×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 22 November 2019

"အလြယ္ကူဆုံး အခ်ိန္စီမံခန႔္ခြဲနည္းလမ္း"

"အလြယ္ကူဆုံး အခ်ိန္စီမံခန႔္ခြဲနည္းလမ္း" freepick

Work hard ျဖစ္ဖို႔ထက္ work smart ျဖစ္ဖို႔လိုတယ္ဆိုတာ ဒီေန႔ေခတ္မွာ ပိုၿပီး သေဘာေပါက္လာၾကပါၿပီ။

အဲဒါအျပင္ ဒီေန႔ေခတ္မွာ ဘယ္သူမွ အလုပ္တစ္ခုတည္းကို တရားေသလုပ္ေနတယ္ဆိုတာမရွိၾကေတာ့ဘဲ တစ္ၿပိဳင္တည္း ေပါ့ေပါ့ပါးပါးနဲ႔ အလုပ္ႏွစ္မ်ိဳး သုံးမ်ိဳးေလာက္ ေအးေဆး လုပ္ႏိုင္ၾကတဲ့ေခတ္ျဖစ္ပါတယ္။ ေျပာခ်င္တာ အလုပ္လည္း ပိုၿပီး ပိုၿပီးေျမာက္သလို၊ ဝင္ေငြလည္း သုံးေလးခုရေနၾကတဲ့သူေတြ မ်ားလာပါၿပီ။ အဓိက အေၾကာင္းကေတာ့ work smart ျဖစ္ၾကလို႔ပါပဲ။ ဟုတ္ၿပီ….အဲဒါဆိုရင္ work smart ျဖစ္ဖို႔အတြက္ အဓိက အက်ဆုံးကေတာ့ time management ဆိုတာ လူတိုင္းသိၾကမွာပါ။ ေျပာေတာ့သာ လြယ္တာ time management ဆိုတာ တကယ္လုပ္ၾကည့္ရင္မလြယ္ပါဘူး။ အဓိကကေတာ့ ကိုယ့္ရဲ႕စိတ္ကို ကန႔္သတ္ ထိန္းခ်ဳပ္ႏိုင္စြမ္းပါပဲ။ ကိုယ္သတ္မွတ္ထားတဲ့စည္းကမ္းကို ကိုယ္တိုင္ေသခ်ာလိုက္နာႏိုင္မယ္ဆိုရင္ time management လုပ္ႏိုင္သြားသလို၊ ကိုယ့္ရဲ႕အလုပ္ေတြလည္း ပိုၿပီး မ်ားမ်ားၿပီးေစႏိုင္ပါတယ္။ အဲဒါေၾကာင့္ time management ဘယ္လိုမ်ိဳးလုပ္မလဲဆိုတာေလး ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) ကိုယ္ဘယ္ေနရာေတြမွာ အခ်ိန္ပုပ္ေနသလဲ ျပန္ေတြးပါ
ကိုယ္ဘယ္ေနရာေတြမွာ အခ်ိန္အမ်ားဆုံးကုန္ဆုံးမိေနသလဲ။ ဥပမာ။ ေဖ့ဘုတ္….လိုမ်ိဳး လူမႈကြန္ရက္ေပၚမွာ မက္ေဆ့ေလးပဲဖတ္လိုက္ပါအုံးမယ္….ဆိုၿပီး ဖြင့္လိုက္တာ တစ္နာရီကို မသိလိုက္ဘဲ ကုန္သြားသလား၊ ေန႔တစ္ဝက္ကုန္သုံးသလား စသျဖင့္ေပါ့။ ထိုအခ်ိန္မ်ားမ်ား အလကားသုံးပစ္မိေနတဲ့ ေနရာကိုေတြ႕ၿပီဆိုရင္ေတာ့ ကိုယ့္စိတ္ကိုထိန္းခ်ဳပ္ဖို႔ႀကိဳးစားပါ။ ငါ..ဒီေန႔ ဒီအလုပ္ေတြၿပီးဖို႔ သတ္မွတ္ထားတယ္၊ ဒီအလုပ္ေတြ မၿပီးမခ်င္း ေဖ့ဘုတ္မသုံးဘူး….စသျဖင့္ ကိုယ့္ကိုကိုယ္သတ္မွတ္ထားၿပီး ေသခ်ာလိုက္နာပါ။


