×
Warning
JUser: :_load: Unable to load user with ID: 81428
Success
Thursday, 07 November 2019
"အွန်လိုင်းရောင်းဝယ်မှုအကောင်းဆုံး Amazon.com ကို တည်ထောင်ထားခဲ့တဲ့ ဂျက် ဘီဇော့စ် အင်တာဗျူးဖြေသူတွေကို မေးလေ့ရှိတဲ့ မေးခွန်း ၃ ခု" google.com
ဒုတိယမေးခွန်း
တတိယမေးခွန်း
- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကျောင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမများကိုရှာဖွေ နိုင်ပါသည်။
newchallenges
UNICODE
"အွန်လိုင်းရောင်းဝယ်မှုအကောင်းဆုံး Amazon.com ကို တည်ထောင်ထားခဲ့တဲ့ ဂျက် ဘီဇော့စ် အင်တာဗျူးဖြေသူတွေကို မေးလေ့ရှိတဲ့ မေးခွန်း ၃ ခု"
ပြောင်းလဲမှုတွေ အမြဲတမ်းဖြစ်နေတဲ့လောကကြီးမှာ ကိုယ်ဟာလည်း ပြောင်းလဲမှုတွေကို လိုက်မီနိုင်အောင်ကြိုးစား ရမှာပဲ ဖြစ်ပါတယ်။
ပြောင်းလဲမှု အမျိုးမျိုးကို လူတိုင်းဆီ လိုက်လံပြသဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ့်အနီးအနားက လူကိုသာ ပြသဖို့အခွင့်အရေးရှိပေမဲ့ အင်တာနက်ကိုအသုံးပြုမယ်ဆိုရင်တော့ အားလုံးကိုပြသနိုင်မှာပဲ ဖြစ်ပါတယ်။
လိုအပ်တဲ့အရာ တိုင်းကို အင်တာနက်အသုံးပြုပြီး အလွယ်တကူရှာနိုင်မယ်ဆိုရင်တော့ အသုံးပြုတဲ့သူူတွေများလာမှာပဲဖြစ်ပါတယ်။ ဒီစကား ကို ပြောခဲ့တဲ့သူကတော့ လက်ရှိအွန်လိုင်းရောင်းဝယ်မှုအကောင်းဆုံး Amazon.com ကို တည်ထောင်ထားခဲ့တဲ့ ဂျက် ဘီဇော့စ် ကပြောခဲ့တာပဲ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးအသုံးပြုလို့ရနေတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကနေ လိုအပ်မှုတိုင်းကို ရောင်းချနေတာကြောင့် ဝန်ထမ်းတွေ အများကြီး လိုအပ်မှု ရှိတယ်ဆိုပေမဲ့ ဂျက်ဘီဇော့စ်ကတော့ သူရဲ့ဝန်ထမ်းဖြစ်လာမယ့်သူတွေကို အလုပ်ခန့်အပ်မှု မပြုလုပ်မီ မှာ မေးလေ့ရှိတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးမေးလေ့ရှိတဲ့မေးခွန်း
ဒီလူကို သင် သဘောကျနှစ်သက်မှုရှိရဲ့လားလို့ မေးတာဖြစ်ပါတယ်။ မေးခွန်းဆိုတာထက် ဒီအလုပ်မှာ ကိုယ်ဘယ်လောက်အထိ လုပ် ဆောင်နိုင်မလဲဆိုတာကို ဖော်ပြစေတာဖြစ်ပြီး ကိုယ်ရဲ့တာဝန်ယူနိုင်မှု အတိုင်းအတာ ဘယ်လောက်ရှိသလဲဆိုတာကို ပြောစေချင်တာပဲဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ ကိုယ်ဟာ အင်တာဗျူးဖြေသူမဟုတ်တော့ဘဲ လုပ်ငန်းထဲမှာလုပ်ကိုင်နေသူ တစ်ဦးလိုခံစားစေပြီး အလုပ်ကို တာဝန်ယူနိုင်မှုရယ်၊ တိုးတက်မှုရှိအောင် လုပ်ဆောင်နိုင်မှုရှိမလားဆိုတာကို သိချင်လို့ မေး တဲ့ မေးခွန်းပဲဖြစ်ပါတယ်။
Recommended For You >>> "အလုပ်ခွင်မှာပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေမယ့်နည်လမ်း(၅) သွယ်"
ဒုတိယမေးခွန်း
ဒီအလုပ်မှာ အချိန်အတိုင်းအတာတစ်ခုအထိ လုပ်ပြီးသွားတဲ့အခါ ကိုယ်ကိုယ်တိုင်ရော၊ ဒီလုပ်ငန်းပါ တိုးတက်မှုရှိနိုင်တယ်လို့ ထင်လားဆိုတဲ့ မေးခွန်းပါ။ ဂျက်ဘီဇော့စ်က နောက်၅နှစ်ကြာတဲ့အခါ ဒီအလုပ်မှာရှိ နေမယ်ဆိုရင် ဘာတွေ တိုးတက်မှု ရှိလဲဆိုတာကို စဉ်းစားရပါမယ်။
ကုန်သွားတဲ့အချိန် ၅နှစ်ဟာ ဘယ်လိုအရာတွေနဲ့မှ ပြန် အစားပြန်မရနိုင်ပါဘူး။ ဘာတိုးတက်မှုမှမရခဲ့ဘူးဆိုရင် နောင်တ ဆိုတဲ့အရာကိုပဲ ရပါလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။
တတိယမေးခွန်း
ဒီလူဟာ အောင်မြင်မှုကို အလိုရှိတဲ့သူတစ်ဦးဆိုတာ သေချာရဲ့လားဆိုတဲ့မေးခွန်းပါ။ တိုးတက် အောင်မြင်ချင်မှု ကို လူတိုင်းလိုချင်ကြပေမဲ့ ရရှိအောင်ကြိုးစားတဲ့ပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားသွား တာပဲဖြစ်ပါ တယ်။ အောင်မြင်ချင် လို့ ကြိုးစားတိုင်း အောင်မြင်မှု ရချင်မှရမယ်ဆိုပေမဲ့ မကြိုးစားဘဲနဲ့တော့ အောင်မြင်မှုကို အလိုအလျောက် ရရှိမှာ မဟုတ်ပါဘူး။
ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကိုချရေးထားပါ။ အချိန်တစ်ခုသတ်မှတ်ထားပြီးဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ ကိုယ်တိုင် ရှင်းလင်းပြတ်သားစွာ သိမယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာကို ရရှိဖို့ နီးစပ်နေပြီလို့ပဲ ဆိုရမှာပဲဖြစ်ပါတယ်။
- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကောျင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမများကိုရှာဖွေ နိုင်ပါသည်။
- ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက် အပြည့် အစုံပါဝင်သောကြောင့် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
- ဝင်ရောက်ကြည့်ရှု၊ ရှာဖွေ ပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html လေးကိုသာနှိပ်လိုက်ပါ။
newchallenges
sayar.com.mm
Read times Last modified on Monday, 30 December 2019 17:37
Rate this articles
(0 votes)