×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 08 October 2019

"အောင်မြင်ဖို့အတွက် ဘာကြောင့်စိတ်ဓာတ်ခိုင်မာဖို့လိုအပ်တာလဲ"

"အောင်မြင်ဖို့အတွက် ဘာကြောင့်စိတ်ဓာတ်ခိုင်မာဖို့လိုအပ်တာလဲ" google.com

<<< Unicode >>> 

စိတ်ဓာတ်ခိုင်မာခြင်းက သင့်ကိုပိုပြီး ကောင်းမွန်တဲ့ပန်းတိုင်နဲ့၊ ပိုပြီးကြီးမားတဲ့ပန်းတိုင်ကို ရောက်ရှိစေနိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ စိတ်ဓာတ်ခိုင်မာတဲ့သူတွေသာ ခက်ခဲမှုတွေကိုခံနိုင်ရည်ရှိစွာ ဖြတ်ကျော်နိုင်မှာဖြစ်လို့ပါပဲ။

အောက်ပါအကြောင်းပြချက် ၇ခုက အောင်မြင်ဖို့အတွက်ဘာကြောင့်စိတ်ဓာတ်ခိုင်မာသင့်သလဲဆိုတာ ရှင်းပြပေးပါလိမ့်မယ်။

 

(၁) စိတ်ဓာတ်ခိုင်မာခြင်းက သင့်ကိုသင်သံသယဝင်ခြင်းကို ဖျက်ဆီးပစ်နိုင်ပါတယ်
သင့်မှာ ရည်မှန်းချက် ဒါမှမဟုတ် သတ်မှတ်ထားတဲ့ပန်းတိုင်တစ်ခုရှိတယ်ဆိုပါစို့။ သင့်ကိုသင်ပြန်မေးနေမိတယ်။

“ငါလုပ်နိုင်ပါ့မလား…..” ဆိုတဲ့အတွေးမျိုးက သင့်ကိုသင်သံသယဝင်ခြင်းရဲ့အစပါပဲ။ အဲဒီလို တွေးပြီးတာနဲ့ မလုပ်နိုင်ဘူးလို့များ သင်ကတွေးလိုက်ရင် သင်အောင်မြင်ဖို့အလှမ်းဝေးသွားပါပြီ။

ဒါပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့လူတစ်ယောက်ကျတော့ အဲလိုမတွေးနေတော့ပါဘူး။ “လုပ်ကိုလုပ်မယ်။ အနိုင်ရကိုရရမယ်” ဆိုတာမျိုးနဲ့ ဆုံးဖြတ်ချက်ကို ဖြတ်ချလိုက်မယ်။ ပြီးရင် လုပ်စရာရှိတာကို မနားမနေကြိုးစားလုပ်ပါလိမ့်မယ်။

အဲဒီ့အခါ သင့်ကိုယ်သင်တောင် သံသယဝင်ဖို့အချိန်မရှိတော့ပါဘူး။

အဲဒါကြောင့် စိတ်ဓာတ်ခိုင်မာတဲ့သူတစ်ယောက်က ကိုယ့်ကိုကိုယ်သံသယဝင်ခြင်းကို ဖျက်ဆီးပစ်နိုင်တဲ့အတွက် နောက်မဆုတ်နိုင်ဘဲ ပန်းတိုင်ကို အရောက်သွားမှာပါ။

 

(၂) စိတ်ဓာတ်ခိုင်မာခြင်းက သင့်ကို တက်ကြွမှုဖြစ်စေပါတယ်
သင့်အာရုံထဲမှာ သင်အရယူရမယ့်ပန်းတိုင်ကိုသာ ထည့်ထားရင် ဖြစ်လာနိုင်တဲ့အခက်အခဲကို မတွေးမိပါဘူး။

“ဒီရည်မှန်းချက်ကိုသာ ရောက်ရင်…..” ဆိုတဲ့စိတ်လွှမ်းမိုးနေတဲ့အခါကျတော့ သင့်စိတ်က ပန်းတိုင်နဲ့ပိုနီးစပ်နေသလို ပိုတက်ကြွနေပါလိမ့်မယ်။