(၂) အလုပ္ခ်ိန္နဲ႔ ကိုယ္ပိုင္အခ်ိန္ခြဲျခားလိုက္ပါ
မ်ားေသာအားျဖင့္ အလုပ္ခ်ိန္မွာ လူမႈကြန္ရက္ေပၚမွာပဲ အခ်ိန္ေတြကုန္သြားၿပီး အလုပ္ခ်ိန္အတြင္းမွာ အလုပ္မၿပီးလို႔ ကိုယ္ပိုင္အခ်ိန္မွာ မၿပီးတဲ့အလုပ္ေတြကို ျပန္ၿပီး ဆက္လုပ္ေနရတာမ်ိဳးေပါ့။ အဲဒါမ်ိဳးျဖစ္သြားတဲ့အခါ အလုပ္ခ်ိန္မွာလည္း မသိလိုက္မသိဘာသာကုန္ဆုံးသြားသလို ကိုယ့္ရဲ႕ကိုယ္ပိုင္အခ်ိန္မွာလည္း အားလပ္ခ်ိန္မွာ တျခားတခုခုလုပ္ဖို႔အခ်ိန္ပဲ့သြားတတ္ပါတယ္။ အဲဒီလိုမျဖစ္ရေအာင္ ကိုယ့္ကိုကိုယ္ ေသခ်ာ အခ်ိန္သတ္မွတ္ပါ။ အလုပ္ခ်ိန္တြင္းမွာ အေႂကြးမက်န္ေအာင္ အလုပ္ၿပီးဆုံးေအာင္လုပ္မယ္လို႔ ဆုံးျဖတ္ၿပီးေသခ်ာလိုက္နာပါ။

Recommended For You >>> "ဦးေနွာက္မွတ္ဥာဏ္ေကာင္းေအာင္ ပံုမွန္ ျပဳလုပ္သင့္တဲ့ ေလ့က်င့္ခန္း (၅) မ်ိဳး"


(၃) လုပ္စရာအေရးႀကီးငယ္အလိုက္ တစုတစည္းတည္း စာရင္းလုပ္ပါ
မနက္အလုပ္စၿပီဆိုတာနဲ႔ လုပ္စရာအေရးႀကီးငယ္အလိုက္ တစုတစည္းတည္း စာရင္းလုပ္ထားလိုက္ပါ။ ၿပီးတာနဲ႔ စာရင္းအတိုင္း စတင္အလုပ္ပါ။ အလုပ္မၿပီးမခ်င္း တျခားအာ႐ုံပ်က္စရာေတြကို ထည့္မေတြးပါနဲ႔။ လုပ္လည္း မလုပ္မိေအာင္ ကိုယ့္ကိုကိုယ္ထိန္းပါ။


(၄) အလုပ္တစ္ခုခ်င္းကို အခ်ိန္သတ္မွတ္ၿပီးလုပ္ပါ
စာရင္းထဲက အလုပ္ကိုစတင္လုပ္ေဆာင္ၿပီဆိုတာနဲ႔ အလုပ္တစ္ခုကို အခ်ိန္ဘယ္ေလာက္မွာ ၿပီးေအာင္
လုပ္မယ္လို႔ ကိုယ့္ကိုကိုယ္သတ္မွတ္လိုက္ပါ။ အဲဒီ့အခါ အလုပ္တစ္ခုၿပီးေအာင္ အာ႐ုံစိုက္ေနပါလိမ့္မယ္။


