×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 08 January 2019

ကျောင်းသားများ အပြည့်အ၀အနားယူရန်လိုအပ်သည့်အချက်များ

ကောင်းမွန်သောအိပ်စက်ခြင်းသည် ကလေးအရွယ်စာသင်သားများ တက္ကသိုလ်ကျောင်းသားများသာမက သက်ရှိတိုင်းအတွက်လိုအပ်ပါ သည်။

စာသင်သားများအနေဖြင့် အိပ်ချိန်ကောင်းကောင်းယူဖို့၊ အိပ်ရေးဝဖို့ အရေးကြီးပါသည်။ထိုမှသာ ဦးနှောက်စွမ်းရည် မှတ်ဥာဏ်နှင့် ပြဿနာ ဖြေရှင်းနိုင်မှုတွေကို ထိရောက်စွာလုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

ဘာကြောင့်အိပ်စက်ခြင်းကို ပြုလုပ်ရသလဲ

ကျွန်ုပ်တို့သည် အိပ်စက်ခြင်းကို တနေ့တာအလုပ်လုပ်မှုကြောင့် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ် နှင့် ကျွန်ုပ်တို့ ၏ဦးနှောက်ကို အနားယူရန် ပြုလုပ်ကြသည်။ Rochster တက္ကသိုလ်မှ လေ့လာတွေ့ရှိချက်အရ မွေးဖွားပြီးစကနေ ၇ လထိအောင် ကလေးတွေဟာ ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် တနေ့တာရဲ့ ၈၀% ကို အိပ်စက်ခြင်းကိုပြုလုပ်ကြသည်။ လုံလောက်သောအိပ်စက်မှုရှိလျှင် မှတ်ဥာဏ်စွမ်းရည် ပိုကောင်းတာကို Harvard ကျောင်းမှလေ့လာချက်အရသိရပါသည်။ ထို့ကြောင့်အိပ်စက်ခြင်းသည် အနားယူမှုသက်သက်သာ မဟုတ်ပဲ ကျွန်ုပ်တို့၏ ဦးနှောက်စွမ်းရည်၊ မှတ်ဥာဏ်အားကောင်းဖို့ နှင့် ခန္ဓာကိုယ်ကျန်းမာဖို့ အတွက်လိုအပ်ပါသည်။

အသိစိတ်ဖြင့် အိပ်စက်ခြင်း

ထိုသို့အိပ်စက်ခြင်းသည် အိပ်ရေးဆတ်သူတွေ၊မနက်ခင်း နိုးတစ်ဝက်ဖြစ်နေသူတွေမှာတွေ့ရမယ့် အိပ်စက်ခြင်းပုံစံပါ။ ကောင်းစွာအိပ်ပျော်ခြင်းမဟုတ်တဲ့ အိပ်စက်ခြင်းကို ဆိုလိုပြီး အိပ်စက်ခြင်းဖြစ်စဉ်ရဲ့ အဆင့် ၅ ဖြစ်ပါတယ်။ Rapid Eye Movement (REM) လို့ခေါ်ပြီး ထိုအိပ်စက်ခြင်းအဆင့်တွင် ဦးနှောက်ကနေရုတ်တရက်နိုးထဖို့ Beta(ဗီတာ) လှိုင်းနှင့် Theta (သီတာ)လှိုင်းအချို့ အဆက်မပြတ် ထုတ်ပေးနေပါတယ်။ ဒီလို REM အခြေအနေမှာ စိတ်စွဲလမ်းမှုမှတဆင့် အိပ်မက်မက်ခြင်း၊ ပြဿနာတွေ အလိုလိုဖြေရှင်းတာကို ဦးနှောက်ကအလိုလိုလုပ်ဆောင်နေပါတယ်။ ထို့ကြောင့် REM နှင့် အိပ်စက်သူများသည် မှတ်ဥာဏ်တိုစွမ်းရည်ပိုကောင်းပြီး လက်တွေ့ဘဝတွင် ပြဿနာဖြေရှင်းနိုင်မှု အားကောင်းတာကို တွေ့ရပါတယ်။

