×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 30 December 2019

2020 အထိမခေါ်သွားသင့်ဘဲ 2019 မှာပဲ ထားခဲ့သင့်တဲ့အရာများ

2020 အထိမခေါ်သွားသင့်ဘဲ 2019 မှာပဲ ထားခဲ့သင့်တဲ့အရာများ google

မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ၂၀၂၀ ကို ဖြတ်သန်းကြရတော့မှာပါ။ နှစ်သစ်တစ်ခုကိုကူးပြောင်းတော့မှာဖြစ်တဲ့အတွက် သင့်ကိုယ်တိုင်လဲဘယ်လိုအရာတွေနဲ့ ကူးပြောင်းမယ် ဘယ်လိုအရာတွေကို ထားခဲ့မယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်တွေ ချထားသင့်ပါတယ်။

လွယ်လွယ်ကူကူ နှစ်ကူးသွားတယ်ဆိုပြီး စိတ်ထဲမှတ်ထားမယ်ဆိုရင်တော့ နှစ်တွေ ဘယ်လောက်ပဲကြာကြာ သင်လဲဘာမှပြောင်းလဲလာမှာမဟုတ်ပါဘူး…။

ဒါကြောင့် နှစ်သစ်ကို ဆက်ပြီးသယ်ဆောင်မသွားသင့်တဲ့ အချက် (၁၀) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ဓာတ်ကျလွယ်တဲ့အကျင့်တွေထားခဲ့ပါ

တစ်ခုခုဆိုရင် စိတ်ဓာတ်ကျနေတဲ့အကျင့်တွေကို တတ်နိုင်သလောက်လျော့ချပါ။ ဒီလိုစိတ်ဓာတ်ကျတိုင်း အကောင်းပြန်ဖြစ်မလာဘူးဆိုတာကို စိတ်ထဲမှတ်ပြီး ဖြေရှင်းနိုင်တဲ့နည်းလမ်းကိုရှာပြီး အမြန်ဆုံးဖြေရှင်းလိုက်ပါ။

(၂) အာရုံပြန့်လွှင့်နေတာတွေ၊ စိတ်လေနေတာတွေ ထားခဲ့ပါ

တော်တော်များများဖြစ်ဖူးပါလိမ့်မယ်။ အထူးသဖြင့်လူငယ်တွေမှာဖြစ်တတ်ပါတယ်။ ဒါကအထီးကျန်တာဖြစ်နိုင်သလို၊ အလုပ်မရှိတာကြောင့်လဲဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် တစ်ခုခုကိုလေ့လာလိုက်ပါ။ ဥပမာ - အင်္ဂလိပ်ဘာသာစကားလေ့လာတာမျိုး၊ ကိုဝါသနာပါတဲ့ အားကစား အကတွေ၊ အနုပညာရပ်တွေ၊ ဘာပဲဖြစ်ဖြစ်ပါ တစ်ခုခုကို ထလေ့လာလိုက်ပါ။

(၃) ပတ်ဝန်းကျင်ကိုအရမ်းဂရုစိုက်တတ်တဲ့စိတ်တွေ ထားခဲ့ပါ

ပထမဆုံးပြောချင်တာက သင့်ရဲ့ဘဝ၊ သင့်ရဲ့ဖြစ်တည်မှုက ပတ်ဝန်းကျင်ရဲ့ ပါးစပ်ထဲမှာရှိနေတာမဟုတ်ပါဘူး။ သင့်ရဲ့ဖြစ်တည်မှုကို သင်ကိုယ်တိုင်တည်ဆောက်ရမှာပါဖြစ်လို့ ပတ်ဝန်းကျင်ကမကောင်းပြောတိုင်း လိုက်ခံစားနေမယ်ဆို အလုပ်လုပ်ဖို့တောင်အချိန်မှာမဟုတ်ပါဘူး။ လူတိုင်းကတစ်ပုံစံတဲ့ထွက်လာမဟုတ်တော့ သင်ကောင်းနေရင်တောင် တချို့လူတွေအတွက်တော့သင်ကလူဆိုးဖြစ်နေမှာပါ။ ဒါဟာသဘာဝပါ။

