×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 24 December 2018

အသက်ကြီးမှ စာသင်စားချင်သူတွေအတွက် အကြံပြုချက် ၆ ချက်

၁။ လေ့လာစူးစမ်းပါ -  မိမိလုပ်ချင်တဲ့အရာ ဘာဆိုတာ ကောင်းကောင်းသိဖို့ လုပ်ပါ။ မိမိရှာဖွေနေတဲ့ အလုပ်မှာ တက်လမ်းတွေ ဘာတွေ ရှိမရှိ၊ လစာ ကောင်းမကောင်းစုံစမ်းပါ။ စစချင်း လုပ်ရမယ့်အလုပ်မှာ

ရမယ့်လစာနဲ့ စားဝတ်နေရေး ပြေလည်နိုင်မလား။ အဲ့ဒီနယ်ပယ်ထဲက ဆရာတွေနဲ့ စကားပြောကြည့်ပြီး သင့်ရဲ့ ပထမဉ်ီးဆုံးအလုပ်ကို ရှာဖွေတဲ့အခါ ဖြစ်တတ်တဲ့ အကြောင်းအရာတွေကို သိအောင်လုပ်ပါ။


၂။ ဘယ်မှာလုပ်ချင်တာလဲ - ကျွန်မတုန်းက ကျွန်မက လန်ဒန်မှာ အချိန်ပြည့် ကျောင်းဆရာလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောမိလို့ ကျွန်တော့် CELTA ဆရာက ဟားတိုက်ရယ်ပြီးခင်ဗျားတော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ကြောင်း ပြောပါလေရော။

သူ့အထင်မှားယွင်းခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်လိုချင်တဲ့ အလုပ်ရှာဖို့ကိုတော့ သင်တော်တော် ဇွဲရှိမှ ဖြစ်မှာနော်။ အဲ့ဒီလို အလုပ်လျှောက်တဲ့အခါ ဘယ်လိုပုံစံ ဖြစ်လာမယ်မှန်း မသိဘဲ ကောင်းနိုးနိုး ခန့်မှန်းပြီး လျှောက်ခဲ့ရတာတွေ၊ နောက်ဆက်တွဲ ဆက်လိုက်ရတဲ့ ဖုန်းတွေ၊ CV ကိုလက်ထဲကိုင်ပြီး တစ်ကျောင်းဝင် တစ်ကျောင်းထွက် ခြေတိုအောင် သွားခဲ့ရတာတွေပေါ့။

အများနည်းတူ အပြင်ထွက်ပြီး ပြည်ပမှာ အလုပ်လုပ်ချင်တယ်ဆိုရင်တော့ ကွန်ထရက်စာချုပ်တွေကို သေသေချာချာ ဖတ်ပြီး အသေးစိတ်လေ့လာကာ ကိုယ့်တာဝန်သွားရောက်ထမ်းဆောင်ရမယ့် နေရာဒေသကိုလည်း စုံစမ်းပါ။ လစာက အပြည့်ရမှာလား၊ စာသင်ချိန်အတွက်ဘဲပေးမှာလား၊ နေထိုင်စားစရိတ်တွေပါ အပြီးအစီးလား။ နေစားရိတ်၊ စားစာရိတ် မပါရင်ရော သင်က တတ်နိုင်မှာလား စသည်ဖြင့်ပေါ့။

၃။ မိမိကတော့ ကိုယ်သင်နေတဲ့ ကျောင်းမှာသုံးသည်ရှိစေ၊ မသုံးသည်ရှိစေ နည်းပညာပိုင်းဆိုင်ရာမှာ အတော့်ကို တီးခေါက်မိနေပြီးသား၊ ကျွမ်းကျင်နေပြီးသားဆိုပါတော့။ အဲ့ဒီလိုမျိုးမှာလည်း ရင့်ကျက်တဲ့ ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားလူငယ်တွေကို ဆရာကြီးပုံစံအချိုးမျိုး သွားမလုပ်မိပါစေနဲ့။

တကယ်တော့ ကျောင်းသားတွေကို သင်ကြားရာမှာ ငယ်ရွယ်တက်ကြွတဲ့ “tech-savvie” (နည်းပညာကဝိတွေ) ကျောင်းသားလေးတွေအပေါ် မှီခိုပြီး မျှောလိုက်သွားတာ ပိုကောင်းတာကိုတွေ့ရပါတယ်။

အဲ့ဒီလိုလေးလုပ်လိုက်ရင် သူတို့က အင်္ဂလိပ်စာလေ့ကျင့်ခန်းတွေကို လိုက်လုပ်ရုံမျှမက သူတို့ရဲ့ စွမ်းရည်တွေကိုလည်း ကြွားချင်လို့ ထုတ်သုံးကြတော့တာဘဲပေါ့။ နောက်ပြီး သူတို့တွေသုံးနေတဲ့ ခေတ်ပေါ်နည်းပညာဆိုင်ရာ အသုံးအနှုန်းတွေ (ဘန်းစကားတွေ) ကို လေ့လာထားဖို့လည်း အရေးကြီးပါတယ်။

လူသုံးများတဲ့ ဆိုရှယ်ဝဘ်ဆိုဒ်တွေ၊ ကွန်ရက်တွေကို ကိုယ်ကသိထားမှ သင်ခန်းစာနဲ့ မဆိုင်ရင်တောင်မှ သူတို့တွေ ဘာအကြောင်းတွေ ပြောနေတာလည်းဆိုတာကိုယ်ကသိမှာ ဖြစ်ပါတယ်။

