×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 04 September 2019

"ဝန္ထမ္းဘဝက ထြက္ျပီးကိုယ္ပိုင္စီးပြါးေရးစလုပ္ေတာ့မယ္ဆိုရင္"

"ဝန္ထမ္းဘဝက ထြက္ျပီးကိုယ္ပိုင္စီးပြါးေရးစလုပ္ေတာ့မယ္ဆိုရင္" google.com

လူလတ္တန္းစားေတာ္ေတာ္မ်ားမ်ား ဝန္ထမ္းဘဝမွာ စိတ္ညစ္လို႔ ကိုယ္ပိုင္စီးပြါးေရးဘက္ဘာလို႔ မကူးႏိုင္ေသးတာလဲ၊ ဘာေတြေၾကာင့္လဲ ဘာကိုေၾကာက္ေနတာလဲ။

အကယ္၍ သင္သာဝန္ထမ္းဘဝကေန ကိုယ္ပိုင္စီးပြါးေရးစတင္ဖို႔ ႀကံရြယ္ေနရင္ . . . . ဒါေတြကို ရင္ဆိုင္ႏိုင္မွ စီးပြါးေရးစလုပ္ပါ။


(၁) ရေနက် ပံုမွန္လစာမရေတာ့ျခင္း
ဝန္ထမ္းဘဝဟာ သူမ်ားအလုပ္ကို ႀကိဳးစားလုပ္ေပးေနရပီး ပံုမွန္လစာယူေနရေသာဘဝ ျဖစ္သည္။ ဝန္ထမ္းလုပ္ေနသမွ်ေတာ့ ပံုမွန္လစာေတာ့ ရွိမွာျဖစ္ေပမယ့္ ကိုယ္ပိုင္စီးပြါးေရးစလုပ္ေတာ့မယ္ဆိုရင္ ပံုမွန္ဝင္ေငြရယ္လို႔ တသမတ္ထဲ ရွိခ်င္မွရွိေတာ့မယ္ ရံႈးႏိုင္တယ္ သို႕တည္းမဟုတ္ အျမတ္ရႏိုင္တယ္။

လူေတြဟာ ပံုမွန္ဝင္ေငြမရေတာ့မွာ၊ စီးပြားေရးစလုပ္ရင္ ရံႈးမွာ ေၾကာက္ပီး ကိုယ္ပိုင္စီးပြားေရးစတင္ဖို႔ တြန္႔ဆုတ္ၾကပါတယ္။


(၂) အာမခံခ်က္ မရွိေတာ့ျခင္း
သင္ဟာ ဝန္ထမ္းတစ္ေယာက္ဆိုရင္ လစဥ္ပံုမွန္ဝင္ေငြရွိတာကို အေၾကာင္းျပဳပီး က်န္းမာေရးအာမခံ၊ ေခ်းေငြအာမခံ၊ အျငိမ္းစားအစီအစဥ္ေတြ သင့္အတြက္ ရွိေပမယ့္ စီးပြားေရးစလုပ္ေတာ့မယ္ဆိုရင္ေတာ့ ဒါေတြသင္ဆံုးရံႈးမွာျဖစ္ပါတယ္။ သင့္လုပ္ငန္းေအာင္ျမင္သည္ မေအာင္ျမင္သည္ေပၚမူတည္ျပီး သာ ကြဲျပားသြားမွာျဖစ္ပါတယ္။


(၃) လစာျပည့္ခြင့္၊ နာမက်န္းခြင့္၊ ရံုးပိတ္ရက္ နားရက္မ်ား မရွိေတာ့ျခင္း
သင္သည္ဝန္ထမ္းမဟုတ္ေတာ့ရင္ သင့္တြင္ သီးသန္႕နားေနခ်ိန္ အစိုးရ ရံုးပိတ္ရက္ စတာတို႔ ရွိေတာ့မည္မဟုတ္ေပ။

သင့္လုပ္ငန္းေအာင္ျမင္သည္ မေအာင္ျမင္သည္ သင့္အေပၚတြင္မူတည္ေသာေၾကာင့္ ၂၄ နာရီပတ္လံုးသည္ အလုပ္ခ်ိန္ျဖစ္လာမည္။


