×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 31 January 2020

"ကမၻာၾကီး ကိုစိုးမိုးေနၾကသည့္ ေက်ာင္းမျပီးခဲ့ၾကသူမ်ား"

"ကမၻာၾကီး ကိုစိုးမိုးေနၾကသည့္ ေက်ာင္းမျပီးခဲ့ၾကသူမ်ား" google.com

ကမၻာေက်ာ္ ဆိုရွယ္ကြန္ရက္တစ္ခုျဖစ္သည့္ Facebook ကို ထူေထာင္သူ မာ့ခ္ ဇူကာဘတ္သည္ ဟားဗတ္ တကၠသိုလ္ဘြဲ႔ႏွင္းသဘင္ အခမ္းအနားတြင္ စကားေျပာခြင့္ရခဲ့သည္။

သူ႔ကို အႀကံျပဳစကား ေျပာၾကားေပးပါရန္ ဘီလ္ဂိတ္စ္က ေမတၱာရပ္ခံခဲ့သည္။ ဇူကာဘတ္က ဘီလ္ဂိတ္စ္ကို “သူတို႔ ကၽြန္ေတာ္တို႔ တကယ္ပဲ ဘြဲ႔မရခဲ့ဖူးဆိုတာ သိၾကသလား” ဟုေမးလိုက္သည္။ ဂိတ္စ္က “မင္းေမးတာ ေကာင္းလိုက္တာကြာ။ ဒါေပမဲ့ မင္းကို သူတို႔ ဘြဲ႔တစ္ခု အပ္ႏွင္းၿပီးသားပါ” ဟုျပန္ေျပာလိုက္သည္။

ဇူကာဘတ္ေရာ ဘီလ္ဂိတ္စ္ပါ ဟားဗတ္ေက်ာင္းထြက္မ်ား ျဖစ္ၾကသည္။ သူတို႔ဘြဲ႔ရသည္အထိ ေက်ာင္းၿပီး ေအာင္မတက္ခဲ့ေပ။ သူတို႔ႏွစ္ေယာက္ ဘဝေတြက ေက်ာင္းမၿပီးေသာ္လည္း ဘီလီယံႂကြယ္သူေဌးႀကီးေတြ ျဖစ္ေနျခင္းမွာ လူငယ္တိုင္း ေလးစားအားက်စရာေတြ ျဖစ္ေနသည္ကေတာ့ အမွန္ပင္ျဖစ္သည္။ ေကာလိပ္က ေက်ာင္းမၿပီးဘဲ ထြက္ခဲ့ၿပီး ေအာင္ျမင္သူေတြ မ်ားစြာရွိလာပါသည္။

သူတို႔ေအာင္ျမင္ခဲ့ရျခင္းမွာ သူလို ငါလို သာမန္မဟုတ္သည္ကေတာ့ အမွန္ပင္ျဖစ္သည္။ ရွီ႐ိုင္း ဆင္းဘတ္က ဟားဗတ္ေက်ာင္းထြက္၊ ဂ်က္ဖ္ ဘီဇို႔စ္က ပရင့္စ္တန္ေက်ာင္းထြက္၊ မာရစ္ဆာ ေမယာက စတန္းဖို႔ဒ္ေက်ာင္းထြက္ေတြျဖစ္သည္။ တကၠသိုလ္ေကာလိပ္မွ ဘြဲ႔ရေက်ာင္းၿပီး သည့္ေနာက္ ခ်မ္းသာေအာင္ျမင္ေနသူ မည္မွ်ရွိေၾကာင္း စစ္တမ္း ေကာက္ၾကသည္။ အေမရိကန္ျပည္ေထာင္စုတြင္ ၁၁၇၄၅ ဦးရွိေနသည္။ ထိုသူမ်ားထဲတြင္ စီအီးအိုမ်ား၊ တရားသူႀကီးမ်ား၊ ႏိုင္ငံေရးသမားမ်ား၊ မီယီယံႂကြယ္၊ ဘီလီယံႂကြယ္သူေဌးႀကီးမ်ား၊ စီးပြားေရး လုပ္ငန္းရွင္ ႀကီးမ်ားလည္းပါသည္။ ကမၻာ့ၾသဇာအာဏာအရွိဆံုး ပုဂၢိဳလ္မ်ားလည္းပါသည္။ သို႔ေသာ္ ေက်ာင္းမၿပီးဘဲ ဘီလီယံႂကြယ္ကာ ကမၻာ့ၾသဇာအရွိဆံုးပညာရွင္နယ္ပယ္မွာေတာ့ ဘီလ္ဂိတ္စ္ႏွင့္ ဇပ္ကာဘတ္က ထူးျခားသည္ဟု ဆိုရမည္။