၎။ သင့်ထက်ငယ်ရွယ်သူ ဆရာများထက် သင့်စာသင်သက်တမ်းက ပိုပြီးတိုတောင်းမှာ ဖြစ်တဲ့အတွက် ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို ကြိုတင်စဉ်းစားထားဖို့မမေ့ပါနဲ့။ စလုပ်ဖို့ကတော့ သင့်ရဲ့ သင်ကြားပုံစံနစ်ကို ပိုပြီး ကောင်းသည်ထက် ကောင်းလာအောင် ပြုလုပ်ပြီးအမြန်ဆုံး ကြေညက်နေအောင် လေ့ကျင့်ဖို့ ဖြစ်ပါတယ်။

အသက်ကြီး ဆရာများအနေနဲ့ survival mode လို့ခေါ်တဲ့ ဘဝရေစီးကြောင်းမှာ အလိုက်သင့်လိုက်မျှောဖို့ အချိန်သိပ်မရပါဘူး၊ ကျွန်မတို့က CELTA လက်မှတ်ကိုင် ဆရာကြီးစိတ်တွေ ဖျောက်ပြီး ကိုယ့်သင်ကြားပုံနည်းစနစ်တွေကို စောစောစီးစီး မွန်းမံကာ ကိုယ့်ကိုယ်ပိုင် သင်ကြားဟန်ကို ဖော်ထုတ်ပြင်ဆင်ထားကာ အသင့်ဖြစ်နေရပါမယ်။

ဒီလိုမျိုးလုပ်ထားမှသာလျှင် ကိုယ့်စိတ်ကူးထဲက အလုပ်အကိုင်မျိုးကို ရရှိရုံမျှမက DELTA တက်ရန် လျှောက်ထားဖို့ အခြေအနေတွေကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ DELTA လက်မှတ်ရပြီဆိုရင်တော့ ထိပ်တန်းကျောင်းတွေမှာ အလုပ်ကောင်းရဖို့ နောက်ထပ်လှေခါးတစ်ဆင့် တက်သလိုဘဲပေါ့။

နောက်ပိုင်းမှာ သင်ကြားရေးအပိုင်းကနေပြီး စီမံအုပ်ချုပ်ရေးလိုင်းကို ပြောင်းမလားဆိုတာ ကြိုတင်စဉ်းစားထားတာကောင်းပါတယ်။ ကျွန်မ အလုပ်အကိုင်သက်တမ်းမှာ မန်နေဂျာ တစ်ယောက်အနေနဲ့ တောက်လျှောက်လုပ်ခဲ့ပြီး ဖြစ်တာမို့ စာသင်ခန်းထဲမှာပဲ ဘဝကို ဆက်လက် မြှုပ်နှံဖို့ ဆုံးဖြတ်ပြီးသားပါ။

၅။ အမြဲမပြတ် လေ့လာပါ။ CPD လို့ခေါ်တဲ့ Continuing Professional Development စဉ်ဆက်မပြတ် လုပ်ငန်းခွင် ဖွံ့ဖြိုးမှုသင်တန်းတွေ၊ ဆွေးနွေးပွဲတွေ တက်ပါ။ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက သင်ယူပါ။ Webinar (အွန်လိုင်းပေါ်ကပို့ချချက်) တွေကို တက်ရောက်နားထောင်ပါ။ ဘယ်လိုမျိုး ELT ဖိုရမ်တွေမှာမဆို စာရင်းသွင်းပြီး ပါဝင်လှုပ်ရှားပါ။

မိမိလေ့လာနေစဉ်အတွင်း ကောင်းမွန်တဲ့ လမ်းကြောင်းတွေပေါ်ထွက်လာရင် လက်ခံဖို့ပြင်ဆင်ထားပါ။ “ကျုပ်ကတော့ အသက်ကြီးပြီမို့လို့ ဒါတွေမလုပ်နိုင်တော့ပါဘူး” လို့ပြောခဲ့ရင်တော့ အလွယ်လေးပါ။ ဒါပေမဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မန်နေဂျာတွေ၊ ကျွန်မ ကျောင်းသားတွေက အိုင်ဒီယာအသစ်တွေကို လက်ခံကျင့်သုံးဖို့ ကျွန်မကို တစ်ချိန်လုံး တိုက်တွန်းအားပေးမှုတွေ ပြုလုပ်ခဲ့တာကြောင့်တွေလည်း ဖြစ်ပါတယ်။

ကျွန်မ ကျောင်းသားတွေဆိုရင် ကျွန်မရဲ့ လေ့လာတွေ့ရှိချက်အသစ်တွေကို အရမ်းသဘောကျပြီး ကျွန်မ တင်တဲ့ ဘလောက်ဂ်ပို့စ်တွေကိုလည်း မလွတ်တမ်း လိုက်ဖတ်တာ ဝင်ရောက်ဆွေးနွေးတာတွေပါ အားတက်သရော လုပ်ကြပါတယ်။

၆။ နောက်ဆုံးအနေနဲ့ ပြောရရင် မိမိလုပ်နေတဲ့အလုပ်ကို နှစ်သက်မြတ်နိုးပါစေ။ ကျွန်မကတော့ ကျွန်မရဲ့ အသစ်စက်စက်၊ နောက်ကျ အသက်မွေးဝမ်းကျောင်းအလုပ်ကို အရမ်းချစ်မိနေပြီး ဘာအကြောင်းနဲ့မှ ပြောင်းဖို့ မရှိပါကြောင်း ပြောလိုပါတယ်။

Source: Britishcouncil.org

Read times Last modified on Wednesday, 29 January 2020 10:29
Rate this articles
(2 votes)