(၄) ဝင္ေငြ သုည ျဖစ္သြားျခင္း
အလီဘာဘာ ကုမၸဏီသူေဌးႀကီး ဂ်က္မားသည္ပင္လွ်င္ လုပ္ငန္းစတင္ပီး ႏွစ္အေတာ္တန္ၾကာသည္ အထိ အျမတ္စြန္းတစ္စံုတစ္ရာ မရရွိခဲ့ေပ။

ထို႕အတူ သင့္လုပ္ငန္းမွ စတင္ပီး တစ္လ ရသည့္အျမတ္ေငြသည္ သာမာန္လခစား ဝန္ထမ္းတစ္ေယာက္ထက္ေတာင္ နည္းခ်င္နည္းေနႏိုင္ေပသည္။ လုပ္ငန္းတိုးတက္ျခင္း ေအာင္ျမင္ျခင္းသည္ သင့္ႀကိဳးစားမႈ ရလဒ္ေပၚတြင္ မူတည္ေနသည္။


ဤ အခ်က္ေတြေၾကာင့္ လခစားဝန္ထမ္းေတာ္ေတာ္မ်ားမ်ား ကိုယ္ပိုင္လုပ္ငန္းမစတင္ျဖစ္ျခင္း၊ ဝန္ထမ္းအလုပ္မွာတင္ ေသာင္တင္ေနျခင္းတို႕ ျဖစ္ေပသည္။

Read More>>> " ေခါင္းေဆာင္တိုင္း က်င့္သုံးရမယ့္ အခ်ိန္စီမံခန႔္ခြဲမႈဆိုင္ရာ အမူအက်င့္ေကာင္းမ်ား"
===================================

ဒါဆို တစ္သက္လံုးဝန္ထမ္းမလုပ္ခ်င္သူမ်ားအတြက္ ကိုယ္ပိုင္စီးပြါးေရးကို ဘယ္လိုစတင္ၾကမလဲ ?


၁။ ရည္မွန္းခ်က္ထားထားပါ
သင္ေလာေလာဆယ္ဝန္ထမ္းဘဝ ႏွင့္သာ ရွိေနေသးေပမယ့္ ကိုယ္ ဘယ္ႏွႏွစ္ၾကာရင္ ဘာလုပ္မယ္ဆိုပီး ရည္မွန္းခ်က္ထားထားပါ။


၂။ ေလ့လာပါ

ကိုယ့္ရည္မွန္းခ်က္နဲ႔ ဆိုင္တဲ့ ဗဟုသုတေတြ ပညာရပ္ေတြ မိတ္ေဆြေတြ အားလံုးကို ႀကိဳတင္ေလ့လာထားပါ။


၃။ ေငြစုပါ
သင့္ရည္မွန္းခ်က္သည္ ေငြမည္မွ်ရမွ စတင္ႏိုင္မည္ကို သိထားပါ။ ေငြကိုစုပါ။ မိမိတစ္ေယာက္ထဲ စုလွ်င္ အခ်ိန္ၾကန္႕ၾကာႏိုင္ပါက ေငြရွိေသာ သူႏွင့္ မိတ္ေဆြဖြဲ႕ပါ။


၄။ မိတ္ေဆြဖြဲ႕ပါ
ေငြသည္ လူဆီကပဲလာပါသည္ ထို႕ေၾကာင့္ မိတ္ေကာင္းေဆြေကာင္းမ်ားမ်ားဖြဲ႕ပါ။


၅။ အဆိုးျမင္ဝါဒီမ်ားဆန္႔က်င္ပါ
သင္သည္ လုပ္ငန္းစတင္ေတာ့မည္ဟုစိတ္ကူးမိပီး မိမိ မိတ္ေဆြမ်ားႏွင့္တိုင္ပင္သည့္အခါ "ေဟွာင့္ မင္းမလုပ္နဲ႔ မျဖစ္ဘူးေနာ္" ဆိုသည့္သူမ်ားအား ဆန္႕က်င္ပါ။