တခြားအခက်အခဲတွေဆိုတာ သင့်အတွက် အသေးအဖွဲလိုဖြစ်နေတာပေါ့။ အဲဒါကြောင့် စိတ်ဓာတ်ခိုင်မာတဲ့လူတစ်ယောက်အတွက် ကိုယ့်ရည်မှန်းချက်ပန်းတိုင်နဲ့ပတ်သက်ရင် အမြဲတက်ကြွနေတတ်ပါတယ်။


(၃) စိတ်ဓာတ်ခိုင်မာတဲ့အခါ အခြားသူတွေရဲ့မလိုလားအပ်တဲ့အကြံပေးချက်တွေကို ဖယ်ထုတ်တတ်လာပါတယ်
အခြားသူတွေကျေနပ်အောင် ကြိုးစားနေထိုင်မိနေမယ် ဒါမှမဟုတ် အခြားသူတွေရဲ့အမှားတွေကို မှားနေကြောင်းသက်သေပြဖို့ကြိုးစားမိနေတယ်ဆိုရင်

အခြားသူတွေရဲ့အထင်အမြင်အယူအဆတွေထဲမှာပဲ သင်ပိတ်လှောင်နေရပါလိမ့်မယ်။

စိတ်ဓာတ်ခိုင်မာတဲ့သူတစ်ယောက်ကတော့ ဘယ်သူ့ရဲ့အထင်မြင်တွေလွှမ်းမိုးမှု့ကိုမှ မခံယူပါဘူး။

ပြတ်သားသေချာတဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်စရာရှိတာကိုလုပ်မှာဖြစ်ပြီး ကိုယ့်အတွက်လိုအပ်တဲ့စကားကို ဘယ်လိုအသုံးပြုရမလဲဆိုတာသိပါတယ်။

ကိုယ့်အတွက်မလိုလားအပ်တဲ့အကြံပေးချက်တွေကို ခေါင်းထဲမထည့်တတ်ပါဘူး။

Recommended For You >>> "ထူးချွန်ထက်မြက်သူတို့၏ အလေ့အထ (၇) ချက်"

 

(၄) စိတ်ဓာတ်ခိုင်မာသူတွေက အရှုံးတွေထဲမှာပဲ စိတ်ညစ်မနေဘဲ သင်ခန်းစာယူတတ်ပါတယ်
သင့်အမှားကို ဖုံးကွယ်ထားတာ ဒါမှမဟုတ် ဆင်ခြေပေးတာမျိုးက စိတ်ဓာတ်ခိုင်မာသူတွေမလုပ်တတ်ကြပါဘူး။

စိတ်ဓာတ်ခိုင်မာတဲ့သူတွေက အမှားကို ဝန်ခံမယ်၊ အမှားထဲက သင်ခန်းစာယူမယ် ရှေ့ဆက်သွားပါလိမ့်မယ်။ စိတ်ဓာတ်ပျော့ညံ့သူတွေက အမှားကို ထိုင်တွေးပြီး ဝမ်းနည်းမဆုံးဖြစ်နေချိန်မှာ

စိတ်ဓာတ်ခိုင်မာသူတွေက နောက်ထပ်ခြေလှမ်းအသစ်တွေနဲ့ ရှေ့ဆက်နေမှာဖြစ်ပါတယ်။ အဲဒါကြောင့် စိတ်ဓာတ်ခိုင်မာသူတွေက အောင်မြင်မှုဆီ မြန်မြန်ရောက်နိုင်တာပေါ့။

 

(၅) စိတ်ဓာတ်ခိုင်မာသူတွေက အကြောက်တရားကို ရင်ဆိုင်ဖို့လည်း သတ္တရှိပါတယ်
Comfort zone ထဲက ရုန်းထွက်ရတာ ခက်ခဲပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ခိုင်မာသူတွေက comfort zone ထဲက ရုန်းထွက်နိုင်မှ အောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်မယ်ဆိုတာ သိသူတွေပါ။

သင်သာစိတ်ဓာတ်ခိုင်မာနေမယ်ဆိုရင် ဘယ်လိုကြောက်စရာကောင်းတဲ့အခက်အခဲတွေကြုံပါစေ၊ ရင်ဆိုင်ဖို့ လက်တွန့်နေမှာ မဟုတ်ပါဘူး။