အိပ်မောကျသွားခြင်း (သို့မဟုတ်) သိစိတ်မရှိတော့ခြင်း

နာရီပိုင်းလောက်ထိအောင် အိပ်မောကျသွားခြင်းကို ဆိုလိုတာပါ။ Non-Rapid Eye Movement ( NREM) လို့ခေါ်ပါတယ်။ ထိုသို့ အိပ်မောကျသွားချိန်တွင် ခန္ဓာကိုယ်မှ ကြီးထွားမှု ဟော်မုန်းတွေ ထုတ်ပေးနေပါတယ်။ REM နဲ့အိပ်သူတွေက ဥာဏ်ပိုကောင်းလေ့ရှိပေမယ့် NREM နဲ့အိပ်သူတွေက ခန္ဓာကိုယ်ကျန်းမာမှု၊ ဖွံ့ဖြိုးမှုအားကောင်းတာတွေ့ရပါတယ်။
တစ်နေ့တာအတွက် လုံလောက်သောအိပ်စက်ချိန်

ပျမ်းမျှကတော့တစ်ရက်ကို ၅ နာရီမှ ၁၀ နာရီအတွင်းအိပ်စက်ခြင်းပြုလျှင် လုံလောက်ပါသည်။ ကော်ဖီသောက်သုံးမှုနှင့် ကဖင်းဓါတ်ကိုလည်း လိုသည်ထက်မပိုစေရန် ဂရုပြုရမည်။ ကော်ဖီတစ်ခွက်သောက်တိုင်း ရေ ၂ ခွက်ပြန်သောက်ပေးပါ။ ကော်ဖီသောက်များလျှင် မျက်စိကြောင်နိုင်သည့် အတွက်လုံလောက်သော အိပ်စက်ခြင်းကို မရလျှင် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။
အိပ်ရေးမဝခြင်း

ကျောင်းသားအချို့သည် စာကျက်ချိန်များတိုင်းစာရမည်ဟု ထင်တတ်ကြသည်။ စာမေးပွဲကဲ့သို့ အရေးကြီးသောအချိန်များတွင် ညမအိပ်လည်း စာကျက်ချိန်ပိုယူကြပါတယ်။ အိပ်ရေးမဝဘဲ စာပဲကျက်နေရင် မှတ်ဥာဏ်စွမ်းအားလျော့နည်းလာပြီး ပြဿနာဖြေရှင်းနိုင်မှု အားနည်းသွားပြီး သင်္ချာလိုအတွက် ဘာသာရပ်တွေမှာ တွက်ချက်မှုများမပြုလုပ်နိုင်ခြင်းတွေ ဖြစ်လာပါတယ်။

လူမှုပတ်ဝန်းကျင်ကိုပါ ထိခိုက်လာပါတယ်။ ကြံ့ခိုင်မှုအားနည်းလာခြင်း၊ အပေါင်းအသင်းနည်းလာခြင်း၊ အထီးကျန်ခြင်းနှင့်အတူ စိတ်ဓါတ်ကျမှုတွေကိုပါ ဖြစ်လာနိုင်ပါတယ်။ အဆီပိုတွေစုလာခြင်း ကယ်လိုရီတွေများလာပြီး ဝလာစေပါလိမ့်မယ်။ တချို့က ကျောင်းစာ၊ အလုပ်ကြောင့်အိပ်မပျော်ဘူလို့ ထင်ကြပါတယ်။

အမှန်တကယ် အိပ်မပျော်ခြင်းသည် မဂ္ဂနီစီယမ်ဓါတ်ချို့တဲ့လို့ ဖြစ်ပါတယ်။ တစ်ရက်ကို မဂ္ဂနီစီယမ်ဓါတ် ၅၀၀ မီလီဂရမ်လောက်ရှိရုံနဲ့ ကောင်းမွန်စွာအိပ်စက်စေနိုင်ပါတယ်။ ထို့ကြောင့်လုံလောက်သော အိပ်စက်ခြင်းကို အရေးပေး၍ ပြုလုပ်ရန်လိုပါသည်။

Source ; Internet journal

Read times Last modified on Thursday, 30 January 2020 14:30
Rate this articles
(1 Vote)