(၄) လက်လျော့ချင်တဲ့စိတ်တွေ ထားခဲ့ပါ

အခက်အခဲ (သို့မဟုတ်) Challenge တွေနဲ့ရင်ဆိုင်လာရတဲ့အခါ ဘယ်တော့မှလက်မလျော့လိုက်ပါနဲ့။ လက်လျော့လိုက်တဲ့နေ့ကစပြီး သင့်ဘဝရှေ့မတတ်တော့ဘူးဆိုတာ သတိရလိုက်ပါ။ အခက်အခဲဆိုတာတွေကို များများရင်ဆိုင်ရလေ ပိုပြီးတည်ငြိမ်ရင့်ကျက်လာလေ၊ ပိုပြီးရင်ဆိုင်ရဲလာလေပါ။ ၂၀၂၀ ကို အားမာန်အပြည့်နဲ့ ဖြတ်သန်းဖို့လိုပါတယ်။

(၅) ဖြစ်သလိုနေတတ်တဲ့အကျင့်တွေထားခဲ့ပါ

ဒါကတော့ ရုပ်ပိုင်းဆိုင်ရာအတွက် အရေးကြီးပါတယ်။ ကိုယ်ကလူတွေနဲ့ထိတွေ့ဆက်ဆံနေရတာဖြစ်တဲ့အတွက် လူတိုင်းကိုယ့်ပုံစံကိုကြည့်ပြီး သူတို့ရဲ့စိတ်ထဲမှာ မှတ်ချက်ပေးတတ်ကြပါတယ်။ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနေတတ်ခြင်းက သင့်ကိုယ်သင်ယုံကြည်မှုပိုရှိသလို၊ ပတ်ဝန်းကျင်ရဲ့အမြင်မှာလည်း စိတ်ချမ်းသာစရာ၊ အထင်ကြီးစရာဖြစ်စေပါတယ်။ အိပ်ချင်မူးတူးမျက်နှာနဲ့၊ ဘိုသည်ဘက်သည် လူတစ်ယောက်ကိုတော့ ဘယ်သူမှစကားပြောချင်မယ်မထင်ပါ။

(၆) အမြဲစိတ်ညစ်အောင်လုပ်တဲ့သူတွေကို ထားခဲ့ပါ

သင့်ကိုစိတ်ညစ်အောင်လုပ်တွေသူတွေ ရှိမယ်လို့ထင်ပါတယ်။ ဒီလိုလူတွေရှိရင် သူတို့နဲ့ ဆက်ပြီးဆက်ဆံမနေပါနဲ့။ ကိုယ်ပဲစိတ်ညစ်ရာမှာပါ။ မသက်သာလို့ဆက်ဆံနေရရင်တော့ သူတို့နားကအမြန်ဆုံးထွက်သွားဖို့ကြိုးစားပါ။

(၇) ကိုယ်မုန်းတဲ့သူတွေကို ထားခဲ့လိုက်ပါ

ဘဝမှာ မုန်းဖူးတဲ့လူတွေ အများကြီးမရှိရင်တော့ တစ်ယောက်တော့ရှိမယ်ထင်ပါတယ်။ သုတေသနစစ်တမ်းတစ်ခုမှာတော့ လူတွေကရည်းစားဟောင်းကိုမုန်းကြတာများပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ။ သင့်အနေနဲ့ဒီလူကို မုန်းပြီးဖြတ်သန်းနေတယ်ဆိုကတည်းက သင့်ရဲ့စိတ်တွေ၊ သင့်ရဲ့အချိန်တွေ သူ့ကိုပေးထားလိုက်သလိုပါပဲ။ အကောင်းဆုံးနည်းလမ်းကတော့ စိတ်ထဲကထုတ်ပစ်လိုက်ပါ။ သင့်အတွက်တန်းဖိုးရှိတဲ့လူတွေကို ချစ်နေဖို့အတွက် အမုန်းတွေနဲ့အပင်ပန်းမခံပါနဲ့။

(၈) အတွေးအခေါ်မပါဘဲ လုပ်တတ်တဲ့အကျင့်တွေ ထားခဲ့ပါ

ဘာပဲလုပ်လုပ်ပါ အတွေးထည့်လုပ်တဲ့အလုပ်က သူများတွေပုံမုန်လုပ်နေတာထက် ပိုကောင်းတဲ့ရလဒ်ကို ရရှိစေပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကိုကြည့်လိုက်ပါ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေချည်းပါပဲ။ သူတွေကအလုပ်တစ်ခုလုပ်ရင် ထိထိရောက်ရောက်တွေးခေါ်ပြီးလုပ်တတ်ကြလို့ပါ။ သင်လည်းဒီအလေ့အကျင့်ကို ၂၀၂၀ မှာစပြီး လုပ်ထားဖို့လိုပါတယ်။

