×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 14 March 2018

အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်ချင်သူများအတွက်

အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်ချင်သူများအတွက် google.com

အင်္ဂလိပ်စာလေ့လာနေသောသူများအတွက် အထောက်အကူပြုနိုင်မည့် American Center, Yangon မှာ ကျင်းပပြုလုပ်နေကျဖြစ်တဲ့ Public Speaking Club အကြောင်းကို မျှဝေပေးချင်ပါတယ်။

 

အမေရိကန်စင်တာ Public Speaking Club(PSC) က ကျောင်းသားအခြေပြု ဝါသနာတူများ စုပေါင်းတဲ့ club တစ်ခုဖြစ်ပါတယ်။ စကားပြောနည်းအသွယ်သွယ်ကို စိတ်ဝင်စားသူ၊ မိမိအတွေးအခေါ် အသိပညာများ မျှဝေလိုသူ၊ အင်္ဂလိပ်စကားပြောလေ့ကျင့်လိုသူများအတွက် နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

PSC မှာ ဘာတွေ ရနိုင်သလဲ?

PSC မှာ အပတ်စဉ် အသစ်အသစ်သောလူများနှင့် တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေအသစ်များ ရရှိမှာ ဖြစ်ပြီး အချင်းချင်းဆီမှလည်း အကြောင်းအရာသစ်များ လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာရောက်ပါဝင်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။

Recommended for you - ဘယ်ဆိုင်မှာ ဘယ်သွားစားရမလဲဆိုပြီး ခေါင်းပူနေတဲ့သူတွေအတွက်

PSC ကိုလာရောက်ပါဝင်ဖို့ အမေရိကန်စင်တာ Baldwin Library Card တော့ရှိဖို့လိုအပ်ပါမယ်။ PSC Member fee ကတော့ သုံးလစာအတွက်ငွေ နှစ်ထောင်ကျပ်သာဖြစ်ပြီး ပထမဆုံးအကြိမ်လာရောက်သူ များအဖို့ ပထမ ၂ပတ်က member fee ပေးစရာမလိုဘဲ တတိယအပတ်မှစ၍သာ ကောက်ခံမှာဖြစ် ပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ညနေ ၃ နာရီမှ ၅ နာရီအထိ PSC ရှိပါတယ်။

အင်္ဂလိပ်စကားလေ့လာနေတဲ့ သူငယ်ချင်းတွေရှိရင်လည်း သတိပေးလိုက်ဦးနော်။

(လက်ရှိ American Centerဟာ နေရာအသစ်ကိုပြောင်းမှာဖြစ်တဲ့အတွက် ဒီနေ့ 14/3/2018 ဗုဒ္ဓဟူး နေ့မှာ Club ကိုခေတ္တပိတ်ထားပါတယ်။)

အသေးစိတ်ကို https://www.facebook.com/ACPublicSpeakingClub/ မှာလည်းသွားရောက် လေ့လာ နိုင်ပါတယ်။

Public Speaking Club (PSC)
Location - New American Center,The corner of Inya Road and University Avenue, Yangon
Time – 3:00pm to 5:00pm, every Wednesday

 

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။

Source: ACPSC

Read times Last modified on Friday, 03 January 2020 14:40
Rate this articles
(2 votes)