သင့်ကိုနှောင့်ယှက်နိုင်တဲ့အခက်အခဲတွေကနေ အနိုင်တိုက်နိုင်မှ သင့်ပန်းတိုင်ရောက်မှာကို သေချာသိတဲ့သူတွေပါ။ အဲဒါကြောင့် စိတ်ဓာတ်ခိုင်မာသူတွေက အကြောက်တရားတွေကို ရင်ဆိုင်နိုင်သူတွေပါပဲ။

 

(၆) စိတ်ဓာတ်ခိုင်မာမှုက သင့်ကို ကျရှုံးမှုကနေ ပြန်လည်ကယ်ဆယ်နိုင်ပါတယ်
ကျရှုံးမှုကြောင့် အချို့လူတွေက လက်လျော့သွားတတ်ကြပါတယ်။ စိတ်ဓာတ်ခိုင်မာသူတွေကတော့ ကျရှုံးမှုကြုံတိုင်း နောက်တစ်ကြိမ်မှာ ပိုကောင်းအောင် ကြိုးစားဖို့တွေးပါတယ်။

အခါခါ ကျရှုံးလည်း ခံနိုင်ရည်ရှိပါတယ်။ ကျရှုံးခြင်းဟာ အောင်မြင်မှုဆီသွားမယ့် လှေခါးထစ်တွေဆိုတာ နားလည်ကြပြီး အခါခါ ပြန်ကြိုးစားတတ်ပါတယ်။

အဲဒါကြောင့် အောင်မြင်ချင်တဲ့သူတွေက စိတ်ဓာတ်ခိုင်မာသင့်ပါတယ်။

 

(၇) စိတ်ဓာတ်ခိုင်မာမှုက သင့်ရဲ့စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စေပါတယ်
အောင်မြင်မှုဆီသွားတဲ့လမ်းကြောင်းပေါ်မှာ ပျော်ရွှင်ရတာရှိသလို၊ ဝမ်းနည်းစရာတွေလည်းရှိမယ်။ စိတ်ခံစားချက်တွေ အတက်အကျပေါင်းများစွာ ဖြစ်ရမယ့်ကိစ္စတွေ ကြုံရမှာပါ။

ဒါပေမယ့် စိတ်ဓာတ်ခိုင်မာသူက ထိုအခြအနေတွေကို နားလည်ပြီး အောင်မြင်မှုကို ရှေးရှုလို့ ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပါတယ်။

အဲဒါမှသာ ကိုယ်အလိုရှိရာပန်းတိုင်ကို ရောက်နိုင်မှာကိုး။
အထက်က အချက် ၇ချက်ကို ဖတ်ကြည့်ပြီးတဲ့အခါမှာတော့ အောင်မြင်မှုဆီအရောက်သွားချင်သူတွေဟာ ဘာကြောင့်စိတ်ဓာတ်ခိုင်မာသင့်သလဲဆိုတာ နားလည်လောက်ပါပြီနော်။

စိတ်ဓာတ်ခိုင်မာခြင်းက အောင်မြင်မှုလမ်းပေါ် ရောက်အောင် အများကြီးကူညီပေးနိုင်မှာပါ။ ဘယ်လောက်ကျရှုံးမှုကြုံပါစေ။ စိတ်ဓာတ်ခိုင်မာမှုရှိတဲ့လူတစ်ယောက်အဖို့ ဘယ်တော့မှ လက်လျော့အရှုံးပေးမှာမဟုတ်ပါဘူး။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://bit.ly/2EbNTuO  မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်

 

<<< Zawgyi >>>

"ေအာင္ျမင္ဖို႔အတြက္ ဘာေၾကာင့္စိတ္ဓာတ္ခိုင္မာဖို႔လိုအပ္တာလဲ"
စိတ္ဓာတ္ခိုင္မာျခင္းက သင့္ကိုပိုၿပီး ေကာင္းမြန္တဲ့ပန္းတိုင္နဲ႔၊ ပိုၿပီးႀကီးမားတဲ့ပန္းတိုင္ကို ေရာက္ရွိေစႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စိတ္ဓာတ္ခိုင္မာတဲ့သူေတြသာ ခက္ခဲမႈေတြကိုခံႏိုင္ရည္ရွိစြာ ျဖတ္ေက်ာ္ႏိုင္မွာျဖစ္လို႔ပါပဲ။

