×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 05 October 2018

ကျရူံးခြင်းမှ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိလာသူ

ကျရူံးခြင်းမှ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိလာသူ google.com

Harland David Sanders ရဲ့ အသက် ၅ နှစ်သားလေးမှာပဲ သူ့ရဲ့ဖခင် ဆုံးရှုံးလိုက်ရပါတယ်။ သူရဲ့ အသက် ၁၆ နှစ်အရွယ်မှာ စီးပွားရေ မပြေလည်မှုကြောင့် ကျောင်းထွက်လိုက်ရတယ်။

အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုပြုတ်ခဲ့တယ်။ အသက် ၁၈ နှစ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတော့ အဆင်မပြေမှုကြားမှာ အမြဲရုန်းကန်ရတယ်။


အသက် ၁၈ နှစ်ကနေ ၂၂ နှစ်အတွင်းမှာ သူဟာ မီးရထားလက်မှတ်ရောင်းသူအဖြစ် အလုပ်လုပ်တယ်။ မိသားစု စားမလောက်တဲ့အခြေအနေတစ်ခုကြောင့် သူအလုပ်ကနေထွက်ခဲ့တယ်။ အဲဒီနောက် အစိုးစစ်တပ်ထဲဝင်ဖို့ စာမေးပွဲတွေလျှောက်တယ်။ မအောင်မြင်ခဲ့ဘူး။ ဥပဒေကျောင်းဝင်ခွင့် လျှောက်တယ် အမြဲတမ်းလိုလိုငြင်းပယ်ခံရတယ်။


အဲဒီနောက် သူဟာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းစာရေးဝင်လုပ်တယ် မအောင်မြင်ဘူး။ အသက် ၁၉ နှစ်မှာ သမီးတစ်ယောက် မွေးဖွားပြီး ဖခင်တစ်ယောက် ဖြစ်လာတယ်။ မိသားစုတစ်စုဖြစ်လာပြီ ရှိသင့်ရှိထိုက်တဲ့ ငွေကြေးအဆင်မပြေမှုတွေကြောင့် Mr. Colonel Sanders အသက် ၂၀ မှာပဲ သူ့ဇနီးက သမီးခေါ်ပြီး သူ့ကိုထားခဲ့ကာ အိမ်ကနေ သူနဲ့ ဝေးရာ နေရာကို ထွက်သွားတယ်။


Sanders ဟာ ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ရေးမပြေလည်မှုဒဏ်ကို အလူးအလဲခံစားရင်း သူ့ဘဝကိုလည်း အရှုံးမပေးခဲ့တဲ့ လောကဓံရဲ့ ရိုက်ချက်တွေကြား အဂ္ဂသတ္တိရှိရှိ ရင်ဆိုင်ရဲသူတစ်ဦးလည်းဖြစ်တယ်။ အဲ့လိုနဲ့ စားသောက်ဆိုင် သေးသေးလေးတစ်ဆိုင်မှာ ပန်းကန်ဆေးသမားဘဝကို နှစ်ရှည်လုပ်ပြီးနောက် သူဟာ စားသောက်ဆိုင်လေးရဲ့ စဖိုအကူတစ်ယောက် ဖြစ်လာတယ်။


အနည်းငယ်အဆင်ပြေယုံနဲ့ သူ့ရဲ့ သမီးလေးနဲ့ သူ့ဇနီးကို သူ့အမေဆီက ပြန်ခေါ်ဖို့ကြိုးစားရင်း သူ့မိန်းမကို အိမ်ပြန်ရောက်အောင် လုပ်နိုင်ခဲ့တယ်။ အသက် ၆၅ မှာ အသက်အရွယ်ကြောင့် အလုပ်က အနားယူခိုင်းခဲ့တယ်။ သူအလုပ်က အနားယူတဲ့ နောက်ဆုံးရက်မှာ တိုက်တိုက်ဆိုင်ဆိုင် အစိုးရကပေးတဲ့ ၁၀၅ ဒေါ်လာ ချက်လက်မှတ်တစ်စောင်လေး ရလာတယ်။ ချက်လက်မှတ်တစ်စောင်ကို နားမလည်စွာကြည့်ရှုရင်း ကိုယ့်ကိုကိုယ် ဝမ်းနည်းလားမိတယ်။ ဒါ ငါ့အသုံးစရိတ်ကို ငါမရှာဖွေနိုင်တော့ဘူးဆိုတဲ့ သဘောပဲဆိုပြီး စိတ်ဓါတ်အကြီးအကျယ် ကျဆင်းခဲ့တယ်။


