×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 15 August 2018

သင်ဘာလို့ မအောင်မြင်သေးတာလဲ

သင်ဘာလို့ မအောင်မြင်သေးတာလဲ google.com

၁။ ဆင်ခြေအရမ်းများတယ်

တစ်ခုခုကို မလုပ်ချင်ရင်၊ လုပ်လိုစိတ်မရှိရင် အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ ရာ၊ ထောင်မက ရှာတွေ့နိုင်ပါတယ်။ တကယ့်လုပ်ချင်တဲ့လူတွေအတွက်ကျတော့ နည်းလမ်းအမြဲရှာတွေ့ပါတယ်။


၂။ တစ်ခုခု ကို အမြဲကြောက်တယ်

ဆုံးရှုံးမှာကြောက်တယ်။ ဂုဏ်ငယ်မှာကြောက်တယ်။ သူများ ဟားမှာကို ကြောက်တယ်။ အဆင်မပြေမှာ ကြောက်တယ်။ ခေတ်ပျက်မှာကို ကြောက်တယ်။ စသည်ဖြင့် ကြောက်ခြင်းများစွာနဲ့ ဘယ်တော့မှ အကြောက်သံသရာကနေ ရုန်းမထွက်တော့ပါဘူး။


၃။ သင်ယူဖို့ ငြင်းဆန်တယ်

လုပ်လည်းမလုပ်တတ်ဘူး၊ သင်ဖို့လည်းအချိန်မပေးချင်ဘူး။ ပိုက်ဆံတော့ များများရချင်တယ်။ အခု ရေတွင်းတူး၊ အခုရေကြည်သောက်ချင်တယ်။


၎။ ချီတုံချတုံ ဖြစ်တယ်

နားယောင်လွယ်တယ်။ သူများကို အကြံတောင်းလွန်းတယ်။ ဟိုလိုလို ဒီလိုလို ချီတုံချတုံ ဖြစ်တယ်။


၅။ အချိန်ဆွဲတယ်

မပြီးဆုံးနိုင်တော့တဲ့ မနက်ဖန်များစွာနဲ့ ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

 

Recommended for you - အဝေးသင်တက္ကသိုလ်စာမေးပွဲများ အောက်တိုဘာ ၂ ရက်တွင် ကျင်းပမည်


၆။ ကောက်ရိုးမီးဆန်တယ်၊ အဖျားရှူးတယ်

ဘာလုပ်လုပ်၊ အစပိုင်းအရမ်းတက်ကြွတယ်။ ကောက်ရိုးမီးလိုပါပဲ၊ ခဏလေးတောက်တယ်။ အဖျားရှူးရှူးသွားတယ်။

 

၇။ သူများငြင်းဆိုမှာကို အမြဲစိုးရိမ်တယ်

သူများ No ပြောမှာကို အရမ်းကြောက်တယ်။ အရမ်းစိုးရိမ်ကြီးတယ်။ မစခင်မှာပဲ လက်လျှော့သွားတတ်တယ်။


၈။ ကိုယ့်ကိုယ်ကို ဘောင်ခတ်တယ်

ဟိုအလုပ်တော့ မသင့်တော်ဘူး၊ ဒီအလုပ်တော့ ငါ့အဆင့်နဲ့ဆိုရင် သိမ်ငယ်တယ်။ ခရီးဝေးဝေးသွားဖို့ မိဘနဲ့ မခွဲနိုင်ဘူး။ အနီးအနား စက်ရုံတွေကျတော့ လုပ်ခနည်းတယ်။ မျက်နာငယ်မှာ ဆိုးလို့၊ အမျိုးပြောမှာကြောက်လို့ စသည်ဖြင့် ဘောင်အမျိုးမျိုး ကနေ ရုန်းမထွက်တော့ပါဘူး။


၉။ လက်တွေ့မဆန်ဘူး

အမြဲစိတ်ကူးယဉ်တယ်။ စိတ်ကူးယဉ်တာအပြစ်မပြောလိုပေမဲ့ ပထမခြေလှမ်း မစဖြစ်တာကပြဿနာပါ။ ကံကောင်းမူတွေ၊ လဒ်လာပတွေ တခါထဲ နတ်သကြားဆီက ကျလာတော့မဲ့အတိုင်းပါပဲ။ ကံကောင်းအောင် အမြဲမျှော်လင့်နေတဲ့လူစားမျိုးပါ။ ဗေဒင်မေး ဝါသနာပါတဲ့ လူစားမျိုးပါ။ အမြဲထီထိုးတတ်ပါတယ်။


ကျနော်ကတော့ အချို့အချက်တွေငြိနေသလိုပဲ၊ ပြုပြင်ရတော့မှာပေါ့၊ သင်ကော တစ်ချက်ချက်နဲ့ တိုက်ဆိုင်မိပါသလား။

 

Recommended for you - ကမ္ဘာပေါ်တွင် ပညာရေးအကောင်းဆုံးနိုင်ငံများ

 

Recommended for you - ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ လျှောက်ထားနိုင်

 

Credit; Aung Ko Latt

Read times Last modified on Friday, 17 January 2020 13:45
Rate this articles
(3 votes)