ေအာက္ပါအေၾကာင္းျပခ်က္ ၇ခုက ေအာင္ျမင္ဖို႔အတြက္ဘာေၾကာင့္စိတ္ဓာတ္ခိုင္မာသင့္သလဲဆိုတာ ရွင္းျပေပးပါလိမ့္မယ္။

 

(၁) စိတ္ဓာတ္ခိုင္မာျခင္းက သင့္ကိုသင္သံသယဝင္ျခင္းကို ဖ်က္ဆီးပစ္ႏိုင္ပါတယ္
သင့္မွာ ရည္မွန္းခ်က္ ဒါမွမဟုတ္ သတ္မွတ္ထားတဲ့ပန္းတိုင္တစ္ခုရွိတယ္ဆိုပါစို႔။ သင့္ကိုသင္ျပန္ေမးေနမိတယ္။

“ငါလုပ္ႏိုင္ပါ့မလား…..” ဆိုတဲ့အေတြးမ်ိဳးက သင့္ကိုသင္သံသယဝင္ျခင္းရဲ႕အစပါပဲ။ အဲဒီလို ေတြးၿပီးတာနဲ႔ မလုပ္ႏိုင္ဘူးလို႔မ်ား သင္ကေတြးလိုက္ရင္ သင္ေအာင္ျမင္ဖို႔အလွမ္းေဝးသြားပါၿပီ။

ဒါေပမယ့္ စိတ္ဓာတ္ခိုင္မာတဲ့လူတစ္ေယာက္က်ေတာ့ အဲလိုမေတြးေနေတာ့ပါဘူး။ “လုပ္ကိုလုပ္မယ္။ အႏိုင္ရကိုရရမယ္” ဆိုတာမ်ိဳးနဲ႔ ဆုံးျဖတ္ခ်က္ကို ျဖတ္ခ်လိုက္မယ္။ ၿပီးရင္ လုပ္စရာရွိတာကို မနားမေနႀကိဳးစားလုပ္ပါလိမ့္မယ္။

အဲဒီ့အခါ သင့္ကိုယ္သင္ေတာင္ သံသယဝင္ဖို႔အခ်ိန္မရွိေတာ့ပါဘူး။

အဲဒါေၾကာင့္ စိတ္ဓာတ္ခိုင္မာတဲ့သူတစ္ေယာက္က ကိုယ့္ကိုကိုယ္သံသယဝင္ျခင္းကို ဖ်က္ဆီးပစ္ႏိုင္တဲ့အတြက္ ေနာက္မဆုတ္ႏိုင္ဘဲ ပန္းတိုင္ကို အေရာက္သြားမွာပါ။

 

(၂) စိတ္ဓာတ္ခိုင္မာျခင္းက သင့္ကို တက္ႂကြမႈျဖစ္ေစပါတယ္
သင့္အာ႐ုံထဲမွာ သင္အရယူရမယ့္ပန္းတိုင္ကိုသာ ထည့္ထားရင္ ျဖစ္လာႏိုင္တဲ့အခက္အခဲကို မေတြးမိပါဘူး။

“ဒီရည္မွန္းခ်က္ကိုသာ ေရာက္ရင္…..” ဆိုတဲ့စိတ္လႊမ္းမိုးေနတဲ့အခါက်ေတာ့ သင့္စိတ္က ပန္းတိုင္နဲ႔ပိုနီးစပ္ေနသလို ပိုတက္ႂကြေနပါလိမ့္မယ္။

တျခားအခက္အခဲေတြဆိုတာ သင့္အတြက္ အေသးအဖြဲလိုျဖစ္ေနတာေပါ့။ အဲဒါေၾကာင့္ စိတ္ဓာတ္ခိုင္မာတဲ့လူတစ္ေယာက္အတြက္ ကိုယ့္ရည္မွန္းခ်က္ပန္းတိုင္နဲ႔ပတ္သက္ရင္ အၿမဲတက္ႂကြေနတတ္ပါတယ္။