အဲဒါနဲ့ Harland ဟာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။ သူ့ကိုယ်သူ သတ်သေဖို့ ဆုံးဖြတ်ခဲ့တယ်။ ငါ့မှာ ရှုံးနိမ့်မှုတွေ အရမ်းများတယ် အမြဲတမ်း ကျရှုံးခြင်းတွေ ရင်ဆိုင်ရတယ်။ ငါ ဒီလောကကြီးမှာ အသက်ရှင်နေထိုင်ဖို့ မထိုက်တန်တော့ ဘူးလို့ ကိုယ့်ကိုယ်ကို ယူဆလာတယ်။ ဒီလိုနဲ့ သူဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ပြင်ဆင်နေတဲ့အချိန်မှာ သစ်ပင်အောက်မှာ သေတန်းစာတစ်စောင်ရေးဖို့ သူဆုံးဖြတ်ချက်ချလိုက်တယ်။


ဒါပေမဲ့ သူတကယ်ရေးမိတာက သူလုပ်နိုင်ခဲ့တဲ့ အကြောင်းတွေ သူလုပ်ဖူးခဲ့တဲ့အရာတွေ ချရေးဖြစ်နေတယ်။ ပြီးတော့ Sanders ဟာ အတွေးတစ်ချို့ ဝင်ရောက်လာတယ်။ သူ့ကိုယ်သူ ပြန်ပြီးလေ့လာဆန်းစစ်မိနေတယ်။ ပြီးတော့ အထပ်ထပ်အခါခါ စဉ်းစားမိတာက သူ မလုပ်ရသေးတဲ့အရာတွေ အများကြီးရှိနေသေးတယ်ဆိုတာပဲ။ အဲ့ဒီအရာထဲကမှ သူအကောင်းဆုံးလုပ်နှိင်တဲ့အရာကို ပြန်စဉ်းစားကြည့်လိုက်တော့ သူလုပ်နိုင်တာ အချက်အပြုတ် ကျွမ်းတယ်လေ။ အဲ့ဒီနောက် ဆုံးဖြတ်ချက်တစ်ခု ချက်ခြင်းချလိုက်တယ်။


ဒီလိုနဲ့ Colonel ဟာ အစိုးရပေးတဲ့ ပင်စင်စားငွေကြေးထဲက ၈၇ ဒေါ်လာထုပ်သုံးကာ လိုတဲ့ပစ္စည်းတွေကိုဝယ်ခြမ်းတယ်။ သူ့ ကျွမ်းကျင်အချက်အပြုတ်ထဲကမှ အကောင်းဆုံးပြုလုပ်နိုင်မယ်ထင်တဲ့ ကြက်ကြော်တဲ့နည်းကို ရွေးချယ်ခဲ့ပြီး စတင်အကောင်အထည် ဖော်ခဲ့တယ်။


ကြက်ကြော်အတွက် လိုအပ်တဲ့ဆော့ကို အများနဲ့မတူအောင် ဖန်တီးတယ်၊ တီထွင်တယ်။ သူနဲ့ စပ်တူလုပ်မဲ့ ငွေကြေးပြည့်စုံတဲ့ အပေါင်းအသင်းတစ်ချို့ကို စပ်တူရှယ်ရှာလုပ်ဖို့ စည်းရုံးတယ် မအောင်မြင်ခဲ့ဘူး။ ဘယ်သူကများ သူနဲ့အတူ လုပ်ချင်မှာလည်း ဒီလို အသက်အရွယ်နဲ့ သူ့ကို လူအများက သွေးရူးတန်းရူးနဲ့ အသက်ကြီးမှ အလုပ်တွေ လျှောက်လုပ်တယ်ပဲ ထင်မြင်ခဲ့ကြတယ်။ ဒါပေမယ့် သူစိတ်မပျက်ခဲ့ပါဘူး။ စပွန်ဆာတောင်းတယ် ပေးမယ့်သူမရှိဘူး။


အဲ့ဒါနဲ့ တစ်ယောက်ထဲ Colonel ဟာ အနီးနားမှာရှိတဲ့ ကျောင်းနဲ့လမ်းဘေးတစ်ချို့မှာ သူရဲ့ကြက်ကြော်ကို လိုက်လံရောင်းချခဲ့ပါတယ်။ ပြီးတော့ သူ့ပတ်ဝန်းကျင်အိမ်နီးချင်းတွေကိုလည်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် လိုက်ရောင်းချခဲ့ပါသေးတယ်။ သူ့ရဲ့  ပထမဆုံး ကြက်ကြော်ရောင်းရဖို့ လျှောက်လွှာကို စားသောက်ကုမဏ္ဏီတွေရဲ့ အကြိမ် 1008 ကြိမ် ငြင်းပယ်ခံခဲ့ရတယ်။


အသက် 67 နှစ် 1009 ကြိမ်မြောက်မှာပဲ ငွေကြေးရင်းနှီးပေးမဲ့ စပွန်ဆာရလာတယ်။ မြို့နေရာအနှံ့မှာ သူ့ရဲ့ကြက်ကြော်ကို လိုက်လံရောင်းချခဲ့တယ်။ စားသုံးသူတွေလည်း အရသာထူးကဲကောင်းမွန်သောကြောင့် လူတိုင်းပါစပ်ဖျားတွင် Mr. Colonel ရဲ့ ကြက်ကြော်ပာာ ရေပန်းစားခဲ့ပါတယ်။


