×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 20 January 2020

စြန႔္ခြာသင့္ေသာလူ (၄) မ်ိဳး

စြန႔္ခြာသင့္ေသာလူ (၄) မ်ိဳး google

သင်မဖြစ်မနေ စွန့်ခွာသင့်တဲ့လူတွေရှိကိုရှိပါတယ်နော်။ အားနာလို့၊ သံယောဇဉ်ကြီးလို့၊ အရင်းအချာဖြစ်နေလို့ စသဖြင့် အကြောင်းတရားအမျိုးမျိုးကို ထောက်ငဲ့ပြီး သင်မစွန့်ခွာခြင်းဟာ သင့်ကိုသာ ထိခိုက်စေမှာဖြစ်ပါတယ်။

အဲဒါကြောင့် ကိုယ့်ကိုထိခိုက်စေတဲ့သူတွေကို သင်ကစတင်စွန့်ခွာသင့်စွန့်ခွာရမှာပါပဲ။ အဲဒါက သင့်ကိုယ်သင်ကယ်ဆယ်ခြင်းတစ်မျိုးပါပဲ။ ဘယ်လိုလူတွေကို စွန့်ခွာသင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။

 

၁) အခါခါလိမ်ညာသူများ
လိမ်ညာတတ်တဲ့သူတွေဟာ သင့်ကို ဘာမှမဟုတ်တဲ့အသေးအဖွဲလေးတွေက အစ လိမ်မှာဖြစ်သလို၊ ကြီးမားတဲ့ကိစ္စတွေမှာလည်း သင့်ကိုလိမ်နေမှာပါပဲ။ အဲဒါကြောင့် သင့်ကိုအခါခါလိမ်ညာတဲ့သူကို ယုံကြည်ပေးကြည့်လို့မှ အခြေအနေမဟန်ဘူး၊ အခါခါ သင့်ယုံကြည်မှု့ကို ထပ်လိမ်ညာနေတယ်ဆိုရင်တော့ စွန့်လွှတ်လိုက်တာက အကောင်းဆုံးပါပဲ။

၂) သင့်ကိုသိမ်ငယ်စေသူများ
သင့်ကိုသိမ်ငယ်စေတဲ့သူတွေက သင့်စိတ်ဓာတ်ကို အောက်ရောက်အောင် ဆွဲချနေတာနဲ့တူပါတယ်။ သင့်ကို မသိလိုက်မသိဘာသာနဲ့ ချိုးနှိမ်နေတာမျိုးပေါ့။ သူတို့နဲ့အနေများလာတဲ့အခါ သင့်မှာ တဖြည်းဖြည်းယုံကြည်မှုလျော့နည်းလာစေပါတယ်။ သူတို့နဲ့ယှဉ်ရင်လည်း သင့်ကိုသင်ဘာမှမလုပ်နိုင်တဲ့လူတစ်ယောက်အဖြစ်မြင်လာစေပါတယ်။ အဆိုးမြင်စိတ်များလာတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုသိမ်ငယ်စေတဲ့သူတွေကို ခုပဲစွန့်ခွာလိုက်ပါ။

၃) သင့်ကိုအသုံးချတတ်သူများ
သင့်ကို အသုံးချအရာတစ်ခုလို သဘောထားတတ်တဲ့သူတွေကို သင်မပေါင်းသင့်ပါဘူး။ ထိုလူတွေက သင့်ကို သနားစဖွယ်အကူအညီတောင်းလည်း ထိုခဏပဲ သင့်ကိုဟန်ဆောင်ပြမှာဖြစ်ပြီး သင့်ကူညီမှုကို သူတို့က ခုတုံးလုပ်နိုင်တာမို့ သင့်ကိုပြန်ဒုက္ခပေးမှာပါ။ ထိုလူတွေက မူယာမာယာကလည်းများတတ်ပါသေးတယ်။ အဲဒါကြောင့် သင့်ကိုအသုံးချတတ်သူကို စွန့်ခွာလိုက်ပါ။

၄) သင့်ကိုတန်ဖိုးမထားသူများ
သင့်ကိုတန်ဖိုးမထားသူတွေက သင့်တန်ဖိုးကို မသိတဲ့သူတွေပဲဖြစ်ပါတယ်။ သင်ကဘယ်လောက်တော်တော်၊ တတ်တတ်၊ ဘယ်လောက်စွမ်းရည်ရှိပါစေ သူတို့အတွက်က သင့်ကအလကားလူဖြစ်နေမှာပါပဲ။ အဲဒီလိုလူမျိုးနဲ့ သင်ပေါင်းသင်းနေသရွေ့သင့်တန်ဖိုးကို နားမလည်တဲ့အတွက် သင့်လည်းမတိုးတက်နိုင်ပါဘူး။ သင့်အရည်အချင်းတွေလည်း အလကားဖြစ်စေမှာပါ။ အဲဒါကြောင့် သင့်တန်ဖိုးကိုမသိဘဲ သင့်ကိုတန်ဖိုးမထားသူတွေကို ရှောင်သင့်ပါတယ်။

 

(Zawgyi)