(၃) စိတ္ဓာတ္ခိုင္မာတဲ့အခါ အျခားသူေတြရဲ႕မလိုလားအပ္တဲ့အႀကံေပးခ်က္ေတြကို ဖယ္ထုတ္တတ္လာပါတယ္ 
အျခားသူေတြေက်နပ္ေအာင္ ႀကိဳးစားေနထိုင္မိေနမယ္ ဒါမွမဟုတ္ အျခားသူေတြရဲ႕အမွားေတြကို မွားေနေၾကာင္းသက္ေသျပဖို႔ႀကိဳးစားမိေနတယ္ဆိုရင္

အျခားသူေတြရဲ႕အထင္အျမင္အယူအဆေတြထဲမွာပဲ သင္ပိတ္ေလွာင္ေနရပါလိမ့္မယ္။

စိတ္ဓာတ္ခိုင္မာတဲ့သူတစ္ေယာက္ကေတာ့ ဘယ္သူ႔ရဲ႕အထင္ျမင္ေတြလႊမ္းမိုးမႈ႕ကိုမွ မခံယူပါဘူး။

ျပတ္သားေသခ်ာတဲ့ဆုံးျဖတ္ခ်က္နဲ႔ ကိုယ္လုပ္စရာရွိတာကိုလုပ္မွာျဖစ္ၿပီး ကိုယ့္အတြက္လိုအပ္တဲ့စကားကို ဘယ္လိုအသုံးျပဳရမလဲဆိုတာသိပါတယ္။

ကိုယ့္အတြက္မလိုလားအပ္တဲ့အႀကံေပးခ်က္ေတြကို ေခါင္းထဲမထည့္တတ္ပါဘူး။

Recommended For You >>>> ထူးခၽြန္ထက္ျမက္သူတို႔၏ အေလ့အထ (၇) ခ်က္

 

(၄) စိတ္ဓာတ္ခိုင္မာသူေတြက အရႈံးေတြထဲမွာပဲ စိတ္ညစ္မေနဘဲ သင္ခန္းစာယူတတ္ပါတယ္
သင့္အမွားကို ဖုံးကြယ္ထားတာ ဒါမွမဟုတ္ ဆင္ေျခေပးတာမ်ိဳးက စိတ္ဓာတ္ခိုင္မာသူေတြမလုပ္တတ္ၾကပါဘူး။

စိတ္ဓာတ္ခိုင္မာတဲ့သူေတြက အမွားကို ဝန္ခံမယ္၊ အမွားထဲက သင္ခန္းစာယူမယ္ ေရွ႕ဆက္သြားပါလိမ့္မယ္။ စိတ္ဓာတ္ေပ်ာ့ညံ့သူေတြက အမွားကို ထိုင္ေတြးၿပီး ဝမ္းနည္းမဆုံးျဖစ္ေနခ်ိန္မွာ

စိတ္ဓာတ္ခိုင္မာသူေတြက ေနာက္ထပ္ေျခလွမ္းအသစ္ေတြနဲ႔ ေရွ႕ဆက္ေနမွာျဖစ္ပါတယ္။ အဲဒါေၾကာင့္ စိတ္ဓာတ္ခိုင္မာသူေတြက ေအာင္ျမင္မႈဆီ ျမန္ျမန္ေရာက္ႏိုင္တာေပါ့။

 

(၅) စိတ္ဓာတ္ခိုင္မာသူေတြက အေၾကာက္တရားကို ရင္ဆိုင္ဖို႔လည္း သတၱရွိပါတယ္
Comfort zone ထဲက ႐ုန္းထြက္ရတာ ခက္ခဲပါတယ္။ ဒါေပမယ့္ စိတ္ဓာတ္ခိုင္မာသူေတြက comfort zone ထဲက ႐ုန္းထြက္ႏိုင္မွ ေအာင္ျမင္တဲ့လမ္းေၾကာင္းေပၚေရာက္မယ္ဆိုတာ သိသူေတြပါ။

သင္သာစိတ္ဓာတ္ခိုင္မာေနမယ္ဆိုရင္ ဘယ္လိုေၾကာက္စရာေကာင္းတဲ့အခက္အခဲေတြႀကဳံပါေစ၊ ရင္ဆိုင္ဖို႔ လက္တြန႔္ေနမွာ မဟုတ္ပါဘူး။