အေမရိကန္ျပည္ေထာင္စု၏ ႏိုင္ငံေခါင္းေဆာင္ ၉၄ ရာခိုင္ႏႈန္းသည္ တကၠသိုလ္ေကာလိပ္မ်ားက ဘြဲ႔ရရွိခဲ့သူမ်ား ျဖစ္ၾကသည္။ ထိုသူမ်ားထဲတြင္မွ ၅၀ ရာခိုင္ႏႈန္းခန္႔သည္ သူေဌးေက်ာင္းလို ေက်ာင္းေကာင္းေကာင္းမ်ားတြင္ တက္ေရာက္ပညာသင္ၾကားခဲ့ၾကသူမ်ား ျဖစ္ၾကသည္။ အေမရိကန္လႊတ္ေတာ္အမတ္ ၂၀ ဒသမ ၆ ရာခိုင္ႏႈန္း ႏွင့္ သန္းႂကြယ္သူေဌး ၃၃ ဒသမ ၈ ရာခိုင္ႏႈန္းသည္ သူေဌးေက်ာင္းထြက္မ်ား ျဖစ္ၾကသည္။

သူေဌးေက်ာင္း ေခၚ အီလစ္ေက်ာင္းမ်ားတြင္ထားလွ်င္ ပိုၿပီး ထူးျခားသြားသလားဟု စစ္တမ္းေတြေကာက္ၾကည့္ ၾကသည္။ သာမန္ေက်ာင္းႏွင့္ သူေဌးေက်ာင္းမ်ားမွ ေက်ာင္းသားမ်ား၏ SAT ရမွတ္မ်ားမွာ ကြာျခားမႈ မရွိေၾကာင္းေတြ႔ရသည္။ ပိုက္ဆံေတြအမ်ားႀကီးေပးၿပီး ပညာသင္ၾကားမွ ေတာ္မည္ဆိုသည့္ အစြဲေတြလည္း သူတို႔ႏိုင္ငံတြင္ တျဖည္းျဖည္းေပ်ာက္လာသည္။

ေအာင္ျမင္သည့္ ေခါင္းေဆာင္ ၁၁၀၀၀ ဦးကို ေလ့လာသံုးသပ္ ျကည့္ပါသည္။ အလြန္ဆင္းရဲေသာ မိသားစုႏွင့္ အလြန္စုတ္ျပတ္သည့္ ေနာက္ခံမ်ားက တက္လာသူမ်ားကိုပင္ ေတြ႔ရပါသည္။ သို႔ေသာ္ အလြန္အသံုးမက်သူမ်ား သူေဌးေက်ာင္းကိုတက္ၿပီး ႀကီးပြားေအာင္ျမင္ ေခါင္း ေဆာင္ေနရာ ရသြားသူေတြကိုလည္း ေတြ႔ရသည္။ ပညာေရးသည္ အားလံုးအ တြက္ လမ္းေၾကာင္းတစ္ခုျဖစ္သည္ မွန္ ေသာ္လည္း လူတိုင္းအတြက္ ဟုတ္ခ်င္မွ ဟုတ္မည္။ တကၠသိုလ္ကို ေရာက္လာျခင္းသည္ လမ္းေၾကာင္းမွန္ကို ေရာက္လာျခင္းျဖစ္သည္ဟုလည္း မေျပာႏိုင္ေပ။

