×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 28 March 2018

လက္လႊတ္မခံသင့္တဲ့ ၾသစေၾတးလ် ပညာရေးပြပွဲ

လက်လွှတ်မခံသင့်တဲ့ သြစတြေးလျ ပညာရေးပြပွဲ AVSS Myanmar

AVSS Myanmar ၏ သြစတြေးလျ ပညာရေးပြပွဲကို ဧပြီလ (၇)ရက်နေ စနေနေ့ ၊ နံနက် (၈:၃၀) နာရီမှ ညနေ (၃:၀၀) အထိ ရန်ကုန်မြို့ ၊ Novotel Hotel Yangon Max, 4th Floor, Pyay Room ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

သြစတြေးလျနိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်၊ ကောလိပ် ၂၂ ကျောင်းများ မှ တာဝန်ရှိသူများသည် ကျောင်းသား၊ကျောင်းသူများအား ၄င်းတို့ ကျောင်းများ၏ ကျောင်းဝင်ခွင့် လိုအပ်ချက်များ၊ ပညာသင်ဆုအခွင့်အလမ်းများ၊ လေ့လာသင်ယူနိုင်သော ဘာသာရပ်များအကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် တစ်ဦးချင်း တိုက်ရိုက် တိုင်ပင်ဆွေးနွေးပေးမည်ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်း, IGCSE, GCE "A" level, SAT, IB Diploma အောင်မြင်ထားသူများ၊ HND ဒီပလိုမာ ရရှိပြီးသူများ၊ တက္ကသိုလ်မှ ဘွဲ့ ရရှိထားပြီး သြစတြေးလျနိုင်ငံတွင် ပညာဆက်လက်သင်ကြားလိုသူများ ပြပွဲနေ့ များတွင် ကျောင်း လာရောက်လျှောက်ထားနိုင်ပါသည်။

ပညာရေးပြပွဲလာရောက်သော ကျောင်းသားများအနေဖြင့် ပညာသင်ဆုနှင့်ဆိုင်သော သတင်း အချက် အလက်များ သိရှိနိုင်ခြင်း၊ ကျောင်းလျှောက်သူများအား ကျောင်းများမှ Application Fee များ ကင်းလွတ်ခွင့်ပေးခြင်း၊ ကျန်းမာရေး အာမခံ (၆) လစာ အတွက် ကင်းလွတ်ခွင့်များရရှိမည်ဖြစ်ပါသည်။

သြစတြေးလျနိုင်ငံသည် နိုင်ငံတကာ ကျောင်းသားများ အတွက် လုံခြုံစိတ်ချရပြီး ကမ္ဘာ့အဆင့်မှီ ဂုဏ်သတင်းကြီးမားသော တက္ကသိုလ်များတွင် ကုန်ကျ စရိတ်သက်သာစွာဖြင့် ပညာဆက်လက်သင်ကြားနိုင်သော နိုင်ငံဖြစ်ပါသည်။

သြစတြေးလျနိုင်ငံတွင် ဘွဲ့ ကြို၊ ဘွဲ့ လွန်ဘာသာရပ်များကို အနည်းဆုံး စာသင်နှစ် ၂ နှစ်သင်ကြားသူ တိုင်းအား ကျောင်းပြီးလျှင် နောက်ထပ် ၂နှစ် ဆက်လက်နေနိုင်သည့် (Post Study Work Visa) ဗီဇာလျှောက်လို့ ရသည်ကို သင်သိပါသလား?

ပညာရေးပြပွဲနေ့များတွင် သြစတြေးလျ သံရုံးမှ တာဝန်ရှိသူများကလည်း ဟောပြောပွဲများကို အောက်ပါအတိုင်း ပြောကြားပေးမည်ဖြစ်ပါသည်။ နေရာအခက်အခဲ ရှိပါသဖြင့် ဟောပြောပွဲတက်ရောက် လိုပါက ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

Yangon
10:30 a.m. Australia Awards Scholarship Information Session by Australia Awards, Australia Embassy
11:00 a.m. Study in Australia by AusTrade, Australia Embassy
11:30 a.m. Tips for academic success at University by AEC English Centre

ပါဝင်ပြသမည့်ကျောင်းများကို ဒီ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

AVSS သည် သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်များမှ တရားဝင်အသိအမှတ်ပြုထားသော ပညာရေးအေဂျင်စီ တစ်ခုဖြစ်ပါသည်။ သြစတြေးလျနိုင်ငံရှိ အဓိကမြို့ကြီးများဖြစ်သော Sydney, Melbourne, Brisbane နှင့် Perth မြို့ တို့ တွင် ရုံးခန်းများဖွင့်လှစ်ထားပြီး၊ ပြည်တွင်းမှ သြစတြေးလျ တက္ကသိုလ်များသို့  ပညာသွား ရောက် သင်ကြားလိုသော ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ ဝန်ဆောင်မှု ပေးအပ်နေသော ပညာရေး အေဂျင်စီတစ်ခုလည်းဖြစ်သည်။

Australian Education Expo အား တက်ရောက်လိုသူများ အနေဖြင့် http://bit.ly/2G4fzny တွင်ကြိုတင် စာရင်းပေးသွင်းနိုင်ပြီး ၊ အသေးစိတ်သိရှိလိုသူများအနေဖြင့် Australian Visa & Student Services ဖုန်း ၀၉ ၄၅၀၀၀ ၆၉၄၄၊ ၀၉ ၄၅၀၀၀ ၆၉၅၅ ၊ ၀၉ ၇၉၉ ၄၅၀ ၉၄၄၊ ၀၉ ၇၉၉ ၄၅၀ ၉၅၅ သို့  ဆက်သွယ်စုံစမ်း နိုင်ပါသည်။

Recommended for you - အိုင်တီလောကမှာအခြေချတော့မယ်ဆိုရင်သိထားရမယ့်အချက်များ

Recommended for you - သြစတြေးလျနိုင်ငံမှာ ကျောင်းတက်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ ?

Source: AVSS Myanmar

Read times Last modified on Tuesday, 07 January 2020 17:32
Rate this articles
(1 Vote)