(၅) မေစာင့္ပါနဲ႔
တစ္စုံတစ္ခုျဖစ္ျဖစ္၊ တစ္ေယာက္ေယာက္ေၾကာင့္ျဖစ္ျဖစ္ အလုပ္တစ္ခုကို လုပ္ဖို႔ တန႔္ေနရတယ္ဆိုရင္ ထိုအလုပ္ၿပီးဖို႔ ေစာင့္မေနဘဲ ေနာက္အလုပ္တစ္ခုကို ဆက္လုပ္သြားပါ။ ပထမအလုပ္ကို ျပန္စလုပ္ဖို႔အဆင္သင့္ျဖစ္ၿပီဆိုမွ ျပန္လုပ္ပါ။ အဲဒါဆိုရင္ ေစာင့္ေနရတဲ့အတြက္ အခ်ိန္အလကားမကုန္ေစေတာ့ပါဘူး။ သေဘာတရားကိုက အလုပ္တစ္ခုကို ဆက္လုပ္ဖို႔ အျခားေသာအေၾကာင္းအရာေတြကို ေစာင့္ေနလိုက္ရင္ ေနာက္အလုပ္ဆက္လို႔ဖို႔ စိတ္အာ႐ုံလည္း ပ်ံ႕လြင့္သလို၊ အာ႐ုံစူးစိုက္မႈလည္း ပ်က္စီးသြားေစပါတယ္။ အဲဒါေၾကာင့္ ဘယ္လိုအေၾကာင္းအရာရွိရွိ ေစာင့္မေနပါနဲ႔။ လုပ္စရာရွိတဲ့အလုပ္တစ္ခုခုကို ေက်ာ္ၿပီး ဆက္လုပ္ထားလိုက္ပါ။
ကဲ….ခုပဲ အထက္က နည္းလမ္းေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္ၾကည့္လိုက္ပါေနာ္။ တကယ္လုပ္ၾကည့္ရင္ တကယ္အက်ိဳးရွိတာကို သင္လက္ေတြ႕သိလာပါလိမ့္မယ္။

- ဤWebsite တြင္ ေက်ာင္းပညာအေထာက္အကူျပဳဘာသာ၊ ႏိုင္ငံျခားဘာသာ၊ ဂီတ၊ ကြန္ပ်ဴတာ၊ ဒီဇိုင္းပညာ၊ အႏုပညာ၊သက္ေမြးဝမ္းေက်ာင္းမွဳပညာစသည့္ဘာသာရပ္အမ်ဳိးမ်ဳိးကိုအနီးကပ္သင္ျပေပးသည့္ ဆရာ/ဆရာမမ်ားကို လြယ္ကူ စြာ႐ွာေဖြႏိုင္ပါသည္။
- ႐ွာေဖြရာတြင္လည္း ၿမိဳ႕အလိုက္၊ ဘာသာရပ္အလိုက္ ႐ွာေဖြႏိုင္သည့္အျပင္ ဆရာ/ဆရာမမ်ား၏ဖုန္းနံပါတ္မ်ား၊ အီးေမးလ္လိပ္စာမ်ား၊ သင္ၾကားေပးသည့္ဘာသာရပ္အမ်ဳိးမ်ဳိး၊ အဆင့္အမ်ဳိးမ်ဳိးႏွင့္ အခေၾကးေငြအမ်ဳိးမ်ဳိး တုိ႔ကို လည္း ထည့္သြင္းေဖာ္ျပေပးထားပါသည္။
- ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ အခမဲ့ဝင္ေရာက္ရွာေဖြႏုိင္ပါသည္။

 


Sources : Bawa101

 