ေနာက္ပိုင္း ေက်ာင္းသားေတြက တကၠသိုလ္မေရာက္ေတာ့ ဘာျဖစ္သလဲဆိုသည့္ အေတြးေတြကို ေတြးလာၾကသည္။ ထိုသုိ႔ေတြးစရာ အခ်က္ေတြ သူတို႔တြင္ ခိုင္လံုစြာရွိေနသည္။ ဂိတ္စ္နွင့္ ဇပ္ကာဘတ္တို႔လို လူမ်ိဳးေတြက သူတို႔အတြက္ စံျပျဖစ္ေစသည္။ ေအာင္ျမင္ဖို႔ကလည္း မေရရာ၊ ဘာလုပ္ရမွန္းလည္း မသိသူေတြက တကၠသိုလ္ကို ေရာက္လာၾကသည္။ လမ္းေၾကာင္းတည့္သြားသူေတြ ရွိသလို၊ ဘြဲ႔ရၿပီးမွ လမ္းေပ်ာက္သူေတြ ေပ်ာက္သြားၾကသည္လည္း ေတြ႔ရပါသည္။

တကၠသိုလ္သည္ တံခါးဖြင့္ထားသည္ေတာ့ မွန္သည္။ သို႔ေသာ္ဝင္ခ်င္မွဝင္မည့္ အေနအထားျဖစ္သည္။ အနာဂတ္တြင္ တကၠသိုလ္သည္ အားလံုးအတြက္ အေရးပါသည့္ ေနရာလား ေမးစရာျဖစ္ေတာ့မည္။ ဘြဲ႔ဒီဂရီ သည္ လက္ရွိအေနအထားတြင္ သိပ္ၿပီး အေလးထားစရာေတာ့ မဟုတ္ေတာ့ေပ။ ဘြဲ႔ရသည္ဆိုလွ်င္ၿပီးၿပီ။ ဘာဘြဲ႔ဆိုသည္ကိုလည္း ဂ႐ုစိုက္ခ်င္မွ စိုက္တတ္သည္။ သို႔ေသာ္ ဘယ္ ေလာက္ကၽြမ္းက်င္သလဲ၊ ဘယ္ေလာက္ တတ္သလဲဆိုျခင္းကိုေတာ့ ဆန္းစစ္ေလ့ ရွိၾကသည္။

မည္သုိ႔ဆိုေစ ဘြဲ႔မရဘဲ ေစာစီးစြာေက်ာင္းထြက္ခဲ့သူႏွစ္ဦးကေတာ့ ကမၻာကိုစိုးမိုး ေနေၾကာင္း မျငင္းႏိုင္။ ထို႔ေၾကာင့္ ေကာက္ခ်က္ခ်ၾကည့္သည္။ ဘြဲ႔ရမွႀကီးပြားေအာင္ျမင္မည္ဟု ဥပေဒသေတာ့ မရွိပါ။

 

Credit to original

 

Unicode ဖြင့်ဖတ်ရန်
"ကမ္ဘာကြီး ကိုစိုးမိုးနေကြသည့် ကျောင်းမပြီးခဲ့ကြသူများ"

ကမ္ဘာကျော် ဆိုရှယ်ကွန်ရက်တစ်ခုဖြစ်သည့် Facebook ကို ထူထောင်သူ မာ့ခ် ဇူကာဘတ်သည် ဟားဗတ် တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် စကားပြောခွင့်ရခဲ့သည်။

သူ့ကို အကြံပြုစကား ပြောကြားပေးပါရန် ဘီလ်ဂိတ်စ်က မေတ္တာရပ်ခံခဲ့သည်။ ဇူကာဘတ်က ဘီလ်ဂိတ်စ်ကို “သူတို့ ကျွန်တော်တို့ တကယ်ပဲ ဘွဲ့မရခဲ့ဖူးဆိုတာ သိကြသလား” ဟုမေးလိုက်သည်။ ဂိတ်စ်က “မင်းမေးတာ ကောင်းလိုက်တာကွာ။ ဒါပေမဲ့ မင်းကို သူတို့ ဘွဲ့တစ်ခု အပ်နှင်းပြီးသားပါ” ဟုပြန်ပြောလိုက်သည်။

