×
Warning
JUser: :_load: Unable to load user with ID: 723
Language
Wednesday, 03 January 2018
By the way နှင့် As a matter of fact အသုံးပြုပုံကို ကွဲကွဲပြားပြားသိရဲ့လား
By the way နှင့် As a matter of fact အသုံးပြုပုံကို ကွဲကွဲပြားပြားသိရဲ့လား google.com
By the way
As a matter of fact
ဥပမာ
စကားပြောနေတုန်း ပြောလက်စ အကြောင်းအရာကို စကားလမ်းကြောင်းပြောင်းခြင်းလို့ တစ်ခါတလေ “by the way” တို့ “As a matter of fact” တို့ကို သင်ကောင်းကောင်း သုံးမိပေမယ့် သူတို့ရဲ့ အဓိက အသုံးကတော့ အဲဒါအတွက် မဟုတ်ဘူးဆိုတာ နိဂုံးအနေနဲ့ပြောပါရစေ။
[Unicode Version]
မဟုတ်ဘူးဆိုတာ နိဂုံးအနေနဲ့ပြောပါရစေ။
စကားပြောနေတုန်း စကားလမ်းကြောင်းပြောင်းချင်တဲ့အခါ “by the way” သို့မဟုတ် “as a matter of fact” ကို စိတ်ကြိုက်လှည့်သုံးလို့ ရတယ်လို့ အများသိနေကြတာ နဲနဲလွဲနေပါတယ်။ ၄င်းတို့ရဲ့ အသုံးပြုပုံ ရှင်းလင်းချက်ကို ဒီသင်ခန်းစာမှာ လေ့လာကြည့်နိုင်ပါတယ်။
By the way
သူ့ရဲ့အစောဆုံး အဓိပ္ပါယ်ကတော့ ရှင်းပါတယ်။ သူနဲ့ထပ်တူကျတဲ့ “along the way” ဆိုတဲ့ စကားဥပမာ အတိုင်း ခရီးစဉ်တစ်ခုမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တစ်ခုပေါ့။ ဥပမာ “I lost my money by the way” (လမ်းမှာ ငွေကျပျောက်သည်။)
ဒါပေမယ့် စကားပြောမှာ “by the way” ကို သုံးတဲ့အခါ ဥပမာ အင်္လကာမြောက်တယ်။ လူတစ်ယောက်က တစ်စုံတစ်ခု ပြောနေတုန်း အခြားတစ်ခုကို ခေါင်းထဲမှာ စဉ်းစားနေတယ်ပေါ့။
We went to Nay Pyi Daw theatre over the weekend to see Titanic. By the way, while we were there, we bumped into John and his new girlfriend.
ဒီစာကြောင်းကို လေ့လာကြည့်ရင် “by the way” က အကြောင်းအရာ အသစ်တစ်ခုကို ထပ်တိုးမိတ်ဆက် ပေးတယ်။ ဒါပေမယ့် စကားလမ်းကြောင်းပြောင်းဖို့ တမင်ရည်ရွယ်တာ မဟုတ်ဘဲ ပြောလက်စ စကားပေါ်မှာပဲ နောက်ထပ်ပြောစရာ အကြောင်းထပ်တိုးတာပဲ ဖြစ်ပါတယ်။
Recommended for you - Working Visa နဲ့ ဂျပန်သွားကြတဲ့အခါ
As a matter of fact
ဒီအဆိုရဲ့ အနက်ကတော့ “actually, really, in fact” စသည်တို့ရဲ့ “တစ်ကယ်တော့” ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဆင်တူပါတယ်။ သူ့ရဲ့ အသုံးကတော့ နားလည်မှုလွဲတာ၊ အထင်လွဲတာတွေကို ချေပပြောဆိုဖို့ အားထုတ် တဲ့ အခါတွေမှာ တွေ့ရပါတယ်။
ဥပမာ
Most people believe that the actress Judy Holliday who acted the part of a dumb blonde in Born Yesterday, was really of low intelligences. As a matter of fact, she had an IQ of 172.
Recommended for you - ဘီလျံနာဆိုတာ ဂဏန်းပေါင်းစက်နဲ့ တွက်ချက်မှု သက်သက်ပါဗျာ
As a matter of fact ရဲ့ ဒီထက်ပိုပြီးတော့ ပျော့ပြောင်းတဲ့ အသုံးကတော့ “in fact” တို့ “actually” တို့လို ရိုးရိုးအဓိပ္ပါယ်ကို ဖော်ဆောင်ပြီး အထင်လွဲခြင်း၊ နားလည်မှုလွဲခြင်းကို ဖြေရှင်းရန် သုံးခြင်းမဟုတ်ပါ။ တစ်စုံတစ်ခုကို လေးနက်စေဖို့ ထောက်ခံပြောတဲ့အခါ သုံးရုံသက်သက်ပါပဲ။ အောက်မှာ ဥပမာလေးတွေ တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
        1. I asked my sister if she drank diet soda. She told me that she did. As a matter of fact, she was getting ready to crack one open that moment.
        2. At 12 years old, I wasn’t a fat kid. As a matter of fact, I was pretty skinny.
        3. The weight isn’t going to instantly fly off in the first week. As a matter of fact, I gained weight before I started losing.
        4. I am doing so well in my health. As a matter of fact I have dodged several colds that my husband has come down with.
        5. Yes, you have to deal with co-workers. As a matter of fact, you have to interact with them daily.
စကားပြောနေတုန်း ပြောလက်စ အကြောင်းအရာကို စကားလမ်းကြောင်းပြောင်းခြင်းလို့ တစ်ခါတလေ “by the way” တို့ “As a matter of fact” တို့ကို သင်ကောင်းကောင်း သုံးမိပေမယ့် သူတို့ရဲ့ အဓိက အသုံးကတော့ အဲဒါအတွက်
အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ သင်ကြားလိုပါက sayar.com.mm တွင် ရှိသော အင်္ဂလိပ်စာ သင်ကြားပေးသော ဆရာ ဆရာမများနှင့် တိုက်ရိုက်ဆက်သွယ်လိုက်ပါ။
သင်ကိုယ်တိုင် ဆရာတစ်ယောက်ဆိုရင်တော့ ခုပဲ regsiter လုပ်ပြီး စာရင်းသွင်းလိုက်ပါ။
Source: Myanmar-network.net
Read times Last modified on Friday, 03 January 2020 10:30
Rate this articles
(0 votes)