သင့္ကိုေႏွာင့္ယွက္ႏိုင္တဲ့အခက္အခဲေတြကေန အႏိုင္တိုက္ႏိုင္မွ သင့္ပန္းတိုင္ေရာက္မွာကို ေသခ်ာသိတဲ့သူေတြပါ။ အဲဒါေၾကာင့္ စိတ္ဓာတ္ခိုင္မာသူေတြက အေၾကာက္တရားေတြကို ရင္ဆိုင္ႏိုင္သူေတြပါပဲ။

 

(၆) စိတ္ဓာတ္ခိုင္မာမႈက သင့္ကို က်ရႈံးမႈကေန ျပန္လည္ကယ္ဆယ္ႏိုင္ပါတယ္
က်ရႈံးမႈေၾကာင့္ အခ်ိဳ႕လူေတြက လက္ေလ်ာ့သြားတတ္ၾကပါတယ္။ စိတ္ဓာတ္ခိုင္မာသူေတြကေတာ့ က်ရႈံးမႈႀကဳံတိုင္း ေနာက္တစ္ႀကိမ္မွာ ပိုေကာင္းေအာင္ ႀကိဳးစားဖို႔ေတြးပါတယ္။

အခါခါ က်ရႈံးလည္း ခံႏိုင္ရည္ရွိပါတယ္။ က်ရႈံးျခင္းဟာ ေအာင္ျမင္မႈဆီသြားမယ့္ ေလွခါးထစ္ေတြဆိုတာ နားလည္ၾကၿပီး အခါခါ ျပန္ႀကိဳးစားတတ္ပါတယ္။

အဲဒါေၾကာင့္ ေအာင္ျမင္ခ်င္တဲ့သူေတြက စိတ္ဓာတ္ခိုင္မာသင့္ပါတယ္။

 

(၇) စိတ္ဓာတ္ခိုင္မာမႈက သင့္ရဲ႕စိတ္ခံစားမႈေတြကို ထိန္းခ်ဳပ္ႏိုင္ေစပါတယ္
ေအာင္ျမင္မႈဆီသြားတဲ့လမ္းေၾကာင္းေပၚမွာ ေပ်ာ္႐ႊင္ရတာရွိသလို၊ ဝမ္းနည္းစရာေတြလည္းရွိမယ္။ စိတ္ခံစားခ်က္ေတြ အတက္အက်ေပါင္းမ်ားစြာ ျဖစ္ရမယ့္ကိစၥေတြ ႀကဳံရမွာပါ။

ဒါေပမယ့္ စိတ္ဓာတ္ခိုင္မာသူက ထိုအျခအေနေတြကို နားလည္ၿပီး ေအာင္ျမင္မႈကို ေရွးရႈလို႔ ကိုယ့္စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။

အဲဒါမွသာ ကိုယ္အလိုရွိရာပန္းတိုင္ကို ေရာက္ႏိုင္မွာကိုး။
အထက္က အခ်က္ ၇ခ်က္ကို ဖတ္ၾကည့္ၿပီးတဲ့အခါမွာေတာ့ ေအာင္ျမင္မႈဆီအေရာက္သြားခ်င္သူေတြဟာ ဘာေၾကာင့္စိတ္ဓာတ္ခိုင္မာသင့္သလဲဆိုတာ နားလည္ေလာက္ပါၿပီေနာ္။

စိတ္ဓာတ္ခိုင္မာျခင္းက ေအာင္ျမင္မႈလမ္းေပၚ ေရာက္ေအာင္ အမ်ားႀကီးကူညီေပးႏိုင္မွာပါ။ ဘယ္ေလာက္က်ရႈံးမႈႀကဳံပါေစ။ စိတ္ဓာတ္ခိုင္မာမႈရွိတဲ့လူတစ္ေယာက္အဖို႔ ဘယ္ေတာ့မွ လက္ေလ်ာ့အရႈံးေပးမွာမဟုတ္ပါဘူး။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္https://bit.ly/2EbNTuO မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

BAWA 101

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 16:04
Rate this articles
(0 votes)