×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Thursday, 13 September 2018

အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ စီမံခန့်ခွဲမှုမဟာဘွဲ့အတွက် ဒေါ်လာ ၃၀၀၀ ပညာသင်ဆုပေးမည်

အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ စီမံခန့်ခွဲမှုမဟာဘွဲ့အတွက် ဒေါ်လာ ၃၀၀၀ ပညာသင်ဆုပေးမည် google.com

အင်္ဂလန်နိုင်ငံ Teesside University က ပေးမယ့် အင်ဂျင်နီယာဘာသာရပ်ဆိုင် ရာစီမံခန့်ခွဲမှုမဟာဘွဲ့အတွက် ဒေါ်လာ ၃၀၀၀ ပညာသင်ဆုပေးမယ်လို့ သိရပါတယ်။


အဲဒီတက္ကသိုလ်ကပေးမယ့် M.Sc in Engineering Management မဟာဘွဲ့ကို Kaplan Myanmar University College မှာ တက်ရောက်နိုင်မှာဖြစ်ပါတယ်။


“ အင်ဂျင်နီယာဘွဲ့ကို ဘယ်ဘာသာရပ်နဲ့ပဲ ရထားတဲ့လူဖြစ်ပါစေ တက်လို့ရပါတယ်၊ မြန်မာနိုင်ငံမှာ အင်ဂျင်နီယာဘွဲ့ရ ပညာရှင်တွေ အတော်များပါတယ်၊ စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှု အရည်အချင်းတွေသာပေါင်းစပ်လိုက်မယ်ဆိုရင် လုပ်ငန်းခွင်ထဲမှာ ပိုအောင်မြင်တဲ့ သူဖြစ်လာမှာပါ၊ သင်တန်းကာလကတော့ တစ်နှစ်ပါပဲ ” လို့ KMUC ရဲ့ ကျောင်းအုပ်ဖြစ်သူ ဒေါ်ခိုင်ခိုင်လင်းကပြောပါတယ်။


M.Sc in Engineering Management မဟာဘွဲ့ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ကျောင်းဖွင့်ချိန်တက်ရောက်မယ့်သူတွေအတွက် ပညာသင်ဆုအဖြစ် အမေရိကန်ဒေါ်လာ ၃၀၀၀ ပေးမှာဖြစ်ပါတယ်။ အဲဒီဘွဲ့ဟာ လုပ်ငန်းအစီအစဉ်ရေးဆွဲမှုနဲ့ စီမံခန့်ခွဲမှုကဏ္ဍမှာ အင်ဂျင်နီယာပညာရပ်ရဲ့ သဘောတရားတွေကို အသုံးချခြင်းပညာရပ်တွေကို လေ့လာတဲ့ဘွဲ့တစ်ခုဖြစ်ပါတယ်။

 

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူတွေအနေနဲ့ Kaplan Myanmar University College ဖုန်း – 09 777 63 6000, 09 777 68 6000 ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

 

Recommended for you - ၀င်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၁ ခု စက်တင်ဘာ ၁၇ ရက်တွင် ၀င်ခွင့်ရစာရင်း ကြေညာမည်

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - အလုပ်ခွင်မှာ ဝန်ထမ်းကို ဘယ်လို အကဲဖြတ်ကြပါသလဲ

 

Recommended for you - ကျောင်းသားတွေ ပညာသင်ဆုနဲ့လွဲချော်စေတဲ့ အယူအဆအမှားများ

 

Credit; Internet Journal

Read times Last modified on Wednesday, 29 January 2020 10:11
Rate this articles
(1 Vote)