့။ သင့္ဘဝအတြက္ ပိုေကာင္းတာေတြျဖစ္လာႏိုင္တာေပါ့။

 

(၅) ဘဝကပိုၿပီး အဓိပါၸယ္ရွိႏိုင္လာပါတယ္

achievement-business-goal-success_31965-1553.jpg


လူ႔ဘဝဆိုတာ ရခဲပါတယ္။ ရခဲလွတဲ့လူ႔ဘဝမွာ မွားေနလည္း အမွားထဲမွာနစ္ေနၿပီး အမွန္ျပင္ဖို႔ မႀကိဳးစားရင္ ဘဝက အဓိပါၸယ္ရွိမွာမဟုတ္ပါဘူး။

အၿမဲ ကိုယ့္ကိုကိုယ္ဆန္းစစ္တဲ့သူတစ္ေယာက္ရဲ႕ဘဝက မဆန္းစစ္ဘဲ အမွားရွိမွန္းလည္း မသိ၊ ျပင္ရမယ္မွန္းလည္းမသိ၊ ဆိုရင္ ကိုယ့္ကိုကိုယ္သာအေကာင္းဆုံးထင္ၿပီး ႏြားေျခရာခြက္ထဲက ဖားသူငယ္လိုျဖစ္ေနပါလိမ့္မယ္။

အဲဒါေၾကာင့္ အၿမဲလို ကိုယ့္ကိုကိုယ္ဆန္းစစ္တတ္တဲ့သူက ေအာင္ျမင္ဖို႔၊ တိုးတက္ဖို႔ျဖစ္ႏိုင္ေခ်ရွိပါတယ္။ သူရဲ႕ဘဝကလည္း ဘာမွမသိတဲ့လူထက္စာရင္ ပိုၿပီး ရွင္သန္ရတာ အဓိပါၸယ္ရွိလာပါတယ္။

လူတိုင္းက ကိုယ့္ကိုကိုယ္ဆန္းစစ္ဖို႔လိုပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္ကိုကိုယ္သာအေကာင္းထင္၊ အေတာ္ဆုံး၊ အတတ္ဆုံး၊ အမွန္ဆုံးထင္တတ္ၾကပါတယ္။

အဲလိုထင္ေနတဲ့အတြက္ေၾကာင့္ပဲ တိုးတက္သင့္သေလာက္မတိုးတက္ေတာ့ပါဘူး။ တိုးတက္ခ်င္တယ္ဆိုရင္ ကိုယ့္မွာမွားေနတဲ့အမွားေတြကို ျမင္ေအာင္ၾကည့္ရပါမယ္၊

မွားမွန္းသိတဲ့အခါ ျပဳျပင္ဖို႔ႀကိဳးစားရပါမယ္။ အဲဒီ့အခါ အမွားေတြျပင္ႏိုင္လာတဲ့အတြက္ေၾကာင့္ ဘဝကပိုၿပီးတိုးတက္လာႏိုင္ပါတယ္။


သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://bit.ly/2EbNTuO မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

BAWA 101

sayar.com.mm

 

Read times Last modified on Wednesday, 08 January 2020 15:53
Rate this articles
(0 votes)