×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 25 April 2018

Myanmar Pou Chen မှ ရာနှုန်းပြည့် ပညာသင်ဆုပေးအပ်မည်

Myanmar Pou Chen မှ ရာနှုန်းပြည့် ပညာသင်ဆုပေးအပ်မည် google.com

Myanmar Pou Chen မှ အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုမဟာသိပ္ပံဘွဲ့ လေ့လာလိုသူတွေ အတွက် ရာနှုန်းပြည့် ပညာသင်ဆုနှင့် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဧပြီလ ၃၀ ရက် နောက်ဆုံးထားကာ လျှောက်လွှာ လက်ခံလျှက်ရှိပါတယ်။

ရွေးချယ်ခံရသော လူငယ်များသည် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုအင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှု မဟာသိပ္ပံ (MSc in Global Production Engineering and Management) ကို ဗီယက်နမ်နိုင်ငံရှိ ဗီယက်နမ်-ဂျာမန်တက္ကသိုလ် (Vietnamese German University (VGU)) တွင်တက်ရောက် နိုင်မည်ဖြစ်ပြီး ပညာသင်ပြီးမြောက်မှုပေါ် မူတည်ကာ ပညာသင်ဆု ပူးတွဲ ထောက်ပံ့သည့် ကုမ္ပဏီနှင့် ၃နှစ်တာ လက်တွဲ လုပ်ကိုင်ရန် အလုပ်အကိုင်အခွင့်အလမ်း ရရှိမှာပါ။

ပညာသင်ဆုအတွက် ရွေးချယ်ခံရသူသည် ပညာသင်ဆု ပေးအပ်ချီးမြှင့်မှု မတိုင်မီ Myanmar Pou Chen တွင် သုံးလတာ အလုပ်သင်အဖြစ် ၀င်ရောက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ ပညာသင်ပြီးဆုံးပါက ပညာသင်ဆု ထောက်ပံ့ပေးတဲ့ ပူးတွဲ ကုမ္ပဏီမှာ ပြန်လည်ဦးဆောင် အလုပ်လုပ်ကိုင်ရန် သဘောတူရမှာဖြစ်ပါတယ်။

Recommended for you - သင့်ကိုကျရှုံးစေမယ့် အချိန်ဆွဲတတ်သောအကျင့်ဆိုး

ပညာသင်ဆုလျှောက်ထားလိုသူတွေ အနေနဲ့ မဟာဘွဲ့အားရယူလိုမှုနှင့် လေ့လာလိုမှုနှင့် ဖိနပ်ထုတ်လုပ်မှု နယ်ပယ်တွင် ခေါင်းဆောင်အဖြစ် ရပ်တည်လိုသော စိတ်အားထက်သန်မှုရှိသူတွေ၊ အင်ဂျင်နီယာပညာရပ် သို့မဟုတ် ယင်းနဲ့ဆက်နွယ်တဲ့ နယ်ပယ် (Mechanical, electronic, footwear, chemistry, textiles စသည်ဖြင့်) တွင် ဘွဲ့ရရှိသူ IELTS အမှတ် 6.5 သို့မဟုတ်ညီမျှသော အင်္ဂလိပ်စာ အရည်အချင်း ရှိသူ ၊ ယခင်ဘွဲ့ရရှိအပြီး လုပ်ငန်းခွင်အတွေ့အကြုံအနည်းဆုံး တစ်နှစ်နဲ့အထက်ရှိသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လျှောက်လွှာတင်ရန် မိမိကိုယ်ရေးအချက်အလက်များနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို ဒီနေရာသို့ ပေးပို့ရမှာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

လိုအပ်တဲ့အင်္ဂလိပ်စာအရည်အချင်းတွေကိုကိုလည်း ဖြည့်ချင်တယ် အလုပ်တစ်ဖက်နဲ့ဆိုတော့ သင်တန်းသွားဖို့လည်း အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့ sayar.com.mm တွင်ရှိသော အင်္ဂလိပ်စာ သင်ကြားပေးသော ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။ သင် အဆင်ပြေသည့်အချိန် သင့်အိမ်တွင် သက်တောင့်သက်သာဖြင့် သင်ယူမှုပြုလုပ်နိုင်ပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Source: Internet Journal

Recommended for you - အရေးမလုပ်တတ်ဖို့

                        

Read times Last modified on Wednesday, 08 January 2020 11:37
Rate this articles
(3 votes)