(၉) Negative အရင်တွေးတတ်တာတွေ ထားခဲ့ပါ

တစ်ခုခုဆို အဆိုးဘက်ကစမြင်တတ်တဲ့အကျင့်က ကြာရင်သင့်ကို ဒုက္ခပေးပါလိမ့်မယ်။ နေပူမှန်းသိရက်နဲ့ ထီးမယူသွားဘဲ နေပူတာကိုဒေါသထွက်နေလို့မရပါဘူး။ ဒါကသင့်ကိုပျော်ရွင်စေမှာမဟုတ်ပါဘူး။ ကိုယ်က Negative တွေးတတ်တဲ့သူဆို Positive လဲ တွေးတတ်ဖို့လိုပါတယ်။ အကောင်းဘက်ကိုချက်ချင်းမတွေးနိုင်ရင်တောင်မှ အဆိုးဘက်တွေးနေတတ်တာတွေကိုတော့ ဖြည်းဖြည်းချင်းလျော့ချဖို့လိုပါတယ်။

(၁၀) ရည်မှန်းချက်မရှိတဲ့ဘဝကို ထားခဲ့လိုက်ပါ

ဒါကတော့ နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ပါ။ သင့်ကိုယ်သင်ပြန်မေးကြည့်ပါ ယခုရောက်ရှိနေတဲ့နေရာက သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်လားဆိုတာ။ ဒါမှမဟုတ် ဘာရည်မှန်းချက်မှ မရှိသေးတာလား။ နှစ်တွေသာ တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားတယ် ရည်မှန်းချက်တွေမချခဲ့ရတာပဲဖြစ်ဖြစ် ချပြီးမလုပ်ခဲ့တာပဲဖြစ်ဖြစ်ရှိခဲ့မှာပါ။ ဒီလိုသာဆို အချိန်တွေကတော်တော်နှမျောစရာကောင်းနေပါပြီ။ အခုကိုယ့်အသက်နဲ့ လက်ရှိရောက်နေတဲ့နေရာကို ပြန်ကြည့်လိုက်ပါ။ တော်တော်နောက်ကျနေပြီလို့ ခံစားနေရပြီဆိုရင် ဒီနှစ် ၂၀၂၀ မှာပဲ ရည်မှန်းချက်ပန်းတိုင်းကို ချမှတ်ဖို့လိုနေပါတယ်။ ရည်မှန်းချက်ပျောက်နေတဲ့လူဟာ ဘဝသေနေသလိုပါပဲ။ ရည်မှန်းချက်ဆိုတာ မဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူး။ အားထုတ်မှုပဲလိုတာပါ။ သင့်တော်တဲ့ ရည်မှန်းချက်ဖြစ်ဖို့တော့လိုတာပေါ့။ ကိုယ်ကအသံမကောင်းပဲ အဆိုတော်ဖြစ်ချင်လို့တော့မရပါဘူး။ ကိုယ်နဲ့အဆင်ပြေပြီး ဝါသနာနဲ့ထပ်တူကြတဲ့အရာတွေပေါ်မှာ ရည်မှန်းချက်ချမှသာ ထိရောက် လျင်မြန်တဲ့ပန်းတိုင်ကို ရောက်ရှိမှာပါ။

စာဖတ်ပရိသတ်အပေါင်း လာမယ့်နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကောင်းမွန်တဲ့အရာတွေအတူ တစ်နှစ်လုံးဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(Zawgyi)

မၾကာခင္ရက္ပိုင္းအတြင္းမွာပဲ ၂၀၂၀ ကုိ ျဖတ္သန္းၾကရေတာ့မွာပါ။ ႏွစ္သစ္တစ္ခုကုိကူးေျပာင္းေတာ့မွာျဖစ္တဲ့အတြက္ သင့္ကုိယ္တုိင္လဲဘယ္လုိအရာေတြနဲ႔ ကူးေျပာင္းမယ္ ဘယ္လုိအရာေတြကုိ ထားခဲ့မယ္ဆုိတဲ့ စိတ္ဆုံးျဖတ္ခ်က္ေတြ ခ်ထားသင့္ပါတယ္။လြယ္လြယ္ကူကူ ႏွစ္ကူးသြားတယ္ဆုိျပီး စိတ္ထဲမွတ္ထားမယ္ဆုိရင္ေတာ့ ႏွစ္ေတြ ဘယ္ေလာက္ပဲၾကာၾကာ သင္လဲဘာမွေျပာင္းလဲလာမွာမဟုတ္ပါဘူး…။