ဒါပေမဲ့ အသက် ၈၈ မှာတော့ Mr. Colonel Sanders ဟာ ကန်တာကီ ကြက်ကြော်အမည်ရှိ (Kentucky Fired Chicken- KFC) KFC ဆိုင်ခွဲပေါင်းများစွာကို တိုးချဲ့ပြီး တစ်နှစ်အတွင်းမှာပဲ နိုင်ငံတစ်ကာမှာ သူရဲ့ KFC ကြက်ကြော်ကို ဆိုင်ခွဲပေါင်းများစွာကို တိုးချဲ့ ဖွင့်လစ်နိုင်ခဲ့တယ်။ အခုဆို KFC Logo ကို မသိသူမရှိသလို Mr. Colonel ဘီလီယံနာ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ခဲ့ပါပြီ။


သူပြောထားတဲ့ စာပိုဒ်ကို ကြိုက်နှစ်သက်လို့ ခဏခဏ စာအုပ်ထဲမှာ ရေးမှတ်ခဲ့ဖူးတယ်။ သူပြောတဲ့ စာပိုဒ်လေးက “ A little shed of rain may think itself too small, yet somewhere a little flower awaits its fall ” (မိုးစက်လေးတစ်စက်ဟာ သူ့ကိုယ်သူ သေးငယ်လွန်းတယ်လို့ ထင်ကောင်းထင်ပေမဲ့ တစ်နေရာရာမှာတော့ သူ့အလာကို စောင့်စားနေတဲ့ ပန်းပွင့်လေးတစ်ပွင့်တော့ ရှိနေပါသေးတယ်)။ မှန်ပါတယ် ကိုယ့်ကိုယ်ကို အသုံးမဝင်တော့ဘူး မလိုအပ်တော့ဘူးလို့ သတ်မှတ်နေကြပေမဲ့ ကိုယ့်ကို လိုလားတောင်းတတဲ့သူတွေက ရှိနေမှာပဲလေ။


ဘဝဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ငါလော့ကကြီးက ငါ့အတွက် နေရာမရှိပါဘူးလို့ စိတ်ပျက်အားငယ် ဝမ်းနည်းနေမဲ့အစား အကြိမ်ကြိမ်ကြိုးစားသင့်ပါတယ်။ လူတိုင်းတစ်ခေါက်တစ်ခါလုပ်ယုံနဲ့ အောင်မြင်မှုရတဲ့အလုပ်ဆိုတာ မရှိပါဘူး။ အကြိမိကြိမ်ကြိုးစား ရင်း အောင်မြင်မှုတွေ ရလာနိုင်တာပဲလေ။


အသက်အရွယ် အိုးမင်းမှုတွေကြောင့် အရာရာအားလုံး နောက်ကျပြီဆိုတဲ့ အတွေးတွေကို ခေါင်းထဲက ဖယ်ထုပ်သင့်ရင် ဖယ်ထုပ်ရမှာပဲ အခက်အခဲဆိုတာ အံတုသင့်ရင် အံတုရမှာပဲ။ အပင်ပန်းခံနိုင်မှု ဇွဲသတ္တိတွေ မရှိပဲနဲ့တော့ အောင်မြင်မှုတွေ ရလာမှာ မဟုတ်ဘူးလေ။


မျှော်လင့်ချက်တွေ ရှိနေသရွေ့ သင်ကြိုးစားအကောင်အထည်ဖော်လိုက်ပါ။ ဘယ်အရာပဲဖြစ်ဖြစ် အသစ်ကပြန်စဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်ရဲ့  Attitude ကသာ အဓိက ဖြစ်ပြီး ဘယ်လောက်ခက်ခဲခက်ခဲ အရှုံးမပေးဖို့ လိုပါတယ်။ အပင်ပန်းခံနိုင်မှု ဇွဲသတ္တိတွေ မရှိပဲနဲ့တော့ အောင်မြင်မှုတွေ ရလာမှာမဟုတ်ဘူး။


ကိုယ့်အိမ်မက်တွေ ဆက်မက်ဖို့အတွက် အသက်အရွယ်အိုးမင်ပြီး နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်အိမ်မက်တွေကို ဆက်လက်ဆုပ်ကိုင်ထားသေးသ၍ အောင်မြင်ဖို့ အခွင့်အလန်း ရှိနေပါသေးတယ်။

 

Recommended for you - သက်တောင့်သက်သာနဲ့အလုပ်တွေပြီးမြောက်နိုင်ဖို့

 

Recommended for you - နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျုတာတက္ကသိုလ်များ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူ စာရင်း ကြေညာခြင်း

 

Credit; Khar (Moe Aung )

Read times Last modified on Wednesday, 08 January 2020 15:40
Rate this articles
(1 Vote)