အျပဳသေဘာေဆာင္ပီး ေဝဖန္ က်ိဳးေၾကာင္းေထာက္ျပေသာသူမ်ားႏွင့္သာ တိုင္ပင္ပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ သင္သည္ အပ်က္သေဘာေဆာင္သည့္သူမ်ား၏ စကားမ်ားကို နားေယာင္မိလွ်င္ သင့္လုပ္ငန္းဘယ္ေတာ့မွ စတင္လို႔ ရမည္မဟုတ္ေခ်။


၆။ အစီအစဥ္ခ်ပါ
ေျပာသည့္စကားမ်ားေလထဲ ေပ်ာက္သြားတာမ်ိဳးမဟုတ္ပဲ တကယ္ အေသးစိတ္အစီစဥ္ခ် ေရးဆြဲပါ။


၇။ အေကာင္ထည္ေဖာ္ပါ
အေပၚက အခ်က္ေတြ အားလံုးပီးသြားပီးမွ တကယ္မလုပ္ရင္ အေကာင္ထည္မေဖာ္ရင္ ဘာမွမထူးပါဘူး ထို႕ေၾကာင့္ အေသးစိတ္အစီစဥ္ေရးဆြဲပီး အေကာင္ထည္စေဖာ္ပါ။


၈။ မြန္းမံပါ
ဘယ္အလုပ္မဆို အစမွာ အားနည္းခ်က္ေတြ ၾကံဳႏိုင္ပါတယ္။ အားလံုး Perfect ျဖစ္ေအာင္ လုပ္ပီးမွ စတင္မယ္ဆိုရင္ အခ်ိန္အားျဖင့္ အမ်ားႀကီးၾကန္႔ၾကာႏိုင္ပါတယ္။

ထို႔ေၾကာင့္ အေကာင္ထည္ေဖာ္ရင္း ျဖစ္ေပၚလာေသာ အားနည္းခ်က္မ်ားကို စနစ္တက် မြန္းမံပါ။
သည္အခ်က္ေတြအားလံုးကိုစနစ္တက် စီစဥ္သြားျခင္းအားျဖင့္ ဝန္ထမ္းဘဝမွ ကိုယ္ပိုင္တစ္ပိုင္တစ္ႏိုင္ လုပ္ငန္းသို႕ စတင္ေျခလွမ္းႏိုင္ၾကပါေစ။

Read More >>> "ကိုယ္ရည္ကိုယ္ေသြးတိုးတက္ဖို႔ လက္ေတြ႕က်င့္သုံးသင့္ေသာနည္းလမ္းမ်ား"


Credit : San Ni

sayar.com.mm

>>> Unicode ဖြင့်ဖတ်ရန် <<<

လူလတ်တန်းစားတော်တော်များများ ဝန်ထမ်းဘဝမှာ စိတ်ညစ်လို့ ကိုယ်ပိုင်စီးပွါးရေးဘက်ဘာလို့ မကူးနိုင်သေးတာလဲ၊ ဘာတွေကြောင့်လဲ ဘာကိုကြောက်နေတာလဲ။

အကယ်၍ သင်သာဝန်ထမ်းဘဝကနေ ကိုယ်ပိုင်စီးပွါးရေးစတင်ဖို့ ကြံရွယ်နေရင် . . . . ဒါတွေကို ရင်ဆိုင်နိုင်မှ စီးပွါးရေးစလုပ်ပါ။


(၁) ရနေကျ ပုံမှန်လစာမရတော့ခြင်း
ဝန်ထမ်းဘဝဟာ သူများအလုပ်ကို ကြိုးစားလုပ်ပေးနေရပီး ပုံမှန်လစာယူနေရသောဘဝ ဖြစ်သည်။ ဝန်ထမ်းလုပ်နေသမျှတော့ ပုံမှန်လစာတော့ ရှိမှာဖြစ်ပေမယ့် ကိုယ်ပိုင်စီးပွါးရေးစလုပ်တော့မယ်ဆိုရင် ပုံမှန်ဝင်ငွေရယ်လို့ တသမတ်ထဲ ရှိချင်မှရှိတော့မယ် ရှုံးနိုင်တယ် သို့တည်းမဟုတ် အမြတ်ရနိုင်တယ်။

