×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 24 March 2020

ဘယ်လိုလူတွေကို ရွေးချယ်ပေါင်းသင်းရမလဲ?

ဘယ်လိုလူတွေကို ရွေးချယ်ပေါင်းသင်းရမလဲ? google

ဘယ်လိုလူတွေကို ရွေးချယ်ပေါင်းသင်းရမလဲ?

 

နောက် ၅နှစ်မှာ ကိုယ်ဘာဖြစ်လာမလဲ၊ ဝင်ငွေဘယ်လောက်ရမလဲ၊ ဘယ်လောက်ထိအောင်မြင်မလဲ ဆိုတာကို ကိုယ်ပေါင်းဖော်တဲ့အပေါင်းအသင်း တွေကိုကြည့်ပြီး ခန့်မှန်းလို့ရတယ်လို့ လေ့လာသူတွေကဆိုတယ်။


ဒါကြောင့် အပေါင်းအသင်းမိတ်ဆွေတွေကို ရွေးချယ်ပေါင်းသင်းတတ်ဖို့လို ပါတယ်။ ဘယ်လိုလူတွေနဲ့ပေါင်းဖော်သင့်တယ်ဆိုတာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ရဲ့ အထက်ကလူတွေနဲကပေါင်းဖော်ပါ


ဘဝမှာ နောက်တဆင့်တက်လှမ်းဖို့ရည်ရွယ်ချက်ရှိတယ်ဆိုရင် အဲဒီအဆင့် ကိုရောက်ရှိနေတဲ့သူတွေနဲ့ ပေါင်းဖော်သင့်တယ်။ အများအားဖြင့်တော့ လူတွေက ကိုယ်နဲ့တန်းတူရည်တူလူတွေကို ပဲပေါင်းဖော်တတ်ပြီးတော့ ကိုယ့်အထက်မှာရှိတဲ့ သူတွေနဲ့ ရောရောနှောနှောနေဖို့ ဝန်လေးတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ထက်အတွေ့အကြုံရှိတဲ့သူတွေနဲ့ ပေါင်းဖော်တဲ့အခါ သူတို့ဆီကနေ ပညာရနိုင်သလို အကြံဉာဏ်ကောင်းတွေလည်းရနိုင်ပါတယ်။

 

၂။ ကိုယ်နဲ့ရည်မှန်းချက်တူတဲ့သူတွေနဲ့ပေါင်းဖော်ပါ။


ရည်မှန်းချက်တူတဲ့သူချင်းပေါင်းဖော်တာဟာ အင်မတန် တန်ဖိုးရှိတဲ့အရာပါပဲ။ ရည်မှန်းချက်ချင်းတူတဲ့အတွက် အတူတူလက်တွဲလုပ်လို့ရသလို၊ အချင်းချင်းအကူအညီတွေပေးလို့ရပါတယ်။

 

၃။ ကိုယ့်အားနဲချက်တွေကို အားဖြည့်ပေးမယ့်သူတွေနဲ့ပေါင်းဖော်ပါ။

လူတိုင်းမှာ အားသာချက်၊ အားနည်းချက် ရှိတယ်။ တချို့မိတ်ဆွေတွေက ကိုယ့်အားနဲချက်ကို အားဖြည့်ပေးနိုင်ကြတယ်။ ဥပမာ ကိုယ်က အင်္ဂလိပ်မှာအားနည်းရင် ကိုယ့်မိတ်ဆွေက အဲဒီမှာအားသာတာမျိုး။ အဲလိုမိတ်ဆွေတွေဆီက ပညာတွေရနိုင်သလို၊ ပံ့ပိုးမှုတွေလည်းရနိုင်ပါတယ်။ မိတ်ဆွေတွေဆိုတာက အချင်းချင်းပံ့ပိုးကြရမှာလေ။

 

၄။ အမြဲအားပေးတတ်တဲ့သူတွေနဲကပေါင်းဖော်ပါ။

ကိုယ့်ဘေးနားကအမြဲတမ်း စိတ်ဓာတ်ကျစရာတွေပဲ ပြောတတ်တဲ့သူရှိနေရင်တော့ အောင်မြင်ဖို့အင်မတန်ခက်ခဲပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဓာတ်ကျနေတဲ့အချိန်မှာတောင် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့သူတွေကို ရွေးချယ်ပေါင်းသင်းတတ်ဖို့ လိုအပ်တယ်။

 

၅။ အကြိုက်ချင်းတူတဲ့သူတွေနဲ့ ပေါင်းဖော်ပါ

ကိုယ်ပေါင်းဖော်တဲ့မိတ်ဆွေနဲ့ အကြိုက်ချင်းတူ၊ စိတ်ဝင်စားတာချင်းတူရင် တော့ ပိုပြီးတော့ပျော်စရာကောင်းပါတယ်။ အားလပ်တဲ့အချိန်တွေမှာ တစ်ခုခုကို အတူတူလုပ်ရင်း အပန်းဖြေလို့ရတာပေါ့။ အဲသလိုမိတ်ဆွေတွေနဲ့ နေရတာပျော်စရာကောင်းသလို၊ စိတ်တူကိုယ်တူဖြစ်လို့ ပိုပြီးရင်းနှီးခင်မင်ဖို့လည်း လွယ်ကူပါတယ်။