ဒါေၾကာင့္ ႏွစ္သစ္ကုိ ဆက္ျပီးသယ္ေဆာင္မသြားသင့္တဲ့ အခ်က္ (၁၀) ခ်က္ကုိေဖာ္ျပေပးလုိက္ပါတယ္။

(၁) စိတ္ဓာတ္က်လြယ္တဲ့အက်င့္ေတြထားခဲ့ပါ

တစ္ခုခုဆုိရင္ စိတ္ဓာတ္က်ေနတဲ့အက်င့္ေတြကုိ တတ္ႏုိင္သေလာက္ေလ်ာ့ခ်ပါ။ ဒီလုိစိတ္ဓာတ္က်တုိင္း အေကာင္းျပန္ျဖစ္မလာဘူးဆုိတာကုိ စိတ္ထဲမွတ္ျပီး ေျဖရွင္းႏုိင္တဲ့နည္းလမ္းကုိရွာျပီး အျမန္ဆုံးေျဖရွင္းလုိက္ပါ။

(၂) အာရုံျပန္႔လႊင့္ေနတာေတြ၊ စိတ္ေလေနတာေတြ ထားခဲ့ပါ

ေတာ္ေတာ္မ်ားမ်ားျဖစ္ဖူးပါလိမ့္မယ္။ အထူးသျဖင့္လူငယ္ေတြမွာျဖစ္တတ္ပါတယ္။ ဒါကအထီးက်န္တာျဖစ္ႏုိင္သလုိ၊ အလုပ္မရွိတာေၾကာင့္လဲျဖစ္ႏုိင္ပါတယ္။ ဒီလုိျဖစ္လာျပီဆုိရင္ တစ္ခုခုကုိေလ့လာလုိက္ပါ။ ဥပမာ - အဂၤလိပ္ဘာသာစကားေလ့လာတာမ်ိဳး၊ ကုိဝါသနာပါတဲ့ အားကစား အကေတြ၊ အႏုပညာရပ္ေတြ၊ ဘာပဲျဖစ္ျဖစ္ပါ တစ္ခုခုကုိ ထေလ့လာလုိက္ပါ။

(၃) ပတ္ဝန္းက်င္ကုိအရမ္းဂရုစုိက္တတ္တဲ့စိတ္ေတြ ထားခဲ့ပါ

ပထမဆုံးေျပာခ်င္တာက သင့္ရဲ႕ဘဝ၊ သင့္ရဲ႕ျဖစ္တည္မႈက ပတ္ဝန္းက်င္ရဲ႕ ပါးစပ္ထဲမွာရွိေနတာမဟုတ္ပါဘူး။ သင့္ရဲ႕ျဖစ္တည္မႈကုိ သင္ကုိယ္တုိင္တည္ေဆာက္ရမွာပါျဖစ္လုိ႔ ပတ္ဝန္းက်င္ကမေကာင္းေျပာတုိင္း လုိက္ခံစားေနမယ္ဆုိ အလုပ္လုပ္ဖုိ႔ေတာင္အခ်ိန္မွာမဟုတ္ပါဘူး။ လူတုိင္းကတစ္ပုံစံတဲ့ထြက္လာမဟုတ္ေတာ့ သင္ေကာင္းေနရင္ေတာင္ တခ်ိဳ႕လူေတြအတြက္ေတာ့သင္ကလူဆုိးျဖစ္ေနမွာပါ။ ဒါဟာသဘာဝပါ။

(၄) လက္ေလ်ာ့ခ်င္တဲ့စိတ္ေတြ ထားခဲ့ပါ

အခက္အခဲ (သုိ႔မဟုတ္) Challenge ေတြနဲ႔ရင္ဆုိင္လာရတဲ့အခါ ဘယ္ေတာ့မွလက္မေလ်ာ့လုိက္ပါနဲ႔။ လက္ေလ်ာ့လုိက္တဲ့ေန႔ကစျပီး သင့္ဘဝေရွ႕မတတ္ေတာ့ဘူးဆုိတာ သတိရလုိက္ပါ။ အခက္အခဲဆုိတာေတြကုိ မ်ားမ်ားရင္ဆုိင္ရေလ ပုိျပီးတည္ျငိမ္ရင့္က်က္လာေလ၊ ပုိျပီးရင္ဆုိင္ရဲလာေလပါ။ ၂၀၂၀ ကုိ အားမာန္အျပည့္နဲ႔ ျဖတ္သန္းဖုိ႔လုိပါတယ္။