UNICODE

အလွယ်ကူဆုံး အချိန်စီမံခန့်ခွဲနည်းလမ်း

Work hard ဖြစ်ဖို့ထက် work smart ဖြစ်ဖို့လိုတယ်ဆိုတာ ဒီနေ့ခေတ်မှာ ပိုပြီး သဘောပေါက်လာကြပါပြီ ။ အဲဒါအပြင် ဒီနေ့ခေတ်မှာ ဘယ်သူမှ အလုပ်တစ်ခုတည်းကို တရားသေလုပ်နေတယ်ဆိုတာမရှိကြတော့ဘဲ တစ်ပြိုင်တည်း ပေါ့ပေါ့ပါးပါးနဲ့ အလုပ်နှစ်မျိုး သုံးမျိုးလောက် အေးဆေး လုပ်နိုင်ကြတဲ့ခေတ်ဖြစ်ပါတယ်။ ပြောချင်တာ အလုပ်လည်း ပိုပြီး ပိုပြီးမြောက်သလို၊ ဝင်ငွေလည်း သုံးလေးခုရနေကြတဲ့သူတွေ များလာပါပြီ။ အဓိက အကြောင်းကတော့ work smart ဖြစ်ကြလို့ပါပဲ။ ဟုတ်ပြီ….အဲဒါဆိုရင် work smart ဖြစ်ဖို့အတွက် အဓိက အကျဆုံးကတော့ time management ဆိုတာ လူတိုင်းသိကြမှာပါ။ ပြောတော့သာ လွယ်တာ time management ဆိုတာ တကယ်လုပ်ကြည့်ရင်မလွယ်ပါဘူး။ အဓိကကတော့ ကိုယ့်ရဲ့စိတ်ကို ကန့်သတ် ထိန်းချုပ်နိုင်စွမ်းပါပဲ။ ကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းကို ကိုယ်တိုင်သေချာလိုက်နာနိုင်မယ်ဆိုရင် time management လုပ်နိုင်သွားသလို၊ ကိုယ့်ရဲ့အလုပ်တွေလည်း ပိုပြီး များများပြီးစေနိုင်ပါတယ်။ အဲဒါကြောင့် time management ဘယ်လိုမျိုးလုပ်မလဲဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ကိုယ်ဘယ်နေရာတွေမှာ အချိန်ပုပ်နေသလဲ ပြန်တွေးပါ
ကိုယ်ဘယ်နေရာတွေမှာ အချိန်အများဆုံးကုန်ဆုံးမိနေသလဲ။ ဥပမာ။ ဖေ့ဘုတ်….လိုမျိုး လူမှုကွန်ရက်ပေါ်မှာ မက်ဆေ့လေးပဲဖတ်လိုက်ပါအုံးမယ်….ဆိုပြီး ဖွင့်လိုက်တာ တစ်နာရီကို မသိလိုက်ဘဲ ကုန်သွားသလား၊ နေ့တစ်ဝက်ကုန်သုံးသလား စသဖြင့်ပေါ့။ ထိုအချိန်များများ အလကားသုံးပစ်မိနေတဲ့ နေရာကိုတွေ့ပြီဆိုရင်တော့ ကိုယ့်စိတ်ကိုထိန်းချုပ်ဖို့ကြိုးစားပါ။ ငါ..ဒီနေ့ ဒီအလုပ်တွေပြီးဖို့ သတ်မှတ်ထားတယ်၊ ဒီအလုပ်တွေ မပြီးမချင်း ဖေ့ဘုတ်မသုံးဘူး….စသဖြင့် ကိုယ့်ကိုကိုယ်သတ်မှတ်ထားပြီး သေချာလိုက်နာပါ။


(၂) အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်ခွဲခြားလိုက်ပါ
များသောအားဖြင့် အလုပ်ချိန်မှာ လူမှုကွန်ရက်ပေါ်မှာပဲ အချိန်တွေကုန်သွားပြီး အလုပ်ချိန်အတွင်းမှာ အလုပ်မပြီးလို့ ကိုယ်ပိုင်အချိန်မှာ မပြီးတဲ့အလုပ်တွေကို ပြန်ပြီး ဆက်လုပ်နေရတာမျိုးပေါ့။ အဲဒါမျိုးဖြစ်သွားတဲ့အခါ အလုပ်ချိန်မှာလည်း မသိလိုက်မသိဘာသာကုန်ဆုံးသွားသလို ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်မှာလည်း အားလပ်ချိန်မှာ တခြားတခုခုလုပ်ဖို့အချိန်ပဲ့သွားတတ်ပါတယ်။ အဲဒီလိုမဖြစ်ရအောင် ကိုယ့်ကိုကိုယ် သေချာ အချိန်သတ်မှတ်ပါ။ အလုပ်ချိန်တွင်းမှာ အကြွေးမကျန်အောင် အလုပ်ပြီးဆုံးအောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးသေချာလိုက်နာပါ။

Recommended For You >>> "ဦးနှောက်မှတ်ဉာဏ်ကောင်းအောင် ပုံမှန် ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း (၅) မျိုး"


(၃) လုပ်စရာအရေးကြီးငယ်အလိုက် တစုတစည်းတည်း စာရင်းလုပ်ပါ
မနက်အလုပ်စပြီဆိုတာနဲ့ လုပ်စရာအရေးကြီးငယ်အလိုက် တစုတစည်းတည်း စာရင်းလုပ်ထားလိုက်ပါ။ ပြီးတာနဲ့ စာရင်းအတိုင်း စတင်အလုပ်ပါ။ အလုပ်မပြီးမချင်း တခြားအာရုံပျက်စရာတွေကို ထည့်မတွေးပါနဲ့။ လုပ်လည်း မလုပ်မိအောင် ကိုယ့်ကိုကိုယ်ထိန်းပါ။