 

၆။ အမြဲသင်ယူလေ့လာနေတဲ့သူတွေနဲ့ပေါင်းဖော်ပါ။

          ဘဝမှာ အမြဲသင်ယူလေ့လာနေဖို့လိုအပ်ပါတယ်။ သင်ယူခြင်း၊ တတ်မြောက်ခြင်း၊ ကျွမ်းကျင်ခြင်း ဆိုတာတွေက ဘဝမှာ အမြဲရှိနေရမယ့် အရာတွေပါ။ ဒါကြောင့် အမြဲသင်ယူလေ့လာနေတဲ့သူ၊ ပညာကိုဆာငတ်တဲ့သူတွေနဲ့ ပေါင်းဖော်တဲ့အခါ ကိုယ်လည်းပဲ သင်ယူဖြစ်ဖို့သေချာပါတယ်။

 

          အခုပြောခဲ့တဲ့အချက်တွေကတော့ အရေးကြီးတဲ့အချက်တွေပါ။ ကျန်တဲ့အချက်တွေ အများကြီးရှိဦးမှာပါ။ အမြဲသတိရဖို့လိုအပ်တာက ကိုယ်ကမိတ်ဆွေကောင်းတွေလိုချင်ရင်၊ ကိုယ်ကလည်း သူများအတွက် မိတ်ဆွေကောင်းဖြစ်ဖို့လိုပါတယ်။ ကိုယ်က ပံ့ပိုးတာလိုချင်ရင် သူများကိုလည်း ပံ့ပိုးရမှာပါ။ နေရာတိုင်းမှာ အပေးနှင့်အယူရှိတယ်လေ။ အပေးကြီးပဲရှိတာ မကောင်းသလို အယူကြီးပဲရှိတာလဲ မကောင်းပါဘူး။
          မိတ်ဆွေကောင်းတွေနဲ့တွေ့ဆုံလို့ အောင်မြင်တဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေ......

 

(Zaw gyi)

register

ဘယ္လိုလူေတြကို ေရြးခ်ယ္ေပါင္းသင္းရမလဲ?

ေနာက္ ၅ႏွစ္မွာ ကိုယ္ဘာျဖစ္လာမလဲ၊ ၀င္ေငြဘယ္ေလာက္ရမလဲ၊ ဘယ္ေလာက္ထိေအာင္ျမင္မလဲ ဆိုတာကို ကိုယ္ေပါင္းေဖာ္တဲ့အေပါင္းအသင္း ေတြကိုၾကည့္ၿပီး ခန္႕မွန္းလို႕ရတယ္လို႕ ေလ့လာသူေတြကဆိုတယ္။
ဒါေၾကာင့္ အေပါင္းအသင္းမိတ္ေဆြေတြကို ေရြးခ်ယ္ေပါင္းသင္းတတ္ဖို႕လို ပါတယ္။ ဘယ္လိုလူေတြနဲ႕ေပါင္းေဖာ္သင့္တယ္ဆိုတာကို ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

 

၁။ ကိုယ့္ရဲ႕ အထက္ကလူေတြနဲကေပါင္းေဖာ္ပါ

ဘ၀မွာ ေနာက္တဆင့္တက္လွမ္းဖို႕ရည္ရြယ္ခ်က္ရွိတယ္ဆိုရင္ အဲဒီအဆင့္ ကိုေရာက္ရွိေနတဲ့သူေတြနဲ႕ ေပါင္းေဖာ္သင့္တယ္။ အမ်ားအားျဖင့္ေတာ့ လူေတြက ကိုယ္နဲ႕တန္းတူရည္တူလူေတြကို ပဲေပါင္းေဖာ္တတ္ၿပီးေတာ့ ကိုယ့္အထက္မွာရွိတဲ့ သူေတြနဲ႕ ေရာေရာေႏွာေႏွာေနဖို႕ ၀န္ေလးတတ္ၾကပါတယ္။ ဒါေပမယ့္ ကိုုယ့္ထက္အေတြ႕အႀကံဳရွိတဲ့သူေတြနဲ႕ ေပါင္းေဖာ္တဲ့အခါ သူတို႕ဆီကေန ပညာရႏိုင္သလို အႀကံဥာဏ္ေကာင္းေတြလည္းရႏိုင္ပါတယ္။

 

၂။ ကိုယ္နဲ႕ရည္မွန္းခ်က္တူတဲ့သူေတြနဲ႕ေပါင္းေဖာ္ပါ။

ရည္မွန္းခ်က္တူတဲ့သူခ်င္းေပါင္းေဖာ္တာဟာ အင္မတန္ တန္ဖိုးရွိတဲ့အရာပါပဲ။ ရည္မွန္းခ်က္ခ်င္းတူတဲ့အတြက္ အတူတူလက္တြဲလုပ္လို႕ရသလို၊ အခ်င္းခ်င္းအကူအညီေတြေပးလို႕ရပါတယ္။

 