လူတွေဟာ ပုံမှန်ဝင်ငွေမရတော့မှာ၊ စီးပွားရေးစလုပ်ရင် ရှုံးမှာ ကြောက်ပီး ကိုယ်ပိုင်စီးပွားရေးစတင်ဖို့ တွန့်ဆုတ်ကြပါတယ်။


(၂) အာမခံချက် မရှိတော့ခြင်း
သင်ဟာ ဝန်ထမ်းတစ်ယောက်ဆိုရင် လစဉ်ပုံမှန်ဝင်ငွေရှိတာကို အကြောင်းပြုပီး ကျန်းမာရေးအာမခံ၊ ချေးငွေအာမခံ၊ အငြိမ်းစားအစီအစဉ်တွေ သင့်အတွက် ရှိပေမယ့် စီးပွားရေးစလုပ်တော့မယ်ဆိုရင်တော့ ဒါတွေသင်ဆုံးရှုံးမှာဖြစ်ပါတယ်။ သင့်လုပ်ငန်းအောင်မြင်သည် မအောင်မြင်သည်ပေါ်မူတည်ပြီး သာ ကွဲပြားသွားမှာဖြစ်ပါတယ်။


(၃) လစာပြည့်ခွင့်၊ နာမကျန်းခွင့်၊ ရုံးပိတ်ရက် နားရက်များ မရှိတော့ခြင်း
သင်သည်ဝန်ထမ်းမဟုတ်တော့ရင် သင့်တွင် သီးသန့်နားနေချိန် အစိုးရ ရုံးပိတ်ရက် စတာတို့ ရှိတော့မည်မဟုတ်ပေ။

သင့်လုပ်ငန်းအောင်မြင်သည် မအောင်မြင်သည် သင့်အပေါ်တွင်မူတည်သောကြောင့် ၂၄ နာရီပတ်လုံးသည် အလုပ်ချိန်ဖြစ်လာမည်။


(၄) ဝင်ငွေ သုည ဖြစ်သွားခြင်း
အလီဘာဘာ ကုမ္ပဏီသူဌေးကြီး ဂျက်မားသည်ပင်လျှင် လုပ်ငန်းစတင်ပီး နှစ်အတော်တန်ကြာသည် အထိ အမြတ်စွန်းတစ်စုံတစ်ရာ မရရှိခဲ့ပေ။

ထို့အတူ သင့်လုပ်ငန်းမှ စတင်ပီး တစ်လ ရသည့်အမြတ်ငွေသည် သာမာန်လခစား ဝန်ထမ်းတစ်ယောက်ထက်တောင် နည်းချင်နည်းနေနိုင်ပေသည်။ လုပ်ငန်းတိုးတက်ခြင်း အောင်မြင်ခြင်းသည် သင့်ကြိုးစားမှု ရလဒ်ပေါ်တွင် မူတည်နေသည်။


ဤ အချက်တွေကြောင့် လခစားဝန်ထမ်းတော်တော်များများ ကိုယ်ပိုင်လုပ်ငန်းမစတင်ဖြစ်ခြင်း၊ ဝန်ထမ်းအလုပ်မှာတင် သောင်တင်နေခြင်းတို့ ဖြစ်ပေသည်။

Read More >>> " ေခါင္းေဆာင္တိုင္း က်င့္သုံးရမယ့္ အခ်ိန္စီမံခန႔္ခြဲမႈဆိုင္ရာ အမူအက်င့္ေကာင္းမ်ား"
===================================

ဒါဆို တစ်သက်လုံးဝန်ထမ်းမလုပ်ချင်သူများအတွက် ကိုယ်ပိုင်စီးပွါးရေးကို ဘယ်လိုစတင်ကြမလဲ ?