(၄) အလုပ်တစ်ခုချင်းကို အချိန်သတ်မှတ်ပြီးလုပ်ပါ
စာရင်းထဲက အလုပ်ကိုစတင်လုပ်ဆောင်ပြီဆိုတာနဲ့ အလုပ်တစ်ခုကို အချိန်ဘယ်လောက်မှာ ပြီးအောင်
လုပ်မယ်လို့ ကိုယ့်ကိုကိုယ်သတ်မှတ်လိုက်ပါ။ အဲဒီ့အခါ အလုပ်တစ်ခုပြီးအောင် အာရုံစိုက်နေပါလိမ့်မယ်။


(၅) မစောင့်ပါနဲ့
တစ်စုံတစ်ခုဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကြောင့်ဖြစ်ဖြစ် အလုပ်တစ်ခုကို လုပ်ဖို့ တန့်နေရတယ်ဆိုရင် ထိုအလုပ်ပြီးဖို့ စောင့်မနေဘဲ နောက်အလုပ်တစ်ခုကို ဆက်လုပ်သွားပါ။ ပထမအလုပ်ကို ပြန်စလုပ်ဖို့အဆင်သင့်ဖြစ်ပြီဆိုမှ ပြန်လုပ်ပါ။ အဲဒါဆိုရင် စောင့်နေရတဲ့အတွက် အချိန်အလကားမကုန်စေတော့ပါဘူး။ သဘောတရားကိုက အလုပ်တစ်ခုကို ဆက်လုပ်ဖို့ အခြားသောအကြောင်းအရာတွေကို စောင့်နေလိုက်ရင် နောက်အလုပ်ဆက်လို့ဖို့ စိတ်အာရုံလည်း ပျံ့လွင့်သလို၊ အာရုံစူးစိုက်မှုလည်း ပျက်စီးသွားစေပါတယ်။ အဲဒါကြောင့် ဘယ်လိုအကြောင်းအရာရှိရှိ စောင့်မနေပါနဲ့။ လုပ်စရာရှိတဲ့အလုပ်တစ်ခုခုကို ကျော်ပြီး ဆက်လုပ်ထားလိုက်ပါ။
ကဲ….ခုပဲ အထက်က နည်းလမ်းတွေကို လက်တွေ့အကောင်အထည်ဖော်ကြည့်လိုက်ပါနော်။ တကယ်လုပ်ကြည့်ရင် တကယ်အကျိုးရှိတာကို သင်လက်တွေ့သိလာပါလိမ့်မယ်။

- ဤWebsite တွင် ကျောင်းပညာအထောက်အကူပြုဘာသာ၊ နိုင်ငံခြားဘာသာ၊ ဂီတ၊ ကွန်ပျူတာ၊ ဒီဇိုင်းပညာ၊ အနုပညာ၊သက်မွေးဝမ်းကျောင်းမှုပညာစသည့်ဘာသာရပ်အမျိုးမျိုးကိုအနီးကပ်သင်ပြပေးသည့် ဆရာ/ဆရာမများကို လွယ်ကူ စွာရှာဖွေနိုင်ပါသည်။
- ရှာဖွေရာတွင်လည်း မြို့အလိုက်၊ ဘာသာရပ်အလိုက် ရှာဖွေနိုင်သည့်အပြင် ဆရာ/ဆရာမများ၏ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ သင်ကြားပေးသည့်ဘာသာရပ်အမျိုးမျိုး၊ အဆင့်အမျိုးမျိုးနှင့် အခကြေးငွေအမျိုးမျိုး တို့ကို လည်း ထည့်သွင်းဖော်ပြပေးထားပါသည်။
- ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ အခမဲ့ဝင္ေရာက္ရွာေဖြႏုိင္ပါသည္။

 

sayar.com.mm
Sources : Bawa101

Read times Last modified on Monday, 30 December 2019 17:04
Rate this articles
(2 votes)