၃။ ကိုယ့္အားနဲခ်က္ေတြကို အားျဖည့္ေပးမယ့္သူေတြနဲ႕ေပါင္းေဖာ္ပါ။

လူတိုင္းမွာ အားသာခ်က္၊ အားနည္းခ်က္ ရွိတယ္။ တခ်ိဳ႕မိတ္ေဆြေတြက ကိုယ့္အားနဲခ်က္ကို အားျဖည့္ေပးႏိုင္ၾကတယ္။ ဥပမာ ကိုယ္က အဂၤလိပ္မွာအားနည္းရင္ ကိုယ့္မိတ္ေဆြက အဲဒီမွာအားသာတာမ်ိဳး။ အဲလိုမိတ္ေဆြေတြဆီက ပညာေတြရႏိုင္သလို၊ ပံ့ပိုးမႈေတြလည္းရႏိုင္ပါတယ္။ မိတ္ေဆြေတြဆိုတာက အခ်င္းခ်င္းပံ့ပိုးၾကရမွာေလ။

 

၄။ အၿမဲအားေပးတတ္တဲ့သူေတြနဲကေပါင္းေဖာ္ပါ။

   ကိုယ့္ေဘးနားကအၿမဲတမ္း စိတ္ဓာတ္က်စရာေတြပဲ ေျပာတတ္တဲ့သူရွိေနရင္ေတာ့ ေအာင္ျမင္ဖို႕အင္မတန္ခက္ခဲပါတယ္။ ဒါေၾကာင့္ ကို္ယ္စိတ္ဓာတ္က်ေနတဲ့အခ်ိန္မွာေတာင္ စိတ္ဓာတ္ခြန္အားျဖစ္ေစတဲ့သူေတြကို ေရြးခ်ယ္ေပါင္းသင္းတတ္ဖို႕ လိုအပ္တယ္။

 

၅။ အႀကိဳက္ခ်င္းတူတဲ့သူေတြနဲ႕ ေပါင္းေဖာ္ပါ

   ကိုယ္ေပါင္းေဖာ္တဲ့မိတ္ေဆြနဲ႕ အႀကိဳက္ခ်င္းတူ၊ စိတ္၀င္စားတာခ်င္းတူရင္ ေတာ့ ပိုၿပီးေတာ့ေပ်ာ္စရာေကာင္းပါတယ္။ အားလပ္တဲ့အခ်ိန္ေတြမွာ တစ္ခုခုကို အတူတူလုပ္ရင္း အပန္းေျဖလို႕ရတာေပါ့။ အဲသလိုမိတ္ေဆြေတြနဲ႕ ေနရတာေပ်ာ္စရာေကာင္းသလို၊ စိတ္တူကိုယ္တူျဖစ္လို႕ ပိုၿပီးရင္းႏွီးခင္မင္ဖို႕လည္း လြယ္ကူပါတယ္။

 

၆။ အၿမဲသင္ယူေလ့လာေနတဲ့သူေတြနဲ႕ေပါင္းေဖာ္ပါ။

          ဘ၀မွာ အၿမဲသင္ယူေလ့လာေနဖို႕လိုအပ္ပါတယ္။ သင္ယူျခင္း၊ တတ္ေျမာက္ျခင္း၊ ကၽြမ္းက်င္ျခင္း ဆုိတာေတြက ဘ၀မွာ အၿမဲရွိေနရမယ့္ အရာေတြပါ။ ဒါေၾကာင့္ အၿမဲသင္ယူေလ့လာေနတဲ့သူ၊ ပညာကိုဆာငတ္တဲ့သူေတြနဲ႕ ေပါင္းေဖာ္တဲ့အခါ ကိုယ္လည္းပဲ သင္ယူျဖစ္ဖို႕ေသခ်ာပါတယ္။

 

          အခုေျပာခဲ့တဲ့အခ်က္ေတြကေတာ့ အေရးႀကီးတဲ့အခ်က္ေတြပါ။ က်န္တဲ့အခ်က္ေတြ အမ်ားႀကီးရွိဦးမွာပါ။ အၿမဲသတိရဖို႕လိုအပ္တာက ကိုယ္ကမိတ္ေဆြေကာင္းေတြလိုခ်င္ရင္၊ ကိုယ္ကလည္း သူမ်ားအတြက္ မိတ္ေဆြေကာင္းျဖစ္ဖို႕လိုပါတယ္။ ကိုယ္က ပံ့ပိုးတာလိုခ်င္ရင္ သူမ်ားကိုလည္း ပံ့ပိုးရမွာပါ။ ေနရာတိုင္းမွာ အေပးႏွင့္အယူရွိတယ္ေလ။ အေပးႀကီးပဲရွိတာ မေကာင္းသလို အယူႀကီးပဲရွိတာလဲ မေကာင္းပါဘူး။
          မိတ္ေဆြေကာင္းေတြနဲ႕ေတြ႕ဆံုလို႕ ေအာင္ျမင္တဲ့ဘ၀ကိုတည္ေဆာက္ႏိုင္ၾကပါေစ......

Credit : Youth guide

Read times Last modified on Tuesday, 24 March 2020 13:32
Rate this articles
(1 Vote)