(၅) ျဖစ္သလုိေနတတ္တဲ့အက်င့္ေတြထားခဲ့ပါ

ဒါကေတာ့ ရုပ္ပုိင္းဆုိင္ရာအတြက္ အေရးၾကီးပါတယ္။ ကုိယ္ကလူေတြနဲ႔ထိေတြ႔ဆက္ဆံေနရတာျဖစ္တဲ့အတြက္ လူတုိင္းကုိယ့္ပုံစံကုိၾကည့္ျပီး သူတုိ႔ရဲ႔စိတ္ထဲမွာ မွတ္ခ်က္ေပးတတ္ၾကပါတယ္။ သပ္သပ္ရပ္ရပ္ သန္႔သန္႔ရွင္းရွင္းေနတတ္ျခင္းက သင့္ကုိယ္သင္ယုံၾကည္မႈပုိရွိသလုိ၊ ပတ္ဝန္းက်င္ရဲ႕အျမင္မွာလည္း စိတ္ခ်မ္းသာစရာ၊ အထင္ၾကီးစရာျဖစ္ေစပါတယ္။ အိပ္ခ်င္မူးတူးမ်က္ႏွာနဲ႔၊ ဘုိသည္ဘက္သည္ လူတစ္ေယာက္ကုိေတာ့ ဘယ္သူမွစကားေျပာခ်င္မယ္မထင္ပါ။

(၆) အျမဲစိတ္ညစ္ေအာင္လုပ္တဲ့သူေတြကုိ ထားခဲ့ပါ

သင့္ကုိစိတ္ညစ္ေအာင္လုပ္ေတြသူေတြ ရွိမယ္လုိ႔ထင္္ပါတယ္။ ဒီလုိလူေတြရွိရင္ သူတုိ႔နဲ႔ ဆက္ျပီးဆက္ဆံမေနပါနဲ႔။ ကုိယ္ပဲစိတ္ညစ္ရာမွာပါ။ မသက္သာလုိ႔ဆက္ဆံေနရရင္ေတာ့ သူတုိ႔နားကအျမန္ဆုံးထြက္သြားဖုိ႔ၾကိဳးစားပါ။

(၇) ကုိယ္မုန္းတဲ့သူေတြကုိ ထားခဲ့လုိက္ပါ

ဘဝမွာ မုန္းဖူးတဲ့လူေတြ အမ်ားၾကီးမရွိရင္ေတာ့ တစ္ေယာက္ေတာ့ရွိမယ္ထင္ပါတယ္။ သုေတသနစစ္တမ္းတစ္ခုမွာေတာ့ လူေတြကရည္းစားေဟာင္းကုိမုန္းၾကတာမ်ားပါတယ္။ ဘယ္သူပဲျဖစ္ျဖစ္ပါ။ သင့္အေနနဲ႔ဒီလူကုိ မုန္းျပီးျဖတ္သန္းေနတယ္ဆုိကတည္းက သင့္ရဲ႕စိတ္ေတြ၊ သင့္ရဲ႕အခ်ိန္ေတြ သူ႔ကုိေပးထားလုိက္သလုိပါပဲ။ အေကာင္းဆုံးနည္းလမ္းကေတာ့ စိတ္ထဲကထုတ္ပစ္လုိက္ပါ။ သင့္အတြက္တန္းဖုိးရွိတဲ့လူေတြကုိ ခ်စ္ေနဖုိ႔အတြက္ အမုန္းေတြနဲ႔အပင္ပန္းမခံပါနဲ႔။

(၈) အေတြးအေခၚမပါဘဲ လုပ္တတ္တဲ့အက်င့္ေတြ ထားခဲ့ပါ

ဘာပဲလုပ္လုပ္ပါ အေတြးထည့္လုပ္တဲ့အလုပ္က သူမ်ားေတြပုံမုန္လုပ္ေနတာထက္ ပုိေကာင္းတဲ့ရလဒ္ကုိ ရရွိေစပါတယ္။ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြကုိၾကည့္လုိက္ပါ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ေတြခ်ည္းပါပဲ။ သူေတြကအလုပ္တစ္ခုလုပ္ရင္ ထိထိေရာက္ေရာက္ေတြးေခၚျပီးလုပ္တတ္ၾကလုိ႔ပါ။ သင္လည္းဒီအေလ့အက်င့္ကုိ ၂၀၂၀ မွာစျပီး လုပ္ထားဖုိ႔လုိပါတယ္။