၁။ ရည်မှန်းချက်ထားထားပါ
သင်လောလောဆယ်ဝန်ထမ်းဘဝ နှင့်သာ ရှိနေသေးပေမယ့် ကိုယ် ဘယ်နှနှစ်ကြာရင် ဘာလုပ်မယ်ဆိုပီး ရည်မှန်းချက်ထားထားပါ။


၂။ လေ့လာပါ

ကိုယ့်ရည်မှန်းချက်နဲ့ ဆိုင်တဲ့ ဗဟုသုတတွေ ပညာရပ်တွေ မိတ်ဆွေတွေ အားလုံးကို ကြိုတင်လေ့လာထားပါ။


၃။ ငွေစုပါ
သင့်ရည်မှန်းချက်သည် ငွေမည်မျှရမှ စတင်နိုင်မည်ကို သိထားပါ။ ငွေကိုစုပါ။ မိမိတစ်ယောက်ထဲ စုလျှင် အချိန်ကြန့်ကြာနိုင်ပါက ငွေရှိသော သူနှင့် မိတ်ဆွေဖွဲ့ပါ။


၄။ မိတ်ဆွေဖွဲ့ပါ
ငွေသည် လူဆီကပဲလာပါသည် ထို့ကြောင့် မိတ်ကောင်းဆွေကောင်းများများဖွဲ့ပါ။


၅။ အဆိုးမြင်ဝါဒီများဆန့်ကျင်ပါ
သင်သည် လုပ်ငန်းစတင်တော့မည်ဟုစိတ်ကူးမိပီး မိမိ မိတ်ဆွေများနှင့်တိုင်ပင်သည့်အခါ "ဟှောင့် မင်းမလုပ်နဲ့ မဖြစ်ဘူးနော်" ဆိုသည့်သူများအား ဆန့်ကျင်ပါ။

အပြုသဘောဆောင်ပီး ဝေဖန် ကျိုးကြောင်းထောက်ပြသောသူများနှင့်သာ တိုင်ပင်ပါ။ အဘယ့်ကြောင့်ဆိုသော် သင်သည် အပျက်သဘောဆောင်သည့်သူများ၏ စကားများကို နားယောင်မိလျှင် သင့်လုပ်ငန်းဘယ်တော့မှ စတင်လို့ ရမည်မဟုတ်ချေ။


၆။ အစီအစဉ်ချပါ
ပြောသည့်စကားများလေထဲ ပျောက်သွားတာမျိုးမဟုတ်ပဲ တကယ် အသေးစိတ်အစီစဉ်ချ ရေးဆွဲပါ။


၇။ အကောင်ထည်ဖော်ပါ
အပေါ်က အချက်တွေ အားလုံးပီးသွားပီးမှ တကယ်မလုပ်ရင် အကောင်ထည်မဖော်ရင် ဘာမှမထူးပါဘူး ထို့ကြောင့် အသေးစိတ်အစီစဉ်ရေးဆွဲပီး အကောင်ထည်စဖော်ပါ။


၈။ မွန်းမံပါ
ဘယ်အလုပ်မဆို အစမှာ အားနည်းချက်တွေ ကြုံနိုင်ပါတယ်။ အားလုံး Perfect ဖြစ်အောင် လုပ်ပီးမှ စတင်မယ်ဆိုရင် အချိန်အားဖြင့် အများကြီးကြန့်ကြာနိုင်ပါတယ်။

ထို့ကြောင့် အကောင်ထည်ဖော်ရင်း ဖြစ်ပေါ်လာသော အားနည်းချက်များကို စနစ်တကျ မွန်းမံပါ။
သည်အချက်တွေအားလုံးကိုစနစ်တကျ စီစဉ်သွားခြင်းအားဖြင့် ဝန်ထမ်းဘဝမှ ကိုယ်ပိုင်တစ်ပိုင်တစ်နိုင် လုပ်ငန်းသို့ စတင်ခြေလှမ်းနိုင်ကြပါစေ။

Read More >>> "ကိုယ္ရည္ကိုယ္ေသြးတိုးတက္ဖို႔ လက္ေတြ႕က်င့္သုံးသင့္ေသာနည္းလမ္းမ်ား"


Credit : San Ni

sayar.com.mm

Read times
Rate this articles
(0 votes)