ဇူကာဘတ်ရော ဘီလ်ဂိတ်စ်ပါ ဟားဗတ်ကျောင်းထွက်များ ဖြစ်ကြသည်။ သူတို့ဘွဲ့ရသည်အထိ ကျောင်းပြီး အောင်မတက်ခဲ့ပေ။ သူတို့နှစ်ယောက် ဘဝတွေက ကျောင်းမပြီးသော်လည်း ဘီလီယံကြွယ်သူဌေးကြီးတွေ ဖြစ်နေခြင်းမှာ လူငယ်တိုင်း လေးစားအားကျစရာတွေ ဖြစ်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ကောလိပ်က ကျောင်းမပြီးဘဲ ထွက်ခဲ့ပြီး အောင်မြင်သူတွေ များစွာရှိလာပါသည်။

သူတို့အောင်မြင်ခဲ့ရခြင်းမှာ သူလို ငါလို သာမန်မဟုတ်သည်ကတော့ အမှန်ပင်ဖြစ်သည်။ ရှီရိုင်း ဆင်းဘတ်က ဟားဗတ်ကျောင်းထွက်၊ ဂျက်ဖ် ဘီဇို့စ်က ပရင့်စ်တန်ကျောင်းထွက်၊ မာရစ်ဆာ မေယာက စတန်းဖို့ဒ်ကျောင်းထွက်တွေဖြစ်သည်။ တက္ကသိုလ်ကောလိပ်မှ ဘွဲ့ရကျောင်းပြီး သည့်နောက် ချမ်းသာအောင်မြင်နေသူ မည်မျှရှိကြောင်း စစ်တမ်း ကောက်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ၁၁၇၄၅ ဦးရှိနေသည်။ ထိုသူများထဲတွင် စီအီးအိုများ၊ တရားသူကြီးများ၊ နိုင်ငံရေးသမားများ၊ မီယီယံကြွယ်၊ ဘီလီယံကြွယ်သူဌေးကြီးများ၊ စီးပွားရေး လုပ်ငန်းရှင် ကြီးများလည်းပါသည်။ ကမ္ဘာ့သြဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်များလည်းပါသည်။ သို့သော် ကျောင်းမပြီးဘဲ ဘီလီယံကြွယ်ကာ ကမ္ဘာ့သြဇာအရှိဆုံးပညာရှင်နယ်ပယ်မှာတော့ ဘီလ်ဂိတ်စ်နှင့် ဇပ်ကာဘတ်က ထူးခြားသည်ဟု ဆိုရမည်။

အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခေါင်းဆောင် ၉၄ ရာခိုင်နှုန်းသည် တက္ကသိုလ်ကောလိပ်များက ဘွဲ့ရရှိခဲ့သူများ ဖြစ်ကြသည်။ ထိုသူများထဲတွင်မှ ၅၀ ရာခိုင်နှုန်းခန့်သည် သူဌေးကျောင်းလို ကျောင်းကောင်းကောင်းများတွင် တက်ရောက်ပညာသင်ကြားခဲ့ကြသူများ ဖြစ်ကြသည်။ အမေရိကန်လွှတ်တော်အမတ် ၂၀ ဒသမ ၆ ရာခိုင်နှုန်း နှင့် သန်းကြွယ်သူဌေး ၃၃ ဒသမ ၈ ရာခိုင်နှုန်းသည် သူဌေးကျောင်းထွက်များ ဖြစ်ကြသည်။

သူဌေးကျောင်း ခေါ် အီလစ်ကျောင်းများတွင်ထားလျှင် ပိုပြီး ထူးခြားသွားသလားဟု စစ်တမ်းတွေကောက်ကြည့် ကြသည်။ သာမန်ကျောင်းနှင့် သူဌေးကျောင်းများမှ ကျောင်းသားများ၏ SAT ရမှတ်များမှာ ကွာခြားမှု မရှိကြောင်းတွေ့ရသည်။ ပိုက်ဆံတွေအများကြီးပေးပြီး ပညာသင်ကြားမှ တော်မည်ဆိုသည့် အစွဲတွေလည်း သူတို့နိုင်ငံတွင် တဖြည်းဖြည်းပျောက်လာသည်။