သင္မျဖစ္မေန စြန႔္ခြာသင့္တဲ့လူေတြရွိကိုရွိပါတယ္ေနာ္။ အားနာလို႔၊ သံေယာဇဥ္ႀကီးလို႔၊ အရင္းအခ်ာျဖစ္ေနလို႔ စသျဖင့္ အေၾကာင္းတရားအမ်ိဳးမ်ိဳးကို ေထာက္ငဲ့ၿပီး သင္မစြန႔္ခြာျခင္းဟာ သင့္ကိုသာ ထိခိုက္ေစမွာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ကိုယ့္ကိုထိခိုက္ေစတဲ့သူေတြကို သင္ကစတင္စြန႔္ခြာသင့္စြန႔္ခြာရမွာပါပဲ။ အဲဒါက သင့္ကိုယ္သင္ကယ္ဆယ္ျခင္းတစ္မ်ိဳးပါပဲ။ ဘယ္လိုလူေတြကို စြန႔္ခြာသင့္သလဲဆိုတာ ဖတ္ၾကည့္လိုက္ပါအုံးေနာ္။

၁) အခါခါလိမ္ညာသူမ်ား
လိမ္ညာတတ္တဲ့သူေတြဟာ သင့္ကို ဘာမွမဟုတ္တဲ့အေသးအဖြဲေလးေတြက အစ လိမ္မွာျဖစ္သလို၊ ႀကီးမားတဲ့ကိစၥေတြမွာလည္း သင့္ကိုလိမ္ေနမွာပါပဲ။ အဲဒါေၾကာင့္ သင့္ကိုအခါခါလိမ္ညာတဲ့သူကို ယုံၾကည္ေပးၾကည့္လို႔မွ အေျခအေနမဟန္ဘူး၊ အခါခါ သင့္ယုံၾကည္မႈ႕ကို ထပ္လိမ္ညာေနတယ္ဆိုရင္ေတာ့ စြန႔္လႊတ္လိုက္တာက အေကာင္းဆုံးပါပဲ။

၂) သင့္ကိုသိမ္ငယ္ေစသူမ်ား
သင့္ကိုသိမ္ငယ္ေစတဲ့သူေတြက သင့္စိတ္ဓာတ္ကို ေအာက္ေရာက္ေအာင္ ဆြဲခ်ေနတာနဲ႔တူပါတယ္။ သင့္ကို မသိလိုက္မသိဘာသာနဲ႔ ခ်ိဳးႏွိမ္ေနတာမ်ိဳးေပါ့။ သူတို႔နဲ႔အေနမ်ားလာတဲ့အခါ သင့္မွာ တျဖည္းျဖည္းယုံၾကည္မႈေလ်ာ့နည္းလာေစပါတယ္။ သူတို႔နဲ႔ယွဥ္ရင္လည္း သင့္ကိုသင္ဘာမွမလုပ္ႏိုင္တဲ့လူတစ္ေယာက္အျဖစ္ျမင္လာေစပါတယ္။ အဆိုးျမင္စိတ္မ်ားလာတတ္ပါတယ္။ အဲဒါေၾကာင့္ ကိုယ့္ကိုသိမ္ငယ္ေစတဲ့သူေတြကို ခုပဲစြန႔္ခြာလိုက္ပါ။

၃) သင့္ကိုအသုံးခ်တတ္သူမ်ား
သင့္ကို အသုံးခ်အရာတစ္ခုလို သေဘာထားတတ္တဲ့သူေတြကို သင္မေပါင္းသင့္ပါဘူး။ ထိုလူေတြက သင့္ကို သနားစဖြယ္အကူအညီေတာင္းလည္း ထိုခဏပဲ သင့္ကိုဟန္ေဆာင္ျပမွာျဖစ္ၿပီး သင့္ကူညီမႈကို သူတို႔က ခုတုံးလုပ္ႏိုင္တာမို႔ သင့္ကိုျပန္ဒုကၡေပးမွာပါ။ ထိုလူေတြက မူယာမာယာကလည္းမ်ားတတ္ပါေသးတယ္။ အဲဒါေၾကာင့္ သင့္ကိုအသုံးခ်တတ္သူကို စြန႔္ခြာလိုက္ပါ။

၄) သင့္ကိုတန္ဖိုးမထားသူမ်ား
သင့္ကိုတန္ဖိုးမထားသူေတြက သင့္တန္ဖိုးကို မသိတဲ့သူေတြပဲျဖစ္ပါတယ္။ သင္ကဘယ္ေလာက္ေတာ္ေတာ္၊ တတ္တတ္၊ ဘယ္ေလာက္စြမ္းရည္ရွိပါေစ သူတို႔အတြက္က သင့္ကအလကားလူျဖစ္ေနမွာပါပဲ။ အဲဒီလိုလူမ်ိဳးနဲ႔ သင္ေပါင္းသင္းေနသေ႐ြ႕သင့္တန္ဖိုးကို နားမလည္တဲ့အတြက္ သင့္လည္းမတိုးတက္ႏိုင္ပါဘူး။ သင့္အရည္အခ်င္းေတြလည္း အလကားျဖစ္ေစမွာပါ။ အဲဒါေၾကာင့္ သင့္တန္ဖိုးကိုမသိဘဲ သင့္ကိုတန္ဖိုးမထားသူေတြကို ေရွာင္သင့္ပါတယ္။

 

Credit - BAWA101

Read times Last modified on Monday, 20 January 2020 13:23
Rate this articles
(0 votes)