(၉) Negative အရင္ေတြးတတ္တာေတြ ထားခဲ့ပါ

တစ္ခုခုဆုိ အဆုိးဘက္ကစျမင္တတ္တဲ့အက်င့္က ၾကာရင္သင့္ကုိ ဒုကၡေပးပါလိမ့္မယ္။ ေနပူမွန္းသိရက္နဲ႔ ထီးမယူသြားဘဲ ေနပူတာကုိေဒါသထြက္ေနလုိ႔မရပါဘူး။ ဒါကသင့္ကုိေပ်ာ္ရြင္ေစမွာမဟုတ္ပါဘူး။ ကုိယ္က Negative ေတြးတတ္တဲ့သူဆုိ Positive လဲ ေတြးတတ္ဖုိ႔လုိပါတယ္။ အေကာင္းဘက္ကုိခ်က္ခ်င္းမေတြးႏုိင္ရင္ေတာင္မွ အဆိုးဘက္ေတြးေနတတ္တာေတြကုိေတာ့ ျဖည္းျဖည္းခ်င္းေလ်ာ့ခ်ဖုိ႔လုိပါတယ္။

(၁၀) ရည္မွန္းခ်က္မရွိတဲ့ဘဝကုိ ထားခဲ့လုိက္ပါ

ဒါကေတာ့ ေနာက္ဆုံးနဲ႔ အေရးၾကီးဆုံးအခ်က္ပါ။ သင့္ကုိယ္သင္ျပန္ေမးၾကည့္ပါ ယခုေရာက္ရွိေနတဲ့ေနရာက သင့္ရဲ႕ရည္မွန္းခ်က္ပန္းတုိင္လားဆုိတာ။ ဒါမွမဟုတ္ ဘာရည္မွန္းခ်က္မွ မရွိေသးတာလား။ ႏွစ္ေတြသာ တစ္ႏွစ္ျပီးတစ္ႏွစ္ကုန္ဆုံးသြားတယ္ ရည္မွန္းခ်က္ေတြမခ်ခဲ့ရတာပဲျဖစ္ျဖစ္ ခ်ျပီးမလုပ္ခဲ့တာပဲျဖစ္ျဖစ္ရွိခဲ့မွာပါ။ ဒီလုိသာဆုိ အခ်ိန္ေတြကေတာ္ေတာ္နွေမ်ာစရာေကာင္းေနပါျပီ။ အခုကုိယ့္အသက္နဲ႔ လက္ရွိေရာက္ေနတဲ့ေနရာကုိ ျပန္ၾကည့္လုိက္ပါ။ ေတာ္ေတာ္ေနာက္က်ေနျပီလုိ႔ ခံစားေနရျပီဆုိရင္ ဒီႏွစ္ ၂၀၂၀ မွာပဲ ရည္မွန္းခ်က္ပန္းတုိင္းကုိ ခ်မွတ္ဖုိ႔လုိေနပါတယ္။ ရည္မွန္းခ်က္ေပ်ာက္ေနတဲ့လူဟာ ဘဝေသေနသလုိပါပဲ။ ရည္မွန္းခ်က္ဆုိတာ မျဖစ္ႏုိင္တဲ့အရာမဟုတ္ပါဘူး။ အားထုတ္မႈပဲလုိတာပါ။ သင့္ေတာ္တဲ့ ရည္မွန္းခ်က္ျဖစ္ဖုိ႔ေတာ့လုိတာေပါ့။ ကုိယ္ကအသံမေကာင္းပဲ အဆုိေတာ္ျဖစ္ခ်င္လုိ႔ေတာ့မရပါဘူး။ ကုိယ္နဲ႔အဆင္ေျပျပီး ဝါသနာနဲ႔ထပ္တူၾကတဲ့အရာေတြေပၚမွာ ရည္မွန္းခ်က္ခ်မွသာ ထိေရာက္ လ်င္ျမန္တဲ့ပန္းတုိင္ကုိ ေရာက္ရွိမွာပါ။

စာဖတ္ပရိသတ္အေပါင္း လာမယ့္ႏွစ္သစ္မွာ စိတ္သစ္လူသစ္နဲ႔ ေကာင္းမြန္တဲ့အရာေတြအတူ တစ္ႏွစ္လုံးျဖတ္သန္းႏုိင္ပါေစလုိ႔ ဆုေတာင္းေပးလုိက္ပါတယ္။

 

Read times
Rate this articles
(0 votes)