အောင်မြင်သည့် ခေါင်းဆောင် ၁၁၀၀၀ ဦးကို လေ့လာသုံးသပ် ကြည့်ပါသည်။ အလွန်ဆင်းရဲသော မိသားစုနှင့် အလွန်စုတ်ပြတ်သည့် နောက်ခံများက တက်လာသူများကိုပင် တွေ့ရပါသည်။ သို့သော် အလွန်အသုံးမကျသူများ သူဌေးကျောင်းကိုတက်ပြီး ကြီးပွားအောင်မြင် ခေါင်း ဆောင်နေရာ ရသွားသူတွေကိုလည်း တွေ့ရသည်။ ပညာရေးသည် အားလုံးအ တွက် လမ်းကြောင်းတစ်ခုဖြစ်သည် မှန် သော်လည်း လူတိုင်းအတွက် ဟုတ်ချင်မှ ဟုတ်မည်။ တက္ကသိုလ်ကို ရောက်လာခြင်းသည် လမ်းကြောင်းမှန်ကို ရောက်လာခြင်းဖြစ်သည်ဟုလည်း မပြောနိုင်ပေ။

နောက်ပိုင်း ကျောင်းသားတွေက တက္ကသိုလ်မရောက်တော့ ဘာဖြစ်သလဲဆိုသည့် အတွေးတွေကို တွေးလာကြသည်။ ထိုသို့တွေးစရာ အချက်တွေ သူတို့တွင် ခိုင်လုံစွာရှိနေသည်။ ဂိတ်စ်နှင့် ဇပ်ကာဘတ်တို့လို လူမျိုးတွေက သူတို့အတွက် စံပြဖြစ်စေသည်။ အောင်မြင်ဖို့ကလည်း မရေရာ၊ ဘာလုပ်ရမှန်းလည်း မသိသူတွေက တက္ကသိုလ်ကို ရောက်လာကြသည်။ လမ်းကြောင်းတည့်သွားသူတွေ ရှိသလို၊ ဘွဲ့ရပြီးမှ လမ်းပျောက်သူတွေ ပျောက်သွားကြသည်လည်း တွေ့ရပါသည်။

တက္ကသိုလ်သည် တံခါးဖွင့်ထားသည်တော့ မှန်သည်။ သို့သော်ဝင်ချင်မှဝင်မည့် အနေအထားဖြစ်သည်။ အနာဂတ်တွင် တက္ကသိုလ်သည် အားလုံးအတွက် အရေးပါသည့် နေရာလား မေးစရာဖြစ်တော့မည်။ ဘွဲ့ဒီဂရီ သည် လက်ရှိအနေအထားတွင် သိပ်ပြီး အလေးထားစရာတော့ မဟုတ်တော့ပေ။ ဘွဲ့ရသည်ဆိုလျှင်ပြီးပြီ။ ဘာဘွဲ့ဆိုသည်ကိုလည်း ဂရုစိုက်ချင်မှ စိုက်တတ်သည်။ သို့သော် ဘယ် လောက်ကျွမ်းကျင်သလဲ၊ ဘယ်လောက် တတ်သလဲဆိုခြင်းကိုတော့ ဆန်းစစ်လေ့ ရှိကြသည်။

မည်သို့ဆိုစေ ဘွဲ့မရဘဲ စောစီးစွာကျောင်းထွက်ခဲ့သူနှစ်ဦးကတော့ ကမ္ဘာကိုစိုးမိုး နေကြောင်း မငြင်းနိုင်။ ထို့ကြောင့် ကောက်ချက်ချကြည့်သည်။ ဘွဲ့ရမှကြီးပွားအောင်မြင်မည်ဟု ဥပဒေသတော့ မရှိပါ။

 

Credit to original

sayar.com.mm

Read times
Rate this articles
(0 votes)